ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျောက်ပန်းတောင်းမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

   ကျောက်ပန်းတောင်းမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၃၁)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၁၅)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၆၀)ကျပ်၊ 95 Octance(၃၁၂၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၆၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၉၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၅-၈-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၁၀)ကျပ်၊ 95 Octance(၃၀၇၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၃၅၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၄၅)ကျပ်၊ 95 Octanceတွင်(၄၀)ကျပ်၊ ရိုးရိုးဒီဇယ်တွင်(၁၀၀)ကျပ်နှင့် ပရီမီယမ် ဒီဇယ်တွင်(၁၁၅)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၅-၈-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၁၀)ကျပ်၊ 95 Octance(၃၀၇၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၃၅၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

   ညောင်ဦးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၇)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ဩဂုတ်လ(၁၅)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၄၅)ကျပ်၊ 95 Octance(၃၁၅၅)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၆၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၄၀၅)ကျပ်နှုန်း ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၄၅)ကျပ်၊ 95 Octanceတွင်(၄၀)ကျပ်၊ ရိုးရိုးဒီဇယ်တွင်(၁၀၀)ကျပ်နှင့် ပရီမီယမ် ဒီဇယ်တွင်(၁၁၅)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

နွားထိုးကြီးမြို့နယ်တွင် စက်သုံးဆီရောင်းချမှုအခြေအနေ

     နွားထိုးကြီးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ဩဂုတ်လ(၁၅)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance (၃၀၁၀)ကျပ်၊ 95 Octance(၃၀၇၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၂၅) ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၃၅၀)ကျပ်ဖြင့် ရည်ညွှန်းဈေးအတိုင်းရောင်းချလျက်ရှိကြောင်း သိရှိရသည်။

  စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၅-၈-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၁၀)ကျပ်၊ 95 Octance(၃၀၇၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၃၅၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၄၅)ကျပ်၊ 95 Octanceတွင်(၄၀)ကျပ်၊ ရိုးရိုးဒီဇယ်တွင်(၁၀၀)ကျပ်နှင့် ပရီမီယမ် ဒီဇယ်တွင်(၁၁၅)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

တောင်သာမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

  တောင်သာမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၃)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ဩဂုတ်လ(၁၅)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၆၀)ကျပ်၊ 95 Octance(၃၁၂၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၇၅) ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၄၀၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၅-၈-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92Octance (၃၀၁၀)ကျပ်၊ 95 Octance(၃၀၇၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၃၅၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octance တွင် (၄၅)ကျပ်၊ 95 Octance တွင်(၄၀)ကျပ်၊ ရိုးရိုးဒီဇယ်တွင်(၁၀၀)ကျပ်နှင့် ပရီမီယမ် ဒီဇယ်တွင်(၁၁၅)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

  စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၅-၈-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92Octance (၃၀၁၀)ကျပ်၊ 95 Octance(၃၀၇၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၃၅၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

  မြင်းခြံမြို့တွင် စက်သုံးဆီအရောင်းဆိုင်(၂၈)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ဩဂုတ်လ(၁၅)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများ အနေဖြင့် 92 Octance(၃၀၅၀)ကျပ်၊ 95 Octance(၃၁၁၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၆၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၉၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင် (၄၅)ကျပ်၊ 95 Octanceတွင်(၄၀)ကျပ်၊ ရိုးရိုး ဒီဇယ်တွင်(၁၀၀)ကျပ်နှင့် ပရီမီယမ်ဒီဇယ်တွင်(၁၁၅)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ရွှေတောင်မြို့နယ်အတွင်းရှိ ခရမ်းသီးဈေးကွက်

       ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာရှိ တောင်သူ ဒေါ်ခင်အုန်းမြင့်၏ ခရမ်းသီးစိုက်ခင်းသို့ (၁၁.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။ခရမ်းသီးများကို မေလတွင် စတင်စိုက်ပျိုးပြီး ဇူလိုင်လကုန် ခါနီးနှင့် ဩဂုတ်လအတွင်း အသီးများကို စတင်၍ခူးဆွတ်ရပါသည်။စိုက်ဧက (၂)ယောက်စိုက်ရှိပြီး ခရမ်းသီးများကို (၅)ရက်ခြားတစ်ခါ ခူးစွတ်ပြီး တစ်ခါခူးလျှင် ပိဿာချိန် (၂၀)ကျော်ရရှိပါသည်။ (၁)ပိဿာလျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ကျောက်အိုးမှ ပွဲစားများမှ လာရောက်ဝယ်ယူပြီး နယ်များနှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချပါသည်။ (၄)လမှ (၅)အထိ ခူးဆွတ်ရောင်းချရပါသည်။ စတင်စိုက်ပျိုး ချိန်မှ ခူးဆွတ်ချိန်အထိ စုစုပေါင်း ကုန်ကျစရိတ်မှာ (၃)သိန်းရှိပြီး အကျိုးအမြတ်မှာ (၁၀)သိန်းခန့် ရှိနိုင်ကြောင်း၊ ဈေးနှုန်းအတက်အကျနှင့် အသီးအထွက်နှုန်းပေါ်မူတည်ပြီး အကျိုးအမြတ်ပြောင်းလဲ နိုင်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

 

ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးအတွင်း ရောင်းချနေသော အခြေခံစားကုန် ဈေးနှုန်းများအခြေအနေ

      ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ခရိုင်၊ ပြည်မြို့၊ မြို့မစည်ပင်သာယာဈေးကြီးအတွင်း ဩဂုတ်လ ဒုတိယပတ်အတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများမှာ ရိုးရိုးပေါ်ဆန်း တစ်ပြည်လျှင် ကျပ်(၅၁၀၀)၊ ဧည့်မထ ဆန် တစ်ပြည်လျှင် ကျပ် (၂၅ဝဝိ/-)၊ ပဲဆီရှယ်တစ်ပိဿာလျှင် ကျပ် (၁၆ဝဝဝိ/-)၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် (၇၀၆၅/-)၊ ငရုတ်သီးအရှည်တစ်ပိဿာလျှင် ကျပ် (၁၁၅ဝဝိ/-)၊ ငရုတ်ခြောက်အပုတစ်ပိဿာလျှင် ကျပ် (၁၈၅ဝဝိ/-)၊ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် (၁၈ဝဝိ/-)၊ ကြက်သွန်ဖြူ (ရှမ်း) (အသစ်)တစ်ပိဿာလျှင် ကျပ် (၉ဝဝဝိ/-) ၊ ဂျင်း တစ်ပိဿာလျှင် ကျပ် (၅ဝဝဝိ/-)၊ ဆား (အချော) တစ်ပိဿာလျှင် ကျပ် (၁၈၀ဝိ/-)၊ မြေပဲဆန် တစ်ဘူးလျှင် ကျပ် (၁၃ဝဝိ/-)၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် ကျပ် (၆၇၀၀ဝဝိ/-)၊ အာလူး တစ်ပိဿာလျှင် ကျပ် (၅ဝဝဝိ/-)၊ သကြားတစ်ပိဿာလျှင် ကျပ် (၅၀ဝဝိ/-)၊ (မွေးမြူရေး) ကြက်သား (CP)တစ်ပိဿာလျှင် ကျပ် (၁၄ဝဝဝိ/-)၊ ကြက်သား(ဒေသကြက်) တစ်ပိဿာလျှင် ကျပ် (၂၄ဝဝဝိ/-)၊ ဝက်သား တစ်ပိဿာလျှင် ကျပ် (၁၉ဝဝဝိ/-)၊ အမဲသား တစ်ပိဿာလျှင် ကျပ် (၁၈ဝဝဝိ/-)၊  ဆိတ်သား တစ်ပိဿာလျှင်ကျပ် (၂၅ဝဝဝိ/-)၊ ငါးကြင်း (ဖြူ) တစ်ပိဿာလျှင် ကျပ် (၁၀ဝဝဝိ/-)၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် (၂၀ဝဝိ/-)၊ ကျောက်စိမ်း ငရုတ်သီးစိမ်း တစ်ပိဿာလျှင် ကျပ် (၄ဝဝဝိ/-)၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အထုပ်အကြီးအသေး ပေါ်မူတည်၍ ကျပ် (၁ဝဝဝိ/- ၊ ၂ဝဝဝိ/- ၃ဝဝဝိ/-)၊ ကြက်ဥတစ်လုံးလျှင် ကျပ် (၃၆ဝိ/-)၊ ဘဲဥ တစ်လုံးလျှင်ကျပ် (၄၁ဝိ/-)  အသီးသီးဈေးရှိပြီး အရောင်းအဝယ်ပုံမှန်ရှိကြောင်း သိရပါသည်။

          ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားကုန်များဖြစ်သည့် အသား/ငါး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ အားလူးဈေးတို့မှာ ဈေးနှုန်းအတက်၊ အကျအနည်းငယ်ရှိပြီး စားအုန်းဆီ ဈေးနှုန်းမှာ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ်အပြောင်းအလဲရှိကြောင်း ပြည်မြို့ မြို့မ စည်ပင်သာယာဈေးကြီးရှိ လက်လီ/ လက်ကားရောင်းချနေသော လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(ပဲခူး)   

ပြည်စျေးကွက်အတွင်း ခရမ်းချဉ်များ‌စျေးကောင်းရ၍အရောင်းသွက်လျက်ရှိ

       ပြည်ဈေးကွက်တွင် ခရမ်းချဉ်သီးဈေးနှုန်းများမှာ ဈေးကွက်တွင် ဈေးကောင်းရရှိကာ အရောင်းသွက်လျက်ရှိပါသည်။ ရှမ်းသီးနှင့် ကိုင်းသီးဟူ၍ (၂)မျိုးရှိရာ ယခုအချိန်မှာတော့  ရှမ်းသီးများမှာ ဈေးကွက်အတွင်း ပိုမို၍အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ရှမ်းသီး (၁)ပိဿာလျှင်  (၄၀၀၀)ကျပ်ရှိပြီး ပြည်ခရိုင်တွင်း မြို့နယ်များသို့လည်းခြင်းများဖြင့် လာရောက်ရောင်းချကြပါသည်။

          ခရမ်းချဉ်သီးသည် ဒေသမရွေး လွယ်ကူစွာ စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ ခရမ်းချဉ်သီးသည် အရောင်အသွေးလှပသကဲ့သို့ ခန္ဓာကိုယ်အတွက် များစွာအကျိုးရှိသော သီးနှံတစ်မျိုး ဖြစ်ပါသည်။ ခရမ်းချဉ်သီးကို ဟင်းချက်ရာတွင် အနှစ်များများရအောင်ထည့်၍ ချက်ကြသလို အခြားသီးနှံများနှင့်အတူရော၍ ကြော်ပြီးစားသုံးကြသလို အကြော်စုံများနှင့်လည်းရော၍ သုပ်ထားကြပါသည်။

          ခရမ်းချဉ်သီးတွင် ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ ကေ တို့များစွာပါဝင်သောကြောင့် အဆီပြန်သည့် အသားအရေကို ထိန်းညှိပေးပါသည်။ ခရမ်းချဉ်သီးကို စားသုံးပါက အသားအရေလှပသည့်အပြင် နှလုံးကျန်းမာရေးကို ထိန်းညှိပေးပါသည်။ ခရမ်းချဉ်သီးကို စားသုံးပါက အသားအရေလှပသည့် အပြင် နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါသည်။ ထို့အပြင် ခရမ်းချဉ်သီးတွင် လိုင်ကိုပင်း ဓါတ်ပါဝင်သောကြောင့် ဆီးကြိတ်ကင်ဆာ၊ အူမကြီးကင်ဆာနှင့် အစာအိမ်ကင်ဆာ များကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

DOCA(ပဲခူး)   

ရွှေဘိုမြို့ရှိ အောင်သပြေငုတ် ဈေးနှုန်း/ဈေးကွက်

        ရွှေဘိုမြို့ပေါ်ရှိ ဈေးများ၊ လမ်းဆုံလမ်းခွများတွင် ဘုရားပန်းများကိုရောင်းချလျက်ရှိရာ ရာသီအလိုက်ပေါ်သည့်ပန်းများအပြင် အောင်သပြေငုတ်များကိုလည်း ရောင်းချလျက်ရှိပါသည်။     ဘုရားပန်းတစ်မျိုးဖြစ်သည့် အောင်သပြေငုတ်များမှာ ဘုရားပန်းအိုးထိုးရာတွင် ရက်တာရှည်စွာ အထာခံသဖြင့် အောင်သပြေငုတ်ကို ပို၍လူကြိုက်များကြောင်း၊ အောင်သပြေငုတ်ကို (၃)ရက်(၁)ခါ ဘုရားပန်းအိုး ရေလဲပေးလျှင် ပို၍အထားခံကြောင်း၊ အောင်သပြေငုတ်ကို မန္တလေးတိုင်း၊ ကျောက်ဆည် ခရိုင်တွင် စိုက်ပျိုးပြီး ရွှေဘိုမြို့မှ သယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့တွင် အောင်သ ပြေငုတ်များကို လိုက်ထရပ်ကားဖြင့်လည်းကောင်း၊ ဆိုက်တွဲဖြင့်လည်းကောင်း လူစည်ကားသည့် နေရာများတွင်ရောင်းချလျက်ရှိကြောင်း၊ အောင်သပြေငုတ်ကို ရွှေဘိုမြို့တွင်းအပြင်မြို့၏အနီး တဝိုက်ဖြစ်သည့် ကျေးရွာများ၊  ရေဉီး၊ ခင်ဦးမြို့မှလည်း ပြန်လည်ရောင်းချရန် ဝယ်ယူကြောင်း၊ အပင်အလုံးပတ်အကြီးအသေးပေါ်မူတည်ပြီး ရောင်းချကြကြောင်း၊ အောင်သပြေငုတ်ကို အပင်(၁) ပင်မှစ၍ အစည်းလိုက်လည်းဝယ်ယူ၍ရကြောင်း၊ လက်သန်းလုံးခန့် အောင်သပြေငုတ် (၁)ပင်လျှင် (၁၅၀ဝိ/-)ကျပ်ဖြင့်ရောင်းချပြီး ထိုထက်ပို၍ကြီးပါက  (၂၅၀ဝိ/-)ကျပ်၊ (၄၀၀ဝိ/-)ကျပ်၊ (၇၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချကြပြီး ပို၍ရင့်ပြီး လုံးပတ်ပိုကြီးပါက (၁၃၀၀ဝိ/-)ကျပ်ထိ ဈေးနှုန်းဖြင့် ရောင်းချရကြောင်း အောင်သပြေငုတ် ရောင်းချသည့် ဈေးဆိုင်ထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)      

ရွှေဘိုဈေးကွက်ရှိ အာလူးဈေးနှုန်း

              ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ရှမ်းပြည်နယ် အောင်ပန်းဒေသထွက် အာလူးများကို မန္တလေးမြို့ မှမှာယူရောင်းချကြကြောင်း၊ အခြားမြို့မှ ဝယ်ယူရသည့်အပြင် ရွှေဘို-မန္တလေးကားလမ်းမှာလည်း ပတ်လမ်းမှသယ်ယူရသဖြင့် သယ်ယူစရိတ်များ မြင့်တက်ကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(တတိယ) အပတ်တွင် ဖြစ်ပေါ်နေသော အာလူးဈေးနှုန်းမှာ အသေး(၁)ပိဿာလျှင် (၄၀၀ဝိ/-)ကျပ်၊ အကြီး(၁)ပိဿာလျှင် (၈၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် စားသုံးများသာမက ပူတင်းလုပ်ငန်းလုပ်သည့်လုပ်ငန်းရှင်၊ အကြော်စုံလုပ်ငန်းရှင်နှင့် အာလူးကြော် လုပ်ငန်းရှင်များမှ ဝယ်ယူကြကြောင်း  ရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)      

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း