
တောင်ငူမြို့ ညောင်ပင်လေးဈေးသို့ ဒေသ/မြို့များအသီးသီးမှ ဒေသထွက်သီးနှံများ တင်ပို့ရောင်းချလျက်ရှိရာ ရှမ်းပြည်ဘက်မှ ဝင်ရောက်လာသော သရက်သီးမှာ အသေး(၁)ပိဿာ ၃၀၀၀ကျပ်၊ အလတ်(၁)ပိဿာ ၄၀၀၀ကျပ်ရှိပြီး သရက်သီးအမှည့်မှာ အလုံး၊ အကြီး/အသေးပေါ် မူတည်၍ ၁၀၀၀ ကျပ်မှ ၁၅၀၀-၂၀၀၀ကျပ်အထိ ဈေးရှိပါသည်။
သစ်တော်သီးမှာလည်း ရှမ်းပြည်ဘက်မှ ဝင်ရောက်ပြီး အလုံးအရွယ်အစားပေါ်မူတည်၍ (၁)ပိဿာလျှင် ၃၀၀၀ ကျပ်၊ ၄၀၀၀ ကျပ်၊၅၀၀၀ကျပ် မှ ၆၅၀၀ ကျပ်အထိ ဈေးနှုန်းအသီးသီးရှိပြီး အရောင်းအဝယ်မှာသွက်လျက်ရှိကြောင်း ရောင်းချသည့် ဈေးသည်များထံမှ သိရှိရပါသည်။
DOCA(ပဲခူး)