ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဘားအံမြို့ ဒေသထွက် သကြားပြောင်းဖူးဈေးနှုန်း

        ၂၀၂၅ ခုနှစ်၊ မိုးရာသီဩဂုတ်လစတုတ္ထပတ်တွင် ကရင်ပြည်နယ် ဒေသထွက် သကြားပြောင်းဖူးများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။ ဒေသခံတောင်သူများသည် သကြားပြောင်းကို မိသားစု အပိုဝင်ငွေရရှိရန်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည်။ သကြားပြောင်းကို ပြုတ်၍လည်းကောင်း ၊မီးဖုတ်၍လည်းကောင်း စားသုံးနိုင်သလို ကြက်ဥဖြစ်လည်း ကြော်စားပါက အလွန်စားကောင်းသော သီးနှံတစ်မျိုးဖြစ်သည်။ သကြားပြောင်းတွင် ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် အရေ ပြား ဓာတ်တိုးပစ္စည်းပျက်စီးမှုကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်သောကြောင့် ကျန်းမာရေး အတွက် ကောင်းကြိုးဖြစ်စေပါသည်။ သကြားပြောင်းဈေးနှုန်းမှာ တစ်ဖူးလျှင်(၅၀၀)ကျပ်၊ (၁၀)ဖူး လျှင် (၄၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA (ကရင်)

 

ပြောင်းဖူးဈေးနှုန်းဈေးကွက်

   မန္တလေးမြို့အတွင်းသို့ ရပ်ကွက်အတွင်းလှည့်လည်ရောင်းချသည့် ဈေးသည်များတွင်  ပြောင်းဖူးများကို အစိမ်းနှင့် အပြုတ်ဟူ၍ ရောင်းချလျက်ရှိသည်။ ပြောင်းဖူးများကို နေ့စဉ်ရောင်း ချလျက်ရှိသော ပြောင်းဖူးအမျိုးအစားမှာ ထိုင်ဝမ်ပြောင်းဖူးနှင့် ရှမ်းပြောင်းဖူး အမျိုးအစားဖြစ်ပြီး ပြောင်းဖူးပြုတ်ကို လူကြီးလူငယ်မရွေး သရေစာအဖြစ်စားသုံးကြသလို အိမ်ရှင်မများကလည်း ပြောင်းဖူးအစိမ်းကို ဟင်းလျာအဖြစ်လည်း ချက်ပြုတ်ကြသည်။   ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ပြောင်းဖူးအစိမ်းအကြီး()ဖူးလျှင် (၈၀၀)ကျပ်၊ အသေး()ဖူးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း တစ်ဆင့်ဝယ်ယူပြီး ပြောင်းဖူးများကိုပြုတ်၍ ပြန်လည်ရောင်းချသူများသည် ပြောင်းဖူးပြုတ်အကြီး()ဖူးလျှင် (၁၀၀၀)ကျပ်၊ အသေး()ဖူးလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချ လျက်ရှိကြောင်း သတင်းရရှိပါသည်။

 DOCA(မန္တလေး)

 

ဘားအံမြို့ဒေသထွက် ဘူးသီးဈေးနှုန်းအခြေအနေ

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်တွင် ကရင်ပြည်နယ် ဘားအံမြို့ရေပေါ်ဈေး၌ ဘူးသီးများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

           ဘူးသီးများကို ဘားအံမြို့အနီးတဝိုက် ကျေးရွာများတွင် တနိုင်တပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။ ဘူးသီးကို ဟင်းနှင့်ဟင်းချိုအဖြစ် ချက်ပြုတ်စားကြတလို အကြော်ဆိုင်များတွင် အကြော်ကြော်၍ ရောင်းချကြသောကြောင့် စိုက်တောင်သူများအတွက် အပိုဝင်ငွေတိုးစေသည်။ ဘူးသီးကို အလုံးအရွယ်အစားအလိုက် ဈေးနှုန်းခွဲခြားရောင်းချကြသည်။ ဘူးသီးအလုံးကြီး တစ်လုံးလျှင် (၅၀၀၀) ကျပ်နှင့် ဘူးသီးအလုံးငယ် တစ်လုံးလျှင် (၃၀၀၀) ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ယင်းဘူးသီးများသည် ဒေသထွက်ဘူးသီးများရှိသကဲ့သို့ အခြားမြို့များမှ ဝင်ရောက်လာခြင်းများလည်းရှိကြောင်း သိရပါသည်။

          ကရင်ပြည်နယ် ဘားအံမြို့အတွင်းဖြစ်ပေါ်နေသော  ဇူလိုင်လနောက်ဆုံးပတ်နှင့် ဩဂုတ်လ စတုတ္ထပတ်ဘူးသီးဈေးနှုန်း နှိုင်းယှဉ်မှုများအရ အခြေခံစားသောက်ကုန် ဟင်းသီးဟင်းရွက်ဈေးနှုန်း အနည်းငယ်မြင့်တက်နေသေ်လည်း ဘူးသီးဈေးနှုန်းမှာ တည်ငြိမ်ကာ အရောင်းအဝယ်ပုံမှန်ရှိနေကြောင်း သိရသည်။

DOCA (ကရင်)

ခရမ်းချဉ်သီးဈေးကျ

   မန္တလေးဈေးကွက်အတွင်းသို့ ခရမ်းချဉ်သီးအမျိုးအစားများဖြစ်ကြသော  ရှမ်းသီး(ခေါ်) အင်းသီး၊ ထိုင်ဝမ်သီး၊ ဗမာသီးများ မျိုးစုံစွာ ဝင်ရောက်လျှက်ရှိပါသည်။ ခရမ်းချဉ်သီး (အင်းသီး)နှင့် ထိုင်ဝမ်သီးတို့ကို ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်ဒေသတို့မှ အများဆုံးဝင်ရောက်လျှက်ရှိသည်။ ဒေသအတွင်း ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးများကိုလည်း စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ဇူလိုင်လဆန်း ပိုင်းတွင် ခရမ်းချဉ်သီးဈေးနှုန်းများ ပြန်လည်မြင့်တက်ခဲ့ပြီး ခရမ်းချဉ်သီး ရှမ်းသီး(ခေါ်)အင်းသီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ထိုင်ဝမ်ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၃၅၀၀)ကျပ် ယခုအခါ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်တွင် နန်းရှေ့ဈေး၌ ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီးတစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့်(၂၅)ကျပ်သား လျှင် (၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

ကျောက်ဖရုံယိုဈေးကွက်

    မန္တလေးတိုင်းဒေသကြီးအနေဖြင့် ဒေသတွင်းစိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့အား မန္တလေးမြို့ပေါ်ရှိ ကုန်စုံဆိုင် များတွင် ဈေးနှုန်းဈေးကွက်များအား စုံစမ်းမေးမြန်းလျက်ရှိပါသည်။ မန္တလေးနန်းရှေ့ ဈေးတွင် ရောင်းချလျက်ရှိသည့် ကျောက်ဖရုံယိုများကို  မန္တလေးမြို့ပေါ်ရှိ လက္ကားဆိုင်များမှ ဝယ်ယူရောင်းချ ကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်တွင် ရောင်းချနေသော ကျောက်ဖရုံယို ဈေးနှုန်းများမှာ ကျောက်ဖရုံယို(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ကျောက်ဖရုံယို (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်၊ ကျောက်ဖရုံယို(၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ဖရဲစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်”

   မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင် ဆောင်ရွက်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ဈေးကွက်ဝယ်လိုအား ရှိသော ဖရဲသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ ဖရဲစိုက်ပျိုးမှုအနေဖြင့် မျိုးစေ့ဝယ်၍ ပျိုးထောင် စိုက်ပျိုးရကြောင်း၊ ပျိုးသက်တမ်း (၂၀)ရက်တွင် စိုက်ခင်းထဲသို့ ပြောင်းရွေ့စိုက်ပျိုးရကြောင်း၊ မျိုးစေ့ကို စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူစိုက်ပျိုးကြကြောင်း၊ ဖရဲမျိုးစေ့တစ်ထုတ်လျှင် (၃၀၀၀၀-၃၅၀၀၀)ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ တစ်ဧကမျိုးထုပ် (၁၀)ထုပ် စိုက်ပျိုးရကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခ၊ ပလပ်စတစ်လိပ်ဖိုးများအပါအဝင် စုစုပေါင်း (၄၀၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ သွင်းအားစုများ ပိုမိုသုံးစွဲပါက ကုန်ကျစရိတ် ပိုမိုများပြားနိုင်ကြောင်း၊ စိုက်ပျိုးပြီး ရက်(၃၀)အကြာတွင် ပန်းများစတင်ပွင့်ပြီး ပန်းပွင့်ပြီး (၂၅)ရက်၊ (၃၀) ရက်တွင် အသီးများစတင်ခူးခွတ်နိုင်ပြီးဖြစ်ကြောင်း၊ စိုက်ပျိုးမှု မျိုးအနေဖြင့် ကျောက်စိမ်း ဖရဲ၊ ဒုံးကျည်ဖရဲနှင့် 855 ဖရဲမျိုးများ စိုက်ပျိုးကြကြောင်း၊ ဖေဖော်ဝါရီလတွင် စိုက်ပျိုးခဲ့သောကြောင့် ယခု မေလနှင့် ဇွန်လများတွင် စတင်ထွက်ရှိနေပြီဖြစ်ကြောင်း တစ်ဧကအထွက်နှုန်းအနေဖြင့် အလုံး ပေါင်း (၆၀၀၀)ခန့် ထွက်ရှိကြောင်း၊ ယခင်က ခရိုင်အတွင်း သီးနှံအား စိုက်ပျိုးမှုများသော်လည်း ယခုအခါ စိုက်ပျိုးမှု အနည်းငယ်သာရှိပြီး ထွက်ရှိသောရွာမှာ ရှင်ငယ်ပြေးရွာဖြစ်ကြောင်း၊ ယခု လက်ရှိဈေးကွက်အတွင်း ဝင်ရောက်နေသော ဖရဲသီးများမှာ မြို့နယ်အတွင်း ထွက်ရှိသော အသီးများ၊  ဝမ်းတွင်းမြို့နယ်၊ ဆည်ရွာမှထွက်ရှိသော ဖရဲများဖြစ်ပြီး ကျောက်စိမ်းဖရဲသီး တစ်လုံးလျှင် အလုံး သေး (၁၅၀၀/-)ကျပ်၊ အလုံးကြီး (၂၀၀၀/-) ကျပ်၊ 855 ဖရဲတစ်လုံးလျှင် အလုံးကြီး(၃၅၀၀/-) ၊ အလုံးသေး (၂၅၀၀/-) ကျပ်တို့ဖြင့် ရောင်းဝယ် လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိ သစ်သီးဆိုင်များ၊ သစ်သီးပွဲရုံများနှင့် ဈေးများသို့ ရောင်းချလျက်ရှိပြီး ပွဲရုံများမှ တစ်ဆင့် မန္တလေးမြို့၊ ရန်ကုန်မြို့များသို့ တင်ပို့လျက်ရှိကြောင်း၊ သစ်သီးဆိုင်များမှ စိုက်ခင်းထဲအရောက် လာရောက်ဝယ်ယူသူများလည်း ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဘားအံမြို့တွင်းရှိ သံပရာသီးဈေးနှုန်းအခြေအနေ

       ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ဈေးကွက်အတွင်းသံပရာသီးများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။ သံပရာသီးကို ဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင် စီးပွားဖြစ်စိုက်ပျိုးကြသည်။ ဘားအံမြို့ဈေးကွက်အတွင်းရှိသံပရာသီးများသည် ဘားအံမြို့အနီးကျေးရွာများနှင့် ကြာအင်း ဆိပ်ကြီး၊ မော်လမြိုင်၊ ရေးမြို့နှင့် ထိုင်းတို့ဘက်မှ ဝင်ရောက်လာသော သံပရာသီးဈေးများရှိကြောင်း သိရသည်။ မြန်မာသံပရာသီး အိတ်ကြီးတစ်အိတ်လျှင် (၂၀၀၀၀၀၊၂၅၀၀၀၀)ကျပ်ဖြစ်ပြီး တစ်အိတ်တွင် အလုံးရေ ၁၅၀၀မှ၁၇၀၀ထိ ပါသည်။ သံပရာသီးအလုံးကြီး တစ်လုံးလျှင်(၃၀၀)ကျပ်၊ သံပရာသီး အလုံးလတ်တစ်လုံးလျှင်(၁၅၀)ကျပ်နှင့်သံပရာသီးအလုံးသေးတစ်လုံးလျှင်(၁၀၀)ကျပ်နှင့် ယိုးဒယား စပ်သံပရာသီး အလုံးကြီးတစ်လုံးလျှင်(၃၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ စိုက်တောင်သူများအနေဖြင့် နွေရာသီမရောက်သေးတော်လည်း ယခုမှစ၍ သံပရာသီးများဈေးကောင်းရကာ တွက်ချေကိုက်လျက်ရှိကြောင်းနှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သံပရာသီးနှင့်၊ ရှောက်သီးကို အများဆုံး စိုက်ပျိုးကြောင်း သိရသည်။

DOCA (ကရင်)

ကျွန်းလှမြို့နယ်အတွင်း ‌ရောင်းချလျက်ရှိသော အမဲသားနှင့်ကြက်သား ဈေးနှုန်း

     ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများကို ဒေသတွင်းနှင့် အခြားဒေသများမှ ဝယ်ယူရောင်းချလျက်ရှိရာ ယခုအခါ တွင် လမ်းပန်း ဆက်သွယ်ရေး အခက်ခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ် မြင့်တက် လျက်ရှိရာမှ အသား/ငါး ဈေးနှုန်းများထဲမှ အမဲသားနှင့် ကြက်သား ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

အမဲသားဈေးနှုန်း

     အမဲသားများကို ကျွန်းလှမြို့ ဒေသတွင်းဟင်းစလေများမှ လက်လီ/လက္ကား ရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်၏ အမဲသား ဈေးနှုန်းများ အနေဖြင့် အမဲသားရှယ် (တစ်တုံး ထဲသား) လက္ကားတစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊အမဲသားရှယ်(တစ်တုံးထဲသား)လက်လီ တစ်ပိဿာလျှင် (၂၈၀၀၀)ကျပ်၊ အမဲသားရိုးရိုး(အသားပြွန်း) လက္ကား တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ အမဲသားရိုးရိုး (အသားပြွန်း) လက်လီ တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ အမဲပုဆိုးကြမ်း တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ အမဲသား အတို အစ တစ်ပိဿာ(၆၀၀၀)ကျပ်၊ အမဲသွေးခဲ တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ အမဲအူ တစ်ပိဿာလျှင် (၅၀၀၀)ကျပ် နှင့် အမဲရိုး တစ်ပိဿာ(၅၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း အမဲသားသည်ထံမှ သိရပါသည်။

ကြက်သားဈေးနှုန်း

     ဒေသတွင်းနှင့် ရွှေဘိုမြို့တို့မှ ဖောက်သည်ဝယ်ယူ၍ မွေးမြူးရေးကြက်နှင့် ဗမာကြက်ဟူ၍ နှစ်မျိုး  ရောင်းချလျက်ရှိရာ ကြက်သားဈေးနှုန်းများမှာ ဩဂုတ်လ စတုတ္ထပတ် မွေးမြူရေးကြက်သားဈေးနှုန်း တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ဗမာကြက်သား ဈေးနှုန်း တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ ကြက်မြစ် ကြက်သဲ တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ကြက်အမြစ်သီးသန့် တစ်ပိဿာလျှင်(၃၂၀၀၀)ကျပ် နှင့် ကြက်အရိုး အစုံဖြစ်သည့် လည်ပင်းရိုး၊ တောင်ပံရိုး၊ ခြေထောက်ရိုး တို့၏ ဈေးနှုန်းအနေဖြင့်  တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ကြက်သားသည်ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော သနပ်ခါးတုံး ဈေးနှုန်း

       ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် ဈေးများတွင် ရှင်မတောင်သနပ်ခါးတုံးများကို ရွှေဘိုမြို့နှင့်မုံရွာမြို့တို့မှ မှာယူရောင်ချလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့တွင် ရောင်းချနေသော မြန်မာ့ရိုးရာ သနပ်ခါးဈေးနှုန်းမှာ သနပ်ခါးတုံး အကြီးအသေးပေါ်မူတည်၍ အတုံးကြီး()တုံးလျှင်(၅၀၀၀မှ ၅၅၀၀)ကျပ်၊ အလတ်()တုံးလျှင်(၃၅၀၀ မှ ၄၀၀၀)ကျပ်ဈေးနှင့် အသေး()တုံးလျှင်(၂၅၀၀ မှ၂၀၀၀) ကျပ်ထိ နှင့် သနပ်ခါးတုံးအမြစ်တုံးကလေးများသည်(၇၀၀ မှ ၁၀၀၀)ကျပ်ထိဈေးနှုန်း အသီးသီး တို့ဖြင့်  အရွယ်အစား အမျိုးအစားပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော သရေစာ မုန့်ပေါင်း နှင့် အကြော်စုံ ဈေးနှုန်း

     ကျွန်းလှမြို့တွင် မုန့်ပေါင်း နှင့် အကြော်စုံတို့ကို ပြုလုပ်ရောင်းချလျက်ရှိရာ မုန့်ပေါင်းသည် မြန်မာလူမျိုးတို့အတွက် ရှေးယခင်ကတည်းက ရိုးရာအစားအစာဖြစ်ပြီး လူကြီး/လူငယ် မရွေး စားသုံးကြသော အစားအစာဖြစ်သည်။ မုန့်ပေါင်းသည် ဆီပါဝင်မှုနည်းပြီး ကျန်းမာရေးနှင် ညီညွတ် သည့်အတွက် လူကြိုက်များပြီး ဗိုက်ပြည့်သော သရေစာမုန့်တစ်ခု ဖြစ်ပါသည်။ မုန့်ပေါင်းသည် ကုန်ကြမ်းအဖြစ်  ဆန်ကြမ်း နှင့် ကောက်ညှင်းဆန်မှုန့်အနည်းငယ်ရောစပ်၍ ပြုလုပ်ရသော မုန့်ဖြစ် ပြီး မုန့်ပေါင်းကို အနီ/ အဖြူ ဟူ၍ လုပ်ကိုင်ကာ ဈေးနှုန်းအစားစားဖြင့် ရောင်းချလျက်ရှိကြောင်း မုန့်ပေါင်း အနီမှာ ထန်းလျက်ကို ကြိတ်ခွဲ၍ပြုလုပ်ပြီး မုန့်ပေါင်းအဖြူမှာ  အဆိမ့်အရသာရှိပြီး ပဲပြုတ် ၊ဆားလှော်၊ နှမ်းထောင်းတို့ဖြင့် ပြုလုပ်ထားပါသည်။ မုန့်ပေါင်းကို လူအများစုက အကြော်စုံဖြင့် တွဲဖက်စားသုံးကြသည်ကို တွေ့ရှိရပြီး အကြော်စုံဖြစ်သည့် ဘူးသီးကြော်၊ ကြက်သွန်ကြော်၊ မတ်ပဲ ကွင်းကြော်၊ ကုလားဗရာကြော်၊ ပဲပြုတ်ကြော်၊ တို့ဟူးကြော နှင့် ပဲကပ်ကြော် တို့ကို ရောင်းချ လျက်ရှိပါသည်။

၂၀၂၅ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ် ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မုန့်ပေါင်း အဖြူ ဈေးနှုန်းမှာ()ခုလျှင်(၂၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်()ခု နှင့်  မုန့်ပေါင်းအနီဈေးနှုန်းမှာ ()ခု လျှင်(၂၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်()ခု ဈေးနှုန်းတို့ဖြင့် လည်းကောင်း အကြော်စုံ ဈေးနှုန်း အနေဖြင့် မည်သည့်အကြော်မဆို()ခုလျှင်(၁၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၁၀)ခု တို့ဖြင့် ရောင်းချလျက်ရှိကြောင်း အကြော်စုံကို ထမင်းစားရာတွင် အရန်ဟင်းအဖြစ် စားသုံးသူများရှိသည့် အတွက်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း