ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ငပုတောမြို့နယ်မှ ထွက်ရှိသော ခရမ်းသီးများ ဒေသတွင်းဈေးကွက်၌ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေ

       ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်  ငပုတောမြို့နယ်မှ ထွက်ရှိသော   ခရမ်းသီးများ ဒေသတွင်း ဈေးကွက်၌  ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း ငပုတောမြို့နယ်၌ ကုန်စိမ်းမျိုးစုံ ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ    ဒေါ်ကြည်ဆန်း၏ ပြောပြချက်အရ သိရသည်။

     ငပုတောမြို့နယ်၌  ယခုနှစ် သြဂုတ်လနောက်ဆုံးပတ်မှ လက်ရှိအချိန်ထိ ခရမ်းသီးများ ဝယ်လိုအားကောင်း ကာ  အရောင်းအဝယ်ကောင်းမွန်နေပြီး တစ်ရက်လျှင် ခရမ်းသီး အလုံး ၄၀၀၀၀ မှ ၅၅၀၀၀ အထိ  အရောင်းအဝယ်ကောင်းမွန်လျက်ရှိသည်။

     “ငပုတောမြို့နယ်ကထွက်ရှိတဲ့  ခရမ်းသီးတွေ   အဝယ်လိုက်နေပါတယ်။  တခြားဒေသကုန်စိမ်းဈေးကွက်က  ဝယ်လက်တွေ အဝယ်များနေတာဖြစ်ပါတယ်။ ငပုတောမြို့နယ်ကနေ  တခြားဒေသတွေဆီ တစ်ရက်ကို ခရမ်းသီးအလုံး ၄၀၀၀၀ ကနေ ၅၅၀၀၀ အထိ   တင်ပို့ရောင်းချနေရ ပါတယ်။  ဒေသထွက်ခရမ်းသီးတွေက ပိုးမွှားကင်းရှင်းပြီး အရည်အသွေးကောင်းမွန်ပါတယ်။ ဒီနှစ်ခရမ်းသီးတွေက   အရည်အသွေးကောင်းမွန်သလို    အထွက်နှုန်းလည်း ကောင်းမွန်ပါတယ်။ လက်ရှိ ခရမ်းအဝိုင်းသီးရော     အရှည်သီးပါ အရောင်းအဝယ်ကောင်းမွန်နေတာဖြစ်ပါတယ်။ ဒေသထွက်ခရမ်းသီးတွေ အရောင်းအဝယ်ကောင်းလာတော့  စိုက်ပျိုးသူတွေ    စီးပွားရေးအဆင်ပြေလာပါတယ်” ဟု ဒေါ်ကြည်ဆန်းကပြောသည်။

   အဆိုပါဒေသထွက် ခရမ်းသီးအပါအဝင် တခြားကုန်စိမ်းများကို ကျောင်းကုန်းဈေးကွက်အပြင် မော်လမြိုင်ကျွန်း မြို့နယ်နှင့် ကျိုက်လတ်မြို့နယ်တို့လည်း တင်ပို့ရောင်းချကြောင်း သိရသည်။

 

(DOCA ဧရာဝတီ)

မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကင်းပုံသီးနှင့် ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးဈေးနှုန်းများ

     ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ကန့်လန့်ဖူး၊ မုံညှင်းရွက်၊ ခရမ်းကဆော့သီး၊ ကြက်ဟင်းခါးသီး၊  ခရမ်းသီးများ ရောင်းချလျက်ရှိရာ ယခုအခါ ကင်းပုံပင်နှင့် ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးပင်များကို  နေအိမ်ခြံဝင်း များတွင်လည်းကောင်း၊ ယာကွက်ခြံစည်းရိုးများတွင်လည်းကောင်း စိုက်ပျိုး၍ ရောင်းချလျက်ရှီ ကြောင်းသိရသည်။

      ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်၌ ကန့်ဘလူမြို့မဈေးတွင် ကင်းပုံသီးနှင့် ဗုံလုံသီး (ခေါ်)ပဲလင်းမြွေသီးများကို ကန့်ဘလူမြို့ပေါ်၊နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာ များမှဝယ် ယူ၍ရောင်းချလျက်ရှိကြောင်း၊ ကင်းပုံသီးများကို နို့ဆီဘူး()ဘူးလျှင် (၅၀၀)ကျပ်၊ ()ပြည်လျှင် (၃၈၀၀)ကျပ်နှင့် ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးဈေးနှုန်းမှာ ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီး အကြီး() တောင့်လျှင် (၆၀၀)ကျပ်၊ အလတ်()တောင့်လျှင်(၃၀၀)ကျပ်၊ အသေး()တောင့်လျှင် (၂၀၀)ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဝါးရင်းမှိုပေါင်းထုတ် နှင့် ကန်ဇွန်းရွက်ပေါင်းထုတ် ဈေးနှုန်း

       ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား ဝါရင်းမှိုများကို  ရှာဖွေ၍ ဈေးကွက်အတွင်းသို့ ရောင်းချကြသလို ဝါရင်းမှိုများကို ကျွန်းဖက်၊ ငှက်ပျောဖက်တို့ဖြင့်ထုတ်၍ ပေါင်းပြီးလည်းရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

           စက်တင်ဘာလ ပထမပတ်အတွင်း ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ဝါရင်းမှိုပေါင်းထုတ်  ဈေးနှုန်းမှာ တစ်ထုတ်လျှင်(၁၀၀၀)ကျပ်၊ (၁၀)ထုတ်လျှင်(၈၀၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ အလားတူပင် ကန်ဇွန်းရွက်ဟင်းပေါင်းထုတ် ဈေးနှုန်းများမှာ ကန်ဇွန်းရွက်ဟင်းပေါင်းထုတ် တစ်ထုတ်လျှင်(၅၀၀)ကျပ်၊ ငွေကျပ်(၂၀၀၀)ဖိုး(၅)ထုတ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ ပါသည်။

DOCA (စစ်ကိုင်း)

ကန့်ဘလူမြို့၏ ဒေသထွက် ငါးရံ့ခြောက်နှင့် ဆည်ပုဇွန်ခြောက်ဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင် အသားငါးအမျိုးစုံအပြင် ရေထွက်ကုန်ပစ္စည်းဖြစ်သော ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကိုလည်း ရောင်းချလျက်ရှိပါသည်။ ယခုအခါ  ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကို  ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းရှိဆည်များမှ ဝင်ရောက်လျက်ရှိပြီး ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကို ဒေသထွက်ကုန်တစ်ခုအနေဖြင့်ထုတ်လုပ် ရောင်းချလျက်ရှိပါသည်။ ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကို အသိမိတ်ဆွေများအားလက် ဆောင်ပေးခြင်းအတွက်သော်လည်းကောင်း၊ ကိုယ်တိုင်စားသုံးရန်အတွက်သော်လည်းကောင်းဝယ် ယူကြကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော ငါးရံ့ ခြောက်နှင့် ပုဇွန်ခြောက်ဈေးနှုန်းများမှာ ငါးရံ့ခြောက်(၁)ပိဿာလျှင်(၆၅၀၀၀)ကျပ်၊ ငါးရံ့ခြောက် (၅၀)ကျပ်သားလျှင် (၃၃၀၀၀)ကျပ်၊ ငါးရံ့ခြောက်(၂၅)ကျပ်သားလျှင် (၁၆၅၀၀)ကျပ်နှင့် ပုဇွန် ခြောက်အသေး (၁)ဘူးလျှင်(၃၅၀၀)ကျပ်၊ ပုဇွန်ခြောက်အသေး(၁)ပြည်လျှင်(၂၈၀၀၀)ကျပ်၊ ပုဇွန် ခြောက်အကြီး(၁)ဘူးလျှင်(၅၀၀၀)ကျပ်၊ ပုဇွန်ခြောက်အကြီး(၁)ပြည်လျှင်(၄၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး၊ ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 ကျွန်းလှမြို့တွင် ‌ရောင်းချလျက်ရှိသော ဝက်သားဈေးနှုန်း

            ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများရောင်းချသည့်အနက်မှ အသား/ငါး ဈေးနှုန်းများထဲမှ ဝက်သားဈေးနှုန်းသည်လည်း မြင့်တက် လျက်ရှိပါသည်။

           စက်တင်ဘာလ ပထမအပတ်၏ ဝက်သားဈေးနှုန်းများမှာ ဝက်သားရှယ် (အသားသီးသန့်) လက်လီ တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ ဝက်သား(ပေါင်သား) လက်လီ တစ်ပိဿာ လျှင်(၃၃၀၀၀)ကျပ်၊ ဝက်သားရိုးရိုး(နံကိုင်းသား) လက်လီ တစ်ပိဿာလျှင်(၃၂၀၀၀)ကျပ်၊ ဝက်သား ဝမ်းတွင်းကလီစာ လက်လီ တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ် နှင့် ဝက်သား(မေးဖျား၊ နားရွက်) တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ဝက်သွေးခဲ(၁)ပိဿာလျှင်(၆၀၀၀)ကျပ်၊ ဝက်ရိုးအကြမ်း တစ်ပိဿာ (၁၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဝက်စလေပိုင်ရှင်ထံမှ  သိရပါသည်။

DOCA (စစ်ကိုင်း)

ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော လက်ပန်ပွင့်ခြောက် နှင့် သရက်သီးခြောက် ဈေးနှုန်း

           ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် မိမိတို့ဒေသထွက်ကုန်များအပြင်  အခြား ဒေသမှဝင် ရောက်လာသည့် လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများ ကိုရောင်းချလျက်ရှိသည့်အနက် အပွင့် ခြောက်/အသီးခြောက်မျိုးစုံဖြစ်သည့် ကြောင်လျှာပွင့်ခြောက်၊ လက်ပန်ပွင့်ခြောက်၊ သရက်သီး ခြောက်၊ ခရမ်းသီးခြောက်၊ ဘူးသီးခြောက်နှင့် ဇီးဖြူသီးခြောက် တို့ကို ရောင်းချလျက်ရှိရာမှ လက်ပန်ပွင့်ခြောက် ကိုလည်း ရောင်းချလျက်ရှိပါသည်။

       ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကျွန်းလှမြို့ ပိတောက်မြိုင်ဈေး၌ ရောင်းချ လျက်ရှိသော လက်ပန်ပွင့်ခြောက် ဈေးနှုန်းမှာ လက်ပန်ပွင့်ခြောက် တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် ‌ (၁၀)ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိပြီး သရက်သီးခြောက် ဈေးနှုန်းများမှာ သရက်သီးခြောက် တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ သရက်သီးခြောက်(၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၆၀၀)ကျပ်ဈေးနှုန်း တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

စက်တင်ဘာလ၊ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော ပုဇွန်တုပ်နှင့်ပုဇွန်ဆိတ်ဈေးနှုန်းများ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင် အသားငါးအမျိုးစုံအပြင် ရေထွက် ကုန်ပစ္စည်းတစ်မျိုးဖြစ်သော ပုစွန်ထုပ်နှင့်ပုစွန်ဆိတ်များကိုလည်း ရောင်းချလျက်ရှိပါသည်။ ယခုအခါ  ပုဇွန်တုပ်များကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိပြီး၊ ပုဇွန်ဆိတ်များကို ကန့်ဘ လူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ပုဇွန်တုပ်နှင့် ပုစွန်ဆိတ်ဈေးနှုန်းများမှာ ပုဇွန်တုပ်()ပိဿာလျှင် (၆၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၂၀၀၀)ကျပ်၊ (၂၅)ကျပ်သား လျှင်(၁၆၀၀၀)ကျပ်နှင့် ပုဇွန်ဆိတ်()ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀၀) ကျပ်၊ (၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း ငါး၊ ပုဇွန်ရောင်း ဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးအတွင်းရောင်းချလျက်ရှိသော ငါးခြောက်ဈေးနှုန်းများ

   ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ငါးခြောက်များမှာ ရန်ကုန်မြို့မှမှာယူရောင်းချ ကြကြောင်း သိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၏ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ငါးခြောက်ဈေးနှုန်းများမှာ ငါးရံ့ ခြောက်(လုံး)(၁)ပိဿာလျှင် (၂၈၀၀၀)ကျပ်၊ ငါးကြီးသားခြောက်(၁)ပိဿာလျှင် (၁၂၅၀၀၀)ကျပ်၊ ငါးနီတူခြောက်(၁)ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ လသာခြောက်(အချို)(၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးရောင်ခြောက်(၁)ပိဿာလျှင်(၄၀၀၀၀)ကျပ်၊ အာပြဲခြောက်(၁)ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ အသား မျှင်ခြောက်(၁)ပိဿာလျှင်(၄၅၀၀၀)ကျပ်၊ ငါးတံခွန်ခြောက်(၁)ပိဿာလျှင်(၃၀၀၀၀)ကျပ်ဖြင့်ရောင်း ချကြောင်း၊ ယခုအခါ အလှူအတန်းများပြုလုပ်ရာတွင် ငါးခြောက်များကို အသုံးပြုကြသဖြင့် အရောင်းဝယ်သွက်လျက်ရှိကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးအတွင်း ငါးခြောက်ရောင်းချသည့် လုပ်ငန်း ရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ဖက်ဖယ်ရွက်ဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

   ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဖက်ဖယ်ရွက် များကို စိုက်ပျိုးကြကြောင်း၊ ဖက်ဖယ်ရွက်များကို ကန့်ဘလူမြို့မဈေးတွင် ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ဖက်ဖယ်ရွက်(၁)စည်းလျှင်(၂၅၀)ကျပ်၊ ဖက်ဖယ်ရွက်(၃) စည်းလျှင်(၇၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊  ဖက်ဖယ်ရွက်များကို  အိမ်ရှင်မများဟင်းချက်ရာတွင် လည်းကောင်း၊ စားသောက်ဆိုင်များနှင့် အကင်ဆိုင်များမှ အနံအရသာအတွက် မပါမဖြစ်ဝယ်ယူ အသုံးပြုကြသဖြင့် ဖက်ဖယ်ရွက်များ အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိကုန်စိမ်း ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ပိန်းဥဈေးနှုန်းအခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ၊မုံညှင်းထုပ်၊ ပြောင်းဖူး၊ ခါကြက်ဥ၊ ကန်စွန်းဥများ ရောင်းချလျက်ရှိရာ ယခုအခါ ပိန်းဥများကို  ကန့်ဘလူမြို့မ ဈေးတွင် ရောင်းချလျက်ရှိပါသည်။ ပိန်းဥများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရ သည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော ပိန်းဥဈေးနှုန်းများ မှာပိန်းဥ(၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ပိန်းဥကို ပြုတ်၍သော်လည်းကောင်း၊ အရွက်စုံနှင့်ရောကာ ဟင်းချိုအဖြစ်လည်းကောင်း စားသုံးကြ၍ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သဖြင့် ဝယ်ယူစားသုံး သူများလာ၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရသည်။

DOCA(စစ်ကိုင်း)

                                                                                               

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း