
ရွှေဘိုမြို့ရှိ ဈေးများတွင် သစ်သီးဝလံများရောင်းချလျက်ရှိရာ ရာသီပေါ်သီးနှံဖြစ်သည့် ဂွေး သီး နှင့် သီးသီးများကို ရောင်းချလျက်ရှိပါသည်။ ဂွေးသီးများကို မန္တလေးမြို့မှ သယ်ယူရောင်းချပြီး သီးသီးမှာရွှေဘိုဒေသမှထွက်ရှိသောအသီးဖြစ်ကြောင်း၊ အညာဒေသမှသာထွက်ရှိသည့် သီးသီးမှာ အစိမ်းနှင့်အမှည့်ဟူ (၂)မျိုး ရှိကြောင်း၊ သီးသီးအစိမ်းကို ထက်ခြမ်းခွဲကာ အစိတ်လေးများပြုလုပ်၍ သီးသီးပေါင်းအဖြစ် ရောင်းချကြပြီး သီးသီးအမှည့်ကိုမှု မိမိတို့အိမ်တွင် ထန်းဖိုထန်းလျက် (သို့မဟုတ်) ဝါးတောမ ထန်းလျက်ခဲထည့်ကာ သီးသီးမှည့်နှင့်ရောခလောက်ပြီး သီးသီးယိုအဖြစ် စားသုံးကြကြောင်း၊ သီးသီးယို၏ အရဿာမှာ ချိုချဉ်သော အရဿာရှိ၍ ခံတွင်းကောင်းပြီး သီးသီးမှာ အမျှင်ဓါတ်ပါရှိ၍ ကျန်းမာရေးနှင့်ကောင်းမွန်ကြောင်း၊ အချိုပွဲအဖြစ် သီးသီးကို သီးသီးကျောက်ကျောအဖြစ်လည်း စားသုံးကြကြောင်း၊ ဂွေးသီးနှင့်သီးသီးများကို အချဉ်ပေါင်း ရောင်းချသည့် တွန်းလှဲသည်များနှင့် ခေါင်းရွက်ဗျက်ထိုးဈေးသည်များမှ အများဆုံး ဝယ်ယူကြ ကြောင်း၊ ဂွေးသီးကို အချဉ်ပေါင်းသုပ်ပြုလုပ်၍ ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (တတိယ)ပတ်တွင်ဖြစ်ပေါ်နေသော ဂွေးသီးနှင့် သီးသီး ဈေးနှုန်းများမှာ အရွယ်အစားအကြီး / အသေး ပေါ်မူတည်၍ (၁)လုံးလျှင် (၁၀ဝိ/-)ကျပ်မှ (၂၀ဝိ/-) ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး သီးသီး ဈေးနှုန်းမှာ (၄)လုံးလျှင် (၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးရောင်းချသည့် လုပ်ငန်း ရှင်ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)