ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

လက်ပံတန်းမြို့ဈေးအပြင်တန်းရှိသစ်သီးဈေးကွက်/စျေးနှုန်း

         ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့ဈေးရှိ ဩဂုတ်လ ဒုတိယပတ်တွင် ရောင်းချနေသော  သစ်သီးဈေးနှုန်းများမှာ ပန်းသစ်တော်သီး ၁ လုံးလျှင်  (၃၅၀၀/၅၀၀၀/၇၀၀၀/) ကျပ်၊ သင်္ဘောသီး မှည့် ၁လုံးလျှင် (၁၅၀၀/၃၅၀၀/)ကျပ်၊ နာနတ်သီး (၁)လုံး (၂၀၀၀/၃၀၀၀/)ကျပ်၊ နဂါးသီး (၁)လုံး (၁၅၀၀/၂၀၀၀/ )ကျပ်၊ဖရဲသီး ၁ လုံး (၅၀၀၀/)ကျပ်၊ လိမ္မော်သီး ၁ လုံး ၂၀၀၀/ကျပ်၊ပန်းသီး ၁ လုံး (၂၀၀၀/) ကျပ်မှ ၆၀၀၀/ကျပ် မာလကာသီး ၁လုံးလျှင် ၁၀၀၀/ ၁၅၀၀/ကျပ်၊ ဒူးရင်းသီးတစ်လုံးလျှင် ၁၀၀၀၀/၁၅၀၀၀ ကျပ်၊ ဩဇာသီးတစ်လုံးလျှင် ၁၅၀၀ ကျပ်၊ မင်းဂွတ်သီးတစ်လုံးလျှင် ၃၀၀ ကျပ်၊ စပျစ်သီး ၁၀ကျပ်သားလျှင် (၃၀၀၀/၄၀၀၀/)ကျပ်၊ ဈေးများဖြင့် ရောင်းချနေကြကြောင်း မေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)   

လက်ပံတန်းမြို့မဈေးအတွင်းရှိ ငါးဈေးကွက်အခြေအနေ

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့(မြို့မ) ဈေးအတွင်း၌  ဩဂုတ်လဒုတိယပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများမှာ ငါးကြင်းဖြူ(တစ်ပိဿာ)လျှင် ၁၈၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ငါးမြစ်ချင်း(တစ်ပိဿာ)လျှင် ၁၂၀၀၀ မှ ၁၅၀၀၀ ကျပ်၊ ငါးဖယ်ခြစ်(တစ်ပိဿာ) လျှင် ၅၅၀၀၀ ကျပ်၊ ငါးမြစ်ချင်းခြစ်(တစ်ပိဿာ)လျှင် ၄၀၀၀၀ ကျပ်၊ ပုဇွန်ထုပ်(အကြီး) တစ်ပိဿာလျှင် ၆၀၀၀၀ ကျပ်၊ပုဇွန်(အလတ်) တစ်ပိဿာလျှင် ၅၀၀၀၀ ကျပ်၊ ပုဇွန်(အသေး) တစ်ပိဿာလျှင် ၄၀၀၀၀ ကျပ်၊ ငါးခူ(တစ်ပိဿာ)လျှင် ၂၅၀၀၀ ကျပ်၊ ငါးကျီး(တစ်ပိဿာ)လျှင် ၂၅၀၀၀ ကျပ်၊ ပင်လယ်ငါးများဖြစ်သော ကင်းမွန်နှင့်ပြည်ကြီးငါးများ (တစ်ပိဿာ) လျှင် ၆၀၀၀၀ မှ ၈၀၀၀၀ ကျပ် ဈေးဖြင့်ရောင်းချနေကြောင်း ဈေးသည်များထံမှ စုံစမ်းမေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)   

လက်ပံတန်းမြို့မဈေးအတွင်း၌ ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများအခြေအနေ

     လက်ပံတန်းမြို့မဈေးအတွင်း ဩဂုတ်လဒုတိယပတ်၌ ရောင်းချလျက်ရှိသော အခြေခံစား သောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တန်တစ်ပြည်လျှင် ၈၅၀၀ ကျပ်၊ဧည့်မထဆန် တစ်ပြည်လျှင် ၃၀၀၀ ကျပ်၊ကြက်သွန်နီတစ်ပိဿာလျှင် ၁၈၀၀/၂၀၀၀ ကျပ်၊ကြက်သွန်ဖြူ(ဗမာ) တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ကြူကုတ်တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ ချင်းတက်တစ်ပိဿာ ၆၀၀၀ ကျပ်၊ ငရုတ်ခြောက် (အရှည်) တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ ငရုတ်ခြောက်(အပု) တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊အာလူးတစ်ပိဿာလျှင် ၇၀၀၀ကျပ်၊မန်းကျည်းသီးမှည့်အစေ့မပါ တစ်ပိဿာလျှင် ၇၅၀၀ ကျပ်၊ ကြက်ဥလက်လီဈေးနှုန်း(အကြီး)တစ်လုံးလျှင် ၅၀၀ ကျပ်၊ (အသေး)တစ်လုံးလျှင် ၄၅၀ ကျပ်၊ဘဲဥ(အကြီး)တစ်လုံးလျှင် ၆၅၀ ကျပ်၊(အသေး) တစ်လုံးလျှင် ၆၀၀ ကျပ်တို့ အသီးသီး ရှိကြပါသည်။

    အခြေခံစားသောက်ကုန်များမှာ လက်ပံတန်းမြို့အတွင်း ရောင်းချလျက်ရှိသော အသား မွေးမြူ ရေးကြက်(စီပီ) ကြက်သားတစ်ပိဿာလျှင် ၂၃၀၀၀ ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် ၄၅၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၃၅၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၂၇၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် ၂၀၀၀၀/၂၅၀၀၀ ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၁၈၀၀၀/၂၀၀၀၀ ကျပ်၊ အသီးသီး ရောင်းဝယ်နေကြကြောင်း သိရှိရပါသည်။

     စားသုံးဆီဈေးနှုန်းများမှာ ပဲဆီတစ်ပိဿာလျှင် ၂၁၀၀၀ ကျပ်၊နှမ်းဆီတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၆၆၀၀ကျပ်၊ ဈေးဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်း။

DOCA(ပဲခူး)

လက်ပံတန်းမြို့နယ်ရှိ ဟင်းသီးဟင်းရွက်ဈေးနှုန်းအခြေအနေများ

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ဈေးအတွင်းရှိ  ဩဂုတ်လအတွင်း ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ အိုးဖရုံသီးတစ်လုံး ၁၀၀၀ ကျပ်၊ရွှေဖရုံသီး တစ်စိပ် လျှင်၅၀၀/ကျပ်၊ဂေါ်ရခါးသီး လုံး ၇၀၀ ကျပ်၊ ငရုတ်သီးစိမ်း တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ ၄၀၀၀ ကျပ်၊ နံနံပင် ၁ပိဿာ ၅၀၀၀ ကျပ်၊ပဲတောင့်ရှည်အတောင့် ၂၅ တောင့် တစ်စည်းလျှင် ၇၀၀ ကျပ်၊  ကြက်ဟင်းခါးသီး အသေးတစ်ပိဿာ ၂၀၀၀ ကျပ်၊ ကြက်ဟင်းခါးသီး အကြီးတစ်လုံးလျှင် ၅၀၀ ကျပ်၊ခရမ်းသီးတစ် ပိဿာလျှင် ၄၀၀၀ ကျပ်၊ ပဲပင်ပေါက်တစ် ဆယ်ကျပ်သားလျှင် ၇၀၀ ကျပ်၊သံပုရာသီးတစ်လုံးလျှင် ၁၀၀ ကျပ်၊မုန်လာဥနီ တစ်ဆယ်ကျပ်သားလျှင် ၂၀၀၀ ကျပ်၊ မုန်ညှင်းထုပ် တစ်ဆယ်ကျပ်သားလျှင် ၁၅၀၀ ကျပ်၊ရုံပတီသီး တစ်ပိဿာ ၃၀၀၀ ကျပ်၊မုန်လာဥ တစ်စည်းလျှင် ၁၂၀၀/၁၅၀၀ ကျပ်၊ သခွားသီးသုပ်သီးတစ်လုံးလျှင် ၁၅၀၀ ကျပ်၊ဘူးသီးတစ်စိပ်လျှင် ၅၀၀ကျပ်၊ ကန်ဇွန်းရွက် တစ်စည်းလျှင် ၃၀၀ ကျပ်၊ပြောင်းဖူးတစ်ဖူးလျှင် ၇၀၀ ကျပ်၊ ဘူးညွှန့်တစ်စီးလျှင် ၁၀၀၀ ကျပ်၊‌ကျောက်ဖရုံသီးတစ်စိပ် ၅၀၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၃၀၀၀ ကျပ်ဈေးများ ဖြင့်ရောင်းချနေကြကြောင်း မေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့မဈေးအတွင်းရောင်းချနေသော ငပိ၊ငခြောက်၊ပုဇွန်ခြောက်များဈေးကွက်

      ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ဩဂုတ်လဒုတိယပတ်တွင် ရောင်းချလျက်ရှိသော ငပိ၊ငခြောက်၊ပုဇွန်ခြောက်ဈေးနှုန်းများမှာ ပုဇွန်ငပိ တစ်ဆယ်ကျပ်သားလျှင် ၂၀၀၀/ ကျပ်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပါသည်။ မြိတ်ဒေသထွက်ကုန် မျှင်ငပိဗူး ၂၅ ကျပ်သား တစ်ဗူးလျှင် ၅၀၀၀/ကျပ်၊ဈေးနှုန်းတို့ဖြင့် ဈေးကွက်အတွင်း ရောင်းချ လျှက်ရှိပါသည်။ ငပုတ်သင်ခြောက် တစ်ဆယ်ကျပ်သားလျှင် ၃၅၀၀/၄၀၀၀ ကျပ်၊အာဗြဲခြောက် အချိုခြောက်တစ်ဆယ် ကျပ်သားလျှင် ၄၀၀၀/၆၀၀၀/၇၀၀၀ ကျပ်ထိ အသေးအကြီးပေါ်မူတည်၍ ဈေးနှုန်းမြင့်တက် ရောင်းချလျက်ရှိပါသည်။အသားမြှောင်းခြောက် တစ်ဆယ် ကျပ်သားလျှင် ၂၈၀၀/၃၀၀၀ ကျပ်၊SP ခြောက် (ငဖီးမ) ခြောက် တစ်ဆယ်ကျပ်သားလျှင် ၁၈၀၀ ကျပ်၊ ငတံခွန်ခြောက် တစ်ဆယ် ကျပ်သားလျှင် ၂၅၀၀/၂၈၀၀ ကျပ်၊ ငနီတူခြောက် တစ်ဆယ်ကျပ် သားလျှင် ၄၀၀၀/ ကျပ်၊ငဇင်းပြားခြောက် တစ်ဆယ်ကျပ်သားလျှင် ၂၅၀၀/၃၀၀၀ ကျပ်ဈေး တို့ဖြင့် ပုံမှန်ရောင်းချလျက် ရှိပါသည်။

       ပုဇွန်ခြောက်ဈေးနှုန်းများအနေဖြင့် ပုဇွန်ခြောက်တစ်ဆယ်ကျပ်သားလျှင် အနည်းဆုံး ၈၀၀၀ ကျပ်မှစတင်၍  ၁၆၀၀၀ ကျပ်ထိ ဈေးနှုန်းများရှိနေပါသည်။အများဆုံးဝယ်ယူလျက် ရှိသော ပုဇွန် ခြောက်မှာ ၁၁၀၀၀/၁၂၀၀၀/ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော ပုဇွန်ခြောက်များ ဖြစ်ပါ သည်။ ပုဇွန်ခြောက်ဈေးနှုန်းများမှာ ယခင်လနှင့်ယခုလနှိုင်းယှဉ်ပါက ဈေးနှုန်းများအပြောင်းအလဲမရှိ ရောင်းချလျက်ရှိကြောင်း ဈေးအတွင်းငပိ၊ငခြောက်၊ ပုဇွန်ခြောက် ရောင်းချသူတစ်ဦးထံမှ သိရှိရပါ သည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ဈေးအတွင်းရှိ ကြက်သွန်နီနှင့် အာလူးဈေးကွက်

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့ဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ ဇူလိုင်လတတိယပတ်မှ ဇူလိုင်လနောက်ဆုံးပတ်ထိ  ကြက်သွန်နီ အကြီးတစ်ပိဿာလျှင် ၁၆၀၀/ ကျပ်၊ အသေး တစ်ပိဿာလျှင် ၁၅၀၀/ကျပ် ဈေးနှုန်းဖြင့် လက်လီ ရောင်းချခဲ့ပါသည်။ လက်ကားဈေးနှုန်းအနေဖြင့် အချိန် (၁၀)ပိဿာ မှ စတင်၍အိတ်လုံးဈေး ကြက်သွန်နီအကြီး တစ်ပိဿာလျှင်၁၅၀၀/ကျပ်၊  ကြက်သွန်နီအလတ် တစ်ပိဿာ လက်ကား ဈေးနှုန်းမှာ ၁၃၀၀/ကျပ်၊ ကြက်သွန်နီ(အသေး) လက်ကားဈေးနှုန်း တစ်ပိဿာလျှင်၁၂၀၀/ ကျပ် ဈေးနှုန်းဖြင့် ဈေးငြိမ်နေပြီး ဩဂုတ်လဒုတိယပတ်တွင်လည်း  ကြက်သွန်နီ ဈေးနှုန်းများဈေးငြိမ်နေကြောင်း သိရှိရပါသည်။

          အာလူးဈေးကွက် ရောင်းချမှုအနေဖြင့် အာလူးတစ်ပိသာလျှင် ဇူလိုင်လဒုတိယပတ်တွင်   ၄၅၀၀/၅၀၀၀ကျပ် ဈေးရှိခဲ့ပြီး ယခု ဩဂုတ်လ ဒုတိယပတ်တွင်လည်း အာလူးဈေးနှုန်းများမှာ ၅၀၀၀/၅၅၀၀ ကျပ်ဈေးဖြင့် ရောင်းချသဖြင့် ဈေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့နယ်တွင်ဖြစ်ပေါ်နေသောဂျင်းနှင့် ကြက်သွန်ဖြူဈေးကွက်အခြေအနေ

      ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ လက်ပံတန်းမြို့စည်ပင်သာယာဈေးတွင်ရှိသောဂျင်း  ဈေးနှုန်းများမှာ ဇူလိုင်လဒုတိယပတ်တွင် ဂျင်း ၁၀ကျပ်သားလျှင်၈၀၀/ကျပ်ရှိခဲ့ပြီး ယခုဩဂုတ်လ ဒုတိယပတ်တွင်လည်း ၇၀၀/ကျပ်ရှိနေပါသည်။ ဂျင်းဈေးနှုန်းမှာ အနည်းငယ်ကျဆင်းသွားပါသည်။

      ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် ဇူလိုင်လဒုတိယပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ ကျပ်သားလျှင် ၁၅၀၀/ကျပ်၊ ယခု ဩဂုတ်လဒုတိယပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ ကျပ်သားလျှင် ၁၅၀၀ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပါသည်။

    ကြက်သွန်ဖြူ(ရှမ်းစ) ဈေးနှုန်းအနေဖြင့်  ဇူလိုင်ဒုတိယပတ်တွင် ၁၀ ကျပ်သားလျှင် ၁၀၀၀ ကျပ်ပေါက်ဈေးရှိနေပြီး ယခုဩဂုတ်လဒုတိယတွင်လည်း ဈေးနှုန်းအပြောင်းအလဲမရှိ၊ ဈေးငြိမ် နေပါသည်။ ကြက်သွန်ဖြူ (ဥတစ်လုံး) ဈေးကွက်မှာတစ်ဆယ်ကျပ်သားလျှင် ၂၅၀၀ ကျပ်  ဈေးနှုန်း တို့ဖြင့် ရောင်းချလျက်ရှိရာ ဂျင်း၊ကြက်သွန်ဖြူ၊ဈေးကွက်တို့မှာ ဈေးအေးနေပြီးပုံမှန် ရောင်းဝယ်လျက်ရှိပါသည်။

DOCA(ပဲခူး)

အုတ်ဖိုမြို့နယ်အတွင်းရှိအခြေခံစားသောက်ကုန်ဈေးနှုန်း၊ဈေးကွက်အခြေအနေ

     ပဲခူးတိုင်းဒေသကြီးသာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ် မြို့မဈေးကြီးအတွင်း ၂၀၂၅ ခုနှစ် ဩဂုတ်လဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ပစ္စည်းများအား ဈေးကွက် စောင့်ကြည့်စစ်ဆေးတွေ့ရှိမှုအရ ကြက်သွန်နီ(အကြီး)တစ်ပိဿာလျှင် ၁၅၀၀ ကျပ်၊(အလတ်) တစ်ပိဿာလျှင် ၁၂၀၀ ကျပ်၊ကြက်သွန်ဖြူတစ်ပိဿာလျှင် ၁၉၀၀၀ ကျပ်၊ကုလားပဲခြမ်းစိမ်းနို့ဆီဗူး(၁) ဗူးလျှင် ၉၀၀ ကျပ်၊ ပဲထောပတ်(၁)ဗူး ၁၂၀၀ ကျပ်၊ပဲနီ(၁)ဗူး ၁၂၀၀ ကျပ်၊မြေပဲ(၁)ပိဿာလျှင် ၁၁၀၀၀ ကျပ်၊ငရုတ်သီးခြောက်မိုးထောင်တစ်ပိဿာ ၁၅၀၀၀ ကျပ်နှင့် ငရုတ်ပွတစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။အာလူး(ရှမ်း)တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် ပုံမှန်ဈေးရှိကြောင်း သိရှိရပါသည်။

     ကြက်သွန်ဖြူနှင့်အချိုမှုန့်များတက်ဈေးသို့ ဦးတည်နေပြီးကျန်ကုန်ပစ္စည်းများ ပုံမှန်ဈေးသာရှိ ကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ပဲခူး)

    ကြို့ပင်ကောက်မြို့တွင် ဖရဲသီးအရောင်းအဝယ်ဖြစ်နေမှု ဈေးကွက်/စျေးနှုန်းအခြေအနေ

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ကြို့ပင်ကောက်မြို့နယ် ဘူတာရုံလမ်းရထားဘူတာရုံ အနီးရှိ ဖရဲသီးရောင်းချသူ ဦးဝင်းထွဋ်အား ဖရဲသီးဈေးကွက်အခြေအနေကို သိရှိနိုင်ရန်စားသုံးသူ ရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်း(၂)ဦးတို့မှ (၁၂.၈.၂၀၂၅) ရက်နေ့တွင် ကွင်းဆင်း မေးမြန်း ခဲ့ပါသည်။

          ယခုနှစ်ဖရဲသီးများကို စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့မှ မှာယူရောင်းချပါကြောင်း ဖရဲသီးအစုံ အလုံး အကြီး/အသေးမျိုးစုံမှာယူရောင်းချပါကြောင်း၊ ယခုမှာယူသောမျိုးမှာ (ယိုးဒယား) သီးမျိုးဖြစ်ပါကြောင်း၊ ဖရဲသီးကိုစစ်ကိုင်းမျိုးမှမှာယူပြီး (၁၀)ဘီးကားတစ်စီးလျှင် အလုံး(၁၈၀၀) ပါရှိရာ အသီးဖိုး(၅၀) သိန်း၊ကားခ(၁၃သိန်းခွဲ)၊ လုပ်သားခ (၅၀၀၀၀)ကျပ်ဖြင့် ၊ ကြို့ပင်ကောက်မြို့ အရောက်ပေးချေရပါကြောင်း သိရှိရပါသည်။

          ဈေးနှုန်းဈေးကွက်အနေဖြင့် တစ်လုံးကို (၄၀၀၀)/(၅၀၀၀) ကျပ်၊အကြီး၊အသေးပေါ်မူတည်၍ ကိုယ်တိုင်ဆိုင်မှာ ရောင်းချသလိုဖောက်သည်အသီးဆိုင်များနှင့် အနီးအနားမြို့အုတ်ဖိုမြို့ကိုလည်း တစ်ဆင့်ဖြန့်ပေးပါကြောင်း၊ဖရဲသီးစိပ် ဗန်းရွက်သမားများကိုလည်း ခွဲပေး၍ရောင်းချပါကြောင်း တစ်စိပ်လျှင်  (၅၀၀) /(၁၀၀၀) ကျပ်ဖြင့် ရောင်းချပါကြောင်း ဖရဲကားတစ်စီးကို မြို့တွင်းအရောင်းနှင့် အုတ်ဖိုမြို့သို့ဖောက်သည်ပေးကြောင်း ဖရဲသီးကားတစ်စီးလျှင် (၁၀)ရက်ဘဲရောင်းချပါကြောင်း သိရှိရပါသည်။

          ယခုအခါ ဖရဲသီးများသည် (၁၂)လရာသီစိုက်ပျိုးသည့်အတွက် အရောင်းပြတ်တယ်လို့မရှိပါ ကြောင်း အသီးများကုန်ပြီး ထပ်မှာရပါကြောင်း အကျိုးအမြတ်အနေဖြင့် သိန်း(၆၀) သိန်းရင်းလျှင် (၁၀)သိန်း/(၁၅)သိန်းခန့်အမြတ်ကျန်ရှိပါကြောင်း ဖရဲသီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

ဩဂုတ်လတွင် ဇီးကုန်းမြို့နယ်၌ ဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

    ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့ မြို့မဈေးကြီးအတွင်း ဩဂုတ်လ ဒုတိယပတ်တွင် ရောင်းဝယ်နေသော အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် (၂၀၀၀၀၀) ကျပ်၊ဧည့်မထဆန် တစ်အိတ်လျှင် (၆၂၀၀၀)ကျပ်၊ စားဆီဈေးနှုန်းများမှာ မြေပဲဆီ (၁)ပိဿာ(၁၇၀၀၀)ကျပ်၊ နှမ်းဆီ(၁)ပိဿာ (၁၇၅၀၀)ကျပ် ဖြင့် ရောင်းချနေကြောင်း သိရပါသည်။ သား၊ငါး ဈေးနှုန်းများမှာ ဆိတ်သား (၁)ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ ဒေသကြက် (၁)ပိဿာ လျှင် (၃၅၀၀၀)ကျပ်၊ အင်းမ ငါးကြင်းတစ်ပိဿာ (၁၇၀၀၀)ကျပ်၊ cpကြက် (၁)ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ဝက်သား(၁)ပိဿာ လျှင် (၂၈၀၀၀)ကျပ် ၊ အမဲသား (၁)ပိဿာလျှင်(၂၅၀၀၀) ကျပ်၊ ကြက်ဥ တစ်လုံးလျှင်(၄၀၀ ကျပ်မှ ၄၅၀ကျပ်)၊ ဘဲဥတစ်လုံး လျှင်(၆၀၀-၆၅၀)ကျပ်ဈေးဖြင့် ‌ရောင်းဝယ်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း