
စက်သုံးဆီဈေးနှုန်းများ အပတ်စဥ် ပြောင်းလဲလျက်ရှိရာ ယခုတစ်ပတ် (၁၈.၉.၂၀၂၅) ရက်နေ့ တွင် 95 Octane ဓါတ်ဆီ(အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၁၃၀ ကျပ်၊ 92 Octane ဓါတ်ဆီ (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၃၀၆၀ ကျပ်၊ ဒီဇယ်(ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၇၁၀ ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၃၀၅ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်တစ်ပတ် စက်သုံးဆီဈေးနှုန်းမှာ 95 Octane ဓါတ်ဆီ (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၁၄၅ ကျပ်၊ 92 Octane ရိုးရိုး ဓါတ်ဆီဈေးနှုန်းတစ်လီတာမှာ ၃၀၈၀ ကျပ်၊ ဒီဇယ် (ရိုးရိုး) ဈေးနှုန်းတစ်လီတာ မှာ ၂၆၉၅ ကျပ်၊ ဒီဇယ်(အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၃၀၅ ကျပ် ဖြစ်ကြောင်းသိရှိရပါသည်။ ယခုတစ်ပတ်အတွင်း စက်သုံးဆီဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဥ်ပါက 95 Octane ဓါတ်ဆီ(အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၁၅ ကျပ်၊ 92 Octane ဓါတ်ဆီ (ရိုးရိုး) ဈေးနှုန်းတစ်လီ တာမှာ ၂၀ ကျပ် ကျဆင်းသွားပြီး ဒီဇယ်(ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၁၅ ကျပ်မြင့်တက်သွားကာ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)