ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

       မြေပဲစျေးနှုန်းစျေးကွက်

          မြေပဲမှာ စားသုံး ဆီကြိတ်ခွဲခြင်းလုပ်ငန်းများနှင့် စားသောက်ကုန်တို့တွင် အသုံးပြုခြင်း တို့ကြောင့် ပြည်တွင်းစျေးကွက်နှင့်ပြည်ပသို့ တင်ပို့သည့်သီးနှံဖြစ်ပြီး အရောင်းသွက်လျက်ရှိ ကြောင်းသိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံမြေပဲအား မိုးနှင့် ဆောင်း ရာသီများတွင် စိုက်ပျိုးပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၃၈၆၂၆ ဧက၊ရိတ်သိမ်းမှု ၆၃၇၄၄၇ ဧက၊ အထွက် နှုန်း ၄၆.၇၇ တင်း၊ အထွက်စုစုပေါင်း ၂၉၈၁၅၉၉၆ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလ ပထမပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်ပေါက်စျေးများမှာ မြေပဲတစ်ပိဿာလျှင် S1 လုံးဆံ ၇၅၅၀ ကျပ်နှင့်၇၆၅၀ကျပ်၊S1 ဆီဆံ  ၆၈၀၀ကျပ်၊ အနီလုံးဆံ ၇၂၀၀ ကျပ်နှင့် ၇၅၀၀ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာS1 လုံးဆံ ၉၃၀၀ ကျပ်၊ S1 ဆီဆံ ၈၁၀၀ ကျပ်နှင့်၈၈၀၀ကျပ်၊အနီလုံးဆံ ၈၇၀၀ကျပ်၊အနီဆီဆံ၇၈၀၀ ကျပ်နှင့် ၈၁၅၀ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ယခင်နှစ်နှင့်ယခုနှစ်ကာလတူ မြေပဲဆံပေါက်စျေးနှိုင်းယှဉ်ပါက စျေးလျော့နည်းသွား ကြောင်း သိရပါသည်။

DOCA (မန္တလေး)

နေကြာစျေးအနည်းငယ်ကျဆင်း

         နေကြာသီးနှံမှာ ပြည်တွင်းစားဆီကြိတ်ခွဲခြင်းနှင့်ဆီစက်လုပ်များအတွက် အရေးပါသည့် စျေးကောင်းရသည့်အမယ်ဖြစ်ပြီး၊ ကျန်းမာရေးနှင့်ညီညွှတ်သည့် မပြည့်ဝဆီတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် နေကြာသီးနှံ ကို မိုးနေကြာ နှင့် ဆောင်းနေကြာ အဖြစ် စိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်နေကြာစိုက်ပျိုးမှု ၁၈၆၁၉၅ ဧက၊ ရိတ်သိမ်းမှု ၁၈၄၂၂၇ ဧက၊ အထွက် ၂၄.၂၆တင်းနှုန်းနှင့် အထွက် ၄၄၆၉၃၅၁တင်း ဖြစ်ကြောင်းသိရပါသည်။ မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလပထမ ပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ဆီနေကြာသီးနှံပေါက်စျေးမှာ ၃တင်းဝင် (၂၇ ပိဿာပါ) တစ် အိတ်လျှင် ၁၆၀၀၀၀ ကျပ်နှင့် ၁၆၅၀၀၀ ကျပ်၊တစ်ပိဿာလျှင် ၅၉၂၆ ကျပ်နှင့် ၆၁၁၁ ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် ၂၄၀ဝ ကျပ် နှင့် ၂၅၀ဝ ကျပ် ဖြစ်ပြီး၊ယခင်နှစ်ကာလတူ ပေါက်စျေး မှာ ၃တင်း တစ်အိတ်လျှင် ၂၁၅၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၇၉၆၃ ကျပ်တို့ဖြစ်ကြောင်း သိရပါ သည်။ ယခုနှစ်နှင့်ယခင်နှစ်ဆီနေကြာပေါက်စျေးနှိုင်းယှဉ်ပါက စျေးအနည်းငယ် လျော့နည်းသွား ကြောင်း သိရပါသည်။

DOCA (မန္တလေး)

မအူပင်မြို့နယ် တိုးမြစ်မှ ဖမ်းစီးရရှိသော မြစ်ငါး၊ မြစ်ပုဇွန် များဈေးကောင်းလျက်ရှိ

    မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် တိုးမြစ်ရှိ၍ မြစ်ငါးများ သုံးရာသီလုံးဖမ်းယူရရှိနေပြီး မြစ်ငါး၊ ပုဇွန် ရောင်းချသူ အခွန်လွန် ဈေးတွင် ၅ဦးခန့် ရှိကြောင်း ဈေးကွက်အတွင်း သိရသည်။

   မြစ်ငါး၊ မြစ်ပုစွန်များကို ပိုက်များဖြင့်လည်းကောင်း၊ မြုန်းများဖြင့်လည်း ကောင်းဖမ်းစီးပြီး မအူပင်အခွန်လွတ်ဈေးတွင် ရောင်းချကြသည်။ အခြားသော ဈေးများတွင်လည်း ကျေးရွာများမှ မြစ်ချောင်းများမှ ဖမ်းစီးရရှိသော ငါးများကို ရောင်းချနေကြောင်း သိရသည်။ အခွန်လွတ်ဈေးတွင် ရောင်းချနေသော ကပ်သပိုး ငါး ၁ပိဿာ ၂၅၀၀၀ကျပ်၊ ငါးမွေထိုး(အကျား) ၁ပိဿာ ၃၀၀၀၀ကျပ်၊ ပုစွန်ထုတ်အကြီး ၁ပိဿာ ၆၀၀၀၀ကျပ်၊ အလတ် ၅၅၀၀၀ကျပ်၊ ပုစွန်အသေး ၁ပိဿာ ၄၀၀၀၀ကျပ်ဖြင့်လည်းကောင်း၊ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ငါး၊ ပုစွန် တစ်နေ့ရောင်းချပါက ၅ပိဿာ၊ ၇ပိဿာ ခန့်ရောင်းချရပါကြောင်း ငါးရောင်းချသူထံမှ သိရသည်။ ငါးများကို မအူပင်ဈေးအတွင်းသာ ရောင်းချခြင်းဖြစ်ပြီး မြစ်ချောင်းမှ ထွက်ရှိနေ၍ မိသားစု အပိုဝင်ငွေရသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

စက်တင်ဘာလပထမပတ်နှမ်းစျေး

          ပြည်တွင်းစားဆီကြိတ်ခွဲမှုနှင့် ပြည်ပသို့တင်ပို့သည့်နှမ်းအား မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးမှု ၁၁၀၅၈၀၁ ဧက၊ရိတ်သိမ်းမှု ၁၀၂၃၁၁၀ ဧက၊ အထွက် နှုန်း ၅.၄၀ တင်းနှင့် အထွက်စုစုပေါင်း ၅၅၂၃၅၀၃ တင်းဖြစ်ကြောင်း သိရပါသည်။  မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလပထမပတ် အတွင်း နှမ်းအမျိုးအစား အလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ (ဂျပန်) ၃၀၀၀၀၀ကျပ်၊နှမ်းဖြူ (ဗမာ) ၂၆၀၀၀ဝကျပ်နှင့် ၂၇၀၀၀ဝ ကျပ်၊ နှမ်းညို ၂၅၈၀၀၀ ကျပ်နှင့် ၂၆၂၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ နှမ်းဖြူ (ဂျပန်) ၆၆၆၇ ကျပ်၊ နှမ်းဖြူ (ဗမာ) ၅၇၇၈ ကျပ်နှင့် ၆၀၀၀ ကျပ်၊နှမ်းညို ၅၇၃၃ ကျပ်နှင့် ၅၈၂၂ ကျပ် စျေးတို့ဖြစ်ပေါ် လျက်ရှိကြောင်း သိရ ပါသည်။ ယခင်နှစ် ကာလတူ ပေါက်စျေးမှာ တစ်ပိဿာလျှင် နှမ်းဖြူ(ဂျပန်) ၉၇၇၈ ကျပ်နှင့် ၁၀၂၂၂ ကျပ်၊ နှမ်းဖြူ (ရိုးရိုး) ၈၂၂၂ ကျပ်နှင့် ၈၄၄၄ ကျပ်၊ နှမ်းညို ၆၆၆၇ ကျပ်နှင့်၇၁၁၁ ကျပ် တို့ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်နှင့်ယခင်နှစ် ကာလတူစျေးနှိုင်းယှဉ်ပါက နှမ်းစျေးမှာ အနည်းငယ်ကျဆင်း သွားကြောင်း သိရပါသည်။

DOCA (မန္တလေး)

 

                  

                         

သာစည်မြို့နယ်မှ တစ်ပိုင်တစ်နိုင်ထုတ်လုပ်ရောင်းချကြသည့် နွားနို့၊ နွားနို့ခဲဈေးကွက်

           မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ မကျီးခွကျေးရွာတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အပြင် မွေးမြူရေးထွက်ကုန်ပစ္စည်းတစ်မျိုးဖြစ်သည့် နွားနို့၊ နွားနို့ခဲတို့ကိုလည်း တစ်ပိုင်တစ်နိုင် ထုတ်လုပ် ရောင်းချကြပါသည်။ တစ်ပိုင်တစ်နိုင်မွေးမြူထားသည့် နွားမများကရရှိသောနွားနို့ကို နွားနို့ အရည် တိုင်း 1 (Liter) ဆန့် ရေသန့်ဗူးများနှင့်ထည့်၍ ဈေးကွက်သို့ တင်ပို့ရောင်းချမှုအပြင် နွားနို့ကိုခဲ၍ နွားနို့ခဲကိုလည်း ပြုလုပ်ရောင်းချကြပါသည်။ နွားနို့အရည် 1 (Litre) ကိုခဲလျှင် နွားနို့ခဲ (၁၀)ကျပ် သားခန့်ရရှိပြီး နွားနို့ခဲပြုလုပ်ရာ၌ ရိုးရာဓလေ့အတိုင်း ပြုလုပ်ရာ ဓါတုဗေဒနည်းဖြင့်ပြုလုပ်ခြင်း မဟုတ်သည့်အတွက် ကျန်းမာရေးနှင့် ညီညွတ်မှုရှိပါသည်။ နွားနို့ခဲပြုလုပ်ပုံမှာ ဒေသတွင်း အလေ့ကျ ပေါက် ရောက်သည့် မရိုးစေးပင်ကိုအဓိကထား အသုံးပြုရာ ဦးစွာနွားနို့ကျိုချက်မည့် အိုးကိုမရိုးစေးဖြင့် သုတ်လိမ်းပြီး နွားနို့ကိုမရိုးစေးရွက်ဖြင့် ရောကာအိုးအတွင်း ထည့်ကျိုချက်ကာ မရိုးစေးပင်အရိုးဖြင့် ပြစ်လာ သည်အထိ အဆက်မပြတ်မွှေပေးရပါသည်။ ၎င်းနောက် နွားနို့ရည်ပြစ်ခဲလာသည့်အခါ ခွက်ဖြင့်ထည့်၍ အအေးခံပြီးပါက နွားနို့ခဲရရှိပါသည်။ ဒေသတွင်းတစ်ပိုင်တစ်နိုင်အနေဖြင့် ထုတ်လုပ်သော နွားနို့ရည်၊ နွားနို့ခဲကို သာစည်၊ မိတ္ထီလာမြို့ပေါ်ရှိ ဈေးများသို့ သွားရောက်ရောင်းချကြရာ နွားနို့ 1(Litre) တစ်ဗူးလျှင် (၂၅၀၀)ကျပ်၊ နွားနို့ခဲ (၁၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်တို့ဖြင့် ရောင်းချရကြောင်း သိရသည်။

  DOCA (မန္တလေး)

မိုးနှမ်း(နှမ်းညို)ဈေးနှုန်း/ဈေးကွက်

             မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာတွင် မိုးနှမ်း(နှမ်းညို)ကို အဓိကထားစိုက် ပျိုးကြပါသည်။ ယခုနှစ် ရာသီဥတုအရ မိုးနှမ်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခုအခါတွင် ရိတ် သိမ်းပြီးစီးလုနီးပါး ဖြစ်ကြောင်း‌ တစ်ဧကလျှင်(၅)တင်း မှ (၈)တင်း ခန့်အထိ ပျမ်းမျှထွက်ရှိကြောင်း နှမ်းစိုက်တောင်သူများထံမှ သိရှိရပါသည်။ ယခုတစ်ပတ် နှမ်းညိုဈေးနှုန်းမှာ (၁)တင်း လျှင် (၈၅၀၀၀) ကျပ် ရောင်းဝယ်လျက်ရှိပြီး မန္တလေးကုန်စည်ဒိုင်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

  DOCA (မန္တလေး)

​​​​​​​ ပန်းဂေါ်ဖီဈေးကွက်

        မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် ပန်းမုံလာ(ခေါ်)ပန်းဂေါ်ဖီကို ဒေသရာသီဥတုအရ စိုက်ပျိုး လေ့မရှိကြောင်း၊ ဆောင်းသီးနှံအဖြစ်သာစိုက်ပျိုးထွက်ရှိကြောင်း သိရှိရပါသည်။ သို့သော်လည်း ဒေသ တွင်းတွင် ပန်းဂေါ်ဖီကို ၁၂ရာသီဝယ်ယူရရှိလျက်ရှိရာ ယခုကာလတွင် ဒေသတွင်းသို့ ရှမ်းပြည်နယ်၊ အောင်ပန်း၊ ကလောမှလည်းကောင်း၊ တိုင်းတွင်း ပုပ္ပါးဒေသမှ ဝင်ရောက်လျက်ရှိကြောင်း သိရှိရ ပါသည်။ ပုပ္ပါးဒေသမှ ထွက်ရှိသောပန်းဂေါ်ဖီမှာ  အပွင့်သေးငယ်ပြီး တစ်ပွင့်လျှင် ၅၀၀ကျပ် ရှိပြီးတောင်ပေါ်ဒေသမှ ဝင်ရောက်လျက်ရှိသော ပန်းဂေါ်ဖီမှာအပွင့်ကြီးပြီးအပွင့်ပေါ်မူတည်၍တစ်ပွင့့််င်(၁၀၀၀-၂၅၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

ကြည့်မြင်တိုင်မြို့နယ် ဗားကရာ ဆိပ်ကမ်းတွင် စားအုန်းဆီ သင်္ဘောဝင်ရောက်ခြင်း

         စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီများနှင့်အညီ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများပြည်ပမှ တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ဗားကရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်း၊ KIPT ဆိပ်ကမ်းသို့ ဆီသင်္ဘောများ ဆိုက်ကပ်ပြီး ကြည့်မြင်တိုင်မြို့နယ် ဗားကရာဆိပ်ကမ်းသို့ ၂၄.၈.၂၀၂၅ ရက်နေ့တွင် MT AU VIRGO သင်္ဘောဖြင့် LLM ဆီကန်သို့  1550 MT ၊  H 3 ဆီကန်သို့ 2000 MT၊ IOS 13 ဆီကန်သို့ 800 MT စုစုပေါင်းတန်ချိန်(4350) ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကျွန်းလှမြို့တွင် နှင်းဆီပန်း ပျိုးပင် နှင့် နှင်းဆီပန်းပွင့် စိုက်ပျိုးရောင်းချလျက်ရှိ

     စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်တွင် မိသားစု စားဝတ် နေရေးအတွက် တစ်ဖက် တစ်လမ်းမှ အပိုဝင်ငွေရရှိရန်အတွက်သော်လည်းကောင်း ဝါသနာအရသော်လည်း ကောင်း  စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာမှ ပန်းပျိုးပင်မျိုးစုံ ဖြစ်သည့် တယူဇနာပန်း(ခေါ်) တောင်ကြီးသနပ်ခါးပန်း၊ ငှက်ပျောပန်း၊ ပိန်းပန်း၊ ရှင်သီဝလိဂမုန်းပန်း၊ သစ်ခွပန်း၊ ဒေစီပန်း၊ သဇင်ပန်း ခွာညိုပန်း စသည်တို့အပြင်  နှင်းဆီပန်းများကို ပျိုးပင်ရော အပွင့်ပါ ရောင်းချရန်အတွက်  တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြ သည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ် ကျွန်းလှမြို့၏ နှင်းဆီပန်း ပျိုးပင်ဈေးနှုန်း နှင့် နှင်းဆီပန်းအပွင့် ဈေးနှုန်းအနေဖြင့် နှင်းဆီပန်းပျိုးပင် တစ်ပင်လျှင်(၂၀၀၀)ကျပ်  ဈေးနှုန်းရှိပြီး နှင်းဆီပန်း အကြီး တစ်ပွင့်လျှင်(၈၀၀)ကျပ်၊ ()ခက်လျှင်(၁၅၀၀)ကျပ်၊ အသေး တစ်ပွင့်လျှင်(၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းဥယာဉ် စိုက်ပျိုး ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့တွင် ရောင်းချနေသော နဂါးမောက်သီးနှင့် ဖရဲသီးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင်  နဂါးမောက်သီးနှင့် ဖရဲသီးများ အများအပြား ရောင်းချလျက်ရှိကြပါသည်။ နဂါးမောက်သီးပင်များသည် အပူပိုင်းဒေသ ရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ရေငတ်ခံနိုင်သော ရှားစောင်းနွယ်ဝင် အပင်တစ်မျိုးဖြစ်သည်။ နဂါးမောက်သီးတွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိပါ သည်။ဖရဲသီးအား အသီးအတိုင်းစားသုံးခြင်း၊ ဖျော်ရည်နှင့် စားသောက်ကုန်တို့တွင်ထည့်၍ စားသုံးကြောင်းသိရပါသည်။ဖရဲသီးတွင် ရေဓာတ်ပေါကြွယ်ဝစွာ ပါဝင်သောကြောင့် ရေအစား ထိုးအနေဖြင့် စားသုံးနိုင်ပြီး အပူကင်းအောင်စားပေးသင့်သော အသီးတစ်မျိုးလည်းဖြစ်ပါသည်။ နဂါးမောက်သီးနှင့် ဖရဲသီးသည် ကျန်းမာရေးအတွက် အထောက် အကူများစွာပေးပြီး၊ ဖျော်ရည်၊ နဂါးမောက်သီးဖျော်ရည်၊ ဖရဲသီးဖျော်ရည်များ ပြုလုပ် စာသောက်ရသည့်အတွက် လူကြိုက်များကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ပထမပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေး ရှိ  သစ်သီး ဆိုင်များတွင် အသေး (၁)လုံး လျှင် (၇၀၀) ကျပ်၊ အလတ်(၁)လုံးလျှင် (၉၀၀) ကျပ်နှင့် အကြီး (၁)လုံးလျှင် (၁၂၀၀) ကျပ် ၊ ဖရဲသီးဈေးနှုန်းမှာ အသေးတစ်လုံးလျှင် (၁၅၀၀)ကျပ်၊ လတ်တစ်လုံးလျှင်(၂၀၀)ကျပ်နှင့် အကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်ဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း