ပုံမှန်အရောင်းအဝယ်ဖြစ်သည့် ငရုတ်သီးစိမ်းဈေးနှုန်း

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေး၌  ရာသီပေါ်သီးနှံများဖြစ်သည့် မုန်လာဥ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ခါကြက်ဥ၊ ပဲတောင့်ရှည်၊ ခရမ်းသီးနှင့် ငရုတ်သီးများရောင်းချလျက် ရှိပြီး စားသုံးသူများ၊ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှ နေ့စဉ်ဝယ်ယူလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ငရုတ်သီးစိမ်းဈေးနှုန်းမှာ လက်လီ(၁) ပိဿာလျှင် (၃၂၀၀)ကျပ်၊ လက်က္ကား(၁)ပိဿာလျှင် (၃၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင်(၁၆၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် တတိယပတ်အတွင်း ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ငရုတ်သီးစိမ်း(၁)ပိဿာလျှင် အနည်းငယ်ဈေးနှုန်းကျဆင်းသွား ကြောင်း၊ ငရုတ်သီးကို မြို့ပေါ်ရပ်ကွက်များနှင့် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှလာ ရောက်ရောင်းချကြောင်း သိရသည်။

DOCA (စစ်ကိုင်း)