ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့၏ ပန်းသီးနှင့် နဂါးမောက်သီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီးနှင့် နဂါးမောက်သီးများ အများအပြား ရောင်းချလျက်ရှိကြပါသည်။  ပန်းသီးနှင့် နဂါးမောက်သီးများကို သစ်သီးပွဲရုံများ မှ မှာယူရောင်းချလျက်ရှိကြောင် သိရှိရပါသည်။     နဂါးမောက်သီးပင်များသည် အပူပိုင်းဒေသ ရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ရေငတ်ခံနိုင်သော ရှားစောင်း နွယ်ဝင် အပင်တစ်မျိုးဖြစ်သည်။ နဂါးမောက်သီးတွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိပါသည်။ ပန်းသီးနှင့် နဂါးမောက်သီးသည် ကျန်းမာရေးအတွက် အထောက်အကူများစွာပေးပြီး၊ ပန်းသီး ဖျော်ရည်၊ နဂါးမောက်သီးဖျော်ရည်များ ပြုလုပ်စာသောက်ရသည့်အတွက် လူကြိုက်များ ကြောင်း သိရှိရပါသည်။

             ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း မုံရွာမြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီးအလုံးကြီး(၁)လုံးလျှင် (၃၅၀၀)ကျပ်၊ (၃)လုံးလျှင်(၁၀၀၀၀)ကျပ်နှင့်  ပန်းသီးအလုံးသေး (၄)လုံးလျှင် (၅၄၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ နဂါးမောက်သီး အလုံးသေးတစ်လုံးလျှင် (၅၀၀)ကျပ်၊ အလုံးလတ်တစ်လုံးလျှင် (၆၀၀)ကျပ်နှင့် အလုံးကြီးတစ်လုံးလျှင်(၇၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)                                                                     

မုံရွာမြို့တွင် ရောင်းချနေသော နဂါးမောက်သီးနှင့် ဖရဲသီးဈေးနှုန်း

              စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင်  နဂါးမောက်သီးနှင့် ဖရဲသီးများ အများအပြား ရောင်းချလျက်ရှိကြပါသည်။ နဂါးမောက်သီးပင်များ သည် အပူပိုင်းဒေသ ရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ရေငတ်ခံနိုင်သော ရှားစောင်းနွယ်ဝင် အပင်တစ်မျိုးဖြစ်သည်။ နဂါးမောက်သီးတွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိပါ သည်။ဖရဲသီးအား အသီးအတိုင်းစားသုံးခြင်း၊ ဖျော်ရည်နှင့် စားသောက်ကုန် တို့တွင်ထည့်၍ စားသုံးကြောင်းသိရပါသည်။ဖရဲသီးတွင် ရေဓာတ်ပေါကြွယ်ဝစွာ ပါဝင်သောကြောင့် ရေအစား ထိုးအနေဖြင့် စားသုံးနိုင်ပြီး အပူကင်းအောင်စားပေးသင့်သော အသီးတစ်မျိုးလည်းဖြစ်ပါ သည်။ နဂါးမောက်သီးနှင့် ဖရဲသီးသည် ကျန်းမာရေးအတွက် အထောက် အကူများစွာပေးပြီး၊ ဖျော်ရည်၊ နဂါးမောက်သီးဖျော်ရည်၊ ဖရဲသီးဖျော်ရည်များ ပြုလုပ် စာသောက်ရသည့်အတွက် လူကြိုက်များကြောင်း သိရှိရပါသည်။

             ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ဒုတိယအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေး ရှိ  သစ်သီးဆိုင်များတွင် နဂါးမောက်သီး အသေး (၁)လုံး လျှင် (၅၀၀) ကျပ်၊ နဂါးမောက်သီး အလတ်(၁)လုံးလျှင် (၇၀၀) ကျပ်နှင့် နဂါးမောက်သီး အကြီး (၁)လုံးလျှင် (၁၀၀၀) ကျပ် ၊ ဖရဲသီးအသေးတစ်လုံးလျှင် (၁၅၀၀)ကျပ်၊ ဖရဲသီးအလုံးလတ်တစ်လုံးလျှင်(၂၀၀၀)ကျပ်နှင့် ဖရဲသီးအကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်ဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရာသီကုန်ဆုံးတောမဲ့ ကော့လုံမျှစ်ဈေးနှုန်း

   ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၅ စက်တင်ဘာလအတွင်း ငါးပိမှာကော့ရင်းမျှစ်မှာ ကော့လုံဟု ဒေသခံများက ဆိုရိုးပြုကြသည်။ မြန်မာလူမျိုးများ နှစ်ခြိုက်စွာတွဲ၍ စားသုံးကြသည်။ ကရင်ပြည်နယ်၊ဘားအံမြို့၊ ကော့လုံဒေသထွက် မျှစ်များမှာမကြာမီ မျှစ်ချိုးချိန်/မျှစ်ပေါ်ချိန် ရာသီ ကုန်ဆုံး တော့မည်ဖြစ်သည်။

          ကရင်ပြည်နယ်ကော့လုံဒေသထွက် ဝါးနွယ်မျှစ်(မျှစ်ချို)များသည် နှစ်စဉ်မိုးဦးကျတွင် မေလ နှောင်းပိုင်းတွင် စတင်ထွက်ပေါ်လေ့ရှိပြီး ဩဂုတ်လနှင့်စက်တင်ဘာလတို့တွင် မျှစ်ချိုရာသီကုန်ဆုံး လေ့ရှိသည်။ ကော့လုံဒေသထွက်မျှစ်များသည် ပေါ်ဦးပေါ်စအချိန်တွင် မျှစ်တစ်ပိဿာလျှင်(၁၀၀၀၀) ကျပ်နှုန်း ထိအရောင်းအဝယ်ဖြစ်ကြောင်းနှင့်မျှစ်ပေါ်သည့်ကာလ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများတွင် မျှစ် တစ်ပိဿာလျှင်(၆၀၀၀)ကျပ်နှုန်းတို့ ရရှိနေပြီး ယခု လက်ရှိ မျှစ်ချိုရာသီကုန်ချိန်တွင် ဒေသထွက် ကော့လုံမျှစ်  တစ်ပိဿာလျှင် (၇၀၀၀/၈၀၀၀)ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

         

မုံရွာမြို့တွင် ရောင်းချနေသော ထောပတ်သီး နှင့် ဖီးကြမ်းငှက်ပျောသီးဈေးနှုန်း

              စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင်  ထောပတ်သီးနှင့် ဖီးကြမ်းငှက်ပျောသီးများ အများအပြား ရောင်းချလျက်ရှိကြပါသည်။ ဈေးကွက်အတွင်း ရောင်းချနေသော ထောပတ်သီးများကို ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း )  တောင်ကြီး၊ ဟိုပုံ၊ ညောင်‌ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်၊ လားရှိုး၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို စသည့်ဒေသများမှ တင်သွင်းကြပါသည်။ မုံရွာမြို့နယ်ဒေသ အတွင်း စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ပြီး  ဥယျာဉ်ခြံ စိုက်ပျိုး လုပ်ကိုင်ရာတွင် ရာသီစာ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြသလို ဖီးကြမ်းငှက်ပျောကိုလည်း အများအပြား စိုက်ပျိုး ကြကြောင်း သိရှိရပါသည်။

            ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ဒုတယအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  သစ်သီး ဆိုင်များတွင် ထောပတ်သီးဈေးနှုန်းမှာ ထောပတ်သီးအသေး (၁)လုံး လျှင် (၇၀၀) ကျပ်၊ ထောပတ်သီးအလတ်(၁)လုံးလျှင် (၉၀၀) ကျပ်နှင့် ထောပတ်သီးအကြီး (၁)လုံးလျှင် (၁၂၀၀) ကျပ် ၊ ဖီးကြမ်းငှက်ပျောသီးဈေးနှုန်းမှာ    ငှက်ပျောတစ်ဖီးလျှင် (၂၀၀၀-၃၅၀၀) ကျပ် ဖြင့်ရောင်းချပြီး ဖီးကြမ်းငှက်ပျောသီးကို ဈေးကွက် အတွင်းတွင် အဖီးလိုက်၊ အခိုင်လိုက် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ဒေသထွက်ပိန်းဥဈေးနှုန်း

  ရာသီစာဖြစ်သည့်  ကရင်ပြည်နယ်ဒေသထွက် ပိန်းဥကို ဘားအံမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဘားအံမြို့ပေါ်ဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ဒေသခံတောင်သူများသည် ပိန်းဥကို အပိုဝင်ငွေရရှိရန်အတွက် မိမိတို့၏ အိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ် လည်းစိုက်ပျိုးကြသည်။

  ပိန်းဥကို ငါးမီးကင်၊ ပုဇွန်ခြောက်၊ ဒန့်သလွန်ရွက်တို့ဖြင့် ဟင်းချိုချက်၍လည်းကောင်း၊ ငါးခြောက် ဖြင့်အချဉ်ဟင်းရည်အဖြစ်လည်းကောင်း၊ အမဲသား၊ ဝက်သားနှစ်လည်း ဟင်းအဖြစ်လည်းကောင်း၊ ပြုတ်၍ ဆီဆားတို့ဖြစ်လည်းတို့စားပါက ထမင်းမြိန်စေသည်။ ပိန်းဥထဲတွင် ပရိုတင်းဓာတ်၊ သံဓာတ်၊ ကြေးဓာတ်တို့ ပြည့်ဝစွာပါဝင်သည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်၏ ပိန်းဥဈေးနှုန်းမှာ အရွယ်အစားအလိုက် တစ်ပိဿာလျှင် (၉၀၀၀/ ၁၀၀၀၀) ကျပ် နှင့်အသင့်စားပိန်းဥဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၃၀၀၀/ ၁၅၀၀၀) ကျပ်နှုန်း တို့ဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့ရေပေါ်ဈေးတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

မုံရွာမြို့တွင် ရောင်းချနေသော ဂေါ်ရခါးညွန့် နှင့် ပန်းဂေါ်ဖီ ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်း ဂေါ်ရခါးညွန့်နှင့် ပန်းဂေါ်ဖီများ အများအပြား ရောင်းချလျက်ရှိကြပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ဂေါ်ရခါးညွန့်နှင့် ပန်း‌ဂေါ်ဖီများကို ရှမ်းပြည်နယ် ကလော၊ ပင်းတယ၊ ပင်လောင်း စသည့် ဒေသများမှ ဝင်ရောက်လာသည့် ဂေါ်ရခါးညွန့်နှင့် ပန်း‌ဂေါ်ဖီများကို အရောင်းအဝယ် ကောင်း နေကြောင်းသိရှိရပါသည်။ ဂေါ်ရခါးညွန့်နှင့် ပန်း‌ ဂေါ်ဖီများကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။

            ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ဒုတိယအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  ဂေါ်ရခါးညွန့်ဈေးနှုန်းမှာ ဂေါ်ရခါးညွန့်(၂၅)ကျပ်သားလျှင် (၁၅၀၀) ကျပ်၊ ပန်းဂေါ်ဖီစိမ်းစျေးနှုန်း (၃၈၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော ခရေပန်း  နှင့် ဇွန်ပန်း ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ ခရေပန်း၊ စကားဝါပန်း၊ မေမြို့ပန်း (အက်စတာ)၊ ကျောက်စိမ်းပန်း မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။

           ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမအပတ်တွင် ပိတောက်မြိုင်‌ဈေး၌ ဖြစ်ပေါ်နေသော ခရေပန်း ဈေးနှုန်းအနေဖြင့် ခရေပန်း တစ်ကုံးလျှင်(၃၀၀)ကျပ် အလားတူပင် ဇွန်ပန်း တစ်ကုံးလျှင် (၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဘုရားပန်းမျိုးစုံ ရောင်းချနေသော ပန်းသည် ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ စိုက်ပျိုးရောင်းချလျက်ရှိသော ခရမ်းသီး ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းသီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ခရမ်းသီး ဈေးနှုန်းအနေဖြင့် ထောပတ် ခရမ်းသီး လက်လီ တစ်ပိဿာလျှင်(၂၄၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၆၀၀)ကျပ် နှင့် ပဒေသာ ခရမ်းသီး တစ်ပိဿာလျှင်(၁၈၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၉၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချသောကြောင့် ယခင်အပတ်ထက် ခရမ်းသီးဈေးနှုန်း ကျဆင်းပြီး  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ကုန်စိမ်းသီးနှံ မျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော အာလူးသီး နှင့် ခရမ်းချဉ်သီး ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင်  အာလူးသီးနှင့် ခရမ်း ချဉ်သီးများ အများအပြား ရောင်းချလျက်ရှိကြပါသည်။ ဈေးကွက်အတွင်းရောင်းချနေ သော အာလူးသီးများကို  ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ကလောမြို့ ဒေသများနှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသများတွင် စိုက်ပျိုးကြသည်။  ခရမ်းချဉ်သီးသီးနှံသည် ဒေသမရွေး လွယ်ကူစွာ စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပြီး ခရမ်းချဉ်သီးအား ဟင်းချက်ရာတွင် ဟင်းအနှစ်ရရှိရန် နှင့်အခြားသီးနှံ၊အသားများဖြင့် ရောကြော်ခြင်း စသည်ဖြင့်ပုံစံ အမျိုးမျိုးဖြင့် စားသုံးကြပါ သည်။ ခရမ်းချဉ်သီး ကြိုက်နှစ်သက်သူများသည် လက်ဖက်နှင့်သော်လည်းကောင်း၊ အချို့ သောသူများသည်ရေဆေး၍ အလုံးလိုက်ပင် စားသုံး တတ်ကြပါသည်။   

            ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ဒုတိယအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  အာလူးသီး (၁) ပိဿာလျှင် (၅၀၀၀)ကျပ်မှ (၆၅၀၀)ကျပ်၊ ခရမ်းချဉ်သီးစျေးနှုန်းမှာ တစ်ပိဿာ လျှင် (၃၂၀၀)ကျပ်နှင့်(၃၈၀၀)ကျပ် အထိ ရောင်းချလျက်ရှိကြောင်းသိရှိရပါ သည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ချဉ်ပေါင်ရွက်နှင့် ကန်စွန်းရွက် ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ကန်သာယာဈေးအတွင်း ချဉ်ပေါင်ရွက်နှင့် ကန်စွန်းရွက် အများအပြား ရောင်းချလျက်ရှိကြပါသည်။ ချဉ်ပေါင်ရွက် နှင့် ကန်စွန်းရွက်ကို ဟင်းသီးဟင်းရွက်အဖြစ်လူသိများကြပြီး မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။‌ ချဉ်ပေါင်ရွက် နှင့် ကန်စွန်းရွက်ကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။

            ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ဒုတိယအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  ချဉ်ပေါင်ရွက်ဈေးနှုန်းမှာ (၃၀၀-၅၀၀) ကျပ်၊ ကန်စွန်းရွက် ဈေးနှုန်းမှာ (၃၀၀-၅၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း