ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရာသီချိန်ကုန်၍ ရှားပါးလာသည့် နာနတ်သီး နှင့် ထောပတ်သီး ဈေးနှုန်း

           ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ ဩဇာသီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး  နှင့် ဖရဲသီးများကို  ရောင်းချလျက်ရှိကြောင်းသိရ သည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နာနတ်သီ ဈေးနှုန်းများမှာ နာနတ်သီး အကြီး(၁)လုံးလျှင်(၇၅၀၀)ကျပ်၊ အသေး(၁)လုံးလျှင်(၇၀၀၀)ကျပ်ဈေးနှုန်း တို့ဖြင့်လည်းကောင်း အလားတူပင် ထောပတ်သီး ဈေးနှုန်းများမှာ ထောပတ်သီး အကြီး(၁)လုံးလျှင် (၂၀၀၀)ကျပ်၊ ငွေကျပ်(၅၀၀၀)ဖိုးလျှင်(၃)လုံး နှင့် အသေး(၁)လုံးလျှင်(၁၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်‌ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ဒေသထွက် နဂါးမောက်သီး နှင့် သင်္ဘောသီးမှည့် ဈေးနှုန်း

              ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိ ရာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင်၊ သင်္ဘောသီး မှည့် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး နဂါးမောက်သီး နှင့် သင်္ဘောသီးများကို မန်ကျည်းအင်းကျေးရွာ၊ အင်းကောင်းကျေးရွာ၊ ရှမ်းစုကျေးရွာ နှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နဂါးမောက်သီး ဈေးနှုန်းများမှာ နဂါးမောက်သီး  အကြီး တစ်လုံးလျှင်(၂၀၀၀)ကျပ်၊  အသေး တစ်လုံးလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး အလားတူပင် သင်္ဘောသီးမှည့် ဈေးနှုန်းများမှာ သင်္ဘောသီးမှည့် အကြီး တစ်လုံးလျှင်(၄၀၀၀)ကျပ် နှင့် အသေး တစ်လုံးလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း  ယခင်အပတ်ထက် သင်္ဘောသီးမှည့် ဈေးနှုန်း အနည်းငယ် ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံမျိုးစုံထဲမှ ဖရဲသီး၊ ဩဇာသီး၊ နဂါးမောက်သီး၊ ငှက်ပျောသီး နှင့် မာလကာသီးတို့ကို မိမိတို့ ဒေသထွက် နှင့် အခြားသစ်သီးများကိုမူ မြစ်ကြီးနားမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည် ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

မန်ကျည်းရွက်ဈေးနှုန်းဈေးကွက်

         မန်ကျည်းပင်သည် နွေရာသီဆိုလျှင် အေးမြသည့်အရိပ်ကိုပေးနိုင်ပါသည်။ နွေနေပူမှာ မန်ကျည်းရိပ်အေးအေးလေးတွင်ထိုင်ပြီး အကြမ်းရည်သောက်၍ အညာဓလေ့အတိုင်း ထန်းလျက်လေးစားပြီး စကားပြောကြသည်မှာ အညာဒေသ၏ချစ်စရာဓလေ့တစ်ခုဖြစ်ပါသည်။ မန်ကျည်းပင်သည် အရွက်၊ အသီး၊ အခေါက်၊ အစေ့၊ တစ်ပင်လုံးနီးပါး အသုံးဝင်ပါသည်။ ယခုအခါ နွေရာသီသို့ ရောက်ရှိလာသည့်အတွက် ရာသီစာတစ်ခုအနေဖြင့် မန်ကျည်းရွက်နုနုကို ကြက်သွန်စိမ်း၊ ပုဇွန် ခြောက်၊ မြေပဲမှုန့်၊ ဆီစိမ်း၊ အချို၊ အငန် အရသာထည့်ပြီး သုပ်စားကြသလို ချဉ်ရည်ဟင်း ချက်စားကြသည်များလည်း ရှိပါသည်။ မန်ကျည်းရွက်တွင် ဗီတာမင်အေ၊ ဗီတာမင်စီ၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်စသည့်  အာဟာရဓာတ်များစွာ ပါဝင်ပါသည်။မြင်းခြံမြို့၊ အေးမြသီတာဈေး တွင်ရောင်းချသည့် မန်ကျည်းရွက် ဈေးနှုန်းများအနေဖြင့် (၁၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော တောင်ဘို့မှို နှင့် ငှက်စွတ်မှို ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင် ပြီး အသက်မွေးဝမ်းကြောင်းပြုကြသူများရှိသလို တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်း ခြင်း၊ မျှစ်ချိုရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင် ပျားရှာသည့်လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ပြီး သဘာဝအရပေါက်ရောက်သည့် တောမှို၊ တောင်ဘို့မှိုတို့ကို လိုက်ရှာပြီး ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် လာရောက် ရောင်းချလျက် ရှိကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော  တောင်ဘို့မှို ဈေးနှုန်းများမှာ တောင်ဘို့မှို တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၁၀၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ၊ ငှက်စွတ်မှိုဈေးနှုန်းအနေဖြင့် ငှက်စွတ်မှို တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၁၂၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၆၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ရာသီစာဖြစ်သည့်အတွက် ဈေးကောင်းသော်လည်း လူကြိုက်များပြီး အရောင်း အဝယ်ကောင်းလျက် ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ပျားလိမ္မော်သီး နှင့် တည်သီး ဈေးနှုန်း

            ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သင်္ဘောသီး၊ ပျားလိမ္မော်သီး၊ ဖရဲသီး၊ ဩဇာသီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး  နှင့် ဖရဲသီးများကို  ရောင်းချလျက်ရှိကြောင်း သိရ သည်။

            ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ဖသော ကျွန်းလှမြို့၏ တည်သီး ဈေးနှုန်းများမှာ တည်သီး အကြီး တစ်လုံးလျှင်(၂၅၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀၀)ဖိုး(၄)လုံး နှင့်  အလတ် တစ်လုံးလျှင်(၂၀၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀၀)ဖိုး(၅)လုံး အသေး တစ်လုံးလျှင်(၁၇၀၀)ကျပ်၊ ငွေကျပ် (၁၀၀၀၀)ဖိုး(၆)လုံးတို့ဖြင့် ရောင်းချလျက်ရှိပြီး အလားတူပင် ပျားလိမ္မော်သီး ဈေးနှုန်းများမှာ ပျားလိမ္မော်သီး တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် (၂၅)ကျပ်သား လျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံမျိုးစုံထဲမှ ဖရဲသီး၊ ဩဇာသီး၊ နဂါးမောက်သီး၊ ငှက်ပျောသီး နှင့် မာလကာသီးတို့ကို မိမိတို့ ဒေသထွက် နှင့် အခြားသစ်သီးများကိုမူ မြစ်ကြီးနားမြို့၊ မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သစ်ရာမြိုင် ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည် ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော  ငါးရံ့ နှင့် ငါးရံ့ခြောက် ဈေးနှုန်း

                            ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ ငါးရံ့ နှင့် ငါးရံ့ခြောက်ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

         ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော ငါးရံ့ ဈေးနှုန်းများမှာ ငါးရံ့ အကြီး တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀၀)ကျပ် ငါးရံ့(အသေး)တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၂၅၀၀)ကျပ် ဈေးနှုန်းဖြင့် လည်း ကောင်း၊ ငါးရံ့ခြောက် ဈေးနှုန်းများမှာ ငါးရံ့ခြောက် အကြီး လက်လီဈေး တစ်ပိဿာလျှင် (၈၅၀၀၀)ကျပ်၊ ငါးရံ့ခြောက်(၅၀)ကျပ်သားလျှင်(၄၃၀၀၀)ကျပ်၊ ငါးရံ့ခြောက်(အ‌သေး)လက်လီဈေး တစ်ပိဿာလျှင်(၆၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ် လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ငါးပတ် နှင့် ငါးပေါက်စများ ရောင်းအားကောင်းလျက်ရှိ  

         ငါးပတ်နှင့်ငါးပေါက်စကို ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို  လက်လီ/လက္ကား ငါးအရောင်းအဝယ်ပြုလုပ်သည့် ဒိုင်များမှ ဝယ်ယူ ရောင်းချကာ  ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ကျွန်းလှမြို့၏ ငါးပတ် ဈေးနှုန်းများအနေဖြင့် ငါးပတ် ရှယ်ဆိုက်ဝင်(အကြီး)တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၂၅၀၀)ကျပ် နှင့် ငါးပတ် အကောင်သေး တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပြီး ငါးပေါက်စဈေးနှုန်းများမှာ ငါးပေါက်စ(ခေါင်းဖြတ် ချေးဖောက်ပြီး) လက်လီ တစ်ပိဿာ လျှင်(၁၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ် နှင့် (၂၅)ကျပ်သား လျှင်(၃၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

  အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ အောက်တိုဘာလ(၁)ရက် နေ့မှ အောက်တိုဘာလ(၈)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီး ထိုင်ဝမ်(ပိဿာ)ကျပ် 18၀၀ မှ 25၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် 10၀၀ မှ 25၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် 20၀၀ မှ 35၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် 60၀၀ မှ 70၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် 120၀၀ မှ 150၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် 15၀၀ မှ 20၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် 10၀၀ မှ 20၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် 250၀ မှ 35၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် 11၀၀ မှ 160၀ အတွင်း၊ ကြက်သွန်ဖြူ (ရှမ်း)(ပိဿာ)ကျပ် 5၀0၀ မှ 70၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် 130၀၀ မှ 140၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် 30၀၀ မှ 50၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် 30၀ မှ 50၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် 10၀ မှ 20၀ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် 15၀၀ မှ 20၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် 5၀ မှ 15၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် 18၀၀ မှ 25၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် 15၀၀ မှ 60၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီး အတွင်းသို့ ယခုရက် သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (1877050)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (70855) ကျော်၊ ဗူးသီးအလုံးပေါင်း (27110)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(14767)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (141950)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (72150)ကျော်၊ မုန်ညှင်းထုပ် (ပိဿာ)ပေါင်း (20980) ကျော်၊ ဖရဲသီးလုံးပေါင်း(49583)ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။

 DOCA (ရန်ကုန်)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

  ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၃.၁၀.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၈၅၀ အိတ်နှင့် ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၃၅၇ နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၁၅၀ နှင့် ဈေးနှုန်းမှာ ၅၂၀၀၀ မှ ၅၃၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၄၇ နှင့် ဈေးနှုန်းများမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၀၆၅ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၃၉၆၅ အိတ်၊ ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၉၅၀၊ ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၀၈၅၊  ဈေးနှုန်းမှာ ၅၂၀၀၀ မှ ၅၃၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၈၅၆ ၊ ဈေးနှုန်းများမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၂၇၉၊ ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၇၅၄၊ ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၂၀၀၊ ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၄၃၆၊ ဈေးနှုန်းမှာ ၅၂၀၀၀ မှ ၅၃၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၇၂၀၊ ဈေးနှုန်းများမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ ဆန်ကွဲ အိတ်ရေ ၅၁၇၈ အိတ်၊ ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။     

            ၃.၁၀.၂၀၂၅ ရက်နေ့တွင် ပဲခူး(ရှေ့)၊ ပဲခူး(နောက်) နှင့် ဧရာဝတီတိုင်းတို့မှ စုစုပေါင်း အိတ် ၁၂၃၇၀၊ ဆန်ကြမ်းထိပ်စ ၉၇၈၁၊ လတ်စ ၇၆၄၆၊ ၂၅ မတ်ဆန် ၂၇၉၀၊ ဆန်ကွဲ ၁၆၂၄၉၊ စုစုပေါင်း ၄၈၈၃၆ အိတ်တို့ဝင်ရောက်ခဲ့ပြီး  ဈေးနှုန်းများမှာ ယခင်နေ့များအတိုင်း ပြောင်းလဲမှုမရှိ ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

  ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၂.၁၀.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၄၁၂၀ အိတ်နှင့် ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၂၇၄ နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၅၄၀ နှင့် ဈေးနှုန်းမှာ ၅၂၀၀၀ မှ ၅၃၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၂၅ နှင့် ဈေးနှုန်းများမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၃၄၂ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၄၀၅၃ အိတ်၊ ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၄၃၈၆၊ ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၄၈၆၊  ဈေးနှုန်းမှာ ၅၂၀၀၀ မှ ၅၃၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၂၀ ၊ ဈေးနှုန်းများမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၅၄၇၊ ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၄၁၉၇၊ ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၀၂၁၊ ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၆၂၀၊ ဈေးနှုန်းမှာ ၅၂၀၀၀ မှ ၅၃၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၈၄၅၊ ဈေးနှုန်းများမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ ဆန်ကွဲ အိတ်ရေ ၅၃၆၀ အိတ်၊ ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။     

၂.၁၀.၂၀၂၅ ရက်နေ့တွင် ဆန်ဝင်ရောက်မှုမှာ ယခင်နေ့ကထက် အနည်းငယ်လျော့နည်းပြီး ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း