ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ဆောင်းနှမ်းများစတင်ထွက်ရှိမှုနှင့်စျေးနှုန်းစျေးကွက်”

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျှက်ရှိပြီး ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းသီးနှံကိုလည်း တစ်နှစ်ပတ်လုံးစိုက်ပျိုးလာကြပါသည်။ ၂၀၂၄- ၂၀၂၅ဘဏ္ဍာနှစ်တွင် ဆောင်းနှမ်းစိုက်ဧက ခရိုင်အတွင်း(၁၁၈၆၇)ဧကစိုက်ပျိုးထားရှိပြီး ဖေဖော်ဝါရီလ ပထမအပတ်မှစတင်၍ ရိတ်သိမ်းလျှက်ရှိပါသည်။စဉ့်ကိုင်မြို့နယ်တွင်(၁၀၈၈)ဧက စိုက်ပျိုးထားရှိ ကြောင်း ၊ ရိတ်ဧကအနေဖြင့်(၁၀၀၅)ဧကရိတ်သိမ်းပြီး အထွက်တင်းအနေဖြင့် (၉-၁၀)တင်းထွက်ရှိ ကြောင်း၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ဆောင်းနှမ်းစိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၃၅၀၀၀၀/-)ကျပ် ခန့်ကုန်ကျခဲ့ကြောင်း၊ယခင်နှစ်အကျိုးအမြတ်အနေဖြင့် နှမ်းဖြူတစ်တင်းလျှင်(၁၃၃၀၀၀/-)ကျပ်၊ နှမ်းညိုတစ်တင်းလျှင်(၁၀၃၀၀၀/-)ကျပ်၊ နှမ်းနက်တစ်တင်းလျှင်(၈၀၀၀၀/-)ကျပ်၊နှမ်းဆီတစ်ပိဿာ လျှင်(၁၃၀၀၀/-)ကျပ်ဖြင့်ရောင်းချရသောကြောင့် စိုက်ပျိုးစရိတ်နှုတ်ပြီးပါက(၈၀၀၀၀၀/-)ကျပ်ကျော် မြတ်ကြောင်း၊ယခုလက်ရှိ နှမ်းစျေးနှုန်းအနေဖြင့်နှမ်းဖြူတစ်တင်းလျှင်(၁၃၅၀၀/-)ကျပ် ၊ နှမ်းညို တစ်တင်းလျှင်(၉၉၀၀၀/-)ကျပ် ၊ နှမ်းနက်တစ်တင်းလျှင်(၁၀၀၀၀၀/-)ကျပ် ၊ နှမ်းဆီတစ်ပိဿာလျှင် (၁၆၀၀၀/-)ကျပ်ဖြင့်ရောင်းဝယ်လျှက်ရှိပြီး တောင်သူများမှ မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်ရောင်းချကြ ကြောင်း၊ပွဲရုံများမှတဆင့် ရန်ကုန်၊မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျှက်ရှိပါသည် ။ နှမ်းစျေးနှုန်း များကောင်းမွန်သောကြောင့် တောင်သူများ အကျိုးအမြတ်ဖြစ်ထွန်းကြောင်း ၊ စဉ့်ကိုင်မြို့နယ် ၊ ရွာတော်ရွာမှ နှမ်းစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“ ခရမ်းသီးစိုက်ပျိုးဝင်ငွေတိုး”

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် သီးနှံမျိုးစုံ စိုက်ပျိုးလျှက်ရှိရာ ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ခရမ်းသီး သီးနှံကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး လျှက်ရှိရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ခရမ်းသီး သီးနှံကို ရာသီမ‌ရွေးစိုက်ပျိုးနိုင်ပြီး ခရမ်းသီး စိုက်ပျိုးမည်ဆိုလျှင် မျိုးစေ့ကိုပျိုးထောင်ပြီး တစ်လခွဲသားအရွယ်တွင် စိုက်ပျိုးရကြောင်း၊နှစ်လခွဲ၊ သုံးလအချိန်တွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး တစ်ပတ်ခြား တစ်ကြိမ်ခူးဆွတ်ရကြောင်း၊အစော တစ်ကြိမ်ခူးဆွတ်လျှင် အထွက်နှုန်းအနေဖြင့် ပိဿာ(၂၀၀-၂၅၀)ထွက်ရှိကြောင်း ၊ ခရမ်းသီးပင် သက်တမ်းတွင် ခူးဆွတ်ပတ်(၁၂)ပတ်အထိခူးဆွတ်ရကြောင်း၊ အစောထွတ် အပတ်များမှ ကျန်အပတ် များတွင် ခရမ်းသီးအထွက်နှုန်း အနည်းငယ်လျော့ကျသဖြင့် အထွက်စုစုပေါင်း ခန့်မှန်းမှာ(၂၀၀၀- ၂၂၀၀)ပိသာအထိ ထွက်ရှိကြောင်း ၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် (၈၀၀၀၀၀-၈၅၀၀၀၀)ကျပ်ခန့် ကုန်ကြကြောင်း ၊ ယခုအချိန်တွင် ပွဲစားစျေး ခရမ်းသီးတစ်ပိဿာလျှင်(၁၂၀၀-၁၄၀၀)ကျပ်၊ လက်လီ စျေးအနေဖြင့်(၁၈၀၀-၂၀၀၀)ကျပ်စျေးနှုန်းဖြင့် ရောင်းချရကြောင်း၊ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် တစ်ပတ်နှင့်တစ်ပတ်စျေးနှုန်မတူညီကြောင်း၊ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိလာရောက်ဝယ်ယူ သည့်အတွက် သယ်ယူစရိတ်သက်သာကြောင်း ၊ ပွဲစားများမှ မန္တလေး၊ နေပြည်တော် နှင့် ရန်ကုန် စျေးကွက်များသို့တင်ပို့ရောင်းချကြောင်း၊(၁)ဧက အကျိုးအမြတ်အနေဖြင့်(၁၆၀၀၀၀၀/-)ကျပ်ခန့်ရရှိ ကြောင်း၊ခရမ်းသီးစျေးနှုန်းအနည်းငယ်ကျဆင်းသော်လည်း အကျိုးအမြတ်ဖြစ်ထွန်းကြောင်း၊ခရမ်းသီး စိုက်ပျိုးသူ တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

“ပဲတီစိမ်း(ဆောင်း)စိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျှက်ရှိရာ ၄င်းသီးနှံများအနက် ပဲတီစိမ်းသီးနှံကို ၂၀၂၄- ၂၀၂၅ဘဏ္ဍာနှစ် တွင်ကျောက်ဆည်မြို့နယ်တွင်(၂၄၈၀)ဧက ၊ မြစ်သားမြို့နယ်တွင်(၁၂၉၀)ဧက ၊ စုစုပေါင်း(၃၇၇၀)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ပဲတီစိမ်းကို မျိုးအနေဖြင့် ကျောက်စိမ်းမျိုး နှင့် ရေဆင်း-၁၁ မျိုးများကိုသာ အများဆုံးစိုက်ပျိုးကြ ကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့်(၃၀၀၀၀၀/-)ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်း ၊ ပဲတီစိမ်း (ဆောင်း)ကို အောက်တိုဘာလ နှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးကြပြီး ၊ ယခုအချိန်တွင်အပင်များ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း၊ယခင်နှစ်စျေးနှုန်းအနေဖြင့် ပဲတီစိမ်းတစ်တင်းလျှင်(၅၅၀၀၀/-) ကျပ် ၊ အထွက်နှုန်းအနေဖြင့်(၁၁-၁၂)တင်းခန့်ထွက်ရှိကြောင်း ၊ (၁)ဧကအကျိုးအမြတ်အနေဖြင့် (၃၀၀၀၀၀/-)ကျပ်ကျော်မြတ်ခဲ့ကြောင်း၊ယခုအချိန်တွင် ပဲတီစိမ်းများ ထွက်ပေါ်ခြင်းမရှိသေးသော်လည်း စျေးနှုန်းအနေဖြင့် ပဲတီစိမ်းတစ်တင်းလျှင်(၇၅၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း၊ ပဲတီစိမ်းကို တောင်သူများမှပွဲရုံများသို့ သွားရောက်ရောင်းချကြကြောင်း၊ ပွဲရုံများမှတဆင့် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း ၊ ပဲတီစိမ်းများ လှိုင်လှိုင်ထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့်စျေးနှုန်းများ ကောင်းမွန်ပါက အကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ၊ ပဲတီစိမ်း စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

“ကျောက်ဖရုံသီးစိုက်ပျိုးခြင်းဖြင့်ဝင်ငွေများရရှိ”

          မန္တလေးတိုင်းဒေသကြီးကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျှက်ရှိရာ ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ကျောက်ဖရုံသီးသီးနှံကိုလည်း ရာသီမရွေးစိုက်ပျိုးကြပြီး တစ်နှစ် ပတ်လုံးစိုက်ပျိုးကြပါသည်။ ကျောက်ဖရုံသီးမျိုးမှာ မျှားနီ(ထိုင်ဝမ်) မျိုး နှင့် ဗမာမျိုးများဖြစ်ပြီး မျှားနီ (ထိုင်ဝမ်)မျိုးကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း ကျောက်ဖရုံသီးစိုက်ပျိုးမည်ဆိုပါက (၁)ဧကလျှင် မျိုးစေ့ (၄/၅)ထုတ်စိုက်ပျိုးရကြောင်း ၊ မျိုးစေ့တစ်ထုပ်လျှင်ဈေးနှုန်းအနေဖြင့် မျှားနီ(ထိုင်ဝမ်)မျိူး (၃၇၀၀၀/-)ကျပ်ရှိကြောင်း ၊ ဗမာသီးမျိုးတစ်ထုပ်လျှင် (၂၀၀၀၀/-)ကျပ်ရှိကြောင်း၊ ကျောက်ဖရုံသီးကို ဘောင်ဖြင့်စိုက်ပျိုးရကြောင်း၊တစ်ပင်နှင့်တစ်ပင်ငါးတောင်ခန်းဖွင့်၍  တစ်ပေခွဲခန့်ခြား ကြားစိုက်ပျိုးရ ကြောင်း၊ အများဆုံးစိုက်ပျိုးသည့်ကျေးရွာများမှာ  မြစ်သားမြို့နယ်ရှိ  ရွာခိုင်ကြီးကျေးရွာ၊မသဲကျေးရွာ၊ စမြှောင်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း ၊ ကျောက်ဖရုံသီးကို သီးသန့်စိုက်ပျိုးသလို နနွင်းခင်း ၊ နှမ်းခင်းများတွင်လည်း သီးထပ်သီးညှပ်အဖြစ် စိုက်ပျိုး၍ရကြောင်း၊ ဈေးနှုန်းအနေဖြင့် မျှားနီ (ထိုင်ဝမ်)သီးတစ်လုံးလျှင် (၃၀၀၀-၄၀၀၀)ကျပ်ရှိကြောင်း၊ ဗမာသီး တစ်လုံးလျှင် (၅၀၀၀- ၆၀၀၀)ကျပ်ရှိကြောင်း ၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၅၀၀၀၀၀-၅၅၀၀၀၀/-)ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ အကျိုးအမြတ်အနေဖြင့်  (၃၀၀၀၀၀၀-၃၅၀၀၀၀/-)ကျပ် ရရှိကြောင်း ၊ ကျောက်ဖရုံသီးများကို စိုက်ခင်းထဲအထိ ပွဲစားများမှ လာရောက်ဝယ်ယူကြပြီး ပွဲစားများမှလည်း ရန်ကုန်မြို့ နှင့် မိထ္ထီလာမြို့များသို့ တင်ပို့ရောင်းချလျှက် ရှိကြောင်း၊ ကျောက်ဖရုံးသီး သီးနှံသည် ဆေးဖြန်းစရာမလို ၊ ရေပုံမှန်ပေး၍ စိုက်ပျိုးရသော သီးနှံ ဖြစ်သောကြောင့် တောင်သူများအနေဖြင့် အပိုဝင်ငွေရရှိသည့်အတွက် တိုးချဲ့ စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“စျေးကွက်အတွင်း(ဆောင်း)ကြက်သွန်နီများစတင်ဝင်ရောက်”

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ရေစီးရေလာကောင်းမွန်သော ဆည်ရေ သောက်ဒေသတစ်ခုဖြစ်ပြီး စိုက်ပျိုးသော သီးနှံများအောင်မြင်ဖြစ်ထွန်းလျှက်ရှိပါသည်။စပါး၊ပဲမျိုးစုံ သီးနှံများအပြင်စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သောကြက်သွန်နီသီးနှံကိုလည်းစိုက်ပျိုးလျှက်ရှိပါသည်။ ခရိုင်အတွင်း ကြက်သွန်နီ(ဆောင်း) စိုက်ဧက(၂၈၀၂၀)ဧက စိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ် တွင်(၈၉၇၅)ဧက၊စဉ့်ကိုင်မြို့နယ်တွင်(၃၅၁၅)ဧက၊မြစ်သားမြို့နယ်တွင်(၁၅၅၃၀)ဧက စိုက်ပျိုးထားရှိ ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ဇန်နဝါရီလနောက်ဆုံး ပတ်နှင့်ဖေဖော်ဝါရီလ ပထမပတ်အတွင်း (ဆောင်း)ကြက်သွန်နီများ စျေးကွက်အတွင်း ဝင်ရောက် လျှက်ရှိကြောင်းသိရှိရပါသည်။ (ဆောင်း)ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း(၃၂)သိန်းကျပ်ခန့် ကုန်ကျကြောင်း၊မျိုးအနေဖြင့် မြစ်သားရွှေဖလားမျိုးမှန် နှင့်‌ရွှေဖလားထိပ်မောက်မျိုးများကို အများဆုံးစိုက်ပျိုးကြပါသည်။ စိုက်ပျိုးမှု တွင်မျိုးစေ့ကိုပျိုးထောင်၍ ပျိုးသက်ရင့်ချိန်တွင် ဘောင်စိုက်စနစ်ဖြင့်စိုက်ပျိုးကြပါသည် ။ မြို့နယ် အတွင်းအများဆုံးစိုက်ပျိုးသောရွာများမှာ ကသဲကုန်း၊သိုတန်၊ငါးမြွေကုန်း၊ ပင်းချား နှင့် လက်ဝဲရွာများ မှအများဆုံးစိုက်ပျိုးကြပါသည် ။ ကြက်သွန်နီ(၁)ဧက အထွက်နှုန်းအနေဖြင့် (၂၄၀၀-၂၅၀၀)ပိဿာ အထိထွက်ရှိကြောင်း ၊ မြေဆီ ၊ မြေသြဇာကျွေးသည့်အပေါ်မူတည်၍ အလုံးများသန်၍အထွက်ပို ကြောင်း၊ကြက်သွန်နီ တောဝယ်လက်များအနေဖြင့် ကြီး၊လတ်၊သေးအရော တစ်ပိဿာလျှင်(၂၆၀၀/) ကျပ်ဖြင့်ဝယ်ယူကြောင်း ၊ မန်‌သေ‌၊ မန်ခြောက်ပါက (၁)ပိဿာလျင်(၂၇၀၀/-)ကျပ်ဖြင့် ဝယ်ယူလျှက်ရှိ ကြောင်း ၊ ယခုလက်ရှိစျေးကွက် အတွင်း ကြက်သွန်နီ ပေါက်စျေးနှုန်းအနေဖြင့် လက်လီ (အကြီး) တစ်ပိဿာလျှင်(၃၈၀၀/-)ကျပ်၊ (အလတ်)တစ်ပိဿာလျှင်(၃၅၀၀/-)ကျပ်၊ (အသေး)တစ်ပိဿာလျှင် (၂၈၀၀/-)ကျပ် ၊ လက်ကား (အကြီး) တစ်ပိဿာလျှင်(၃၃၀၀/-)ကျပ်  (အလတ်) တစ်ပိဿာလျှင် (၃၂၀၀/-)ကျပ်၊(အသေး)တစ်ပိဿာလျှင်(၂၅၀၀/-)ကျပ်ဖြင့်ရောင်းဝယ်လျှက်ရှိကြောင်း၊ရောင်းဝယ်မှု စျေးကွက်အနေဖြင့် ပွဲစားများမှအခင်းထဲသို့ တိုက်ရိုက်ဝယ်ယူသူများရှိသလို အချို့တောင်သူများမှာ မန္တလေးပွဲရုံများသို့လည်း သွားရောက်‌ရောင်းချကြကြောင်း ၊ ပွဲရုံများမှတဆင့် အဆင့်ခွဲသန့်စင်ပြီး ရန်ကုန်မြို့သို့တင်ပို့ ရောင်းချလျှက်ရှိကြောင်းသိရှိရပြီး ကြက်သွန်နီ(၁)ဧက အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးထုတ်လုပ်မှုစရိတ်နှုတ်ပြီး (၃၀)သိန်းခန့်  အမြတ်ရရှိပါကြောင်း ၊ ကြက်သွန်နီသီးနှံကို နှစ်စဉ် စိုက်ပျိုးသော ကသဲကုန်းကျေးရွာမှ တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

မန်းမြို့တွင်းဗမာခရမ်းချဉ်သီးများလှိုင်လှိုင်ဝင်ရောက်

မန္တလေးမြို့တွင်းသို့ ဗမာခရမ်းချဉ်သီးခေါ် ကိုင်းသီးများ ယခုရက်ပိုင်းအတွင်း လှိုင်လှိုင်ဝင် ရောက်လျှက်ရှိပါသည်။ မန္တလေးမြို့နှင့်အနီးတဝိုက်ရှိ ကျောက်ဆည်၊ တံတားဦး၊ ပုသိမ်ကြီး၊ မတ္တရာနယ်များမှ ဗမာသီးများဝင်ရောက်လျှက်ရှိပါသည်။ ခရမ်းချဉ်သီး ၈ပိသာဝင်တောင်း ၁တောင်းလျှင် လက္ကားသမားများမှ ၁၀၅၀၀ကျပ်မှ၁၁၀၀၀ကျပ်များနှင့် ဝယ်ယူလျှက်ရှိပြီး တရက် လျှင် လက္ကားသမားထံ ခရမ်းချဉ်သီးတောင်း  ၅၀မှ၇၀ထိဝင်ရောက်လျှက်ရှိပြီး လက္ကားသမား များမှလက်လီရောင်းသည့် ဈေးသည်များသို့ ၁ပိသာလျှင် ၁၄၀၀ကျပ်၊၁၅၀၀ကျပ်တို့နှင့် ရောင်းဝယ်မှုရှိပြီး စားသုံးသူများအနေနှင့် ၁ပိသာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်ဈေးများနှင့် ဝယ်ယူရရှိပါသည်။ ဗမာခရမ်းချဉ်သီးအနေနှင့် ရာသီကုန်ခါနီးဖြစ်၍ လှိုင်လှိုင်ပေါ်သည့်အတွက် ဈေးနှုန်းအနေနှင့်စားသုံးသူများအတွက် သင့်တင့်သည့် ဈေးနှန်းနှင့်ဝယ်ယူရရှိခြင်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

သင်္ဘောစိုက်ပျိုးဝင်ငွေတိုး

၇.၂.၂၀၂၅

သင်္ဘောပင်သည်အပူပိုင်းဒေသတွင် အများအပြားစိုက်ပျိုးကြသည်။ ရေဆင်းကောင်းသော ယာမြေအမျိုးအစားများတွင် စီးပွားဖြစ်စိုက်ပျိုးနိုင်ပါသည်။ သင်္ဘောပင်ကိုမျိုးစေ့ တိုက်ရိုက်ချ စိုက်ပျိုးနိုင်ပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။ စီးပွားဖြစ်စိုက်ပျိုးပါက ပင်ကြားတန်းကြား ၅ပေပတ်လည်ခွါ၍ စိုက်ပျိုးသည်။ သင်္ဘောပင်သည်တစ်နှစ်အတွင်း အသီးတင်သော ကြီးမြန် ပင်အမျိုးအစားဖြစ်ပါသည်။ မန္တလေးမြို့နှင့်အနီးတဝိုက်ဖြစ်သော စဉ့်ကိုင်၊ ပလိပ်၊ အမရပူရနှင့် ပုသိမ်ကြီးမြို့နယ်များတွင် သင်္ဘောပင်များ စီးပွားဖြစ်စိုက်ပျိုးကြသည်။ သင်္ဘောသီးအမှည့် သာမက သင်္ဘောသီးအစိမ်းများလည်း ဈေးကွက်တွင် ရောင်းချလျှက်ရှိပါသည်။ ဈေးနှုန်း ဈေးကွက်အနေနှင့် သင်္ဘောသီးမှည့် ၁လုံးလျှင် ၅၀၀၀ကျပ်မှ ၂၀၀၀ ၁၅၀၀ကျပ်ထိ အလုံး အရွယ်အစားလိုက်ရောင်းချလျှက်ရှိပြီး သင်္ဘောသီးအစိမ်းကိုမူ တလုံးလျှင် ၁၅၀၀ကျပ်မှ ၁၀၀၀မှ ၅၀၀ကျပ်ထိ အလုံးအရွယ်အစားလိုက်ရောင်းချကြပါသည်။ စိုက်ပျိုးထုတ်လုပ်သူများအနေနှင့် အစိမ်းသီးကိုအပင်အလုံးကြပ်မည်စိုးသောကြောင့်သီးညှပ်များကိုခူးစွတ်ရောင်းချခြင်းဖြစ်ပါသည်။သင်္ဘောပင်သည်သီးမှည့်သာမက အစိမ်းကိုလည်း အလေအလွင့်မရှိရောင်းချရသည့်အတွက် စိုက်ပျိုးသင့်သည့်သီးနှံတမျိုးဖြစ်ကြောင်းလေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

         

ရာသီစာမရမ်းသီးဈေးကွက် အရောင်းသွက်

          မန္တလေးမြို့တွင်းသို့ တောင်ငူ၊ ပျဉ်းမနား၊ ပဲခူးနယ်များမှ မရမ်းသီးများ ဝင်ရောက်လျက် ရှိပါသည်။ မန္တလေးဈေးကွက်အတွင်းသို့ ဝင်ရောက်သည့် မရမ်းသီးဈေးနှုန်းများ အနေဖြင့် တောင်ငူဒေသမှ ဝင်ရောက်သည့် မရမ်းသီးတစ်ပိဿာ (၆၀၀၀၀) ကျပ်၊ ပျဉ်းမနားဒေသမှ မရမ်းသီးတစ်ပိဿာ (၆၅၀၀၀) ကျပ်၊ ပဲခူးဒေသမှ မရမ်းသီးတစ်ပိဿာ (၇၀၀၀၀) ကျပ်နှုန်းများဖြင့် လက်ကားသမား များမှ ဝယ်ယူလျက်ရှိပါသည်။ မန္တလေးမြို့တွင်းရှိ လက်လီရောင်းချသူများအနေနှင့် လက်ကား သမားများထံမှ ဒေသမခွဲခြားပဲ မရမ်းလုံးကြီး တစ်ပိဿာ (၇၅၀၀၀) ကျပ်၊ မရမ်းလုံးသေး တစ်ပိဿာ(၈၀၀၀၀-၈၃၀၀၀) ဈေးများဖြင့် ဝယ်ယူပြီး လက်လီရောင်းဈေးအနေဖြင့် တစ်ဆယ်ကျပ်သားလျှင် (၈၅၀၀-၉၀၀၀) ဈေးဖြင့် ပြန်လည်ရောင်းချလျက်ရှိပါသည်။ အမရပူရထွက် မရမ်းသီးသည် ဈေးကွက်အတွင်း ဖေဖော်ဝါရီလဒုတိယပတ်လောက်မှ စတင်ဝင်ရောက်မည်ဖြစ်ကြောင်းနှင့် ရာသီစာဖြစ်သည့် အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

မန်ကျည်းသီးအမှည့်(အသစ်)များ ဈေးကွက်သို့ ဝင်ရောက်လျက်ရှိ

မန်ကျည်းသီးမှည့်ထွက်ရှိရာဒေသများဖြစ်ကြသည့် ကျောက်ပန်းတောင်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ မြင်းခြံမြို့နယ်များမှ ထွက်ရှိကြသည်။ မန်ကျည်းသီးအမှည့်(အသစ်)များ မန္တလေးမြို့ အနယ်နယ်အရပ်ရပ်ရှိ ဈေးကလေးများသို့ ဝင်ရောက်လျက်ရှိသည်။ မန်ကျည်းသီးအမှည့်များမှာ တပို့တွဲလဆန်းမှ တပေါင်းလအထိ ဝင်ရောက်လျက်ရှိသည်။ မန်ကျည်းပင်များသည် နှစ်ရှည် သီးပင်များဖြစ်ကြပြီး နွေမှာထနောင်း ဆောင်းမှာမန်ကျည်းဆိုသကဲ့သို့ အရိပ်ရသည့် အပင်မျိုး လည်းဖြစ်သည်။ မန်ကျည်းသီးအမှည့်များမှာ ယခင်နှစ်က တစ်ပိဿာလျှင်(၇၀၀၀/၈၀၀၀)အထိ သာရှိပြီး ယခုနှစ်တွင် တစ်ပိဿာလျှင်(၁၃၀၀၀)၊ (၂၅)ကျပ်သားလျှင် (၄၀၀၀)ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်နှစ် မန်ကျည်းသီး(ဟောင်း)မှာ တစ်ပိဿာလျှင်(၁၀၀၀၀) ကျပ်၊ (၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ်တို့ဖြင့် ရောင်းချကြောင်း မန်ကျည်းသီးမှည့် ရောင်းချသူများထံမှ သိရှိရသည်။

DOCA(မန္တလေး)

အညာမြေတမာရွက်နုနုကလေးများ ဈေးကွက်နှင့်ဆေးဝါးအဖြစ်အသုံးဝင်ပုံ

          တမာရွက်သည် အပူပိုင်းဒေသတွင်ပေါက်ရောက်သော အပင်ကြီးမျိုးဖြစ်သည်။ တမာရွက်ကို မန္တလေးမြို့အနီးတဝိုက်နှင့် ကျောက်ဆည်၊ မြစ်ငယ်၊ စစ်ကိုင်းတို့မှ တမာရွက်ပြုတ် များဝင်ရောက်လျက်ရှိပြီး အနယ်နယ်အရပ်ရပ်ရှိဈေးကလေးများသို့ ရောင်းချကြောင်းသိရှိရ ပါသည်။ တမာရွက်သည် ပြာသိုလနှင့် တပိုတွဲလများတွင် ထွက်ရှိပြီး တမာရွက်နုနုကလေးများကို ပြုတ်၍ ခရမ်းချဉ်သီးငါးပိချက်၊ ငံပြာရည်ချက်၊ ငါးပိရည်နှင့် ငါးခြောက်ချက်များတို့ဖြင့် စားသုံး ကြလေ့ရှိသည်။ ယခင်နှစ်က တမာရွက်(၁၀)သားလျှင် (၂၀၀၀/၂၅၀၀)ကျပ်၊ ယခုနှစ်တွင်မူ (၁၅၀၀/၂၀၀၀)ကျပ်အထိ ရောင်းချကြောင်းသိရှိရသည်။ တပေါင်းလနှင့်တန်ခူးလတို့တွင် အပင် များမှ တမာပွင့်ကလေးများသည့် ဝေဝေဆာဆာပွင့်လျှက်ရှိပြီး အညာမြေ၏ တမာရနံ့လေးများ တသင်းသင်းမွှေးလျက်ရှိနေပြီဖြစ်ပါသည်။ တမာသီးအမှည့်များပေါ်ချိန်တွင် မြေပြင်ပေါ်သို့  ကြွေကျသည့် တမာသီးမှည့်များကို နွား၊ ဆိတ်တို့က စားသောက်ကြပါသည်။ တမာသီးအမှည့် များကိုကောက်ယူပြီး တမာစေ့ဆီအဖြစ်ထုတ်လုပ်ကြောင်း ပိုးသတ်ဆေးနှင့် အိမ်သုံးဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုရုံသာမက တမာတစ်ခက် သွားတသက် ဟု တမာရိုးနုနုလေးများဖြင့် သွားတိုက်ကြလေ့ရှိသည်။ တမာရွက်အကြမ်းများကို အနာများပျောက်ကင်းစေရန်အတွက် ပြုတ် ပြီး ဖန်ဆေးရာတွင် အသုံးပြုကြကြောင်း သိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း