ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သင်္ဘောစိုက်ပျိုးဝင်ငွေတိုး

၇.၂.၂၀၂၅

သင်္ဘောပင်သည်အပူပိုင်းဒေသတွင် အများအပြားစိုက်ပျိုးကြသည်။ ရေဆင်းကောင်းသော ယာမြေအမျိုးအစားများတွင် စီးပွားဖြစ်စိုက်ပျိုးနိုင်ပါသည်။ သင်္ဘောပင်ကိုမျိုးစေ့ တိုက်ရိုက်ချ စိုက်ပျိုးနိုင်ပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။ စီးပွားဖြစ်စိုက်ပျိုးပါက ပင်ကြားတန်းကြား ၅ပေပတ်လည်ခွါ၍ စိုက်ပျိုးသည်။ သင်္ဘောပင်သည်တစ်နှစ်အတွင်း အသီးတင်သော ကြီးမြန် ပင်အမျိုးအစားဖြစ်ပါသည်။ မန္တလေးမြို့နှင့်အနီးတဝိုက်ဖြစ်သော စဉ့်ကိုင်၊ ပလိပ်၊ အမရပူရနှင့် ပုသိမ်ကြီးမြို့နယ်များတွင် သင်္ဘောပင်များ စီးပွားဖြစ်စိုက်ပျိုးကြသည်။ သင်္ဘောသီးအမှည့် သာမက သင်္ဘောသီးအစိမ်းများလည်း ဈေးကွက်တွင် ရောင်းချလျှက်ရှိပါသည်။ ဈေးနှုန်း ဈေးကွက်အနေနှင့် သင်္ဘောသီးမှည့် ၁လုံးလျှင် ၅၀၀၀ကျပ်မှ ၂၀၀၀ ၁၅၀၀ကျပ်ထိ အလုံး အရွယ်အစားလိုက်ရောင်းချလျှက်ရှိပြီး သင်္ဘောသီးအစိမ်းကိုမူ တလုံးလျှင် ၁၅၀၀ကျပ်မှ ၁၀၀၀မှ ၅၀၀ကျပ်ထိ အလုံးအရွယ်အစားလိုက်ရောင်းချကြပါသည်။ စိုက်ပျိုးထုတ်လုပ်သူများအနေနှင့် အစိမ်းသီးကိုအပင်အလုံးကြပ်မည်စိုးသောကြောင့်သီးညှပ်များကိုခူးစွတ်ရောင်းချခြင်းဖြစ်ပါသည်။သင်္ဘောပင်သည်သီးမှည့်သာမက အစိမ်းကိုလည်း အလေအလွင့်မရှိရောင်းချရသည့်အတွက် စိုက်ပျိုးသင့်သည့်သီးနှံတမျိုးဖြစ်ကြောင်းလေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

         

ရာသီစာမရမ်းသီးဈေးကွက် အရောင်းသွက်

          မန္တလေးမြို့တွင်းသို့ တောင်ငူ၊ ပျဉ်းမနား၊ ပဲခူးနယ်များမှ မရမ်းသီးများ ဝင်ရောက်လျက် ရှိပါသည်။ မန္တလေးဈေးကွက်အတွင်းသို့ ဝင်ရောက်သည့် မရမ်းသီးဈေးနှုန်းများ အနေဖြင့် တောင်ငူဒေသမှ ဝင်ရောက်သည့် မရမ်းသီးတစ်ပိဿာ (၆၀၀၀၀) ကျပ်၊ ပျဉ်းမနားဒေသမှ မရမ်းသီးတစ်ပိဿာ (၆၅၀၀၀) ကျပ်၊ ပဲခူးဒေသမှ မရမ်းသီးတစ်ပိဿာ (၇၀၀၀၀) ကျပ်နှုန်းများဖြင့် လက်ကားသမား များမှ ဝယ်ယူလျက်ရှိပါသည်။ မန္တလေးမြို့တွင်းရှိ လက်လီရောင်းချသူများအနေနှင့် လက်ကား သမားများထံမှ ဒေသမခွဲခြားပဲ မရမ်းလုံးကြီး တစ်ပိဿာ (၇၅၀၀၀) ကျပ်၊ မရမ်းလုံးသေး တစ်ပိဿာ(၈၀၀၀၀-၈၃၀၀၀) ဈေးများဖြင့် ဝယ်ယူပြီး လက်လီရောင်းဈေးအနေဖြင့် တစ်ဆယ်ကျပ်သားလျှင် (၈၅၀၀-၉၀၀၀) ဈေးဖြင့် ပြန်လည်ရောင်းချလျက်ရှိပါသည်။ အမရပူရထွက် မရမ်းသီးသည် ဈေးကွက်အတွင်း ဖေဖော်ဝါရီလဒုတိယပတ်လောက်မှ စတင်ဝင်ရောက်မည်ဖြစ်ကြောင်းနှင့် ရာသီစာဖြစ်သည့် အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

မန်ကျည်းသီးအမှည့်(အသစ်)များ ဈေးကွက်သို့ ဝင်ရောက်လျက်ရှိ

မန်ကျည်းသီးမှည့်ထွက်ရှိရာဒေသများဖြစ်ကြသည့် ကျောက်ပန်းတောင်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ မြင်းခြံမြို့နယ်များမှ ထွက်ရှိကြသည်။ မန်ကျည်းသီးအမှည့်(အသစ်)များ မန္တလေးမြို့ အနယ်နယ်အရပ်ရပ်ရှိ ဈေးကလေးများသို့ ဝင်ရောက်လျက်ရှိသည်။ မန်ကျည်းသီးအမှည့်များမှာ တပို့တွဲလဆန်းမှ တပေါင်းလအထိ ဝင်ရောက်လျက်ရှိသည်။ မန်ကျည်းပင်များသည် နှစ်ရှည် သီးပင်များဖြစ်ကြပြီး နွေမှာထနောင်း ဆောင်းမှာမန်ကျည်းဆိုသကဲ့သို့ အရိပ်ရသည့် အပင်မျိုး လည်းဖြစ်သည်။ မန်ကျည်းသီးအမှည့်များမှာ ယခင်နှစ်က တစ်ပိဿာလျှင်(၇၀၀၀/၈၀၀၀)အထိ သာရှိပြီး ယခုနှစ်တွင် တစ်ပိဿာလျှင်(၁၃၀၀၀)၊ (၂၅)ကျပ်သားလျှင် (၄၀၀၀)ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်နှစ် မန်ကျည်းသီး(ဟောင်း)မှာ တစ်ပိဿာလျှင်(၁၀၀၀၀) ကျပ်၊ (၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ်တို့ဖြင့် ရောင်းချကြောင်း မန်ကျည်းသီးမှည့် ရောင်းချသူများထံမှ သိရှိရသည်။

DOCA(မန္တလေး)

အညာမြေတမာရွက်နုနုကလေးများ ဈေးကွက်နှင့်ဆေးဝါးအဖြစ်အသုံးဝင်ပုံ

          တမာရွက်သည် အပူပိုင်းဒေသတွင်ပေါက်ရောက်သော အပင်ကြီးမျိုးဖြစ်သည်။ တမာရွက်ကို မန္တလေးမြို့အနီးတဝိုက်နှင့် ကျောက်ဆည်၊ မြစ်ငယ်၊ စစ်ကိုင်းတို့မှ တမာရွက်ပြုတ် များဝင်ရောက်လျက်ရှိပြီး အနယ်နယ်အရပ်ရပ်ရှိဈေးကလေးများသို့ ရောင်းချကြောင်းသိရှိရ ပါသည်။ တမာရွက်သည် ပြာသိုလနှင့် တပိုတွဲလများတွင် ထွက်ရှိပြီး တမာရွက်နုနုကလေးများကို ပြုတ်၍ ခရမ်းချဉ်သီးငါးပိချက်၊ ငံပြာရည်ချက်၊ ငါးပိရည်နှင့် ငါးခြောက်ချက်များတို့ဖြင့် စားသုံး ကြလေ့ရှိသည်။ ယခင်နှစ်က တမာရွက်(၁၀)သားလျှင် (၂၀၀၀/၂၅၀၀)ကျပ်၊ ယခုနှစ်တွင်မူ (၁၅၀၀/၂၀၀၀)ကျပ်အထိ ရောင်းချကြောင်းသိရှိရသည်။ တပေါင်းလနှင့်တန်ခူးလတို့တွင် အပင် များမှ တမာပွင့်ကလေးများသည့် ဝေဝေဆာဆာပွင့်လျှက်ရှိပြီး အညာမြေ၏ တမာရနံ့လေးများ တသင်းသင်းမွှေးလျက်ရှိနေပြီဖြစ်ပါသည်။ တမာသီးအမှည့်များပေါ်ချိန်တွင် မြေပြင်ပေါ်သို့  ကြွေကျသည့် တမာသီးမှည့်များကို နွား၊ ဆိတ်တို့က စားသောက်ကြပါသည်။ တမာသီးအမှည့် များကိုကောက်ယူပြီး တမာစေ့ဆီအဖြစ်ထုတ်လုပ်ကြောင်း ပိုးသတ်ဆေးနှင့် အိမ်သုံးဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုရုံသာမက တမာတစ်ခက် သွားတသက် ဟု တမာရိုးနုနုလေးများဖြင့် သွားတိုက်ကြလေ့ရှိသည်။ တမာရွက်အကြမ်းများကို အနာများပျောက်ကင်းစေရန်အတွက် ပြုတ် ပြီး ဖန်ဆေးရာတွင် အသုံးပြုကြကြောင်း သိရှိရသည်။

DOCA(မန္တလေး)

နှင်းဆီပန်းဈေးကွက်

နှင်းဆီပန်းသည်ပန်းမန်စိုက်ပျိုးရေးတွင် လူကြိုက်များသော ပန်းအမျိုးအစားဖြစ်ပြီး အခြားပန်း များနှင့်မတူဘဲ တစ်နှစ်ပတ်လုံး စိုက်ပျိုးထွက်ရှိပါသည်။ နှင်းဆီသည် အင်္ဂလန်နိုင်ငံ၏ အမျိုးသားပန်း (National Flower) ဖြစ်ပြီး ခရစ်စမတ်ပွဲတော်၊ အီစတာပွဲတော်၊ အမေများနေ့၊ ချစ်သူများနေ့ စသော နေ့ထူးနေ့မြတ်များတွင် အများဆုံး အသုံးပြုသော ပန်းဖြစ်သည်။ နှင်းဆီပင်စိုက်ပျိုးရာတွင် မြေပြန့်ဒေသ တွင်မိုးရာသီအကုန် စက်တင်ဘာလ၊ အောက်တိုဘာ လများအတွင်း နှင်းဆီစိုက်ရန် အကောင်းဆုံး အချိန်ဖြစ်သည်။ နောက်အကျဆုံး နိုဝင်ဘာလကုန်အထိစိုက်နိုင်သည်။ သို့သော် ဂရုစိုက်နိုင်ပါက တစ်နှစ်လုံးနီးပါး စိုက်နိုင်ပါသည်။ (ဥပမာ- ပူပြင်းသော ရာသီတွင် အရိပ်လုပ်ပေးခြင်း)၊နှင်းဆီပန်းသည် အရောင် အဆင်းစုံလင်ခြင်း၊ရနံ့သင်းပျံ့ခြင်း၊ တစ်နှစ်ပတ်လုံး စိုက်ပျိုးထွက်ရှိခြင်း စသော အချက် များ ကြောင့် အလှစိုက်ပန်းပင် အဖြစ်လည်းကောင်း၊မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေး အဖြစ်လည်းကောင်း၊ စီးပွားဖြစ်လည်းကောင်း စိုက်ပျိုးလျက်ရှိကြပါသည်။ နှင်းဆီပန်းကို စိုက်ပျိုးရာတွင် လည်းမြေအမျိုးအစား မရွေးစိုက်ပျိုးနိုင်ပြီးအခြားပန်းမန်များထက် ကုန်ကျ စရိတ်လည်းနည်းပါးကြောင်းသိရပါသည်။ နှင်းဆီပန်းများ စိုက်ပျိုးရာတွင် ပျိုးပင်များကိုသာ စိုက်ပျိုးရပြီး (၀.၂၅)ဧကတွင် နှင်းဆီပင်(၁၀၀၀)ထိ စိုက်ပျိုး နိုင် ကြောင်းသိရပါသည်.စိုက်ပျိုးပြီး (၂)လအကြာတွင် အပွင့်များပွင့်လာပြီး ရောင်းတန်းဝင်သော နှင်းဆီပန်း များရရှိပါက စတင်ခူးဆွတ်၍ ရောင်းချကြောင်းသိရပါသည်။ နှင်းဆီပန်းများ ပွင့်လာပါက  တစ်ရက်ခြား၊ နှစ်ရက်ခြားတစ်ခါ ခူးဆွတ်၍ ရောင်းချကြောင်း တစ်ခါခူးလျင် ပွင့်ရေ ၈၀၀၀-၁၀၀၀ ထိ ရရှိကြောင်း သိရပါသည်။ပြင်ဦးလွင်၊ပုသိမ်ကြီး၊စစ်ကိုင်း၊မတ္တရာ၊မုံရွာနယ်မှထွက်ရှိသောနှင်းဆီပန်းများကိုမန္တလေးမြို့ တွင်းနှင့် အခြားနယ်များသို့ တင်ပို့ရောင်းချရာတွင် အပွင့် (၁၀၀) မှ (၂၀၀) ခန့် ဝင်ဆံ့သော ဝါးသေတ္တာ(ပန်းတာ)များ၊ စက္ကူဖာများဖြင့် တင်ပို့ရောင်းချလျက်ရှိပါသည်။ လက္ကားဈေးနှုန်း အနေနှင့် နှင်းဆီပန်းအနီအပွင့်၁၀၀ ပါ၁စည်းလျှင် ၁၈၀၀၀/-၊နှင်းဆီပန်းအဝါနှင့် ပန်းရောင် ၁၈၀၀၀/-မှ၂၁၀၀၀/-၊ လက်လီဈေးမှာ နှင်းဆီပန်းအနီ ၁၀ ပွင့်စည်း ၁စည်းလျှင် ၃၀၀၀/-၊ နှင်းဆီပန်းအဖြူ/အဝါ/ ပန်းရောင် ၁၀ ပွင့်စည်း ၁ စည်း ၃၅၀၀/မှ၄၀၀၀/-နှုန်းဖြင့်ရောင်းချလျက်ရှိကြောင်းသိရပါသည်။ ဆောင်းရာသီတွင် နှင်းဆီပန်းအထွက်နှုန်းကျသဖြင့် ဈေးကောင်းရရှိပြီးမိုးရာသီတွင်အထွက်နှုန်းများသဖြင့်ဈေးနှုန်းလျော့နည်း ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

မြန်မာ့ရိုးရာ ထမနဲပွဲ

ထမနဲပွဲသည် မြန်မာ့ရိုးရာဆယ့်နှစ်လရာသီပွဲတော် တစ်ခုဖြစ်သည်။ ထမနဲပွဲတော်ကို တပို့တွဲ လဆန်းမှစ၍လပြည့်နေ့ထိ ကျင်းပကြ၍ထင်ရှားသောပွဲတော်တစ်ခု ဖြစ်ပါသည်။ ကောက်ညှင်းစပါး သစ်ပေါ်ချိန်တွင် ထမနဲပွဲ ကျင်းပကြပါသည်။တပို့တွဲလသည် ဆောင်းရာသီ၏ နောက်ဆုံးလဖြစ်သော ကြောင့် အအေးပို၍ နှာရည်ယိုတွဲ တပို့တွဲဟုတင်စားခေါ်ဝေါ်ကြသည်။ တပို့တွဲလကို မြန်မာမှုအရ ကုံရာသီဟု ခေါ်၍ ရာသီပန်းကား ပေါက်ပန်း၊ လဲပန်းဖြစ်သည်။ ရာသီပွဲတော်ကား မီးပုံးအလှုပွဲ ထမနဲပွဲ ဖြစ်သည်။ တပို့တွဲလပြည့်နေ့သည် အအေးဆုံးရက် ဖြစ်သောကြောင့်ဗုဒ္ဓဘာသာဝင် တို့ကိုးကွယ်ရာ ဖြစ်သောအတုမရှိဗုဒ္ဓမြတ်စွာဘုရားရှင်အား ခြေတော် ၊လက်တော် များအေးသောကြောင့်မြတ်စွာဘုရား အားရည်မှန်း၍ဗုဒ္ဓဘုရားအား နံသာများ၊မီးများပူဇော်သော မီးပုံပွဲများ ကျင်းပ ကြသည်။ မန္တလေးမဟာမြတ်မုနိဘုရားကြီး တွင်တပို့တွဲလပြည့်နေ့၌မီးပူဇော်ပွဲအား ခမ်းနားစွာကျင်းပ ကြောင်း သိရှိရပါသည်။ထိုကဲ့ပူဇော်ကြ၍ အညံ့အဆိုး များ ကင်းဝေးကြသည် ဟုယူဆကြပါသည်။ တပို့တွဲလပြည့်နေ့သည် ဘုရားရှင်၏ အဆုံးအမ ဩဝါဒပါတိမောက် အခါတော်နေ့နှင့် မြန်မာ့ရိုးရာ ထမနဲပွဲတော်နေ့ဖြစ်ပါသည်။

 တပို့တွဲလ ထမနဲပွဲဟုဆိုသည့်အတိုင်း အဖိတ်နေ့တွင်ထမနဲထိုးပြီး တပို့တွဲလပြည့်နေ့ အရုဏ်တက် တွင် မြတ်စွာဘုရားနှင့်သံဃာတော်များအား ထမနဲ ဆွမ်းတော်ကပ်ခြင်း၊ အိမ်နီးချင်းမိတ်ဆွေများ ဝေငှခြင်းများ ပြုလုပ် ၍ကုသိုလ်ယူကြသည့်ဓလေ့မှာ ချစ်စရာကောင်းလှပါသည်။ ထမင်းနဲတွင်ပါဝင်သော ပစ္စည်းများမှာကောက်ညှင်းဆန်၊ ဆား၊ဂျင်း၊အုန်းသီး၊မြေပဲ၊သကြား၊သစ်ကြားသီး၊နှမ်း၊ဆီစသည့် အဓိက ပါဝင်ပစ္စည်းများဖြင့် ထိုးရသော မုန့်တစ်မျိုး ဖြစ်ပါသည်။ ယင်း ထမင်းနဲ့ထိုးခြင်းနှင့်စပ်လျဉ်း၍ လိုသောပစ္စည်းအချိန်အဆကိုတေးထပ်စပ်ဆိုရာ “စားတော်ရ ဆန်ပေါက်ဝါ၊လေးပြည်သာထည့်မြဲ၊ ချိန်ပိဿာလျှံကြည်ရွှဲအောင်လို့၊နှမ်းဆီလဲထည့်ပြန်။ မြေပဲဆန်၊အဋ္ဌသုညငယ်နှင့်ဒွတ္တိံသ တိလဗီဇံ။ အုန်းသီးစိတ် ကျပ်ဝီသံငယ်၊လော န တံ ချိန်သတ်နှင့်ချင်းနုဖတ် သိင်္ဂီမျှင်ရွှေ သုံးကျပ်မသွေ” ဟူ၍သိရသည်။ အဓိပ္ပာယ်မှာ ကောက်ညှင်းဆန်လေးပြည်၊ နှမ်းဆီတစ်ပိဿာ၊မြေပဲဆန် ၈ဝကျပ်သား၊နှမ်း ၃၂ ကျပ်သား၊အုန်းသီးစိတ် ၂ဝကျပ်သား၊ ဆား ၇ ကျပ်သား၊ ချင်းစိမ်း ၃ဝကျပ်သား  တို့ကို ဒယ်အိုးတွင် နှံ့အောင်မွှေ၍ ယာဂုနှင့် ထမနှဲ အတူတူပဲဟုဆိုရိုးရှိ၏။

 မြန်မာနိုင်ငံအနှံ့အပြားအမြို့မြို့အနယ်နယ်၊ရပ်ကွက်၊ ကျေးရွာ၊ ဌာနဆိုင်ရာများတွင် ထမနဲ ထိုးပြိုင်ပွဲများ ကျင်းပကြကြောင်း၊ ပြိုင်ပွဲတွင်အကဲဖြတ်ဒိုင်များကအရသာတစ်ခုတည်း အကဲဖြတ်ခြင်း မဟုတ်ဘဲအသင်းအဖွဲ့၏ ပူပေါင်းဆောင်ရွက်မှု၊စည်းလုံးညီညွတ်မှုနှင့်သန့်ရှင်းသပ်ရပ်မှုကို အလေးထား အကဲဖြတ်ပြီး ထမနဲထိုးသည့်အခါ အားထည့်ထိုးရသည့်အတွက် စည်းလုံးညီညွတ်မှုကို ထင်ရှားစေသောမုန့်မျိုးဖြစ်ပါသည်။ ထည့်ဝင်သောပစ္စည်းများ အချိန်အဆမှန်၍အထိုးနိုင်ကထမနဲ ကချို၊စိမ့်မွှေး၍ အလွန်စားကောင်းရုံမကရက်ရှည်လည်း အထားခံသော မုန့်မျိုး ဖြစ်ပါသည်။ မန္တလေးမြို့တွင် ထမနဲဆိုင်များစွာ ဖွင့်လှစ်ရောင်းချလျက်ရှိရာ လက်ဆောင်ပေးရန်၊ ဘုရားဆွမ်းကပ်ရန် အတွက်လည်းကောင်း အလွယ်တကူဝယ်ယူရရှိနိုင်ကြောင်း၊ မန္တလေးမြို့တွင် ထမနဲဆိုင်များစွာရှိသည့်အနက် မန္တလေးနှင့် “ဒေါ်ရှိ” ထမနဲကတော့ ခွဲခြားမရကြောင်း၊ ထမနဲ ၂၅ ကျပ်သား တစ်ထုပ်လျှင် ကျပ်၈၀၀၀/- ဈေးဖြင့် ဝယ်ယူရရှိနိုင်ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

ပဲမျိုးစုံကုန်စိမ်းစျေးကွက်ရှိရွှေပဲသီး

           ဖေဖော်ဝါရီလပထမပတ်အတွင်း မန္တလေးကုန်စိမ်းစျေးကွက်သို့ ပဲစိမ်းမျိုးစုံစျေးကွက်တွင် ထောပတ်ပဲစိမ်း၊ ပဲကြီး(ပဲစိမ်း)၊ စားတော်ပဲစိမ်း၊ ပဲလိပ်ပြာ၊ ပဲစင်းငုံ၊ ပဲစာဥ၊ နွေပဲသီးတို့နှင့်အတူ ရွှေပဲသီးများ ဝင်ရောက်မှုများပြား လျက်ရှိပါတယ်။ မန္တလေးဒေသတွင်းမြို့နယ်များမှ ထွက်သည့် ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်ဒေသထွက်ကုန်စိမ်းများ ဝင်ရောက်မှု များပြီး၊ ကျန်ဒေသများမှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ ၄၁လမ်းစျေးမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ထွက်ကုန်စိမ်းများ ပိုမိုဝင်ရောက်လျှက်ရှိပြီး၊ သီရိမာလာ စျေးမှာ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ထွက်ကုန်စိမ်းများ ပိုမိုဝင်ရောက်ကြောင်း သိရပါ တယ်။ သီရိမာလာစျေးအတွင်း ပန်းမျိုးစုံ၊ ငါး၊ပုဇွန်နှင့်ရေထွက်ပစ္စည်းများနှင့် ကုန်စိမ်းဟင်းရွက် ဟင်းသီးများဖြစ်သည့် ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ ခါကြက်ဥ၊ အာလူး၊ ကြက်သွန်နီ/ ဖြူ၊ဂျင်း၊ နနွင်းတက်၊ မုန့်ညင်း၊ ဂေါ်ရခါးသီး၊ မုန်လာဥ၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ဘူးသီး၊ ဘိုစားပဲသီး၊ ရွှေပဲသီး၊ ထောပတ်ပဲစိမ်း၊ ပဲကြီးအစို၊ ပဲလိပ်ပြာ၊ နွေပဲသီး၊ စားတော်ပဲစိမ်း၊ ပဲစာဥ၊ ဟင်းနုနွယ်ရွက်၊ ကိုက်လံရွက်၊ ဆလပ်ရွက်၊ ကန်စွန်းရွက်တို့အနက် ရွှေပဲသီးလည်း ဝင်ရောက်မှုများကြောင်း သိရ ပါတယ်။၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလပထမပတ်အတွင်း ကုန်စိမ်းသီးနှံပဲမျိုးစုံ(ပဲစိမ်း) ဝင်ရောက်လျက် ရှိပြီး၊ပေါက်စျေးအနေဖြင့် ရွှေပဲသီးတောင့်တစ်ပိဿာလျှင် လက္ကားစျေး  ၅၀၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်၊လက်လီစျေး ၇၀၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်၊ ရွှေပဲသီး(အခွံချွတ်)တစ်ပြည်လျှင် လက္ကားစျေး ၁၂၀၀၀ကျပ်နှင့် ၁၃၀၀၀ ကျပ်၊ လက်လီစျေး ၁၄၀၀၀ ကျပ်နှင့် ၁၅၀၀၀ ကျပ်၊ ‌ရွှေပဲသီးအရွက်(၁၀ စည်းပါ)တစ်စည်းလျှင် လက္ကားစျေး ၇၀၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်၊လက်လီစျေး ၉၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်ဖြင့် အသီးသီး ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကုန်စိမ်းစျေးကွက်အတွင်း ပဲစိမ်းမျိုးစုံဝင်ရောက်လျက်ရှိပြီး၊ ရွှေပဲသီးမှာ အရောင်းသွက်လျက်ရှိကြောင်း ကုန်စိမ်းစျေးကွက် အတွင်းမှ သိရပါတယ်။ သီရိမာလာစျေးအတွင်း ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလပထမပတ်အတွင်း  ပဲစိမ်းမျိုးစုံအပါအဝင် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစား အလိုက် Canter (၁၂ ဘီး နှင့် ၆ ဘီး) ယာဉ် (၂၈၀)စီး နှင့် (၄၂၀)စီးအကြား  ဝင်ရောက်လျက်ရှိကြောင်း  သိရပါတယ်။

DOCA(မန္တလေး)

ပဲမျိုးစုံကုန်စိမ်းစျေးကွက်ရှိပဲစာဥ

           ဖေဖော်ဝါရီလပထမပတ်အတွင်း မန္တလေးကုန်စိမ်းစျေးကွက်သို့ ပဲစိမ်းမျိုးစုံစျေးကွက်တွင် ထောပတ်ပဲစိမ်း၊ ပဲကြီး(ပဲစိမ်း)၊ စားတော်ပဲစိမ်း၊ ပဲလိပ်ပြာ၊ ပဲစင်းငုံ၊ ရွှေပဲသီး၊ နွေပဲသီးတို့နှင့်အတူ ပဲစာဥ(ပဲစိမ်း)များ ဝင်ရောက်မှုများပြား လျက်ရှိပါတယ်။ မန္တလေးဒေသတွင်းမြို့နယ်များမှ ထွက် သည့် ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်ဒေသထွက်ကုန်စိမ်းများ ဝင်ရောက်မှု များပြီး၊ကျန်ဒေသများမှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ ၄၁လမ်းစျေးမှာ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ထွက်ကုန်စိမ်းများ ပိုမိုဝင်ရောက်လျှက်ရှိပြီး၊ သီရိမာလာစျေးမှာ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ထွက်ကုန်စိမ်းများ ပိုမိုဝင်ရောက် ကြောင်း သိရပါတယ်။ သီရိမာလာစျေးအတွင်း ပန်းမျိုးစုံ၊ ငါး၊ပုဇွန်နှင့် ရေထွက်ပစ္စည်းများနှင့် ကုန်စိမ်းဟင်းရွက်ဟင်းသီး များဖြစ်သည့် ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ ခါကြက်ဥ၊ အာလူး၊ ကြက်သွန်နီ/ ဖြူ၊ဂျင်း၊ နနွင်းတက်၊ မုန့်ညင်း၊ ဂေါ်ရခါးသီး၊ မုန်လာဥ၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ဘူးသီး၊ ဘိုစားပဲသီး၊ ရွှေပဲသီး၊ ထောပတ်ပဲစိမ်း၊ ပဲကြီးအစို၊ ပဲလိပ်ပြာ၊နွေပဲသီး၊ စားတော်ပဲစိမ်း၊ ဟင်းနုနွယ်ရွက်၊ ကိုက်လံရွက်၊ ဆလပ်ရွက်၊ ကန်စွန်းရွက်တို့အနက် ပဲစာဥလည်း ဝင်ရောက်မှုများကြောင်း သိရ ပါတယ်။၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလပထမပတ်အတွင်း ကုန်စိမ်းသီးနှံပဲမျိုးစုံ(ပဲစိမ်း) ဝင်ရောက်လျက် ရှိပြီး၊ပေါက်စျေးအနေဖြင့် ပဲစာဥ(ပဲစိမ်းတောင့်)တစ်ပိဿာလျှင် လက္ကားစျေး ၆၀၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်၊လက်လီ စျေး ၈၀၀၀ ကျပ်နှင့် ၉၀၀၀ ကျပ်၊ ပဲစာဥ (အခွံချွတ်ပဲစိမ်း)တစ်ပြည်လျှင်  လက္ကားစျေး ၁၂၀၀၀ ကျပ်နှင့် ၁၃၀၀၀ ကျပ်၊လက်လီစျေး ၁၄၀၀၀ ကျပ်နှင့် ၁၅၀၀၀ ကျပ်ဖြင့် အသီးသီး ရောင်းချ လျက်ရှိကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလပထမပတ်အတွင်း ကုန်စိမ်းစျေးကွက် အတွင်း ပဲစိမ်းမျိုးစုံဝင်ရောက်လျက်ရှိပြီး၊ပဲစာဥ(ပဲစိမ်း)မှာအရောင်းသွက်လျက်ရှိကြောင်း ကုန်စိမ်း စျေးကွက် အတွင်းမှ သိရပါတယ်။ သီရိမာလာစျေးအတွင်း ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလ ပထမပတ် အတွင်း  ပဲစိမ်းမျိုးစုံအပါအဝင် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစား အလိုက် Canter (၁၂ ဘီး နှင့် ၆ ဘီး) ယာဉ် (၂၈၀)စီး နှင့် (၄၂၀)စီးအကြား  ဝင်ရောက်လျက်ရှိကြောင်း  သိရပါတယ်။

DOCA(မန္တလေး)

 

ဝင်ရောက်မှုများသည့်ဟင်းနုနွယ်ရွက်

           မန္တလေးကုန်စိမ်းစျေးကွက်အတွင်းသို့ ဒေသတွင်းမြို့နယ်များမှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်ဒေသထွက်ကုန်စိမ်းများ ဝင်ရောက်မှုများပြီး၊ကျန်ဒေသများ မှလည်းဝင်ရောက်ကြောင်းသိရပါတယ်။ မန္တလေးမြို့၄၁လမ်းစျေး(ကမ်းနားလမ်းစျေး)နှင့်သီရိမာလာ ဈေး(ပိုက်ကျုံးစျေး)တို့မှာ ဟင်းသီးဟင်းရွက်ကုန်စိမ်းများ လက်လီ/ လက္ကားရောင်းချသည့်စျေးများ ဖြစ်ပါတယ်။၄၁လမ်းစျေးမှာ မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ထွက် ကုန်စိမ်းများပိုမိုဝင်ရောက်လျှက်ရှိပြီး၊ သီရိမာလာစျေးမှာ မန္တလေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ် ထွက်ကုန်စိမ်းများပိုမိုဝင်ရောက်ကြောင်း သိရပါတယ်။သီရိမာလာစျေးအတွင်း ပန်းမျိုးစုံ၊ငါး၊ပုဇွန်နှင့် ရေထွက်ပစ္စည်းများနှင့် ကုန်စိမ်းဟင်းရွက်ဟင်းသီးများဖြစ်သည့် ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ ခါကြက်ဥ၊ အာလူး၊ ကြက်သွန်နီ/ဖြူ၊ဂျင်း၊ နနွင်းတက်၊မုန့်ညင်း၊ ဂေါ်ရခါးသီး၊ မုန်လာဥ၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ဘူးသီး၊ ဘိုစားပဲသီး၊ ကိုက်လံရွက်၊ ဆလပ်ရွက်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်တို့အနက် ဟင်းနုနွယ် ရွက်လည်း ဝင်ရောက်မှုများပြားကြောင်း သိရပါတယ်။ ကုန်စိမ်းဖြစ်သည့် ဟင်းနုနွယ်ရွက်အား ကြော်စား၊ ချက်စား၊ သုတ်စားသုံးခြင်းဖြင့် အမျိုးမျိုးစားသုံးလျက်ရှိပြီး၊ အဟာရအနေဖြင့် အန်တီ အောက်ဆီးဒင့်ဓာတ်၊ကယ်လဆီယမ်၊ဗီတာမင်နှင့်အိုင်းရွန်းဓာတ်တို့ပါဝင် တာကြောင့် နေ့စဉ်စားသုံး သင့်‌သောဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလပထမပတ်အတွင်း ကုန်စိမ်း ဟင်းနုနွယ် ရွက်ပေါက်စျေးအနေဖြင့် လက္ကားစျေးတစ်ပိဿာလျှင်  ၁၅၀၀ ကျပ်နှင့် ၁၇၀၀၀ ကျပ်၊ လက်လီစျေး တစ်ပိဿာလျှင် ၁၈၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်အသီးသီး ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလပထမပတ်အတွင်း ဟင်းနုနွယ်ရွက်အပါအဝင် ကုန်စိမ်းသီးနှံ ဝင်ရောက်မှုများပြားသည့်အတွက် ကုန်စိမ်းစျေးနှုန်းအနည်းငယ်ကျဆင်း လျက်ရှိပြီး၊ အရောင်းသွက် လျက်ရှိကြောင်း ဟင်းသီးဟင်းရွက်ရောင်းချသူတစ်ဦး၏ပြောပြချက်အရသိရပါတယ်။ သီရိမာလာ စျေးအတွင်း နေ့စဉ် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter (၁၂ ဘီး နှင့် ၆ ဘီး) ယာဉ် (၄၀)စီး နှင့် (၆၀)စီးအကြား  ဝင်ရောက်လျက်ရှိကြောင်း  သိရပါတယ်။

DOCA(မန္တလေး)

အရောင်းသွက်သည့်ကိုက်လံဟင်းရွက်ကုန်စိမ်း

           မန္တလေးကုန်စိမ်းစျေးကွက်အတွင်းသို့ ဒေသတွင်းမြို့နယ်များမှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်ဒေသထွက်ကုန်စိမ်းများ ဝင်ရောက်မှုများပြီး၊ကျန်ဒေသများ မှလည်းဝင်ရောက်ကြောင်းသိရပါတယ်။ မန္တလေးမြို့၄၁လမ်းစျေး(ကမ်းနားလမ်းစျေး)နှင့်သီရိမာလာ ဈေး(ပိုက်ကျုံးစျေး)တို့မှာ ဟင်းသီးဟင်းရွက်ကုန်စိမ်းများ လက်လီ/ လက္ကားရောင်းချသည့်စျေးများ ဖြစ်ပါတယ်။၄၁လမ်းစျေးမှာ မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ထွက် ကုန်စိမ်းများပိုမိုဝင်ရောက်လျှက်ရှိပြီး၊ သီရိမာလာစျေးမှာ မန္တလေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ် ထွက်ကုန်စိမ်းများပိုမိုဝင်ရောက်ကြောင်း သိရပါတယ်။သီရိမာလာစျေးအတွင်း ပန်းမျိုးစုံ၊ငါး၊ပုဇွန်နှင့် ရေထွက်ပစ္စည်းများနှင့် ကုန်စိမ်းဟင်းရွက်ဟင်းသီးများဖြစ်သည့် ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ ခါကြက်ဥ၊ အာလူး၊ ကြက်သွန်နီ/ဖြူ၊ဂျင်း၊ နနွင်းတက်၊မုန့်ညင်း၊ ဂေါ်ရခါးသီး၊ မုန်လာဥ၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ဘူးသီး၊ ဘိုစားပဲသီး၊ ဆလပ်ရွက်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်တို့အနက် ကိုက်လံဟင်းရွက်လည်း ဝင်ရောက်မှုများပြားကြောင်း သိရပါတယ်။ ကုန်စိမ်းဖြစ်သည့် ကိုက်လံဟင်းရွက်အား ကြော်စား၊ ချက်စား၊ သုတ်စား၊ကိုက်လံသတ္ထုရည်ပြုလုပ်စားသုံးခြင်းဖြင့် အမျိုးမျိုးစားသုံးလျက်ရှိပြီး၊ အဟာရ အနေဖြင့် သွေးထဲရှိ ကိုလက်စထောကိုလျော့ကျစေနိုင်ခြင်း၊ ဗီတာမင် A,C နှင့် K တို့ ကြွယ်ဝစွာ ပါဝင်ကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလပထမပတ်အတွင်း ကုန်စိမ်းကိုက်လံဟင်းရွက် ပေါက်စျေးအနေဖြင့် လက္ကားစျေး(၁၀စီးပါ)တစ်စည်းလျှင်  ၅၀၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်၊ လက်လီ စျေးတစ်စည်းလျှင် ၇၀၀ ကျပ်နှင့် ၈၀၀ ကျပ်အသီးသီး ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ ကိုက်လံအစည်းအသေးအကြီးအပေါ်မူတည်၍ စျေးနှုန်းအနည်းငယ်ကွာခြားမှုရှိကြောင်း သိရပါ တယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလပထမပတ်အတွင်း ကိုက်လံဟင်းရွက်အပါအဝင် ကုန်စိမ်းသီးနှံ ဝင်ရောက်မှုများပြားသည့်အတွက် ကုန်စိမ်းစျေးနှုန်းအနည်းငယ်ကျဆင်း လျက်ရှိပြီး၊ အရောင်းသွက် လျက်ရှိကြောင်း သီးနှံပွဲရုံကုန်သည်တစ်ဦး၏ပြောပြချက်အရသိရပါတယ်။ သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက်Canter (၁၂ ဘီး နှင့် ၆ ဘီး) ယာဉ် (၄၀)စီး နှင့် (၆၀)စီးအကြား  ဝင်ရောက်လျက်ရှိကြောင်း  သိရပါတယ်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း