ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူမြို့၏ အောက်တိုဘာလ(စတုတ္ထပတ်) စက်သုံးဆီဈေးနှုန်းအခြေအနေ

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် စက်သုံးဆီဆိုင်(ဆီပန့်)များမှ စက်သုံး ဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(တတိယပတ်)တွင် ရောင်းချသော လက်လီအရောင်း ဈေးနှုန်းများမှာ စက်သုံးဆီ တစ်လီတာလျှင် 92 Octance ကျပ်(၂၈၂၅) 95 Octance ကျပ်(၂၉၁၀) ရိုးရိုးဒီဇယ် ကျပ်(၂၅၈၅) ပရီမီယမ် ဒီဇယ်ကျပ်(၃၁၂၀)ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

       အောက်တိုဘာလ(စတုတ္ထပတ်)တွင် 92 Octance ကျပ်(၂၇၉၀) 95 Octance ကျပ်(၂၈၈၀) ရိုးရိုးဒီဇယ် ကျပ်(၂၅၀၀) ပရီမီယမ်ဒီဇယ် ကျပ်(၃၀၂၀)ဖြစ်၍ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီ တာလျှင် 92 Octance ကျပ်(၃၅) 95 Octance ကျပ်(၃၀) ရိုးရိုးဒီဇယ် ကျပ်(၈၅) ပရီမီယမ် ဒီဇယ် ကျပ်(၁၀၀)အသီးသီး ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)

 မိုးနှောင်းရာသီယင်းမာပန်းစျေးကွက်

         မိုး‌နှောင်းရာသီပန်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင် နှင့် မိတ္တီလာခရိုင်တို့မှ   ထွက်သည့်ပန်းများ၊  စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်၊တောင်ကြီးဒေသတို့မှ ထွက်သည့်ယင်းမာပန်းများဝင်ရောက်မှုများပြားပြီး၊ အရောင်းသွက်လျှက်ရှိကြောင်းသိရှိရပါသည်။  ၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်း ဖြစ်ပေါ်သည့် လက်လီစျေးနှုန်းများမှာ ၁ စီး လျှင် ၂၀၀၀ကျပ်နှင့် ၂၅၀၀ကျပ်စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။  ဝါတွင်းကာလဘုရားပွဲနှင့် အလှူပွဲတော်များ ကျင်းပသည့် အချိန်ဖြစ်၍  မိုးနှောင်း ရာသီပန်းမျိူးစုံစျေးကွက်တွင် ယင်းမာပန်းမှာ အရောင်းသွက်သည့်ပန်းတစ်မျိုးဖြစ်ကြောင်း သိရှိရပါ သည်။

DOCA(မန္တလေး)

နှင်းဆီပန်းအမျိုးမျိုးအရောင်းသွက်

         ပန်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည်ခရိုင် နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်ပန်းများ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်၊ တောင်ကြီးဒေသ တို့မှထွက်သည့်ရောင်စုံ နှင်းဆီပန်းအမျိုးမျိုးဝင်ရောက်မှုများပြားပြီး၊အရောင်းသွက်လျှက်ရှိကြောင်း သိရှိရပါသည်။စေျးကွက်အတွင်း ဆူးပါသောနှင်းဆီ၊ဆူးမဲ့နှင်းဆီနှင့် ရေမွှေး နှင်းဆီဟူ၍ တွေ့ရှိရပြီး၊ နှင်းဆီပန်းများမှာ အဖြူရောင်၊အဝါရောင်၊ပန်းရောင်၊မိတ်ကပ် ရောင်၊ လိမေ္မာ်ရောင်၊ကြက်သွေးရောင် နှင့်အနီရင့်ရောင်တို့ကိုအများအပြားတွေ့ရှိရပါသည်။ကြက်သွေးရောင် နှင်းဆီပန်းမှာ ဝယ်ယူသူများ ပိုမိုနှစ်သက်ကြောင်း  သိရှိရပါသည်။  ၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်း ဖြစ်ပေါ် သည့် လက်လီစျေးနှုန်းများမှာ နှင်းဆီပန်း ရိုးရိုး(၁၀ပွင့်ပါ) ၁ စီး လျှင်  ပန်းအဖူး(ကြီး) ၂၅၀၀ ကျပ်နှင့် ၃၀၀၀ကျပ်၊   ပန်းအဖူး(သေး) ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်၊ ရေမွှေး နှင်းဆီ ၃၅၀၀ ကျပ်နှင့် ၄၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ ဆူးမဲ့နှင်းဆီမှာ ဆူးပါသောနှင်းဆီဈေးနှင့်နှိုင်းယှဉ်ပါက တစ်စီးလျှင် ၅၀၀ ကျပ်နှင့် ၈၀၀ ကျပ်ကွားခြားမှုရှိကြောင်း သိရှိရပါသည်။  ဝါတွင်းကာလ ဘုရားပွဲ နှင့်အလှူပွဲတော်များကျင်းပသည့်အချိန်ဖြစ်၍ပန်းမျိူးစုံစျေးကွက်တွင်နှင်းဆီပန်းအမျိုးမျိုး အရောင်း သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

သာယာဝတီမြို့မဈေးအတွင်းရှိငါးဈေးကွက်

  ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့(မြို့မ) ဈေးအတွင်း၌  အောက်တိုဘာလတတိပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများမှာ ငါးကြင်းဖြူ (တစ်ပိဿာ)လျှင် ၂၀၀၀၀ မှ ၂၅၀၀၀ ကျပ်၊ ငါးမြစ်ချင်း(တစ်ပိဿာ)လျှင် ၁၈၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ငါးဖယ်ခြစ်(တစ်ပိဿာ) လျှင် ၅၅၀၀၀ ကျပ်၊ ငါးမြစ်ချင်းခြစ်(တစ်ပိဿာ)လျှင် ၄၀၀၀၀ ကျပ်၊ ပုဇွန်ထုပ်(အကြီး) တစ်ပိဿာ လျှင် ၆၅၀၀၀ ကျပ်၊ပုဇွန်(အလတ်) တစ်ပိဿာလျှင် ၅၅၀၀၀ ကျပ်၊ ပုဇွန်(အသေး) တစ်ပိဿာလျှင် ၅၀၀၀၀ ကျပ်၊ ငါးခူ(တစ်ပိဿာ)လျှင် ၃၅၀၀၀ ကျပ်၊ ငါးကျီး(တစ်ပိဿာ)လျှင် ၃၅၀၀၀ ကျပ်၊ ပင်လယ်ငါးများဖြစ် သော ကင်းမွန်နှင့်ပြည်ကြီးငါးများ (တစ်ပိဿာ) လျှင် ၆၀၀၀၀ မှ ၈၀၀၀၀ ကျပ် ဈေးဖြင့်ရောင်းချ နေကြောင်း ဈေးသည်များထံမှ စုံစမ်းမေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့တွင်ဆန်ရောင်းချပေးနေသည့်အခြေအနေ

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဆန်ကုန်သည်နှင့် ဆန်စက် လုပ်ငန်းရှင်များမှ ၂၀၂၄ခုနှစ်ဇွန်လ၂၄ ရက်နေ့မှစတင်၍ ၂၁.၁၀.၂၀၂၅ စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် လူတစ်ဦးလျှင် ဆန်(၂) ပြည်နှုန်းဖြင့် တစ်ပြည်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် ဆန်များကိုရောင်းချပေးလျက်ရှိရာ ယနေ့စာရင်းအရအသင်းဆန်ဆိုင်(၁၀)ဆိုင်မှလူ (၁၅၆)ဦးအတွက် ဆန် (၁၃)အိတ်၊ ဆန်ဆိုင် (၅)ဆိုင်မှ လူဦးရေ (၈၄)ဦးအတွက် ဆန်(၇)အိတ်တို့ကို ရောင်းချပေးခဲ့ပါ ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့တွင်ပင်စင်စားများအားဆီနှင့်ကြက်ဥရောင်းချခြင်း

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီခရိုင်ပြည်သူဆေးရုံကြီးတွင် လစဉ် (၂၁) ရက်နေ့ရောက်လျှင် ကျန်းမာရေးစောင့်‌ရှောက်မှု လာရောက်ခံယူကြသော ပင်စင်စား(၁၁၀) ဦးအား ဆီတစ်ပိဿာလျှင် ၇၂၀၀ ကျပ်နှုန်းဖြင့် လူတယောက်လျှင် ဆီတစ်ပိဿာဆီရောင်းချခြင်း၊ ကြက်ဥ တစ်လုံးလျှင် ၄၂၀ ကျပ်နှုန်းဖြင့် ကြက်ဥ(၆၀၀) လုံးကို ရောင်းချပေးခဲ့ပါကြောင်း ဈေးစတင်ရောင်းချ ချိန်မှာဆေးခန်းစတင်ပြသချိန် မနက်(၉:၀၀)နာရီတွင် ဆေးခန်းပြသပြီးသော ပင်စင်စားတစ်ဦးချင်းစီ အားရောင်းချပေးခဲ့ပါကြောင်း ပင်စင်စားများ၏ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်းကို တင်ပြအပ်ပါသည်။

DOCA(ပဲခူး)

  မန္တလေးပန်းစျေးကွက်ရှိပန်းတိမ်ပန်း

     ပန်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည်ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်၊ တောင်ကြီး ဒေသတို့မှထွက်သည့်ပန်းတိမ်ငိုပန်းများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျှက်ရှိ ကြောင်း သိရှိရပါသည်။  ပန်းတိမ်ငိုပန်းများမှာ အဖြူရောင်၊ ဆင်စွယ်ရောင်၊ ခရမ်းရောင်နှင့် မရမ်း ရောင်အစီးများ တွေ့ရှိရပြီး၊ ဆင်စွယ်ရောင်ပန်းမှာ ဝယ်ယူသူများ ပိုမိုနှစ်သက်ကြောင်း သိရှိရပါ သည်။ ၂၀၂၅ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်း ဖြစ်ပေါ်သည့်လက်လီစျေးနှုန်းများမှာ ပန်းတိမ် ပန်း(၁၀ခက်ပါ) ၁ စီးလျှင်ပန်းအခက်(ကြီး)  ၃၀၀၀ကျပ်နှင့် ၃၅၀၀ကျပ်၊ ပန်းအခက်(သေး) ၂၀၀၀ကျပ်နှင့်၂၅၀၀ကျပ်စျေးတို့ဖြင့်ရောင်းချပြီး၊ ပန်းအခက်အကြီးအသေးအပေါ်မူတည်၍စျေးကွာ ခြားမှုရှိကြောင်းသိရှိရပါသည်။ ဝါတွင်းကာလဘုရားပွဲနှင့် အလှူပွဲတော်များ ကျင်းပသည့် အချိန်ဖြစ် ၍ ပန်းတိမ်ပန်းမှာ  မန္တလေးစျေးကွက်အတွင်း ဝယ်ယူမှုများပြားလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

လက်ပံတန်းတွင်မိုးစပါးတွေလှိုင်လှိုင်ပေါ်ပြီ

          ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊လက်ပံတန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးစပါး ဧက ၁၀၁၈၃၈ ဧကစိုက်ပျိုးခဲ့ပြီး ယခုအခါ မိုးစပါးများလှိုင်လှိုင်ပေါ်နေပြီဖြစ်သည်။စိုက်ပျိုးသည့်စပါး မျိုးများမှာ မနောသုခ၊ ဆင်းသုခ၊ ရတနာတိုး၊ ဗျော့ထွန်း၊ ရွှေဧရာ၊ အောင်နိုင်တိုး မှော်ဘီ(၃)မျိုး စပါး များ အစိုက်များပြီး စပါးဈေးမှာအစိုဓာတ် (၂၂%၂၅%)၊စပါးတင်း(၁၀၀)လျှင် ၁၁၄၀၀၀၀ ကျပ် ဝန်းကျင်ဖြင့် စက်အရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်ညောင်ပင်လေးဈေးရှိ သီးမွှေးငှက်ပျောသီးဈေးကွက်

  မြန်မာနိုင်ငံတွင် ငှက်ပျောသီးအမျိုးအမည်များစွာရှိသည့်အနက် သီးမွှေးငှက်ပျောသီးသည်လည်း လူကြိုက်များပြီး စားသုံးမှုများသော ငှက်ပျောသီးမျိုးကွဲတစ်ခုဖြစ်သည်။ နာမည်နှင့်လိုက်ဖက်အောင် မွှေးပျံ့သောရနံ့ရှိသောကြောင့် သီးမွှေးဟုခေါ်ဆိုခြင်းလည်းဖြစ်ကာ အသီးအရွယ်အစားသည် အလယ် အလတ်ရှိပြီး ရင့်မှည့်လာသောအခါ အရသာအလွန်ချိုမွှေးပါသည်။ သီးမွှေးငှက်ပျောကို မြန်မာနိုင်ငံရှိ နေရာဒေသအနှံ့အပြားတွင် စိုက်ပျိုးကြသော်လည်း ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်၊ မြောက်ပိုင်းတို့တွင် အဓိကစိုက်ပျိုးပြီး တရုတ် နိုင်ငံသို့ စီးပွားဖြစ်တင်ပို့ရောင်းချလျက်ရှိပါသည်။

   တောင်ငူမြို့နယ်၊ ညောင်ပင်လေးဈေးထဲတွင် ရာသီပေါ်သီးနှံများရောင်းချလျက်ရှိရာ ငှက်ပျောသီး အရောင်းဆိုင်များတွင် သီးမွှေးငှက်ပျောသီး အသေး၊ အလတ်၊ အကြီးအရွယ်အစားအလိုက် ၂၅၀၀-၃၀၀၀-၃၅၀၀ ကျပ်အထိဈေးနှုန်းအမျိုးမျိုးရှိပြီး ရှမ်းပြည်မြောက်ပိုင်းမှ သယ်ယူရောင်းချ လျက်ရှိကြောင်း သိရသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့နယ်ရှိ သခွားသီးဈေးကွက်

   သခွားသီးကို ရေရရှိသောဒေသများတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပြီး အဓိကအားဖြင့် ရာသီဥတု နှစ်မျိုးကို အခြေခံပြီးစိုက်ပျိုးကြပါသည်။ မိုးသခွားကို မိုးဦးကျချိန်မေလမှ ဇွန်လလောက်အထိ စိုက်ပျိုးကြပြီး မိုးရေကိုအားပြုနိုင်သောကြောင့် ရေသွင်းစရာမလိုဘဲ စိုက်ပျိုးနိုင်ပါသည်။ ဆောင်းသခွား ကို စက်တင်ဘာလမှ အောက်တိုဘာလအထိ စိုက်ပျိုးကြပြီး ဆောင်းရာသီ အအေးဒဏ်ကိုခံနိုင်သော သခွားမျိုးများကိုသာ ရွေးချယ် စိုက်ပျိုးကြပါသည်။

   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝတီးအုပ်စု၊ ညောင်ပင်ကျေးရွာတွင် သခွားပင်များ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိနေကာ ဒေသခံတောင်သူများက အုတ်တွင်းမြို့ပေါ်နှင့် တောင်ငူမြို့ပေါ်ရှိ ကုန်စိမ်းပွဲရုံများသို့ သခွားသီးများတင်ပို့ရောင်းချလျက်ရှိနေပါသည်။ ပွဲရုံဈေးအဖြစ် သခွားသီး ၁ ပိဿာလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိနေပြီး ယခုအောက်တိုဘာလတွင် သခွားဈေးများ အရောင်းသွက်လျက် ရှိကြောင်းသိရသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း