ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဘားအံမြို့ပေါ် ဆိုင်များရှိသစ်သီးဝလံဈေးနှုန်းအခြေအနေ

  ဘားအံမြို့ပေါ်ဆိုင်များတွင် ရောင်းချလျက်ရှိသော သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ မန္တလေးမြို့၊ ရန်ကုန်မြို့၊ မြဝတီမြို့နှင့်ဘားအံမြို့အနီးကျေးရွာများမှ အသီးသီးဝင်ရောက် ရောင်းချ လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ မိုးရွာသီ အောက်တိုဘာလ ဒုတိယပတ် ဘားအံမြို့ပေါ် ဆိုင်များတွင် ဖြစ်ပေါ်လျက်ရှိ သော သစ်သီးဝလံဈေးနှုန်းများမှာ နဂါးမောက်သီး တစ်လုံးလျှင် (၂၀၀၀)ကျပ်၊စပျစ်သီး(အစေ့လွတ်) တစ်ပိဿာ(၄၀၀၀)ကျပ်၊ စပျစ်သီး(အစေ့ပါ) တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ပန်းသီးရိုးရိုးတစ်လုံး လျှင် (၁၈၀၀)ကျပ်၊ ပန်းသီး(ယိုးဒယား) တစ်လုံးလျှင် (၂၅၀၀)ကျပ်၊ ပန်းသစ်တာ်သီး(ယိုးဒယား) တစ်လုံးလျှင် (၃၅၀၀)ကျပ်၊ လိမ္မော်သီး(မြန်မာ) တစ်လုံးလျှင် (၁၃၀၀၊၁၅၀၀)ကျပ်၊ လိမ္မော်သီး (ယိုးဒယာ) တစ်လုံးလျှင် (၂၀၀၀)ကျပ်၊ သရက်သီး တစ်လုံးလျှင် (၂၀၀၀၊၃၀၀၀)ကျပ်၊ ဩဇာသီးတစ် လုံးလျှင် (၂၀၀၀)ကျပ်၊ မာလာကာသီးတစ်လုံးလျှင် (၁၀၀၀၊၁၅၀၀)ကျပ်၊ ဖရဲသီးတစ်လုံးလျှင် (၃၅၀၀)ကျပ်၊ ကျွဲကောသီး တစ်လုံးလျှင် (၂၀၀၀၊၆၀၀၀)ကျပ်၊ နာနတ်သီး တစ်လုံးလျှင် (၃၀၀၀၊၅၀၀၀)ကျပ်၊ ဖီးကြမ်းငှက်ပျောသီး တစ်လုံးလျှင် (၅၀၀၀)ကျပ်၊ သီးမွှေးငှက်ပျောသီး တစ်ဖီးလျှင်် (၅၀၀၀၊၆၀၀၀)ကျပ်တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင် များထံမှ သိရှိရပါသည်။

DOCA(ကရင်)

ဘားအံမြို့ရှိ ကြံရည်ဈေးနှုန်း

  ၂၀၂၅ ခုနှစ်၊ ကရင်ပြည်နယ် ဘားအံမြို့၏ ဈေးကွက်အတွင်း ကြံရည်ဈေးကွက်မှာလည်း ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။ ကြံကိုဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင်တစ် နိုင်တစ်ပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။ ဘားအံမြို့ဈေးကွက်အတွင်း သို့ ဝင်ရောက်လာသော ကြံများမှာ ဘားအံမြို့အနီးရှိကျေးရွာများနှင့် မော်လမြိုင်ဘက် တို့မှဖြစ် သည်။

           ကြံရည်သည် သဘာဝဖျော်ရည်တစ်ခုဖြစ်သည်။ ကြံရည်ကို ရေခဲထည့်ပြီးသောက်လို့ ရသလို သံပုရာသီး၊ ဂျင်း၊ မြင်းခွာရွက်၊ ပူစီနံရွက် နှင့်အခြားအချိုရည် အချိုနဲ့လည်းရောထည့်ပြီးသောက်ရင်း အရသာရှိသလို ရင်အေးသွားစေတဲ့ သောက်စရာသဘာဝ အဟာရအချိုရည် တစ်မျိုးဖြစ်ပါသည်။ အခြားသောက်စရာတွေနဲ့မတူဘဲ သကြားစစ်စစ်ကနေရတဲ့ အချိုရည်ဖြစ်တာကြောင့် ခန္ဓာကိုယ် ရေဓာတ်ကိုလည်းဖြည့်ပေးနိုင်ပါ သည်။

          ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက် ကြံဈေးနှုန်းများမှာ၁၀ချောင်းပါ တစ်စည်းဈေးနှုန်း (၁၆၀၀၀)ကျပ်၊ ကြံရည်တစ်ခွက်ဈေးနှုန်း (၁၅၀၀)ကျပ်၊ တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ဘားအံမြို့ ဒေသထွက် ကျွဲကောသီးဈေးနှုန်း

  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်တွင် ကရင်ပြည်နယ် ဘားအံမြို့ပေါ် ဈေး ကွက်အတွင်း ရာသီသီးနှံဖြစ်သည့် ဒေသထွက်ကျွဲကောသီးနှင့်အခြေားဒေသထွက်ကျွဲကောသီးများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

          ဘားအံမြို့ အနီးတစ်ဝိုင်ကျေးရွာရှိ ဒေသထွက်ကျွဲကောသီးဈေးနှုန်းများမှာ ကျွဲကောသီးအ လုံးကြီး တစ်လုံးလျှင် (၅၀၀၀)ကျပ်၊ ကျွဲကောသီး အလုံးလတ် တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၁၅၀၀)ကျပ် တို့ဖြစ် ဈေးကောင်းရ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ဘားအံမြို့ ဒေသထွက် မုန်လာပင်ပေါက်နှင့်မုန်လာဥဖြူဈေးနှုန်း

  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလစတုတ္ထပတ်တွင် ကရင်ပြည်နယ် ဒေသထွက်မုန်လာဥ ဖြူများဈေးကောင်းရလျက်ရှိနေကြောင်း သတင်းရရှိသည်။

          မုန်လာဥဖြူကိုသုံး တက်ရင်သုံးတက်သလိုဟင်းဖြစ်စေသော မြန်မာ့အစားအစာတစ်မျိုးဖြစ် ပါသည်။မုန်လာဥကို ငါးခူ၊ ငါးရံ၊ ငါးမြင်း၊ ငါးကြင်း၊ စသောငါးများဖြင့် ချဉ်ရည်ဟင်း ချက်စားကြသ လို မုန်လာဥပိုးတီချဉ်၊ မုန်လာဥသနပ်သုပ်၊ မုန်လာဥချဉ်ဖက်တို့ကလည်း ထမင်းမြိန်စေပါသည်။ မုန်လာဥဖြူတွင်ပါရှိသော ဗီတာမင်အေ၊ ဗီတာမင်စီနှင့်ဗီတာမင်ကေဓာတ်များက ခန္ဓာကိုယ်အရေ ပြားပျက်စီးခြင်းမှ ကာကွယ်ပေးခြင်းဖြင့် ကျန်းမာရေးကိုအထောက်အကူပြုပေးနိုင်ပါသည်။ မုန်လာ ဥဖြူဈေးနှုန်းများမှာ မုန်လာဥဖြူအစည်းကြီးတစ်စည်းလျှင် (၈၀၀)ကျပ်၊ မုန်လာဥဖြူ အစည်းသေး တစ်စည်းလျှင် (၅၀၀)ကျပ်၊ နှုန်းနှင့် မုန်လာပင်ပေါက်ဈေးနှုန်း သုံးစည်း(၁၀၀၀)ကျပ်နှုန်းတို့ဖြစ် ဈေး ကောင်းရကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မုန်လာဥဖြူရောင်းချသည့်ဆိုင်များမှ သိရသည်။

DOCA(ကရင်)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ရုံးပတီသီးဈေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ ‌ကျေးရွာများနှင့် မြို့ပေါ်ရပ် ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြပါသည်။ရုံးပတီသီးကို ရာသီမရွေး စိုက်ပျိုးနိုင်သောကြောင့် တောင်သူများတွက်ချေကိုက်သော သီးနှံတစ်မျိုးဖြစ်သည်။  စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သည့် ရုံးပတီသီးကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပါသည်။ ထွက်ရှိလာ သောသီးနှံများကို ဆိပ်ငယ်ဈေးကြီး၊ ရှမ်းချောင်းကုန်စိမ်းဈေးနှင့်တခြားဈေးငယ်များသို့ ပို့ဆောင် ပြီးရောင်းချကြကြောင်း သီးနှံစိုက်ပျိုးသော တောင်သူတစ်ဦးထံမှသိရှိရပါသည်။ ရုံးပတီသီးစား ပေးခြင်းဖြင့် အစာအိမ်ရောဂါကိုကောင်းမွန်စေခြင်း၊ အစာအိမ်ထဲမှ အက်စက်ဓာတ်ကိုလျော့ချ ပေးခြင်း၊ ခန္ဓာကိုယ်ထဲမှအညစ်အကြေးကိုဖယ်ရှားပေးခြင်း၊ သွေးနီဥထုတ်လုပ်မှုကို လှုံဆော်ပေး တာကြောင့် ခွန်အားကိုပိုရှိခြင်း၊ မောပန်းနွမ်းနွယ်မှုများကိုကောင်းစေခြင်း၊ ဝမ်းချုပ်ခြင်းများကို ကာကွယ်ပေးပါသည်။

    ယခု၂၀၂၅ခုနှစ်၊ အောက်တိုဘာလတတိယပတ်တွင် ရုံးပတီသီးတစ်တောင့်လျှင်(၀၀) ကျပ် ရှိပြီး (၁၀)တောင့်ပါတစ်စည်းလျှင်(၂၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းသေကြီး၊ မြိတ်မြို့ပေါ်ရှိ မုန်ညင်းဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ပေါ်တွင် ဆိပ်ငယ်ဈေးကြီးနှင့် စမ်းချောင်း ကုန်စိမ်းဈေးများတွင် ခရမ်းသီး၊ ဂေါ်ဖီထုပ်၊ ကန်စွန်းရွက်၊ ခဲဝဲသီး၊ မုန်လာထုပ်၊ ပြောင်းဖူး၊ ထိုင်ဝမ်မုန်ညင်း၊ ရွှေဖရုံသီး၊ ဆလပ်ရွက်၊ ရုံးပတီသီး၊ ဘိုစားပဲ၊ ပဲရှည်သီး၊ ပဲပင်ပေါက်အစရှိသည့် ကုန်စိမ်း များကို ရောင်းချကြကြောင်း သိရှိရပါသည်။

     ယခု၂၀၂၅ခုနှစ်၊ အောက်တိုဘာလတတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ထိုင်ဝမ်မုန်ညင်းဈေးနှုန်းမှာ တစ်စည်းလျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချနေကြောင်း ကုန်စိမ်းရောင်း ချနေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်ဒေသရှိ ဌက်ပျောသီးဈေးနှုန်း/ဈေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ရှိ တနင်္သာရီမြို့နှင့် ကျွန်းစုမြို့တို့တွင် နှစ်ရှည်သီးနှံ များနှင့် ရာသီစာသီးနှံများဖြစ်သော ဒူးရင်းသီး၊ တညင်းသီး၊သရက်သီး၊ မင်းဂွတ်သီး၊ အုန်းသီး၊ ကြက်မောက်သီး၊ ပိန္နဲသီး၊ ဌက်ပျောသီး၊ စုံပတသီးတို့ကို အများအပြားစိုက်ကြသလို တစ်နိုင် တစ်ပိုင်လည်း စိုက်ပျိုးကြ၍ ထွက်ရှိသောသီးနှံများကို မြိတ်မြို့ပေါ်ရှိဈေးများတွင် လာရောက် ရောင်းချကြပါသည်။ ၄င်းအသီးအနှံများထဲမှ ဌက်ပျောသီးသည် လူကြီး/လူငယ်မရွေး ကြိုက်နှစ် သက်ကြသဖြင့် အရောင်းအဝယ်သွက်ကြောင်း သိရှိရပါသည်။

     ၂၀၂၅ခုနှစ်၊ အောက်တိုဘာလတတိယပတ်တွင် ဖီးကြမ်းဌက်ပျောသီးတစ်ဖီးလျှင်(၃၀၀၀) ကျပ်၊ ဌက်ပျောဝါသီး တစ်ဖီးလျှင် (၄၀၀၀)ကျပ်၊ ဆွဲအံသီးတစ်ဖီးလျှင် (၅၀၀၀)ကျပ်နှင့်ဆိတ်နို့သီး တစ်ဖီးလျှင် (၃၀၀၀)ကျပ်ခန့်ရှိကြောင်း ဌက်ပျောသီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

မြိတ်မြို့၊ သီဟဇေယျာတိုးချဲ့ဈေးကြီး၌ ရောင်းချနေသောဘုရားပန်းများ

     မြိတ်မြို့၊ သီဟဇေယျာဈေးကြီး၌ ဘုရားပန်းမျိုးမျိုးဖြစ်သော အိုစကာပန်း၊ ပုလဲဖြူပန်း (ဂန္ဓာမာပန်း)၊ မြနှင်းပုလဲပန်း(ချင်းမိုင်ပန်း)၊ စန်းမားဝါးပန်း၊ လီလီပန်း(မင်္ဂလာပန်း)၊ နှင်းဆီပန်း၊ သပြေပန်း(အောင်သပြေ)၊ ဇွန်စိမ်းပန်းတို့ကို ရန်ကုန်မြို့မှ တစ်ပတ်လျှင်နှစ်ကြိမ်ခန့် ကားလမ်း၊ လေယာဥ်လမ်းတို့ဖြင့် ဝယ်ယူရောင်းချလျက်ရှိပါသည်။

     ၂၀၂၅ခုနှစ်၊ အောက်တိုဘာလတတိယပတ်တွင် လူကြိုက်များ၍ အဝယ်များသော ပုလဲဖြူ ပန်း(ဂန္ဓာမာပန်း)(၁၀)ပွင့် တစ်စည်းလျှင် (၁၂၀၀၀)ကျပ်၊ မြနှင်းပုလဲပန်း(ချင်းမိုင်ပန်း)(၁၀)ခက် တစ်စည်းလျှင် (၇၀၀၀)ကျပ်၊ နှင်းဆီပန်း (၁၀)ပွင့် တစ်စည်းလျှင် (၁၅၀၀၀)ကျပ်၊ သပြေပန်း (အောင်သပြေ)အငုတ် တစ်ခုလျှင် (၂၀၀၀)ကျပ်၊ ဇွန်စိမ်းပန်း(၁၀)ခက် တစ်စည်းလျှင် (၅၀၀၀)ကျပ်၊ စန်းမားဝါးပန်း (၁၀)ပွင့်တစ်စည်းလျှင် (၁၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိကြောင်းကို တွေ့ရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

သကြားစားသုံးခြင်းကြောင့်ဖြစ်လာနိုင်သော နောက်ဆက်တွဲဆိုးကျိုးများ

     သကြားဆိုသည်မှာများသောအားဖြင့်အစားအစာများနှင့်သောက်စရာများတွင် ပါလေ့ရှိသော ကာဗိုဟိူက်ဒရိတ်မျိုးဖြစ်ပါသည်။သကြားကို ကော်ဖီနှင့်အခြားသော မြန်မာမုန့်များ စသည့်အခါတွင် လည်းသကြားကိုတွဲဖက်စားလေ့ရှိကြပါသည်။ဟင်းချက်သည့်အခါထည့်သုံးလေ့ရှိကြသလို  သစ်သီး ဖျော်ရည်များတွင်လည်း ထည့်ကြပါသည်။ အချိုပွဲတော်တော်များများတွင်လည်း သကြားသည်မပါ မဖြစ် အသုံးပြုကြပါသည်။သကြားသည်စွဲလမ်းတတ်စေသော သဘောရှိပါသည်။အချိုရည်များ၊  ဒိုးနပ်စ်များ၊ မုန့်အချိုမုန့်များကို တခါလောက်စားပြီးပါက နောက်ထပ်စားချင်လာခြင်းမှာ သကြား ကြောင့်ဖြစ်လာသော စွဲလမ်းမှု့ကြောင့် ဖြစ်ပါသည်။ခန္ဓာကိုယ်တွင်အင်အားပြည့်ဝစေဖို့ သကြား ဓာတ် ကိုလိုအပ်သော်လည်း အများအပြားစားသုံးမိပါက နောက်ဆက်တွဲဆိုးကျိုး များဖြစ်သည့် အဝလွန်ခြင်း နှလုံးရောဂါဖြစ်နိုင်ခြေများခြင်း၊ အာဟာရချို့တဲ့စေခြင်း၊ ဆီချိုရောဂါ ဖြစ်နိုင် ခြေများခြင်း၊ အသည်း အဆီဖုံးခြင်း၊ ဝက်ခြံဖြစ်ခြင်း၊ ဂေါက်ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကျောက်ကပ်ရောဂါနှင့်သိမြင်မှု စွမ်းရည်ကျဆင်းမှုများကို ခံစားရနိုင်ပါသည်။သကြားသည် အများအပြားစားသုံးလျှင် ဆိုးကျိုးများ ရှိသော်လည်း သကြားနှင့်ပြုလုပ်ရသော မြန်မာမှုန့်များရောင်း ချသူများအနေဖြင့် သကြားကိုဝယ်ယူ သုံးစွဲကြရပါသည်။သကြားကို ကုန်စုံဆိုင်များနှင့်ဈေးများတွင် တစ်ပိဿာလျှင် (၅၅၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)   

လက်ပံတန်းမြို့ဈေးအပြင်တန်းရှိသစ်သီးဈေးကွက်

     ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့ဈေးရှိ အောက်တိုဘာလ ဒုတိယ ပတ်တွင် ရောင်းချနေသော  သစ်သီးဈေးနှုန်းများမှာ ပန်းသစ်တော်သီး ၁ လုံးလျှင်  (၄၅၀၀/၅၀၀၀/ ၇၀၀၀/) ကျပ်၊ သင်္ဘောသီး မှည့် ၁လုံးလျှင် (၁၅၀၀/၃၅၀၀/)ကျပ်၊ နာနတ်သီး (၁)လုံး (၂၀၀၀/၃၀၀၀/)ကျပ်၊ နင်္ဂါးမောက်သီး (၁)လုံး (၁၅၀၀/၂၀၀၀/ )ကျပ်၊ဖရဲသီး ၁ လုံး (၅၀၀၀/)ကျပ်၊ လိမ္မော်သီး ၁ လုံး ၂၀၀၀/ကျပ်၊ပန်းသီး ၁ လုံး (၃၀၀၀/) ကျပ်မှ ၇၀၀၀/ကျပ် မာလကာသီး ၁လုံးလျှင် ၁၀၀၀/ ၁၅၀၀/ကျပ်၊  ဩဇာသီးတစ်လုံးလျှင် ၁၀၀၀/၁၅၀၀ ကျပ်၊  သပျစ်သီး ၁၀ကျပ်သားလျှင် (၃၀၀၀/ ၄၀၀၀/)ကျပ်၊ ဈေးများဖြင့် ရောင်းချနေကြကြောင်း မေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)   

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း