ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

လက်ပံတန်းမြို့မဈေးအတွင်းရှိ ငါးဈေးကွက်

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့(မြို့မ) ဈေးအတွင်း၌  အောက်တို ဘာလ ဒုတိယပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများမှာ ငါးကြင်းဖြူ (တစ်ပိဿာ)လျှင် ၁၈၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ငါးမြစ်ချင်း(တစ်ပိဿာ)လျှင် ၁၂၀၀၀ မှ ၁၅၀၀၀ ကျပ်၊ ငါးဖယ်ခြစ်(တစ်ပိဿာ) လျှင် ၅၅၀၀၀ ကျပ်၊ ငါးမြစ်ချင်းခြစ်(တစ်ပိဿာ)လျှင် ၄၀၀၀၀ ကျပ်၊ ပုဇွန်ထုပ်(အကြီး) တစ်ပိဿာ လျှင် ၆၀၀၀၀ ကျပ်၊ပုဇွန်(အလတ်) တစ်ပိဿာလျှင် ၅၀၀၀၀ ကျပ်၊ ပုဇွန်(အသေး) တစ်ပိဿာလျှင် ၄၀၀၀၀ ကျပ်၊ ငါးခူ(တစ်ပိဿာ)လျှင် ၃၀၀၀၀ ကျပ်၊ ငါးကျီး(တစ်ပိဿာ)လျှင် ၃၀၀၀၀ ကျပ်၊ ပင်လယ်ငါးများဖြစ် သော ကင်းမွန်နှင့်ပြည်ကြီးငါးများ (တစ်ပိဿာ) လျှင် ၆၀၀၀၀ မှ ၈၀၀၀၀ ကျပ် ဈေးဖြင့်ရောင်းချ နေကြောင်း ဈေးသည်များထံမှ စုံစမ်းမေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)   

လက်ပံတန်းမြို့မဈေးအတွင်း၌ ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများအခြေအနေ

     လက်ပံတန်းမြို့မဈေးအတွင်း အောက်တိုဘာလဒုတိယပတ်၌ ရောင်းချလျက်ရှိသော အခြေခံ  စားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တန်တစ်ပြည်လျှင် ၈၅၀၀ ကျပ်၊ဧည့်မထဆန် တစ်ပြည်လျှင် ၃၀၀၀ ကျပ်၊ကြက်သွန်နီတစ်ပိဿာလျှင် ၁၀၀၀/၁၂၀၀ ကျပ်၊ကြက်သွန်ဖြူ(ဗမာ) တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ကြူကုတ်တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်၊ ချင်းတက်တစ်ပိဿာ ၇၀၀၀ ကျပ်၊ ငရုတ်ခြောက် (အရှည်) တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ ငရုတ်ခြောက်(အပု) တစ်ပိဿာ လျှင် ၂၀၀၀၀ ကျပ်၊အာလူးတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊မန်းကျည်းသီးမှည့်အစေ့မပါ တစ်ပိဿာလျှင် ၆၅၀၀ ကျပ်၊ ကြက်ဥလက်လီဈေးနှုန်း(အကြီး)တစ်လုံးလျှင် ၅၀၀ ကျပ်၊ (အသေး)တစ်လုံးလျှင် ၄၈၀ ကျပ်၊ဘဲဥ(အကြီး)တစ်လုံးလျှင် ၆၀၀ ကျပ်၊(အသေး) တစ်လုံးလျှင် ၅၀၀ ကျပ်တို့ အသီးသီး ရှိကြပါသည်။

          အခြေခံစားသောက်ကုန်များမှာ လက်ပံတန်းမြို့အတွင်း ရောင်းချလျက်ရှိသော အသား မွေးမြူ ရေးကြက်(စီပီ) ကြက်သားတစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် ၅၀၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၃၅၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် ၂၀၀၀၀/၂၅၀၀၀ ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၁၈၀၀၀/၂၀၀၀၀ ကျပ်၊ အသီးသီး ရောင်းဝယ်နေကြကြောင်း သိရှိရပါသည်။

             စားသုံးဆီဈေးနှုန်းများမှာ ပဲဆီတစ်ပိဿာလျှင် ၂၁၀၀၀ ကျပ်၊နှမ်းဆီတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၇၃၀၀ကျပ်၊ ဈေးဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိ ရပါသည်း။

DOCA(ပဲခူး)   

လက်ပံတန်းမြို့နယ်ရှိ ဟင်းသီးဟင်းရွက်ဈေးနှုန်းအခြေအနေများ

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ဈေးအတွင်းရှိ  အောက်တိုဘာလ အတွင်း ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ အိုးဖရုံသီးတစ်လုံး ၁၀၀၀ ကျပ်၊ ရွှေဖရုံသီး တစ်စိပ် လျှင်၅၀၀/ကျပ်၊ဂေါ်ရခါးသီး လုံး ၇၀၀ ကျပ်၊ ငရုတ်သီးစိမ်း တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ ၃၀၀၀ ကျပ်၊ နံနံပင် ၁ပိဿာ ၂၀၀၀၀ ကျပ်၊ပဲတောင့်ရှည်အတောင့် ၂၅ တောင့် တစ်စည်းလျှင် ၇၀၀ ကျပ်၊  ကြက်ဟင်းခါးသီး အသေးတစ်ပိဿာ ၂၀၀၀ ကျပ်၊ ကြက်ဟင်းခါး သီး အကြီးတစ်လုံးလျှင် ၅၀၀ ကျပ်၊ခရမ်းသီးတစ် ပိဿာလျှင် ၄၀၀၀ ကျပ်၊ ပဲပင်ပေါက်တစ် ဆယ်ကျပ်သားလျှင် ၇၀၀ ကျပ်၊သံပုရာသီးတစ်လုံးလျှင် ၁၀၀ ကျပ်၊မုန်လာဥနီ တစ်ဆယ် ကျပ်သားလျှင် ၂၀၀၀ ကျပ်၊ မုန်ညှင်းထုပ် တစ်ဆယ်ကျပ်သားလျှင် ၁၅၀၀ ကျပ်၊ရုံပတီသီး တစ်စည်း ၂၅၀ ကျပ်၊မုန်လာဥ တစ်စည်းလျှင် ၁၅၀၀ ကျပ်၊ သခွားသီးသုတ်သီးတစ်လုံးလျှင် ၁၅၀၀ ကျပ်၊ ဘူးသီးတစ်စိပ်လျှင် ၅၀၀ကျပ်၊ ကန်ဇွန်းရွက် တစ်စည်းလျှင် ၃၀၀ ကျပ်၊ပြောင်းဖူးတစ်ဖူးလျှင် ၇၀၀ ကျပ်၊ ဘူးညွှန့်တစ်စီးလျှင် ၁၀၀၀ ကျပ်၊‌ကျောက်ဖရုံသီးတစ်စိပ် ၅၀၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၄၅၀၀ ကျပ်ဈေးများ ဖြင့်ရောင်းချ နေကြကြောင်း မေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)   

    လက်ပံတန်းမြို့မဈေးအတွင်းရောင်းချနေသည့် ငပိ၊ငခြောက်၊ပုဇွန်ခြောက်များဈေးကွက်

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း အောက်တိုဘာလ ဒုတိယပတ်တွင် ရောင်းချလျက်ရှိသော ငပိ၊ငခြောက်၊ပုဇွန်ခြောက်ဈေးနှုန်းများမှာ ပုဇွန်ငပိ တစ်ဆယ် ကျပ်သားလျှင် ၂၀၀၀/ ကျပ်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပါသည်။ မြိတ်ဒေသထွက်ကုန် မျှင်ငပိဗူး ၂၅ ကျပ်သား တစ်ဗူးလျှင် ၅၀၀၀/ကျပ်၊ဈေးနှုန်းတို့ဖြင့် ဈေးကွက်အတွင်း ရောင်းချ လျှက်ရှိပါသည်။ ငပုတ် သင်ခြောက် တစ်ဆယ်ကျပ်သားလျှင် ၃၅၀၀/၄၀၀၀ ကျပ်၊အာဗြဲခြောက် အချိုခြောက် တစ်ဆယ် ကျပ်သားလျှင် ၄၀၀၀/၆၀၀၀/၇၀၀၀ /၇၅၀၀ကျပ်ထိ အသေးအကြီးပေါ်မူတည်၍ ဈေးနှုန်းမြင့်တက် ရောင်းချလျက်ရှိပါသည်။အသားမြှောင်းခြောက် တစ်ဆယ် ကျပ်သားလျှင် ၂၈၀၀/၃၀၀၀ ကျပ်၊ SP ခြောက် (ငဖီးမ) ခြောက် တစ်ဆယ်ကျပ်သားလျှင် ၁၈၀၀ ကျပ်၊ ငတံခွန် ခြောက် တစ်ဆယ် ကျပ်သားလျှင် ၂၅၀၀/၂၈၀၀ ကျပ်၊ ငနီတူခြောက် တစ်ဆယ်ကျပ် သားလျှင် ၄၀၀၀/၄၅၀၀ ကျပ်၊ငဇင်းပြားခြောက် တစ်ဆယ်ကျပ်သားလျှင် ၂၅၀၀/၃၀၀၀ ကျပ်ဈေး တို့ဖြင့် ပုံမှန် ရောင်းချလျက် ရှိပါသည်။

     ပုဇွန်ခြောက်ဈေးနှုန်းများအနေဖြင့် ပုဇွန်ခြောက်တစ်ဆယ်ကျပ်သားလျှင် အနည်းဆုံး ၈၀၀၀ ကျပ်မှစတင်၍  ၁၇၀၀၀ ကျပ်ထိ ဈေးနှုန်းများရှိနေပါသည်။အများဆုံးဝယ်ယူလျက် ရှိသော ပုဇွန် ခြောက်မှာ ၁၁၀၀၀/၁၂၀၀၀/ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော ပုဇွန်ခြောက်များ ဖြစ်ပါ သည်။ ပုဇွန်ခြောက်ဈေးနှုန်းများမှာ ယခင်လနှင့်ယခုလနှိုင်းယှဉ်ပါက ဈေးနှုန်းများ အနည်းငယ်မြင့်တက် ရောင်းချလျက်ရှိကြောင်း ဈေးအတွင်းငပိ၊ငခြောက်၊ ပုဇွန်ခြောက် ရောင်းချသူ တစ်ဦးထံမှ သိရှိရပါ သည်။

DOCA(ပဲခူး)   

          လက်ပံတန်းမြို့ဈေးအတွင်းရှိ ကြက်သွန်နီနှင့် အာလူးဈေးကွက်

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့ဈေးအတွင်း ရောင်းချလျှက်ရှိသော ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ စက်တင်ဘာလတတိယပတ်မှ စက်တင်ဘာလ နောက်ဆုံးပတ်ထိ  ကြက်သွန်နီ အကြီးတစ်ပိဿာလျှင် ၁၅၀၀/ ကျပ်၊ အလတ် တစ်ပိဿာ ၁၃၀၀ ကျပ်၊ အသေး တစ်ပိဿာလျှင် ၁၂၀၀/ကျပ် ဈေးနှုန်းဖြင့် လက်လီ ရောင်းချခဲ့ပါသည်။ လက်ကားဈေးနှုန်းအနေဖြင့် အချိန် (၁၀)ပိဿာ မှ စတင်၍အိတ်လုံးဈေး ကြက်သွန်နီအကြီး တစ်ပိဿာလျှင်၁၅၀၀/မှ ၂၀၀၀/ကျပ်၊  ကြက်သွန်နီအလတ် တစ်ပိဿာ လက်ကား ဈေးနှုန်းမှာ ၁၃၀၀/ကျပ်၊ ကြက်သွန်နီ(အသေး) လက်ကားဈေးနှုန်း တစ်ပိဿာလျှင်၁၂၀၀/ ကျပ် ဈေးနှုန်းဖြင့် ဈေးငြိမ်နေပြီး အောက်တိုဘာလဒုတိယပတ်တွင်လည်း  ကြက်သွန်နီ ဈေးနှုန်းများဈေးငြိမ်နေ ကြောင်းသိရှိရပါသည်။

          အာလူးဈေးကွက် ရောင်းချမှုအနေဖြင့် အာလူးတစ်ပိသာလျှင် စက်တင်ဘာလ ဒုတိယ ပတ်တွင်   ၆၀၀၀/၇၀၀၀ကျပ် ဈေးရှိခဲ့ပြီး ယခု အောက်တိုဘာလ ဒုတိယပတ်တွင်လည်း အာလူး ဈေးနှုန်းများမှာ ၇၀၀၀/၈၀၀၀ ကျပ်ဈေးဖြင့် ရောင်းချသဖြင့် ဈေးနှုန်းမြင့် တက်သွား ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

လက်ပံတန်းမြို့ဂျင်းနှင့်ကြက်သွန်ဖြူဈေးကွက်အခြေအနေ

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ စည်ပင်သာယာဈေးတွင်ရှိသော ဂျင်း  ဈေးနှုန်းများမှာ  စက်တင်ဘာလ  ဒုတိယပတ်တွင်  ဂျင်း၁၀ကျပ်သားလျှင်  ၇၀၀ / ကျပ် ရှိခဲ့ပြီး ယခုအောက်တိုဘာလဒုတိယပတ်တွင်လည်း၇၀၀/ကျပ်ရှိနေပါသည်။ဂျင်းဈေးနှုန်းမှာဈေးငြိမ်နေကြောင်း သိရှိရပါသည်။

       ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် စက်တင်ဘာလဒုတိယပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ ကျပ်သားလျှင် ၁၅၀၀/ကျပ်၊ ယခု အောက်တိုဘာလဒုတိယပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ ကျပ်သားလျှင် ၁၅၀၀ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပါသည်။

      ကြက်သွန်ဖြူ(ရှမ်းစ) ဈေးနှုန်းအနေဖြင့်  စက်တင်ဘာလဒုတိယပတ်တွင် ၁၀ ကျပ်သားလျှင် ၁၀၀၀ ကျပ်ပေါက်ဈေးရှိနေပြီး ယခုအောက်တိုဘာလဒုတိယတွင်လည်း ဈေးနှုန်းအပြောင်းအလဲမရှိ၊ ဈေးငြိမ် နေပါသည်။ ကြက်သွန်ဖြူ (ဥတစ်လုံး) ဈေးကွက်မှာတစ်ဆယ်ကျပ်သားလျှင် ၂၅၀၀ ကျပ်  ဈေးနှုန်း တို့ဖြင့် ရောင်းချလျှက်ရှိရာ ဂျင်း၊ကြက်သွန်ဖြူ၊ဈေးကွက်တို့မှာ ဈေးအေးနေပြီးပုံမှန် ရောင်းဝယ်လျက်ရှိပါသည်။

DOCA(ပဲခူး)   

ဝက်သားများ တစ်လအတွင်းပုံမှန်ဈေးအတိုင်းရောင်းချလျက်ရှိနေ

     တောင်ငူမြို့၊ (၁၈)ရပ်ကွက်တွင်ရှိသော ကျောက်စက်ဈေး(ခေါ်)ဝက်ကုန်းဈေးသည် မြို့၏ ဝက်သားသည်များ အများဆုံး ရောင်းချသော ဈေးဖြစ်သည်။ဝက်သားများကို  စားသောက်ဆိုင် များနှင့် ဒုတ်ထိုးဆိုင်များမှ ပုံမှန်ဖောက်သည်ဝယ်ယူကြသော်လည်း ယခုပွင့်လင်းရာသီဖြစ်သော ကြောင့် အလှူ၊ မင်္ဂလာပွဲများ ပြုလုပ်လာကြခြင်းတို့ကြောင့် ဈေးသည်တိုင်း ရောင်းအားကောင်းလျက်ရှိနေသည်။

     ဝက်သားဈေးနှုန်းများမှာ ပေါင်သား ၅၀ သား ၁၈၀၀၀ ကျပ်၊ (၁)ပိဿာ ၃၅၀၀၀ကျပ်၊ အဆီနှင့်အသားတစ်ထပ်စီပါသော သုံးထပ်သား ၅၀ကျပ်သားလျှင် ၁၆၀၀၀ကျပ်၊ (၁)ပိသာ ၃၂၀၀၀ ကျပ်၊ ကလီစာ (၅၀)ကျပ်သားလျှင် ၁၅၀၀၀ ကျပ်ဖြင့် (၁)ပိဿာလျှင် ၃၀၀၀၀ကျပ်၊ ခေါင်းသား(၅၀)ကျပ်သားလျှင် ၁၁၀၀၀ကျပ်၊(၁)ပိဿာလျှင် ၂၂၀၀၀ကျပ်၊ ဝက်လက် (၅၀)ကျပ်သားလျှင် ၁၀၀၀၀ကျပ်၊(၁)ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ဝက်ခြေထောက် (၅၀)ကျပ်သား လျှင် ၁၅၀၀၀ကျပ် ၊ (၁)ပိဿာလျှင် ၈၀၀၀ ကျပ် ဖြင့် အသီးသီးရောင်းချလျက်ရှိသည်။

      ထို့ပြင် ဈေးသည်များမှ ဝက်ပေါင်သားများကို  အခြောက်လှန်း၍ မီးကင်ပြီး ဝက်ပေါင် ခြောက်ဟု ရောင်းချသေးသည်။ ဝက်ပေါင်ခြောက် (၁၅)ကျပ်သားခန့်ပါ ၁ထုတ်လျှင် ၁၅၀၀၀ ကျပ်ဖြင့် ရောင်းချသည်ဟု ကျောက်စက်ဈေး(ခေါ်)ဝက်ကုန်းဈေးမှ ဈေးသည်ဒေါ်အေးအေးခိုင်၏ ပြောကြားချက်အရ သိရှိရသည်။

DOCA(ပဲခူး)   

ပဲပြားအကြောင်း တစောင့်တစောင်း

     ပဲပြားကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ၌စားသုံးနေကြပြီး ချက်ပြုတ်ရန် လွယ်ကူသော အစားအစာ ဖြစ်သည့်အပြင် ဝယ်ယူရာ၌လည်းဈေးနှုန်းသက်သာလှသည်။ အာဟာရဓာတ် များစွာနှင့် ပရိုတင်းဓာတ် မြင့်မားစွာပါဝင်သောပဲပြားကို ပဲပိစပ်မှထုတ်လုပ်ထားသော ပဲနို့မှ ပြုလုပ်ခြင်းဖြစ်ကာ ပဲပိစပ်အရည်ကို ကျိုချက်၍အဖတ်များကို စစ်ထုတ်လိုက်သောအခါ ပဲနို့ကိုရရှိပြီး ပဲနို့ထဲသို့ ခဲစေသောဓာတ်ပစ္စည်း မဂ္ဂနီဆီယမ် ကလိုရိုက် သို့မဟုတ် ကယ်လ်ဆီယမ် ဆာလဖိတ်ကို ထည့်လိုက်ခြင်းဖြင့် ပဲနို့သည် ဒိန်ခဲကဲ့သို့ အဖတ်များအဖြစ် စတင်ခဲလာပါသည်။ ခဲထားသောအဖတ်များကို ဖိနှိပ်ခြင်း၊ ရေစစ်ထုတ်ခြင်းဖြင့်ပြုလုပ်ကာ လိုချင်သောပုံစံပေါ် မူတည်၍ ပျော့ပြောင်းသော၊ မာသောပဲပြားအတုံးများအဖြစ် ပုံသွင်းကာ ပဲပြားကိုရရှိလာပါသည်။

        ပဲပြားတွင်ပါဝင်သော Isoflavones ဓာတ်သည် သွေးတွင်းရှိမကောင်းသော ကိုလက်စထရော ကို လျှော့ချပေးပြီး နှလုံးရောဂါဖြစ်နိုင်ချေကိုလျော့နည်းစေပါသည်။ ကယ်လ်ဆီယမ် ပါဝင်မှု ကြောင့် အရိုးပွရောဂါ ဖြစ်ပွားခြင်းမှကာကွယ်ပေးနိုင်ပြီး ကယ်လိုရီနည်းပြီး ပရိုတင်းဓာတ် များစွာပါဝင်သည့်အတွက်ကြောင့် အစာ စားချင်စိတ်ကို ထိန်းချုပ်စေနိုင်ပြီး ကိုယ်အလေးချိန် လျှော့ချလိုသူများအတွက် သင့်လျော်ပါသည်။ မြန်မာနိုင်ငံတွင် ပဲပြားကို ပဲပြားဟင်း၊ ပဲပြားဟင်းချို၊ ဟင်းသီးဟင်းရွက်များနှင့်ရောနှောကြော်ချက်ခြင်း စသဖြင့် အမယ်မျိုးစုံချက် ပြုတ်စားသောက်ကြပါသည်။ ပဲပြားတုတ်ထိုး၊ ပဲပြားသုပ်၊ ပဲပြားအစာသွပ်တို့ကို မိမိတို့အိမ်တွင်လည်း လွယ်ကူစွာပြုလုပ်နိုင်ခြင်း၊ စီးပွားဖြစ်ရောင်းချရာတွင်လည်း အရင်းအနှီး နည်းပါးပြီး ရောင်းပန်း လှသောကြောင့် ပဲပြားသည်အစားအသောက်လုပ်ငန်းတွင် အမြဲမပြတ် နေရာယူ တွင်ကျယ်လျက်ရှိနေပါသည်။

DOCA(ပဲခူး)   

  ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော ရုံးပတီးသီး

           စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ် ငန်းများအပြင် သတင်းအချက်အလက်များကိုလည်း သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိမှုတို့ကို ကွင်းဆင်းလေ့လာ ပြီးရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရုံးပတီသီး(၂၅) ကျပ်သားလျှင် (၆၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၀၀)ကျပ်၊ (၁)ပိဿာလျှင်(၂၄၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ရုံးပတီသီး(၁) ပိဿာလျှင် (၄၀၀)ကျပ်ဈေးနှုန်းကျဆင်းလာကြောင်း၊ ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အ တွင်းရှိကျေးရွာများမှ ရုံးပတီသီးများ ဝင်ရောက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရသည်။        

DOCA (စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ကွမ်းဈေးနှုန်းအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်

          မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်း ကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော ကန့်ဘလူမြို့နယ်၏ ကွမ်း ရွက်ဈေးနှုန်းများမှာ အရည်အသွေးပေါ်မူတည်၍ ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ကွမ်းရွက်(ကြီး)တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ကွမ်းရွက်(သေး)တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကွမ်းရွက်များကို ကန့်ဘလူခရိုင်အတွင်းနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း ကွမ်းရွက်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း