တန်ဆောင်းမုန်းလရာသီစာမယ်ဇလီဖူးစျေးကွက်

Powered by Drupal

         မန္တလေးစျေးကွက်သို့ တန်ဆောင်းမုန်းလအတွင်း ရာသီစာမယ်ဇလီးဖူးများ ရောင်းချလျက် ရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း မယ်ဇလီပင်များ မှာ အများဆုံးတွေ့ရှိရသည့်အပင်များဖြစ်ပြီး၊အညာဒေသနှင့် ခွဲခြား၍ မရသည့်ဆေးဖက်ဝင် အပင် တစ်မျိုးဖြစ်ပါသည်။ မယ်ဇလီးဖူးများအား အစိမ်းအတိုင်းရောင်းချခြင်းနှင့် ပြုတ်၍ ရောင်းချခြင်း တို့ တွေ့ရှိရပြီး၊နှစ်မျိုးစလုံးအရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း မန္တလေးစျေးကွက်အတွင်း မယ်ဇလီးဖူးများအား လက္ကားစျေးတစ်ပြည်စျေး မှာ  ၅၀၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်၊ လက်လီစျေးတစ်ဗူးလျှင် ၈၀၀ ကျပ်နှင့် ၁၀၀၀ ကျပ်စျေးဖြင့်အစိမ်းစျေးနှင့် ပြုတ်၍ရောင်းချသည့်စျေးကွာခြားမှုမရှိဘဲရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)