ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော တို့ဟူးစိမ်း နှင့် တို့ဟူးခြောက် ဈေးနှုန်း

      ကျွန်းလှမြို့၊ ပိ‌တောက်မြိုင်ဈေးထဲတွင် ကုန်စိမ်းသီးနှံနှင့် တွက်ဖက်၍ ပဲရေဖွှ၊ တို့ဟူးစိမ်းတို့ကိုပါ လုပ်ကိုင်ရောင်းချလျက်ရှိပါသည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ရောင်းချနေသော တို့ဟူးစိမ်း ဈေးနှုန်းများမှာ တို့ဟူးစိမ်း တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၈၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌လည်းကောင်း၊ တို့ဟူးခြောက် တစ်ပိဿာ (၁၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ် နှင့် (၁၀)ကျပ်သား လျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဆလပ်ရွက်နှင့် မုန်လာဥဖြူ စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် ရာသီချိန်အလိုက် စားဖို ဆောင်သီးနှံများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိကြောင်း၊ ဆလပ်ရွက်ကို မြို့ပေါ်ရပ် ကွက်များတွင်သာမက ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေးရွာ၊ တောက္ကရှပ်ကျေးရွာများတွင် မိမိတို့နေအိမ်ခြံဝင်းများ၊ မိမိတို့ယာကွက်များတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ဆလပ်ရွက်နှင့် မုန်လာဥဖြူများကိုလည်း စိုက်ပျိုးစရိတ်ကုန်ကျမှု သက်သာသည့်အတွက်  ထိုက်သင့်သည့်အကျိုးအမြတ် ရရှိကြောင်း သိရသည်။

      ဆလပ်ရွက်သည် အစားအသောက်အမျိုးမျိုးနှင့်တွဲဖက် စားသုံးကြသည့်အတွက် စားသောက် ဆိုင်များ၊ ထမင်းဆိုင်များ၊ အကင်ဆိုင်များ၊ အသုတ်ဆိုင်များစသည့် ဆိုင်များမှဝယ်ယူအသုံးပြုသည့် အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ဆလပ်ရွက်အပင်ကြီး()ပင်လျှင် (၅၀၀)ကျပ်၊ အလတ်()ပင်လျှင် (၄၀၀)ကျပ်နှင့် အသေး()ပင် လျှင်(၃၀၀)ကျပ်၊ မုန်လာဥဖြူ အကြီး()ဥပါတစ်တွဲလျှင် (၇၀၀)ကျပ်၊ မုန်လာဥဖြူ(အသေး)()ဥပါတစ်တွဲလျှင် (၅၀၀)ကျပ်တို့ ဖြင့်ရောင်းချကြောင်း၊ တို့ဖြင့်ရောင်းချကြောင်း၊ မြို့မဈေးရှိကုန်စိမ်းရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ မင်းကွတ်သီးနှင့် ကြက်မောက်သီးဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့သစ်သီးဈေးကွက်သို့ ယခု စက်တင် ဘာလ ပထမပတ်အတွင်း မင်းကွတ်သီးနှင့် ကြက်မောက်သီးများ ဝင်ရောက်မှုလျော့နည်းလာ ကြောင်း၊ ကြက်မောက်သီးနှင့် မင်းကွတ်သီးများသည် မော်လမြိုင်ဒေသထွက်နှင့် မန္တလေးတိုင်း ဒေသကြီးမှလည်း ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့သစ်သီးဈေးကွက်တွင် မင်းကွတ်သီး အကြီး(၁)လုံးလျှင် (၄၅၀)ကျပ်၊ အသေး(၁)လုံး(၃၀၀)ကျပ်တို့ဖြင့် ရောင်းချကြောင်း၊ ကြက်မောက်သီး အသေး(၁)လုံးလျှင် (၃၀၀)ကျပ်၊ အကြီး(၁)လုံးလျှင် (၅၀၀)ကျပ်နှင့် (၁၀)လုံးလျှင် (၄၅၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ် အတွင်း မင်းကွတ်သီးဈေးနှုန်းများ အနည်းငယ်ကျဆင်းသွားကြောင်း သစ်သီးဆိုင်များမှ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဘူပင်းစိုက်ပျိုးရောင်းချသူများ ဝင်ငွေရရှိ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ မြို့ပေါ်ရပ်ကွက်များနှင့် နတ်ပေး ကျေးရွာတွင် ဘူးပင်များစိုက်ပျိုးရောင်းချပြီး မိသားစုဝင်ငွေများ ရရှိလျက်ရှိကြောင်း၊ ဘူးပင်သည် ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်ကို အသင့်အတင့်ခံနိုင်ရည်ရှိကြောင်း၊ ပုံသဏ္ဍန်ကိုလိုက်၍ ဘူးသပိတ်၊  ဘူးရှည်နှင့် ဘူးရေမှုတ်ဟူ၍ အမျိုးမျိုးရှိကြောင်း သိရှိရသည်။

          ကန့်ဘလူမြို့နယ်တွင် ဘူးပင်ကိုခြံဖွဲ့၍ စိုက်ပျိုးခြင်းမရှိကြသော်လည်း မိသားစုတစ်နိုင် တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ဈေးကွက်အနေဖြင့် ဘူးသီးများကို ကန့်ဘလူမြို့မဈေးတွင် ရောင်းချ လျက်ရှိရာ စက်တင်ဘာလ တတိယပတ်တွင် ဘူးသီးအကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ အသေးတစ် လုံးလျှင် (၂၀၀၀)ကျပ်နှင့် ဘူးသီး(၁)စိတ်လျှင် (၅၀၀မှ ၁၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဘူးညွှန့်(၁)စီး လျှင် (၅၀၀)ကျပ်နှင့် (၅)စည်းလျှင် (၂၀၀၀)ကျပ်ဖြင့်ရောင်းချရကြောင်း၊ ဘူးသီးကို အကြော်ဆိုင်များ မှအဓိကဝယ်ယူပြီး စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များကလည်း ဝယ်ယူကြောင်း ကုန်စိမ်း ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်သည့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ  သီးနှံစိုက်ပျိုးသူများက ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူခရိုင်၏ စိုက်ပျိုးရေးသုံးဓာတ် မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ပန်းဖူး(50)kgတစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ မြားကမ္ဘာ (50)kgတစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ အာမိုမာတီပလပ် ကွန်ပေါင်းဓာတ်မြေဩဇာ(50)kg တစ်အိတ်လျှင်(၁၇၅၀၀၀)ကျပ်၊ ရွှေနဂါးပုလဲသာ(50)kg တစ်အိတ်လျှင် (၁၀၈၀၀၀)ကျပ်၊ ရွှေတောနစ်(၅၀၀)စီစီတစ်ဘူးလျှင် (၁၆၅၀၀)ကျပ်၊ မိုရယ်လ်မုန်း အမြစ်ပွား၊ အသီးတင်၊ အပင်သန် ဟော်မုန်း ဆေး(၅၀၀)စီစီ တစ်ဘူးလျှင် (၄၃၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ရောင်းချသည့်ဆိုင်များထံမှ သိရှိရသည်။ 

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ စပျစ်သီးနှင့် ပန်းသီးဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် စပျစ်သီး၊ လိမ္မော်သီး၊ ပန်းသီး၊ ဖရဲသီး၊ သခွားမွှေးသီးနှင့် ပန်းသစ်တော်သီးများ ရောင်းချလျက်ရှိပြီး ပန်းသီးများကို မန္တလေးမြို့သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်းသိရသည်။ ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း စပျစ်သီးဗမာမျိုး ()ပိဿာလျှင် (၂၃၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၁၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချပြီး၊ ပန်းသီးအကျွတ်သီး အသေးခြောက်လုံးလျှင် (၅၀၀၀)ကျပ်၊ အကြီးလေးလုံးလျှင် (၅၀၀၀)ကျပ်၊ ပန်းသီးရိုးရိုးတစ်လုံးလျှင် (၂၅၀၀)ကျပ်နှင့် လေးလုံးလျှင် (၁၀၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပါကြောင်း ပန်းသီးနှင့် စပျစ်သီးကို ဘုရား စေတီပုထိုးများတွင် သစ်သီးဆွမ်းကပ်လှူရာတွင်လည်းကောင်း၊ ကလေးလူကြီးများမကျန် ကြိုက်နှစ်သက်၍ စားသုံးသူများကလည်း ဝယ်ယူပါကြောင်း ပန်းသီးနှင့်စပျစ်သီးများအဝင်နည်းသည့် အတွက်ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

 

ကန့်ဘလူမြို့နယ်၌ ရောင်းချလျက်ရှိသည့် ဒန့်ဒလွန်သီးနှင့် ဒန့်ဒလွန်ရွက်

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု ၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများအပြင် ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိမှု စသည့်သတင်းအချက်အလက်များကိုလည်း သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ ကွင်းဆင်းလေ့လာပြီး ရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။

     မြန်မာလူမျိုးများသည် ဒန့်ဒလွန်သီး၊ ဒန့်ဒလွန်ရွက်တို့ကို နှစ်သက်စွာ ချက်ပြုတ်စားသောက် ကြကြောင်း၊ ဒန့်ဒလွန်တစ်ပင်လုံးသည် ကျန်းမာရေးအတွက်အကျိုးပြုသော အဟာရဓာတ်များစွာ ပါဝင်ကြောင်း၊ ဒန့်ဒလွန်ပင်ကို နေအိမ်ခြံဝင်းများ၌ စိုက်ပျိုးနိုင်သည့်အတွက် စားစရာဟင်းတစ်ခွက် အပြင် အသီး၊အရွက်တို့ကို ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးသင့် ကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဒန့်ဒလွန်သီး (၁)စီးလျှင်(၅၀၀)ကျပ်၊ (၂)စီးလျှင်(၉၀၀)ကျပ်၊ ဒန့်ဒလွန်ရွက်(၁)စီးလျှင် (၃၀၀)ကျပ်နှင့် (၂)စီးလျှင် (၅၀၀)ကျပ်တို့ဖြင့် ရောင်းချရကြောင်း သိရှိရသည်။      

DOCA(စစ်ကိုင်း)

 

ဈေးနှုန်းများကျဆင်းလာသောမြင်းခြံမြို့၏ခဝဲသီး

   မြင်းခြံမြို့နယ်သည် ဆည်‌ရေသောက်အသင့်အတင့်ရှိ၍ ဟင်းသီးဟင်းရွက်မျိုးစုံနှင့် စားဖိုဆောင်အုပ်စုဝင်သီးနှံဖြစ်သော ခဝဲသီးကိုလည်း အဓိကစိုက်ပျိုးထားကြောင်းသိရှိရသည်။  မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော လေးအိမ်တန်းအုပ်စု၊ ကြက်လျှာ၊ ကျောင်းကုန်းရွာ များ၌ တောင်သူများက မိမိတို့ခြံဝင်းများအတွင်းရှိ ဥယျာဉ်ခြံမြေများတွင် ခဝဲပင်များကို တစ်နိုင် တပိုင်စီးပွားဖြစ်စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးထွက်ရှိသော ခဝဲသီးများကို မြင်းခြံမြို့အတွင်းရှိ ဈေးများသို့ လာရောက်ရောင်းချကြောင်းသိရှိရသည်။  ခဝဲသီးပင်ကို ဧပြီလအလယ်မှစ၍ ဇူလိုင် လကုန်အထိစိုက်ပျိုးကြကြောင်း‌၊  စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့်ကြာမြင့်ကြောင်း၊ စိုက်ပျိုးပြီး(၄၅) ရက်အကြာတွင်အသီးများ စတင်ခူးဆွတ်နိုင်ကြောင်းသိရှိရသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာတတိယပတ်၌ အေးမြသီတာဈေးတွင် ခဝဲသီး ၂၅ ကျပ်သားလျှင် (၁၀၀၀) ကျပ်၊ တစ်ပိဿာလျှင် (၃၇၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ယခင်လဩဂုတ်လ တတိယပတ်၌ ခဝဲသီး ၂၅ ကျပ်သားလျှင် (၁၅၀၀) ကျပ်၊ တစ်ပိဿာလျှင် (၅၅၀၀) ကျပ်ပေါက်ဈေးများဖြင့်‌ရောင်းချခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခင်လထက် ယခုလတွင် ခဝဲသီး ၂၅ ကျပ်သားလျှင် (၅၀၀) ကျပ်၊ တစ်ပိဿာလျှင် (၁၈၀၀) ကျပ် ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ မိုးရာသီကာလဖြစ်၍ ရာသီပေါ်ခဝဲသီးများပေါများစွာ ထွက်ပေါ်ချိန်  ဖြစ်သောကြောင့် ခဝဲသီးဈေးနှုန်းများကျဆင်းခြင်းဖြစ်ကြောင်း၊ အရည်အသွေးအမျိုးအစား ပေါ်မူတည်၍ ဈေးနှုန်းများအနည်းငယ်ကွာခြား‌၍ နေ့စဉ်အရောင်း အဝယ်ဖြစ်လျက် ရှိကြောင်း ကုန်စိမ်းရောင်းချသူ တစ်ဦး၏ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)

မြို့မဈေးတွင်ရောင်းချနေသော ကြံသကာဈေးနှုန်း

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြလျက်ရှိရာ ရာသီပေါ်ကြံသကာများလည်း ရောင်းချနေကြောင်း သိရသည်။

    ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကြံသကာများကို မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ် အတွင်း ကြံသကာဈေးနှုန်းမှာ (၁)ပိဿာလျှင် (၆၅၀၀)ကျပ် ၊ (၅၀)ကျပ်သားလျှင် (၃၂၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၆၅၀)ကျပ်ဈေးနှုန်းတို့ဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

         

ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်သည့် အာလူးနှင့် ကြက်သွန်နီဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူ သုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိပြီး၊ အရေးကြီးသီးနှံ(၁၀)မျိုးအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မုန်လာဥဖြူ၊ မုန်လာထုပ်တို့လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့် အခြားသောကျေးရွာများတွင် မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် ကြက်သွန်နီကို ရာသီချိန်အလိုက် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

အားလူးဈေးနှုန်း

     စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့် ကန့်ဘလူမြို့တို့ရှိ လက်လီ/လက္ကားဆိုင် များမှ ဖြန့်ဖြူးလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် စက်တင်ဘာလ တတိယပတ်အတွင်း မြို့မဈေးတွင် ရောင်းချနေသော အာလူးသီးအလုံးကြီး ()ပိဿာလျှင် (၇၀၀၀)ကျပ်၊ အလုံးသေး()ပိဿာလျှင် (၆၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ အာလူးသီးကို အစားအသောက် ချက်ပြုတ်ရာ၌လည်းကောင်း၊  အာလူးကြော်ပြုလုပ်ရာ၌လည်းကောင်း၊ စမူဆာပြုလုပ်ရာ၌လည်းကောင်း  အသုံးပြုကြသည့် အတွက်ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။

ကြက်သွန်နီဈေးနှုန်း

    ၂၀၂၅ ခုနှစ်၊ စက်တင်လာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဒေသထွက် ကြက်သွန်နီ အလုံးကြီး()ပိဿာလျှင် (၁၇၀၀)ကျပ်နှင့် အလတ်()ပိဿာလျှင် (၁၅၀၀)ကျပ်၊ အသေး()ပိဿာလျှင် (၁၄၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်သွန်နီဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း၊ လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း