ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ပုဇွန်ထုတ် ဈေးနှုန်း

  ကျွန်းလှမြို့နယ်တွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်း များထဲမှ ပုဇွန်ထုတ် ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိရာမှပုဇွန်ထုတ်များကို  ဧရာဝတီတိုင်းဒေသ ကြီး၊ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ  တစ်ဆင့်ဝယ်ယူရောင်းချကာ ထမင်း ဆိုင်များ၊ စားသောက်ဆိုင်များ နှင့် စားဖွယ်စုံရောင်းချသည့် ဆိုင်မျာမှ ဝယ်ယူအသုံးပြုနေသည့်အတွက် ဈေးကောင်းရရှိနေကြောင်း သိရသည်။

   ယခု အောက်တိုဘာလ တတိယပတ်တွင် ကျွန်းလှမြို့၏ ပုဇွန်ထုတ် ဈေးနှုန်းများ အနေဖြင့် ပုဇွန်ထုတ် လက္ကားဈေး(၁)ပိဿာလျှင်(၆၈၀၀၀)ကျပ်၊ ပုဇွန်ထုတ် လက်လီဈေး(၁)ပိဿာလျှင်(၇၀၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၅၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၈၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း ငါး/ပုဇွန် အရောင်း အဝယ် လုပ်ကိုင်သူထံမှ သိရ ပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ဈေးမြင့်တက်လာသော ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုတ် ဈေးနှုန်း

      သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ရွှေပဲသီး၊ ဂေါ်ရခါးသီးနှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ပန်းဂေါ်ဖီကို မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်လျက်ရှိသော ပန်း‌ဂေါ်ဖီ ဈေးနှုန်းမှာ ပန်းဂေါ်ဖီ အကြီးတစ်ပွင့်လျှင်(၃၅၀၀)ကျပ်နှင့် ပန်းဂေါ်ဖီအသေး တစ်ပွင့်လျှင်(၂၅၀၀/၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ဂေါ်ဖီထုတ်အကြီး တစ်ထုတ်လျှင် (၃၀၀၀/၃၅၀၀)ကျပ်၊ အသေးတစ်ထုတ်လျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ပန်းဂေါ်ဖီနှင့် မုံလာထုတ်များကို စားသောက်ဆိုင်များ၊  ထမင်းဆိုင်များ၊ ကော်ပြန်ကြော်ဆိုင် များနှင့် စားဖွယ်စုံဆိုင်များတွင် မဖြစ်အနေအသုံးများသည့်အတွက် ရောင်းအားကောင်းလျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကျောက်ဖရုံယို နှင့် ချစ်တီးမုန့် ဈေးနှုန်း

 ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် ကျောက်ဖရုံ ယိုများကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

   ၂၀၂  ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံ ရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကျောက်ဖရုံယို ဈေးနှုန်းအနေဖြင့် ကျောက်ဖရုံယို တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ချစ်တီးမုန့် ဈေးနှုန်းအနေဖြင့် ချစ်တီးမုန့် တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၄၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင်များ ထံမှ သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျောက်စိမ်းပန်း(ခေါ်)ဇော်စိမ်းပန်း နှင့် သပြေပန်း ဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုး ဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည် ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။ မိမိတို့ ဗုဒ္ဓဘာသာ လူမျိုးများအတွက် ဘုရားပန်းသည်လည်း မိမိတို့ ကိုးကွယ်ယုံကြည်အားထားရာဖြစ်သည့် ဘုရားစင်ပေါ် တွင် ကုသိုလ်ယူရန် နေ့စဉ်ကပ်လှူပူဇော်ရသည့်အတွက် မရှိမဖြစ်သော အရာတစ်မျိုး လည်းဖြစ်ပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(တတိယပတ်)တွင် ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ကျောက် စိမ်းပန်း(ခေါ်)ဇော်စိမ်းပန်း ဈေးနှုန်းအနေဖြင့် ကျောက်စိမ်းပန်း(ခေါ်)ဇော်စိမ်းပန်း()ခက်ပါ တစ်စီးလျှင်(၁၀၀၀)ကျပ်၊ (၁၀)စီးပါ တစ်ထုံးလျှင်(၈၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း သပြေပန်း အခက် တစ်စည်းလျှင်(၁၅၀၀)ကျပ်၊ သပြေပန်း အငုတ်ကြီး()ငုတ်လျှင်(၃၅၀၀ မှ ၅၀၀၀)ကျပ် နှင့် သပြေပန်း အငုတ်သေး()ငုတ်လျှင်(၁၅၀၀ မှ ၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး သပြေပန်း သည်လူကြိုက်များသော ပန်းဖြစ်သည့်အတွက် ဈေးကောင်းရရှိပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း ပန်းရောင်းချသူ များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ‌ပန်းငရုတ်ပွသီး ဈေးနှုန်း

        ကျွန်းလှမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင်အနေဖြင့် စိုက်ပျိုးကြရာတွင် စာဖိုဆောင်သီးနှံဖြစ်သည့် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုတ်ပွသီး၊ ဂျူးမြစ်၊ ကန်ဇွန်းဥ၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ ပြောင်းဖူး၊ တိုင်ထောင်ဘိုစားပဲသီး၊ ဂေါ်ရခါးသီး၊ ခါကြက်ဥ နှင့် ပန်းငရုပ်ပွသီးတို့ကိုပါ စိုက်ပျိုးရောင်းချကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယအပတ် သစ်ရာမြိုင်ဈေးအတွင်းရှိ ပန်းငရုတ်ပွသီးဈေးနှုန်းမှာ ပန်းငရုတ်ပွသီး လက္ကား တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ပန်းငရုတ်ပွသီး လက်လီ တစ်ပိဿာ လျှင်(၁၂၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၃၀၀၀)ကျပ်နှင့် ပန်းငရုတ်ပွသီး (၁၀)ကျပ်သားလျှင်(၁၂၀၀)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော နေကြာစေ့လှော် ဈေးနှုန်း

        ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် နေကြာစေ့များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

        ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော နေကြာစေ့လှော် ဈေးနှုန်းအနေဖြင့် နေကြာစေ့လှော်(ရိုးရိုး)လက်က္ကား တစ်ပြည်လျှင်(၉၃၀၀)ကျပ်၊ နေကြာစေ့လှော်(ရိုးရိုး)လက်လီ တစ်ပြည်လျှင်(၉၆၀၀)ကျပ်၊ နို့ဆီဘူး()ဘူး လျှင်(၄၈၀၀)ကျပ်၊ နို့ဆီဘူး(၁)ဘူးလျှင်(၁၂၀၀)ကျပ်နှင့် နေကြာစေ့လှော်(သစ်ကြားသီးအနံ့) တစ်ပြည် လျှင်(၁၂၀၀၀)ကျပ်၊ နို့ဆီ(၄)ဘူးလျှင်(၆၀၀၀)ကျပ်၊ နို့ဆီဘူး(၁)ဘူးလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော နွားနို့၊ နွားနို့ခဲနှင့် ဒိန်ချဉ် ဈေးနှုန်း

          ကျွန်းလှမြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာ ဗမာနွားများနှင့် မေထုံခေါ် နို့စားနွား မွေးမြူရေးလုပ်ငန်းကိုလည်း တစ်ပိုင်တစ်နိုင် မွေးမြူလျက်ရှိပြီး နွားနို့နှင့် ဒိန်ချဉ်များကို ကျွန်းလှမြို့ ဈေးကွက်အတွင်းသို့ ရောင်းချ လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နွားနို့ ဈေးနှုန်းများမှာ နွားနို့(၁)လီတာ တစ်ဘူးလျှင်(၂၂၀၀)ကျပ်၊ နွားနို့ခဲတစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၇၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ဒိန်ချဉ် (၁)လီတာ တစ်ဘူးလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မွေးမြူရေးလုပ်ငန်းလုပ်ပြီး နွားနို့ ရောင်းချနေသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော နနွင်းတက်နှင့် နနွင်းမှုန့်အစစ် ဈေးနှုန်း

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကိုပါဆောင် ရွက်လျက်ရှိရာ  ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင် အနေဖြင့်လည်းကောင်း အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာမှ စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်ဖြူ/ နီ၊ ငရုပ်သီးနှံအပြင် နနွင်းသီးနှံပင်များကိုလည်း စိုက်ပျိုးကြပါသည်။

        ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော နနွင်းတက်ဈေးနှုန်းအနေဖြင့် နနွင်းတက် တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ နနွင်းတက်(၅၀)ကျပ်သားလျှင်(၇၅၀၀) ကျပ်နှင့် နနွင်းတက်(၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ နနွင်းမှုန့်အစစ် ဈေးနှုန်းအနေဖြင့် နနွင်းမှုန့်အစစ် တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ နနွင်းမှုန့်အစစ်(၅၀)ကျပ်သားလျှင်(၉၀၀၀)ကျပ် နှင့် နနွင်းမှုန့်အစစ် (၂၅)ကျပ်သားလျှင်(၄၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အ‌‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်မျိုးစုံရောင်းချနေသည့် ဈေးသည်ထံမှ  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော နံနံပင်၊ ကြက်သွန်နီမိတ်နှင့် ရှမ်းနံနံပင် ဈေးနှုန်း

          ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ နံနံပင်၊ ပူစီနံနံပင်၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်  ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် နံနံပင်နှင့် ရှမ်းနံနံ(ခေါ်)သင်္ဘောနံနံ ပင်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက်ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။  

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ်နေသော နံနံပင်ဈေးနှုန်းများမှာ နံနံပင် တစ်စီးလျှင်(၃၀၀)ကျပ်၊ (၅၀၀)ဖိုး(၂)စီးနှင့် ရှမ်းနံနံ (ခေါ်) သင်္ဘောနံနံပင် တစ်စီးလျှင်(၃၀၀)ကျပ် (၂)စီးလျှင်(၅၀၀)ကျပ် နှင့် ကြက်သွန်နီမိတ် တစ်စီးလျှင်(၃၀၀) ကျပ်၊ (၂)စီးလျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း နံနံပင်သည် မြန်မာ့တို့၏ ရိုးရာ ဟင်းခတ်အမွှေးအကြိုင်ဖြစ်သည့်အတွက် အသုံးများပြီး ရောင်းအားကောင်းလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဒညှင်းသီး ဈေးနှုန်း

        ကျွန်းလှမြို့ ရပ်ကွက်ဈေးများတွင် သစ်သီးဝလံမျိုးစုံဖြစ်သည့် ပန်းသီး၊ စပျစ်သီး၊ ပန်းသစ်တော်သီး၊ ဖရဲသီး၊ နာနတ်သီး၊ ဒညှင်းသီး၊ ငှက်ပျောသီးနှင့် သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာမှ နာနတ်သီးနှင့် ဒညှင်းသီးကိုလည်း မန္တလေးမြို့၊ အင်းတော်မြို့၊ ကသာမြို့နှင့်မဲဇာမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေ‌သော ဒညှင်းသီး ဈေးနှုန်းအနေဖြင့် ဒညှင်းသီးအကြီး တစ်လုံးလျှင်(၃၀၀/၃၅၀)ကျပ် နှင့် ဒညှင်းသီးအသေး တစ်လုံးလျှင်(၂၀၀/၂၅၀)ကျပ်၊ ဒညှင်းသီးအပြုတ်အကြီး တစ်လုံးလျှင်(၃၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၃)လုံး အသေးတစ်လုံး လျှင်(၂၅၀)ကျပ် ငွေကျပ်(၁၀၀၀)ဖိုး (၄)လုံး ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း