ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထားဝယ်မြို့ပေါ်ရှိ  အာလူးစျေးနှုန်း

   တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ပေါ်ရှိ အခြေခံစားကုန်များမှ နေ့စဥ်စားသုံးလျက်ရှိ သော အာလူးသည် ဟင်းလျာများတွင် ထည့်သွင်းချက်ပြုတ်ခြင်းနှင့် အခွံခွာ၍ ပုစွန်ခြောက်နှင့် ကြော်စားခြင်း၊ ချက်ပြုတ်၊ ကြော်လှော်ခြင်းများပြုလုပ်စားသုံးခြင်း၊ အိမ်တွင်းအသေးစားစက်မှု လက်မှုလုပ်ငန်းများတွင် ဆီဖြင့်ကြော်ကာ အထုတ်များထုတ်၍ အာလူးကြော်အဖြစ်ရောင်းချလျက် ရှိသော အာလူးများကို အောင်ပန်းပွဲရုံများ၊ ရန်ကုန်ပွဲရုံများမှအဓိက ဝယ်ယူရောင်းချလျက်ရှိရာ ထားဝယ်မြို့ပေါ်တွင် ရောင်းချလျက်ရှိသော အောက်တိုဘာလပထမအပတ်အတွင်း လက်လီစျေးနှုန်း များမှာ အာလူးတစ်ပိဿာလျှင် ၈၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ထားဝယ်မြို့ပေါ်ရှိ စားဖိုဆောင်သုံးသီးနှံရောင်းချသည့် ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ ကြက်သွန်နီ/ကြက်သွန်ဖြူစျေးနှုန်းများ

   တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ပေါ်ရှိ အခြေခံစားကုန်များမှ နေ့စဥ်စားသုံးလျက်ရှိ သော ဟင်းလျာအများစုတွင် မပါမဖြစ်ထည့်သွင်းချက်ပြုတ်အသုံးပြုရသော ကြက်သွန်နီ/ကြက်သွန် ဖြူများကို ရန်ကုန်ပွဲရုံများမှအဓိက ဝယ်ယူရောင်းချလျက်ရှိရာ ထားဝယ်မြို့ပေါ်တွင် ရောင်းချလျက် ရှိသော လက်လီပိဿာစျေးနှုန်းများမှာ အောက်တိုဘာလ ပထမအပတ်အတွင်း ကြက်သွန်နီ ၂၅၀၀ ကျပ်၊ ကြက်သွန်ဖြူ ကြူကုတ် ၁၈၀၀၀ ကျပ်၊ ကြက်သွန်ဖြူရှမ်းစ ၁၁၀၀၀ ကျပ်(အခွံကြမ်းခွာသန့်စင် ပြီး)ဖြင့် အသီးသီးရောင်းချ လျက်ရှိကြောင်း ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များနှင့် မေတ္တာကမ္ဘာအေး ကိုယ်ပိုင်ဟင်းသီးဟင်းရွက်စျေးမှ ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်တွင် ရောင်းချနေ‌သာ ရွှေဖရုံသီးဈေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်လျက်ရှိကြောင်း သိရှိရ သည်။ ဒေသခံများသည် သခွားသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ဘူးသီး၊ ငရုတ်သီး စသည့် သီးနှံများကို စိုက်ပျိုးကြသည့်အပြင် ရွှေဖရုံသီးများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး မြိတ်မြို့ဈေးကြီးနှင့် ကျေးရွာဈေးများသို့ လာရောက်ရောင်းချ ကြကြောင်း သိရှိရသည်။ရွှေဖရုံသီးသည် အာဟာရဓာတ်များစွာပါဝင်ပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန် သည့်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ကာ ဒေသခံများအနေဖြင့် ဟင်းချိုချက် သောက်ခြင်း၊ ကြော်စားခြင်းများ  ပြုလုပ်လေ့ရှိကြောင်း သိရှိရသည်။

      ၂၀၂၅ခုနှစ်၊ အောက်တိုဘာလပထမပတ်အတွင်း မြိတ်မြို့ပေါ်ရှိဈေးများ၌ ရောင်းချလျက် ရှိသော ရွှေဖရုံသီးဈေးနှုန်းမှာ ရွှေဖရုံသီး(၁)ပိဿာလျှင် (၃၅၀၀)ကျပ်မှ (၄၀၀၀)ကျပ်၊ ရွှေဖရုံသီး (၁)စိတ်လျှင် (၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပွားလျက် ရှိကြောင်း ဒေသခံကုန်စိမ်းရောင်းချသူများထံမှ သိရှိရသည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့ပေါ်ရှိ ရောင်းချနေသော သင်္ဘောသီးဈေးကွက်

    သင်္ဘောသီးပင်ကို မြန်မာနိုင်ငံတွင် နေရာအနှံ့အပြား စိုက်ပျိုးကြပြီး အပူပိုင်းနှင့်အပူ အနည်းငယ်လျော့သည့် ဒေသများတွင် ပိုမိုဖြစ်ထွန်းပါသည်။ သင်္ဘောပင်တွင် အဖိုပင်၊ အမပင်နှင့် လိင်စုံပင်ဆိုပြီး (၃)မျိူးရှိပါသည်။ သင်္ဘောသီးအစိမ်းကို သင်္ဘောသီးသုပ်၊ ယိုးဒယားသင်္ဘောသီးထောင်း စသောအမယ်များအပြင် အသုပ်စုံထဲတွင်လည်း အနည်းငယ် ထည့်၍ စားလေ့ရှိပါသည်။ တချို့မှာ သင်္ဘောသီးယိုအဖြစ်လည်းထိုး၍ စားကြသည်။ သင်္ဘော သီးဟာ အစာချေဖျက်ခြင်းကို ထောက်ကူတဲ့ သဘာဝဝမ်းနုတ်ဆေး တစ်မျိုးလည်း ဖြစ်တာ ကြောင့် ပုံမှန်စားပေးရင် ဝမ်းချုပ်တာ၊ လိပ်ခေါင်းရောဂါဖြစ်တာနဲ့ ဝမ်းလျှောတာတွေကို ကာကွယ်ပေးနိုင်ပါသည်။ယခုတနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ဈေးကြီးများနှင့် အခြားသော ဈေးများတွင် သင်္ဘောသီးအစိမ်းများကို အသီးအရွယ်အစားပေါ်မူတည်၍ ဈေးနှုန်းများကို (၇၀၀)ကျပ် နှင့် (၁၀၀၀)ခန့်ကျပ်ထိ ဈေးရရှိကြောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူထံမှ သိရှိရပါ သည်။

DOCA(တနင်္သာရီ)

 

 

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ အခြေခံစားကုန်ဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိဈေးအတွင်း အောက်တိုဘာလပထမပတ်၌ ရောင်းချလျက်ရှိသော အခြေခံစား သောက်ကုန်များဖြစ်သော ဖျာပုံပေါ်ဆန်း တန်တစ်ပြည် လျှင် ၅၇၀၀ ကျပ်၊ ဧည့်မထဆန် တစ်ပြည်လျှင် ၂၈၀၀ကျပ်ကြက်သွန်နီ တစ် ပိဿာလျှင် ၂၅၀၀ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ကြူကုတ် တစ်ပိဿာလျှင် ၁၃၅၀၀ ကျပ်၊ ချင်း တစ်ပိဿာလျှင် ၈၅၀၀ကျပ်၊ ငရုတ်ခြောက်(အရှည်)တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ငရုတ်ခြောက် (အပု)တစ်ပိဿာလျှင် ၂၇၀၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ မန်ကျည်းသီးမှည့် အစေ့မပါ တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၅၀၀ ကျပ်နှင့် ဘဲဥတစ်လုံးလျှင် ၆၅၀ကျပ်တို့ အသီးသီး ရှိကြပါသည်။

          အခြေခံစားသောက်ကုန်များမှာ မြိတ်မြို့ပေါ်အတွင်း ရောင်းချလျက်ရှိသော အသား မွေးမြူရေးကြက်(စီပီ) ကြက်သားတစ်ပိဿာလျှင် ၂၄၀၀၀ ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် ၃၉၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၃၅၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၂၇၀၀၀ကျပ် အသီးသီး ရောင်းဝယ်နေကြကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်ဒေသထွက် ပအုန်းရည်စျေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သည် ပင်လယ်ရေပတ်လည်ဝန်းရံလျက်ရှိသော မြို့တစ်မြို့ဖြစ်ပြီး ‌ရေငန်ပင်ဖြစ်သောဓနိပင်များ သဘာဝအ‌လျောက် အများအပြားပေါက် ရောက်သောမြို့ဖြစ်သည်။ အဆိုပါ ဓနိပင်များမှ ဓနိပျား၊ ဓနိရည်များထွက်ရှိလျက်ရှိပြီး မြိတ် ဒေသအတွက် အစားအသောက်များတွင် အဓိကအသုံးပြုသော ပအုန်းရည် (သို့)သဘာဝ ရှာလကာရည်များကို ထုတ်ယူကြပါသည်။ ပအုန်းရည်သည် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသနှင့်ပင်လယ်ကမ်းစပ်အနီးတွင် ပေါက်ရောက်သော ရေငန်ပင်ဖြစ်သည့် ဓနိပင်မှထုတ်ယူရရှိသော ဓနိရည်ကို အချဥ်ဖောက်ထားသော အရည် ဖြစ်သည်။ ၂၀၂၅ခုနှစ်  အောက်တိုဘာလ ပထမပတ်တွင် မြိတ်မြို့၌ရောင်းချနေသော ပအုန်းရည်စျေးနှုန်းမှာ ၁လီတာ တစ်ဘူးလျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

 

 

 

 

 

မြိတ်မြို့ရှိ ငါးလိပ်ကျောက်စျေးနှုန်းစျေးကွက်

     ငါးလိပ်ကျောက် ဆိုသည်မှာ ပင်လယ်ရေငံနှင့် ကမ်းစပ်သဲသောင်များမှာ နေထိုင်တဲ့ ငါးလိပ်မျိုးစပ်ငါးတစ်မျိုး ဖြစ်ပြီး မြိတ်ဒေသ၏ရေထွက်ကုန်တစ်ခုလည်း ဖြစ်ပါတယ်။လိပ် တစ်ကောင်ကဲ့သို့ ပုံသဏ္ဍာန်ရှိ၍ခန္ဓာကိုယ်ပေါ်မှာ ကျောက်အခွံသေးသေးလေးများရှိသည့် အတွက် “ငါးလိပ်ကျောက်” လို့ ခေါ်ကြသည်။ အဓိကအားဖြင့် မြိတ်၊ ကျွန်းစုနှင့် အနီးပတ် ဝန်းကျင်ဒေသများ၌ အဓိကထွက်ပြီး အခြားတိုင်းဒေသကြီးများနှင့်ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိသည်။ မြိတ်မြို့တွင်ရောင်းချနေသောစျေးနှုန်းမှာ ငါးလိပ်ကျောက်အစို ၁ပိဿာလျှင် ၃၅၀၀၀ကျပ်နှင့် ငါးလိပ်ကျောက်အခြောက် ၁ပိဿာလျှင် ၅၅၀၀၀ကျပ်နှုန်းဖြင့် ရောင်းချလျက် ရှိကြောင်းသတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

 

 

 

 

 

 

မြိတ်ဒေသထွက်ကုန် ခရုအုန်းစျေးနှုန်း

     တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်မြို့သည် ပင်လယ်ကမ်းရိုးတန်း‌ဒေသဖြစ်သည့်အတွက် ရေထွက်ကုန်များ အများအပြားထွက်ရှိ‌ရာ ဒေသဖြစ်ပါသည်။ ပုဇွန်၊ ကဏန်း၊ ကင်းမွန် စသည်တို့ သာမက ခရုအုန်းလည်းထွက်ရှိပါသည်။ ခရုအုန်းသည် ပင်လယ် ကြမ်းပြင်တွင် ကျက်စားနေထိုင်တတ်ပြီး ငါးဖမ်းရာတွင် အခြားငါးများနှင့်အတူ ငါးဖမ်းပိုက်တွင် ပါလာလေ့ရှိ သည်။ ခရုအုန်း(သို့)အုန်းခရုသည် အခွံခွာထားသည့်အုန်းသီး သဏ္ဌာန်ရှိ၍ ခရုအုန်း (သို့) အုန်းခရုဟု ဒေသခံများခေါ်ကြသည်။ အရောင်အဆင်းမှာ ဝါကြန့်ကြန့် ဖြစ်ပြီး အခွံမာတွင် အစက်ပြောက်များအနည်းငယ်ရှိသည်။

     မြိတ်မြို့ပေါ်ရှိ ဇေယျာသီရိဈေး၊ ဆိပ်ငယ်ဈေးနှင့် မြို့သစ် စျေးတို့တွင် ခရုအုန်း(သို့) အုန်းခရု ၁ပိဿာလျှင် (၂၀၀၀၀)ကျပ်ဖြင့် ရောင်းချကြပြီး အရွယ်အစားအလိုက် ဈေးနှုန်းအ ပြောင်းအလဲရှိနိုင်ကြောင်း သိရှိရသည်။

DOCA(တနင်္သာရီ)

 

 

 

မုံရွာမြို့တွင် ရောင်းချနေသော မာလကာသီး နှင့် ဩဇာသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းတွင် ရာသီစာ အသီးအနှံ မာလကာသီးနှင့်ဩဇာသီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မာလကာသီးနှင့် ဩဇာသီးသည် အသီးတင်သာမက အရွက်ရော အခေါက်ပါဆေးဖက်ဝင်သော အပင်ဖြစ် သည်။ မာလကာသီး နှင့် ဩဇာသီးပင်များ မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ပထမအပတ်အတွင်း မုံရွာမြို့ ချင်းတွင်းရတနာဈေးရှိ  သစ်သီးဆိုင်များတွင်မာလကာသီး အကြီး(၁)လုံးလျှင်(၈၀၀)ကျပ်၊ အသေး (၁)လုံးလျှင် (၅၀၀)ကျပ်၊  ဩဇာသီး အကြီး(၁)လုံးလျှင်(၅၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၃၀၀)ကျပ်၊ (၄)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့် အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော သံပရာသီးနှင့် ရှောက်သီး ဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် သံပရာသီးနှင့် ရှောက်သီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ သံပရာသီးနှင့် ရှောက်သီးများကို ဒေသတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့် စိုက်ပျိုးကြပြီး စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့် သံပရာသီးနှင့် ရှောက်သီးများစိုက်ပျိုးသော တောင်သူများ ဝင်ငွေတိုးတက်လျက်ရှိကြောင်း သိရှိရပါသည်။   

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်အတွင်း ဖြစ်ပေါ်နေသော သံပုရာသီးနှင့် ရှောက်သီးဈေးနှုန်းမှာ သံပုရာသီး အရွယ်အစား အကြီး/အသေး အပေါ်မူတည်၍ တစ်လုံး လျှင် (၁၅ဝိ/-) ကျပ်မှ (၇)လုံးလျှင် (၁၀၀၀) ကျပ်ဖြင့်လည်းကောင်း ၊ ရှောက်သီး (အသေး) (၁)လုံး လျှင် (၃၀၀)ကျပ်နှင့် ရှောက်သီး (အကြီး) (၁)လုံးလျှင်(၅၀၀)  ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း