
နွားထိုးကြီးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၂၇၂၀)ကျပ်၊ 95 Octance(၂၈၀၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၂၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၁၆၀)ကျပ်ဖြင့် ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၇-၁၁-၂၀၂၅ ရက်နေ့တွင်ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ် ရည်ညွှန်းဈေးများမှာ 92 Octance(၂၇၂၀)ကျပ်၊ 95 Octance(၂၈၀၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၂၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၁၆၀)ကျပ် ဖြစ်ကြောင်း သိရှိရသည်။သတ်မှတ်ရည်ညွှန်းဈေးများသည်ယခင်အပတ်ထက်ရိုးရိုးဒီဇယ်တွင်(၅၀)ကျပ်၊ ပရီမီယမ်ဒီဇယ်တွင်(၆၀)ကျပ်တို့အသီးသီးဈေးနှုန်းမြင့်တက်ခဲ့ပြီး 92 Octanceတွင် (၉၅) ကျပ်၊ 95 Octanceတွင် (၁၁၅)ကျပ်တို့ အသီးသီး ဈေးနှုန်း ကျဆင်းခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
