ငါန်းဇွန်မြို့နယ်၏  ဆောင်းနှမ်း စိုက်ပျိုးထားရှိမှု

Powered by Drupal

            ငါန်းဇွန်မြို့နယ် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆောင်းနှမ်းလျာထားဧက (၆၁၃၀) ဧကလျားထားပြီး စိုက်ပျိုးရိတ်သိမ်းမှု (၈၁၅၁)ဧက၊ အထွက်နှုန်းမှာ(၉.၅၅)တင်း၊ အထွက်တင်းပေါင်း (၇၇၈၄၂) တင်းထွက်ရှိပါကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဆောင်းနှမ်းလျာထားဧက(၆၁၄၅) ရှိပြီး အောက်တို ဘာလကုန်ထိ စိုက်ပျိုးပြီးစီးမှုမှာ (၈၁၆၄)ဧက ဖြစ်ကြောင်း သိရသည်။ဆောင်းနှမ်းကို စက်တင် ဘာလကုန်နှင့် အောက်တိုဘာလဆန်းတွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင်ရိတ်သိမ်းကြောင်း သိရသည်။ စိုက်ပျိုးသောမျိုးများမှာ ကြယ်မရှောင်မျိုးနှင့်ဒေသမျိုးကိုသာ အဓိကစိုက်ပျိုးကြောင်း၊ မြစ်ကမ်းဘေးကျေးရွာများအပြင် မိုးကောင်းရေသောက်ကုန်းမြေများတွင်လည်း စိုက်ပျိုးကြောင်း၊ ယခင်နှစ် ဆောင်းနှမ်းဈေးနှုန်းမှာ တစ်ပိဿာလျှင် (၆၅၀၀/၆၇၀၀)ကျပ်ရှိပြီး စိုက်ပျိုးမှုများသော ကျေးရွာများမှာ သားကျင်၊ ရေလည်သောင်၊ ကုလားရွာ၊ မြောက်ကျွန်း၊ အောက်ရိုး၊ ကံဘို၊ ဆူးဖြူကုန်း၊ သံကုန်း၊ တောင်ကုန်း စသည်တို့ဖြစ်ပြီး၊ ရောင်းချမှု အနေဖြင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရသည်။

 DOCA (မန္တလေး)