ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်၌ ဘိလပ်စေ့သီးနှံဈေးနှုန်း အနည်းငယ်မြင့်တက်

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့် ဆီထွက်သီးနှံများ အပြင် ဘိလပ်စေ့သီးနှံကိုလည်း စိုက်ပျိုးကြောင်း၊ ဘိလပ်စေ့ကို ယာကွက်လွတ်များ၌ လည်း ကောင်း၊ ယာခင်းဘေး ပတ်လည်၌လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် စိုက်ပျိုး ကြကြောင်း၊ ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသော ကျေးရွာများမှ ဝင်ရောက်လျက်ရှိပြီး ဘိလပ်စေ့သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

             ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ဘိလပ်စေ့တစ်တင်းလျှင် (၇၀၀၀၀)ကျပ်၊ ဘိလပ်စေ့ညံ့လျှင် (၆၉၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်တတိယ ပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဘိလပ်စေ့တစ်တင်းလျှင် (၂၀၀၀)ကျပ်ဈေးနှုန်း မြင့်တက်လာကြောင်း  သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် ဈေးနှုန်းဆက်လက်မြင့်တက်လာသည့် ပဲလွန်းဖြူ

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက် သီးနှံများ အပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲလွန်းဖြူသီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေး ရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း၊  ပဲလွန်းဖြူသီးနှံ သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများအနေဖြင့် ဝင်ငွေရရှိကာ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ပဲလွန်းဖြူတစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်၊ အကွဲအနာပါတစ်တင်းလျှင် (၉၉၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ စက် တင်ဘာလ တတိယပတ် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲလွန်းဖြူသီးနှံ တစ်တင်းလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းဆက်လက်မြင့်တက်လာကြောင်း၊ ပဲလွန်းဖြူသီးနှံများကို မန္တလေးမြို့ရှိ ကုန်စည်ဒိုင်များနှင့်ပွဲရုံများသို့ တင်ပို့လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)

မိတ္ထီလာမြို့ရှိ ပင်မှည့်သီးဈေးနှုန်းဈေးကွက်

      ပင်မှည့်သီးများကို ဇူလိုင်လ ပထမပတ်မှစတင်၍ မိတ္ထီလာဈေးကြီးနှင့် မိတ္ထီလာမြို့ပေါ်ရှိ သစ်သီးဆိုင်များတွင်ရောင်းချလျက်ရှိပြီး ရှမ်းပြည်တောင်ပိုင်းမှ ဝင်ရောက်လျက်ရှိသည်။ ပင်မှည့်သီးများ စတင် ဝင်ရောက်ချိန်တွင် တစ်လုံးလျှင် (၅၀၀)ကျပ်နှင့် (၁၀၀၀)ကျပ်ဖိုးလျှင် (၃)လုံး၊ (၁)ကီလိုဂရမ်လျှင် (၆၅၀၀)ကျပ် စသဖြင့်ရောင်းချကြပြီး စက်တင်ဘာလအတွင်း ပင်မှည့်သီးဝင်ရောက်မှုများ များပြားလာသောကြောင့် (၁)ကီလိုဂရမ်လျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။

       ယခင် စတင်ဝင်ရောက်ခဲ့သောလထက် ယခုစက်တင်ဘာလတွင် ဝင်ရောက်မှု များပြားခဲ့သောကြောင့် ပင်မှည့်သီးဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်းသိရသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့နယ်၌  ပဲတီစိမ်းဈေးနှုန်း ဆက်လက်ကျဆင်း

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ပဲတီစိမ်းသီးနှံကို ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်း ကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ပဲတီစိမ်းရိုးရိုး တစ်တင်းလျှင်(၇၃၀၀၀) ကျပ်၊ ပဲတီစိမ်းထွက်တိုး တစ်တင်းလျှင် (၇၈၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ယခင်တတိယပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲတီစိမ်းရိုးရိုး တစ်တင်းလျှင် (၃၀၀၀)ကျပ်နှင့် ထွက်တိုးတစ်တင်းလျှင် (၄၀၀၀)ကျပ် ဈေးနှုန်းဆက်လက်ကျဆင်း နေကြောင်း၊ ဈေးကွက်အနေဖြင့် ပဲတီစိမ်းများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ အများ ဆုံးတင်ပို့ရောင်းချကြောင်း သီးနှံပွဲရုံများထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

မိတ္ထီလာခရိုင်၏ ဝါသီးနှံစိုက်ပျိုးမှု

     မိတ္ထီလာခရိုင်ရှိ မြို့နယ် (၄) မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအနက် ဝါသီးနှံကို လည်း စိုက်ပျိုးဖြစ်ထွန်းရာ စိုက်ပျိုးကာလပေါ်မူတည်၍ မိုးကြိုဝါ၊ မိုးဝါ၊မိုးနှောင်းဝါဟူ၍ စိုက်ပျိုးကြပါ သည်။ မိုးကြိုဝါကို ဖေဖော်ဝါရီ၊ မတ်လများတွင် စိုက်ပျိုးရာ နွေရာသီဖြစ်၍ ဆည်ရေရရှိသော မြေများ တွင်သာစိုက်ပျိုးနိုင်သဖြင့် နှစ်စဉ် သာစည်မြို့နယ်တွင်သာ ဧကအနည်းငယ်ဖြင့် စိုက်ပျိုးနိုင်ပြီး၊ မိုးဝါနှင့် မိုးနှေင်းဝါကိုသာမြို့နယ်အားလုံး စိုက်ပျိုးကြပါသည်။

      စိုက်ပျိုးသောမျိုးအနေနှင့် မလှိုင်ဝါကို မိတ္ထီလာ မြို့နယ်နှင့် မလှိုင်မြို့နယ်တို့တွင် စိုက်ပျိုးမှုရှိရာ မလှိုင်ဝါမှာ ချည်မျှင်တိုပြီး အထွက်နှုန်းအနေဖြင့် တစ်ဧက ပိဿာ (၁၀၀) ကျော်သာထွက်ရှိပါသည်။ ချည်မျှင်ရှည်ဝါမှာ အထွက်နှုန်းကောင်းရာ တစ်ဧက ပျမ်းမျှ (၃၅၀) မှ (၄၀၀) ပိဿာကျော်ထိထွက်ရှိသဖြင့် အများအပြား စိုက်ပျိုးကြပါသည်။ ယခုနှစ် (၂၀၂၅-၂၀၂၆ ခုနှစ်) စိုက်ပျိုးရာသီတွင် မျိုးဈေးမှာ ရာကာ (၁) ထုပ်လျှင် (၆၅၅၀၀) ကျပ်၊ ရွှေတောင် - ၁၀ မျိုးမှာ တစ်ပိဿာ (၁၀၀၀၀) ကျပ်၊ ရာကာတစ်နှစ်စိုက်ပြီးမျိုးမှာ တစ်ပိဿာ (၃၀၀၀) ကျပ် ဈေးရှိခဲ့ ပါသည်။ ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီအတွက် မိတ္ထီလာခရိုင်တွင် မလှိုင်ဝါ (၄၁၁၄) ဧက၊ ချည်မျှင် ရှည်ဝါ (၂၄၂၇၂) ဧက၊ စုစုပေါင်း (၂၈၃၈၆) ဧက စိုက်ပျိုးထားရာ ယခင်နှစ်ထက်ဲဧက (၂၀၀၀) ကျော် ပိုမို စိုက်ပျိုးနိုင်ကြောင်း သိရသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့ရှိ ထန်းလျက်နှင့်ပြုလုပ်သည့်မုန့်မျိုးစုံဈေးကွက်

      မိတ္ထီလာမြို့ ၊ မြို့မဈေးကြီးတွင် ထန်လျက်နှင့်ပြုလုပ်သော ဗမာမုန့်အမျိုးအစားများစွာရှိပါ သည်။ ခေါက်မုန့် ၊ မုန့်ဩဇာ ၊ ပေါက်ပေါက်ဆုပ် ၊ ကျောက်ဖရုံယိုတို့မှာ အချိုကြိုက်သူများကသွားရည် စာအဖြစ်စားသုံးမှုရှိသလို အိမ်အပြန်လက်ဆောင် ၊ ဒေသထွက်လက်ဆောင်များအဖြစ်ဝယ်ယူမှုများရှိ သဖြင့် ဈေးကွက်တွင်အရောင်းသွက်သည်ကိုတွေ့ရပါသည်။

      ထန်းလျက် ၊ ကုလားပဲမှုန့်တို့နှင့်ပြုလုပ်ရ သောကုလားပဲချောင်း ၊ ထန်လျက် ၊ ဆန်မှုန့် ၊ ကောက်ညှင်းမှုန့်တို့နှင့်ပြုလုပ်ရသောမုန့်ဩဇာတို့မှာ မိတ္ထီလာမြို့နယ်အတွင်းမှာပင် လုပ်ငန်းရှင်များရှိပြီး ဘဲဥ ၊ ဆန်မှုန့် ၊ ထန်းလျက်တို့နှင့်ပြုလုပ်ထားသော ခေါက်မုန့် ၊ ပေါက်ပေါက်ပွင့် ၊ ထန်းလျက်တို့ဖြင့်ဆုပ်ထားသော ပေါက်ပေါက်ဆုပ် တို့မှာ မလှိုင်မြို့နယ် မှဝင်ရောက်ကြောင်းသိရသည်။

      မြို့မဈေးကြီးအတွင်းရောင်းချရာ၌ ကုလားပဲချောင်း (၁)ထုပ်လျှင် (၁၅၀၀/)ကျပ် ၊ မုန့်ဩဇာတစ်ထုပ်လျှင်(၂၂၀၀/)ကျပ် ၊ ခေါက်မုန့်တစ်ထုပ်(၁၀၀၀/)ကျပ်၊ ပေါက်ပေါက် ဆုပ်တစ်ပိဿာ(၈၀၀၀/)ကျပ် တို့ဖြင့်ရောင်းချရကြောင်း ၊ မိတ္ထီလာမြို့ ၊ မြို့မဈေးကြီး အတွင်း လက်လီ ရောင်းချရပြီး ၊ တောင်ကြီး ၊ တာချီလိတ် ၊ ရန်ကုန်မြို့များမှ အမှာရှိလျှင်လည်း တင်ပို့ရကြောင်းသိရ ပါသည်။

DOCA(မန္တလေး)

ရောင်းသူ/ဝယ်သူအဆင်ပြေသည့် မိတ္ထီလာမြို့ရှိ ငှက်ပျောသီးရပ်ကွက်ဈေးသည်

       မိတ္ထီလာမြို့ရှိ ရပ်ကွက်များတွင်လှည့်လည်ရောင်းချသည့် ငှက်ပျောသီးသည်များမှာလည်း အရောင်းတွင်ကျယ်မှုရှိကြောင်းသိရသည်။ငှက်ပျော်သီးများကိုရပ်ကွက်များအတွင်း လှည့်လည်ရောင်းချသည့်ဈေးသည်များမှာ တောင်းဖြင့်ရွက်၍ရောင်းချသူများလည်းရှိကြသည်။

       မိတ္ထီလာမြို့  ၊ မြို့မဈေးကြီးရှိ ငှက်ပျောဒိုင်များမှဝယ်ယူကာ မြို့ပေါ်ရပ်ကွက်များသို့လှည့်လည်ရောင်းချကြရာ တစ်ရက်ရောင်းအား ကိုဝယ်ယူပြီး နေ့ချင်းရောင်းချကြရာ တစ်ရက်လျှင်ငှက်ပျောဖီး (၂၀-၂၅)ဖီးခန့်ရောင်းချရကြောင်း ၊ ရပ်ကွက်နေ စားသုံးသူများကလည်း မြို့မဈေးကြီးသို့ ငှက်ပျောသီးဝယ်ယူရန်အတွက် သီးသန့်သွား ရောက်မဝယ်ယူရဘဲအလွယ်တကူဖြင့်အိမ်ရှေ့အရောက် ဝယ်ယူရကာ ဈေးနှုန်းအနေဖြင့်လည်း မြို့မဈေးကြီးတွင်ဝယ်ယူရသည့်ဈေးနှင့် နှိုင်ယှဉ်ပါက သွားလာရသည့် အလုပ်ပိုခြင်းမှ သက်သာခြင်း၊ ဆိုင်ကယ်  TAXI ၊ သုံးဘီးခသက်သာခြင်းစသည့် အကျိုးကျေးဇူးများကြောင့် ဝယ်ယူကြပါသည်။

       မြို့မဈေးကြီးမှ ငှက်ပျောသီးဖီးကြမ်းတစ်ဖီး ၄၀၀၀/ကျပ် ၊ ငှက်ပျောသီးမွှေးတစ်ဖီး (၂၀၀၀/၂၅၀၀)ကျပ်တို့ဖြင့် ဝယ်ယူ ကာ ရပ်ကွက်များ၌ (၅၀၀/-၁၀၀၀/)ကျပ် အမြတ်တင်ကာရောင်းချခြင်းဖြင့် ရောင်းသူ/ဝယ်သူ အဆင်ပြေလျက်ရှိကြောင်းသိရပါသည်။

DOCA(မန္တလေး)

ဝူခုန်းသခွားမွှေး ဈေးနှုန်း ၊ ဈေးကွက်

       မိတ္ထီလာမြို့သစ်သီးဈေးကွက်၌ စက်တင်ဘာလ တတိယပတ်တွင် ဝူခုန်းသခွားမွှေးများ အရောင်းပုံမှန်ရှိကြောင်းသိရပါသည်။ မိတ္ထီလာဈေးကွက်သို့ စစ်ကိုင်းဘက်မှ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

       အသီးများသည် ၂ ရက်ခြား ၊ ၃ရက်ခြားတစ်ခါ အလုံး(၁၀၀-၁၅၀)နှုန်းဖြင့် ဝင်ရောက်လျက်ရှိပြီး မြို့တွင်း အအေးဆိုင်များမှ အဝယ်ရှိသဖြင့် အရောင်းအဝယ်ပုံမှန်ရှိကြောင်းဈေးနှုန်းအနေဖြင့် အလုံးအရွယ်အစားအလိုက် တစ်လုံး (၅၀၀၀ မှ ၈၀၀၀)ကျပ်ဖြစ်ကြောင်း မိတ္ထီလာမြို့ ၊ ဘဲကန်ဈေးရှိ သစ်သီးရောင်းချသူများထံမှစုံစမ်းသိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့နယ်တွင် ပဲဇီးကွက်သီးနှံဈေးနှုန်း အနည်းငယ်ကျဆင်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပဲဇီးကွက်သီးနှံကို ကန့်ဘလူမြို့နယ် ဆန္ဒယားကျေးရွာ၊ ကံကြီးကုန်းကျေးရွာနှင့် အခြားသောကျေး ရွာများတွင်လည်း စိုက်ပျိုးကြောင်း သိရှိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ပဲဇီးကွက်တစ်တင်းလျှင် (၉၉၀၀၀)ကျပ်၊ အကွဲအနာပါလျှင် (၉၈၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ စက်တင်ဘာလ တတိ ယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲဇီးကွက်သီးနှံ တစ်တင်းလျှင် (၄၀၀၀)ကျပ် ကျဆင်းသွားကြောင်း၊ ပဲဇီးကွက်သီးနှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက် ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA (စစ်ကိုင်း)

ကန့်ဘလူမြို့ပဲဈေးကွက်၌ ပဲစဉ်းငုံဈေးနှုန်း အနည်းငယ်ကျဆင်း

        မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်လည်း သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီသည့် ပဲစဉ်းငုံသီးနှံကို အဓိကစိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေး ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

   ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ပဲစဉ်းငုံနီတစ်တင်းလျှင် (၆၇၀၀၀)ကျပ်၊ ပဲစဉ်းငုံဖြူတစ်တင်းလျှင် (၆၅၀၀၀)ကျပ်နှင့် အောက်စတစ်တင်းလျှင်(၆၄၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း၊ ယခင်တတိယပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ် အတွင်း ပဲစဉ်းငုံနီတစ်တင်းလျှင်(၄၀၀၀)ကျပ်နှင့် ပဲစဉ်းငုံဖြူ(၁)တင်းလျှင် (၄၀၀၀)ကျပ် ဈေးနှုန်းကျ ဆင်းသွားကြောင်း၊ ဒေသထွက်ပဲစဉ်းငုံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း