ပန်းအိပျိုးပင်ဈေးကွက်

Powered by Drupal

           ပန်းအိပင်သည် ရနံ့မကြွယ်သော ပန်းပွင့်သည့် ပန်းအလှပင် ချုံပင်ကြီးမျိုးဖြစ်သည်။ မိုးရာသီတွင် ပန်းအိပန်းများ အဆုပ်လိုက်အခိုင်လိုက် အပွင့်များ အူနေအောင် ပွင့်သောပန်း ဖြစ်သည်။ ရနံ့မကြွယ်ပေမယ့်လည်း အနည်းငယ်ရနံ့သင်းသင်းတော့ ရှိပါသည်။ ပန်းပွင့်များ၏ ပွင့်ချပ်တို့သည် ဆပ်တွန့်ကဲ့သို့ အတွန့်တွန့်ကလေးများဖြင့် နုနယ်ပါသည်။ အပူပိုင်းဒေသများတွင် အောင်မြင်ဖြစ်ထွန်းနိုင်သော နှစ်ရှည်ပင်ဖြစ်သည်။ ပန်းအိပင်ကို ပန်းဥယျာဉ်များ အိမ်ခြံဝင်း ၊ ဘုရား ကျောင်းကန်များတွင် အလှပန်းပင်အဖြစ် စိုက်ပျိုးလေ့ရှိသည်။ အပင်ရင့်သွားလျှင်  အပွင့်နဲ့တက်၍ များများပွင့်ရန် အပွင့်တုံးပြီး နောက်ပိုင်းအကိုင်းအခက်များကို ခုတ်ပေးရသည်။ မိုးဦးကျကာလ အညွှန့်အတက်အသစ်များထွက်လာပြီး အပွင့်များ အူခဲနေအောင် ပွင့်တတ်ပါသည်။ ပန်းအိ ပန်းပင်များမှာလည်း သပြေဘူတ၊ ပန်းစက္ကူပန်းများကဲ့သို့ ပင်လုံးကျွတ်အများကြီးပွင့်တတ်ပါသည်။ ပန်းအိပန်းရောင်စုံရှိပြီး ပန်းရောင်၊အဖြူရောင်၊အနီရောင်၊ခရမ်းရောင်၊မရမ်းရောင်စသည်ဖြင့် အရောင်မျိုးစုံရှိပြီး ရောင်းအားအသင့်တင့်ရှိသော ပန်းပင်များဖြစ်သည်။ပန်းက လေးတွေက သူတို့ရဲ့ အရောင်အဆင်းပေါ် မူတည်၍လည်း ဂုဏ်တင့်စေသည်။ ပန်းရောင်အိပန်းလေးတွေက နူးညံ့ သိမ်မွေ့ခြင်း၊နှစ်လိုဖွယ်ကောင်းခြင်း၊ ချစ်ဖို့ကောင်းခြင်းကို ဆောင်ကြဉ်းပါသည်။ ပန်းရောင်၏ သဘောသည် စိတ်ကိုနူးညံ့စေပြီး ဒေါသပြေလျော့စေသည်။ အဖြူရောင်ပန်းကလေးများသည် သန့်ရှင်းမှု၊ တည်ငြိမ်မှု၊ သဘောထားဖြူစင်မှုကိုကိုယ်စားပြုသည်။ပန်းအိပန်းကလေးများသည်ရောင်စုံချစ်ပန်းကလေးများဖြစ်သည့်အတွက်ကြောင့်လည်းစိုက်ပျိုးသင့်သောပန်းပင်ဖြစ်သည်။ပန်းအိပျိုးပင်တစ်ပင်လျှင်အရောင်နှင့်အပင်အရွယ်အစားပေါ်မူတည်၍ (၃၀၀၀/ ၅၀၀၀/ ၈၀၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ သိရှိရသည်။

DOCA(မန္တလေး)