ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အသင့်သောက်အချိုရည်များ ပုံမှန်အရောင်းအဝယ်ရှိသော်လည်း ပြည်တွင်းထုတ်အချိုရည်အချို့နှင့် ယိုးဒယားထုတ်အချိုရည်များပစ္စည်း ပြတ်လပ်မှုရှိ

        မြင်းခြံမြို့နယ်အတွင်း အသင့်သောက်အချိုရည်များစွာရောင်းဝယ်လျက်ရှိကြပြီး အချို့အချိုရည်  များဖြစ်သော Fire Dragon ၊ Pocari Sweat ၊ Carabo(ကျွဲစိမ်း) ၊ Lactasoy (ပဲနို့) ၊ Vito (ပဲနို့) အချိုရည်များသည် ဈေးကွက်အတွင်းအဝယ်ရှိသော်လည်း ရောင်းချနိုင်ခြင်းမရှိဘဲ ပစ္စည်းပြတ်လပ် လျက်ရှိကြောင်းသိရသည်။ အအေးရာသီ အအေးကာလဆိုသော်လည်း ရာသီဥတုအနေဖြင့် အေးချမ်းတာမျိုးမရှိသည့်အတွက် အချိုရည်ကိုတော့ပုံမှန်ရောင်းချရမှုရှိကြောင်း အအေးမျိုးစုံရောင်းချ သူ တစ်ဦးထံမှသိရသည်။ အချိုရည်ဈေးနှုန်းများအနေဖြင့် Blue Mountain ၁၂ လုံး ၁ ကဒ် ၁၀၅၀၀ ကျပ် ၊ Honey Gold ၂၄ လုံး ၁ ကဒ် ၂၆၅၀၀ ကျပ်၊ Rocker ၂၄ လုံး ၁ ကဒ် ၂၁၅၀၀ ကျပ်၊ Asia lycee ၂၄ လုံး ၁ ကဒ် ၂၀၅၀၀ ကျပ် ၊ Asia ပင်မှည့် ၂၄ လုံး ၁ ဖာ ၁၀၇၀၀၀ ကျပ် ၊ Terget ၁၂ လုံး ၁ ကဒ် ၉၀၀၀ ကျပ်၊ ကိုကာကိုလာ ၁၂ လုံး ၁ ကဒ် ၁၀၅၀၀ ကျပ်၊ Sunkist ၁၂ လုံး ၁ ကဒ် ၉၈၀၀ ကျပ်၊ KoKu Red Grape ၁၂ လုံး ၁ ကဒ် ၁၁၈၀၀ ကျပ်၊Shark ၂၄ လုံး ၁ ကဒ် ၄၇၅၀၀ ကျပ်၊ lipo ၁၂ လုံး ၁ ကဒ် ၃၅၀၀၀ ကျပ် ၊ life ရေသန့် ၁ လီတာ ၆ ဗူး ၁ ကဒ် ၃၁၀၀ ကျပ် ၊ ၀.၅ လီတာ ၁၂ ဗူး ၁ ကဒ် ၂၉၀၀ ကျပ်နှင့် Asia ရေသန့် ၆ ဗူး ၁ ကဒ် ၂၉၀၀ ကျပ် များဖြင့်ရောင်းချလျက်ရှိကြောင်းသိရသည်။

DOCA (မန္တလေး)

ကြက်သွန်ဖြူဈေးကွက်

            မြင်းခြံမြို့နယ်အနေဖြင့် စားဖိုဆောင်သုံး ကြက်သွန်ဖြူများကို ဒေသတွင်းစိုက်ပျိုးမှုရှိသောလည်း ဈေးကွက်အတွင်း ကာလကြာရှည်စွာသုံးစွဲနိုင်ခြင်းမရှိသည့်အတွက် ဈေးကွက်လိုအပ်ချက်အရ ရှမ်းပြည်နယ် ၊ အောင်ပန်း ထွက်ကြက်သွန်များဖြစ်သော ရှမ်းဖြူ (ရှမ်းကြက်သွန်ဖြူ) များကိုသာ ဝယ်ယူရောင်းချနေရကြောင်း မြင်းခြံမြို့အေးမြသီတာဈေး ကုန်ခြောက်ဈေးတန်းမှသိရသည်။ ဈေးနှုန်းအနေဖြင့် တစ်ပိဿာ ၂၅၀၀ ကျပ်မှ ၇၀၀၀ ကျပ်အတွင်းရှိပြီး ပစ္စည်းအရည်အသွေး အလုံးအကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိကြောင်းသိရသည်။ ဗမာကြက်သွန် များကိုတော့ မြင်းခြံမြို့နယ် အနေဖြင့်စိုက်ပျိုးဆဲကာလဖြစ်ကြောင်းလေ့လာသိရှိရသည်။

  DOCA (မန္တလေး)

မုံရွာမြို့တွင် ရောင်းချနေသော  ဩဇာသီးနှင့်မာလကာသီးဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ နှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ နှစ်ရှည်သီးနှံဖြစ်သည့် မာလကာသီးပင်၊ ဩဇာသီးပင်၊ ဂွေးပင်၊ သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်နှင့် မန်ကျည်းသီးပင် များကိုလည်း မိမိတို့ နေအိမ်ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုး လျက်ရှိ ကြပါသည်။ စိုက်ပျိုးရရှိသော သီနှံများထဲမှ  ဩဇာသီးနှင့် မာလကာသီးမျာကို မုံရွာ မြို့၊ ချင်းတွင်းရတနာဈေး၊ သံလမ်းဈေးနှင့် ဈေးဟောင်းတို့တွင်  လာရောက်ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် ဩဇာသီးဈေးနှုန်းများမှာ အရွယ်အစား အလိုက်ဈေးအမျိုးမျိုးရှိပြီး အရွယ်ကြီးအလုံးလှ(၁)လုံးလျှင် (၈၀၀)ကျပ်၊ အရွယ်သေး အလုံးသေး (၁)လုံးလျှင်(၅၀၀)ကျပ်ဖြင့်လည်းကောင်း၊  ကီလိုမာလကာသီးဈေးနှုန်းများအနေဖြင့် အကြီး တစ်လုံးလျှင် (၈၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၅၀၀) ကျပ်ဖြစ်ပြီး အကြီးအသေး ပေါ်မူ တည်ပြီး ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ ကျောက္ကာလမ်းဘေးတစ်လျောက်ရှိ အုန်းသီးနှင့်ရှောက်ပန်းသီးဈေးနှုန်း

     မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတစ်လျောက်တွင် တွင်းမဒေသထွက် အုန်းသီးများ အဓိက ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။  အုန်းပင်ကို  အရွက်အလက်မှစ၍ အုန်းမြစ်အထိ လူသုံးကုန်ပစ္စည်းအမျိုးမျိုးလည်း ပြုလုပ်နိုင်ပါသည်။ အုန်းသီးအသားကို စားသောက်ကုန်အမျိုးမျိုး အသုံးပြုနေကြပြီး အုန်းစိမ်းရည်ကို ကျန်းမာရေး အရ ဆေးဖက်ဝင်အဖြစ် သောက်သုံးနေကြပြီးလည်း ဖြစ်ပါသည်။       မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတွင် နိုဝင်ဘာလ ဒုတိယပတ်၌ ဖြစ်ပေါ်နေသော အုန်းသီးဈေးနှုန်းများမှာ အုန်းစိမ်းရေသောက် အုန်းသီး အနု/အရင့်၊  အကြီး/ အသေးပေါ်         မူတည်၍  အုန်းသီးတစ်လုံးလျှင် (၂၃၀၀)ကျပ်မှ (၃၄၀၀)ကျပ်အထိလည်း‌ကောင်း၊ ရှောက်ပန်းသီး တစ်လုံးလျှင် (၂၄၀၀)ကျပ်မှ (၂၇၀၀)ကျပ်ဖြင့်လည်းကောင်း မုံရွာမြို့၊ ကျောက္ကာလမ်း‌ဘေး တစ်လျောက်တွင်  ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

သံလမ်းဈေး၊ ချင်းတွင်းရတနာဈေးနှင့် မြသလ္လာဈေးတို့တွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများ

       ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် မုံရွာမြို့ရှိ သံလမ်းဈေး၊ ချင်းတွင်း ရတနာဈေးနှင့် မြသလ္လာဈေးတို့တွင် ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ  နံနံပင်(၁)စည်းလျှင် (၁၅၀)ကျပ်၊ နံနံပင်(၃)စည်းလျှင် (၄၀၀)ကျပ်၊ မုံလာဥဖြူ (၄)လုံးပါ တစ်တွဲ လျှင် (၆၀၀)ကျပ်၊ (၂)တွဲလျှင် (၁၁၀၀)ကျပ်၊  ချဉ်ပေါင်ရွက် (၁)စည်းလျှင် (၁၀၀)ကျပ်၊ မှ (၁၅၀)ကျပ်၊ မုန်ညှင်းရွက်(၁)စည်းလျှင် (၃၀၀)ကျပ် (၂)စည်းလျှင် (၅၀၀)ကျပ်၊ ပင်စိမ်း (၁)စည်းလျှင် (၁၀၀)ကျပ်မှ (၂၀၀)ကျပ်ဖြင့် ရောင်းချက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့ရှိဈေးများတွင် ရောင်းချနေသည့် ဟင်းချိုရွက်၊ ကင်းပုံသီး၊ ခရမ်းကဆော့သီးဈေးနှုန်း

     ရွှေဘိုမြို့ရှိဈေးများတွင် ဟင်းချိုရွက်တစ်မျိုးဖြစ်သည့် ဒန့်သလွန်ရွက်၊ ပြည်ပန်းညိုရွက်၊ ကင်းပုံရွက်၊ ဆူးပုတ်ရွက်များကို ရောင်းချလျက်ရှိပါသည်။ ဟင်းချိုရွက်များမှာ အညာဒေသမှထွက်ရှိပြီး မိမိတို့အိမ်တွင်သော်လည်းကောင်း၊ ခြံများ၊ ကုန်းများတွင်သော်လည်းကောင်း စိုက်ပျိုးကြ ကြောင်း၊ ဟင်းချိုရွက်များကို အစည်းလိုက်သော်လည်းကောင်း၊ တစ်ပုံစာအပုံလေးများသော်လည်းကောင်း ရောင်းချကြကြောင်း၊ ဟင်းချိုရွက်ဖြစ်သည့် ဒန့်သလွန်ရွက်(၁)စည်းလျှင် (၃၀ဝိ/-)ကျပ်၊ ပြည်ပန်းညိုရွက် လက်တစ်ပုံစာ (၁)ပုံလျှင် (၅၀ဝိ/-)ကျပ်၊ ကင်းပုံရွက်၊ ပြည်ပန်းညို၊ ဆူးပုတ်လေး ပါသည့် အရွက်စုံတစ်ပုံလျှင် (၅၀ဝိ/-)ကျပ်၊ ဆူးပုတ်လေးသန့်သန့် (၁)ပုံလျှင် (၇၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ကင်းပုံသီးတွင် အချိုနှင့်အခါးဟူ၍ (၂)မျိုးရှိကြောင်း၊ ကင်းပုံသီး  (၂၅)ကျပ်သားလျှင် (၈၀ဝိ/-)ကျပ်၊ ခရမ်းကဆော့သီး နို့ဆီဗူး(၁)ဘူးလျှင် (၁၅၀ဝိ/-)ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သာစည်ဈေးတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးနှုန်း

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် မုံရွာမြို့၊ သာစည်ဈေးတွင် ရောင်းချ နေသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ရှောက်ရွက်အညွှန့်(၅)ညွှန့်ပါ (၁)စည်းလျှင်(၂၀၀) ကျပ်၊ (၃)စည်းလျှင်(၅၀၀)ကျပ်၊ ဖက်ဖယ်ရွက်(၁)စည်းလျှင် (၃၀၀/၄၀၀)ကျပ်၊ မြင်းခွာရွက်တစ်ပုံ လျှင်(၅၀၀/၆၀၀)ကျပ်၊ မုန့်ညှင်းရွက်တစ်စီးလျှင် (၃၀၀)ကျပ်၊ မုန့်ညှင်းရွက်(၂)စီးလျှင်  (၅၀၀) ကျပ်၊   ကန်ဇွန်းရွက်တစ်စီးလျှင် (၂၀၀)ကျပ်၊ (၃)စည်းလျှင် (၅၀၀)ကျပ်၊ ဂွေးတောက်ရွက် ပိဿာလျှင်(၂၅၀၀/၃၀၀၀)ကျပ်၊ ဖရုံညွန့်တစ်စည်းလျှင် (၂၀၀/၃၀၀)ကျပ်၊ ဘူးညွန်းတစ်စည်း လျှင် (၂၅၀/၃၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ပဲစောင်းလျားသီး၊ သခွားသီးနှင့် ခရမ်းကြွပ်သီးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ကန့်လန့်ဖူး၊ မုံညှင်းရွက်၊ ခရမ်းကဆော့သီး၊ ကြက်ဟင်းခါးသီး၊  ခရမ်းသီးများ ရောင်းချလျက်ရှိရာ ယခုအခါ ပဲစောင်းလျားပင်၊ သခွားသီးပင်နှင့် ခရမ်းကြွပ်သီးပင်များကို နေအိမ် ခြံဝင်းများတွင်လည်းကောင်း၊ ယာကွက်ခြံစည်းရိုးများတွင်လည်းကောင်း စိုက်ပျိုး၍ ရောင်းချလျက် ရှိကြောင်းသိရသည်။ ပဲစောင်းလျားသီး၊ သခွားသီးနှင့် ခရမ်းကြွပ်သီးများကို သုပ်စား၊ချက်စား၊ ငပိရည်နှင့်တွဲဖက်၍လည်း အမျိုးမျိုးပြုလုပ်၍ စားသုံးကြကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ပဲစောင်းလျားသီး၊ သခွားသီးနှင့် ခရမ်းကြွပ်သီးများကို ကန့်ဘလူမြို့ပေါ်၊နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများ မှဝယ်ယူ၍ ရောင်းချလျက်ရှိကြောင်း၊ ပဲစောင်းလျားသီး()တောင့်ပါ ()စည်းလျှင် (၅၀၀)ကျပ်၊ ()စည်းလျှင် (၁၃၀၀)ကျပ်၊ သခွားသီး()လုံးလျှင် (၁၀၀၀)ကျပ်၊ ခရမ်းကြွပ်သီး()ပိဿာလျှင် (၃၈၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအ ဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

                            

မြင်းခြံမြို့၏ဗမာကြက်ဟင်ခါးသီးဈေးနှုန်းများမြင့်တက်လာခြင်း

                မြင်းခြံမြို့နယ်ရှိ အေးမြသီတာဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းဝယ်လျက်ရှိသည့်အနက် ဗမာကြက်ဟင်းခါးသီးများကိုလည်း ရောင်းချလျက်ရှိကြောင်း၊ ၎င်းအသီးများကို ဒေသတွင်းကျေးရွာများမှ ထွက်ပေါ်ချိန်ကုန်ဆုံးပြီဖြစ်သောကြောင့် ပုပ္ပါးမြို့တို့မှ မှာယူရောင်းချ လျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ် နိုဝင်ဘာလတွင် ဗမာကြက်ဟင်းခါးသီး ၂၅ ကျပ်သားလျှင်(၂၂၀၀)ကျပ်၊ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့်ရောင်းချရှိကြောင်း၊ ယခင် အောက်တိုဘာလ တွင် ဗမာကြက်ဟင်းခါးသီး ၂၅ ကျပ်သားလျှင် (၁၇၀၀)ကျပ်၊ တစ်ပိဿာလျှင် (၆၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် ဗမာကြက်ဟင်းခါးသီး ၂၅ ကျပ်သားလျှင် (၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ခန့် ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း၊ ထိုသို့မြင့်တက်ခဲ့ခြင်းမှာ ဗမာကြက်ဟင်းခါးသီးများ ရာသီချိန်ကုန်ဆုံးပြီး ရှားပါးလာချိန်ဖြစ်သောကြောင့် ဈေးနှုန်းများမြင့် တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗမာကြက်ဟင်းခါးသီးများသည် ဆေးဖက်ဝင်သောကြောင့် စားသုံးမှုများပြားကြောင်း၊ဈေးကွက်တွင် ဝယ်လိုအားများပြားပြီး ရောင်းလိုအားနည်းလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

  DOCA (မန္တလေး)

 

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့်ဆန်ဈေးနှုန်းစာရင်း

           ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၈.၁၁.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၄၇၆ အိတ်နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၁၈၀ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၈၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၁၂၀ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၇၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၇၀ နှင့် ဈေးနှုန်းများမှာ ၄၄၅၀၀ မှ ၄၆၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၂၈၄ နှင့် ဈေးနှုန်းများမှာ ၄၄၀၀၀ မှ ၄၆၅၀၀ကျပ်၊ ပဲခူး(အနောက်) ၃၁၂၈ အိတ်နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၉၄၅ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၈၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၇၅၄ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၇၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၈၅၆ နှင့် ဈေးနှုန်းများမှာ ၄၄၅၀၀ မှ ၄၆၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၁၄၃ နှင့် ဈေးနှုန်းများမှာ ၄၄၀၀၀ မှ ၄၆၅၀၀ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၅၉၈ အိတ်နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၀၈၆ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၈၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၈၃၀ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၇၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၂၃ နှင့် ဈေးနှုန်းများမှာ ၄၄၅၀၀ မှ ၄၆၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၀၉၆ နှင့် ဈေးနှုန်းများမှာ ၄၄၀၀၀ မှ ၄၆၅၀၀ ကျပ်တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။    

           သို့ဖြစ်ပါ၍ ၈.၁၁.၂၀၂၅ ရက်နေ့တွင်  ဆန်အိတ်ရေစုစုပေါင်း ၄၃၄၈၉ အိတ်ဝင်ရောက်ခဲ့ပြီး ဆန်ဈေးနှုန်းမှာ ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း