
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အနီးတစ်ဝိုက်ပတ်ဝန်းကျင်တွင် တရုတ်စောင်းလျား ပင်လေးများ ပေါက်ရောက်လျက်ရှိနေပါသည်။ တရုတ်စောင်းလျားသီးသည် အချဉ်ဓာတ် လွန်ကဲသောကြောင့် သကြားရေနှင့်စိမ်ပြီးစားသုံးမှ ကောင်းလှပါသည်။ အသီးအရောင်မှာ စိမ်းဝါ ရောင် သို့မဟုတ် အစိမ်းရောင် တောက်တောက်ဖြစ်ပြီး အသီးမမှည့်ခင်တွင် အသီးအပေါ်ယံ မျက်နှာပြင်သည် ချောမွတ်မှုမရှိသော်လည်း မှည့်သွားသည့်အခါ မျက်နှာပြင်ချောမွတ်သွားပြီး ဆင်စွယ်ရောင်နီးပါးဖြူသောအသီးများသည် ဆောင်းဦး ပေါက်တွင် မြေပေါ်သို့ ကြွေကျပါသည်။ ၎င်း၏အသီးအခွံသည်ပါးလွှာ၍ အရည်ရွှမ်းကာ ကြွပ်ဆတ်ပါသည်။
တရုတ်စောင်းလျားသီးအပင်သည် ပင်စည်မှစပြီး ပင်စည်နှင့်အကိုင်းများအားလုံးနီးပါးရှိ အညှာလေးများမှ အပင်တစ်ပင်လုံးလှိုင်နေအောင်သီးသည့် အသီးတစ်မျိုးဖြစ်ပါသည်။ အသီး၏ ထိပ်ပိုင်းနှင့် နောက်ပိုင်းကို ဓါးနှင့်ဖြတ်ပြီး လေးခြမ်းခြမ်းကာ မာလာကာသီး၊ သရက်သီးများကဲ့သို့ သုတ်စား၍ရသလို အသီးကိုပါးပါးလှီးပြီး အရည်ညစ်ကာ ပုစွန်ခြောက်၊ စိမ်းစားငါးပိ၊ ရေကျိုငါးပိ၊ မြေပဲဆံများနှင့်ကြော်စားခြင်း၊ အသီးမှာ ရာသီအလိုက်သီးပြီး တစ်နှစ်ပတ်လုံး အပင်မှ ပန်းပွင့်ပွင့်ပြီး အသီးများ အခြားသစ်သီးများကဲ့သို့ တစ်နှစ်မှတစ်ခါသာသီးခြင်းမဟုတ်ဘဲ ပန်းပြာအပွင့်ပွင့်ပြီးတိုင်း အသီးများသီးကြောင်း အသီးများမှာ အခြား အပင်များကဲ့သို့ အများကြီးမရှိသောကြောင့် အသီးရောင်းချသူများက ၂၅ ကျပ်သားအိတ်တစ်လုံးလျှင် ၅၀၀ ကျပ်ဖြင့်သာ မီးဖိုချောင်စရိတ်ကာ မိအောင်ရောင်းချပြီး အပင်များများပျိုးစိုက်ပြီး အသီးများများများရအောင် ပျိုးထားပြီးဖြစ်ကြောင်း တောင်ငူမြို့ ၁၇ ရပ်ကွက် ခြံပိုင်ရှင် ထံမှ သတင်းရရှိပါသည်။
DOCA(ပဲခူး)
