
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့ဈေးအတွင်း ရောင်းချလျှက်ရှိသော ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ အောက်တိုဘာလဒုတိယပတ်မှ အောက်တိုဘာလ နောက်ဆုံး ပတ်ထိ ကြက်သွန်နီ အကြီးတစ်ပိဿာလျှင် ၂၀၀၀/ ကျပ်၊ အလတ် တစ်ပိဿာ ၁၅၀၀ ကျပ်၊ ဈေးနှုန်းဖြင့် လက်လီ ရောင်းချခဲ့ပါသည်။ လက်ကားဈေးနှုန်းအနေဖြင့် အချိန် (၁၀)ပိဿာ မှ စတင် ၍အိတ်လုံးဈေး ကြက်သွန်နီအကြီး တစ်ပိဿာလျှင်၁၇၀၀/ကျပ်၊ ကြက်သွန်နီအလတ် တစ်ပိဿာ လက်ကား ဈေးနှုန်းမှာ ၁၃၀၀/ကျပ်၊ ဈေးနှုန်းဖြင့် ဈေးငြိမ်နေပြီး နိုဝင်ဘာလ ဒုတိယပတ်တွင် လည်း ကြက်သွန်နီ ဈေးနှုန်းများဈေးငြိမ်နေကြောင်းသိရှိရပါသည်။
အာလူးဈေးကွက် ရောင်းချမှုအနေဖြင့် အာလူးတစ်ပိသာလျှင် အောက်တိုဘာလ ဒုတိယ ပတ်တွင် ၇၀၀၀/၈၀၀၀/ ကျပ် ဈေးရှိခဲ့ပြီး ယခု နိုဝင်ဘာလ ဒုတိယပတ်တွင်လည်း အာလူး ဈေးနှုန်းများမှာ ၇၀၀၀/၈၀၀၀ ကျပ်ဈေးဖြင့် ရောင်းချသဖြင့် ဈေးငြိမ်နေ ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
