နတ်တော်လဆန်းမယ်ဇလီဖူးစျေးကွက်

Powered by Drupal

                  မန္တလေးစျေးကွက်သို့ နတ်တော်လဆန်းအတွင်း မယ်ဇလီးဖူးများ ရောင်းချလျက် ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း မယ်ဇလီပင်များ မှာ အများဆုံးတွေ့ရှိရသည့်အပင်များဖြစ်ပြီး၊အညာဒေသနှင့် ခွဲခြား၍   မရသည့်ဆေးဖက်ဝင် အပင် တစ်မျိုးဖြစ်ပါသည်။ မယ်ဇလီးဖူးများအား အစိမ်းအတိုင်းရောင်းချခြင်းနှင့် ပြုတ်၍ ရောင်းချခြင်း တို့ တွေ့ရှိရပြီး၊နှစ်မျိုးစလုံးအရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလတတိ ယပတ်အတွင်းမန္တလေးစျေးကွက်အတွင်း မယ်ဇလီးဖူးများအား လက္ကားစျေးတစ်ပြည်စျေးမှာ၅၀၀၀ ကျပ်နှင့် ၆၀၀၀ကျပ်၊ လက်လီစျေးတစ်ဗူးလျှင် ၈၀၀ ကျပ်နှင့် ၁၀၀၀ ကျပ်စျေးဖြင့်အစိမ်းစျေး နှင့် ပြုတ်၍ရောင်းချသည့်စျေးကွာခြားမှုမရှိဘဲရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)