မြင်းခြံမြို့နယ်၏ နိုဝင်ဘာလဒုတိယပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၄-၁၁-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၇၀၀)ကျပ်၊ 95 Octance(၂၇၇၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၅၅)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၂၀၀)ကျပ် ဖြစ်ကြောင်း သိရှိရသည်။
မြင်းခြံမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၂၇)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၁၄)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၂၇၆၀)ကျပ်၊ 95 Octance(၂၈၃၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၁၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၂၆၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက 92 Octance တစ်လီတာလျှင် (၂၀)ကျပ်၊ 95 Octance တစ်လီတာလျှင်(၂၅)ကျပ်ဖြင့် ဈေးနှုန်းကျဆင်းခဲ့ပြီး ရိုးရိုးဒီဇယ်တစ်လီတာလျှင် (၃၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင်(၄၀) ကျပ်တို့ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)









