ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့၌ ရောင်းချနေသော ကျောက်ဖရုံယိုနှင့်မြေပဲပွကြော်ဈေးနှုန်း

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့်ဒေသ တွင်းစိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အ ခြေအနေတို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကျောက်ဖရုံယိုနှင့် မြေပဲပွကြော်တို့ကို  ရွှေဘိုမြို့ရှိ လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

     ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ် ရောင်းချနေသော ကျောက်ဖရုံယိုနှင့်မြေပဲပွ ကြော်ဈေးနှုန်းတို့မှာ ကျောက်ဖရုံယို(၁)ပိဿာလျှင် (၁၁၅၀၀)ကျပ်၊ ကျောက်ဖရုံယို (၅၀)ကျပ် သားလျှင် (၆၀၀၀)ကျပ်၊ ကျောက်ဖရုံယို(၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ်နှင့် မြေပဲပွကြော်(၁) ပြည်လျှင်(၆၀၀၀)ကျပ်နှင့် (၁)ဘူးလျှင်(၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိ ရပါသည်။

DOCA(စစ်ကိုင်း)

သုံးခွမြို့နယ်၏ ဈေးကွက်အတွင်းရောင်းချနေသော အခြေခံစားကုန်(ကုန်ခြောက်)ဈေးနှုန်းများ”

           အောက်တိုဘာလ ဒုတိယပတ်တွင် သုံးခွမြို့နယ်ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံစားကုန် (ကုန်ခြောက်)ဈေးနှုန်းများအနေဖြင့် ကြက်သွန်နီဆိုဒ်စုံ တစ်ပိဿာလျှင် (၁၂၀၀မှ ၂၀၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာလျှင် (၁၀၀၀၀မှ ၁၂၀၀၀)ကျပ်၊ ငရုပ်ရှည် တစ်ပိဿာလျှင် (၁၁၀၀၀မှ ၁၅၀၀၀)ကျပ်ထိ၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် (၆၃၀၀)ကျပ်၊ မန်းကျည်းသီးတစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင်(၁၀၀၀)ကျပ်၊ သကြားတစ်ပိဿာလျှင် (၄၆၀၀မှ ၅၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် ယခင်အပတ်တွင် (၇၀၀၀)ကျပ်ဖြစ်ပြီး ယခုအပတ်တွင် ပစ္စည်းအဝင်လျော့နည်းသွား၍ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်တို့ဖြင့် သုံးခွမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

         အခြေခံစားကုန် (ကုန်ခြောက်) ဈေးနှုန်းများအနေဖြင့် ယခုအပတ်တွင် အာလူးဈေးနှုန်း အနည်းငယ်ပြောင်းလဲမှုရှိသော်လည်း အခြားကုန်ခြောက်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိသော်လည်း ဈေးအေးလျက်ရှိကြောင်း အဆိုပါ ကုန်ခြောက်ပစ္စည်းများအား ရန်ကုန်ဘုရင့်နောင်ပွဲရုံမှ ဝယ်ယူရောင်းချခြင်းဖြစ်ပြီး မြို့နယ်တွင်းသို့ တစ်ရက်ခြားတစ်ခါ ကုန်ခြောက်ပစ္စည်းများ ပုံမှန်ဝင် ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဈေးနှုန်းအနည်းငယ်မြင့်တက်လာသော ပုဇွန်ထုပ်နှင့်ပုဇွန်ဆိတ်ဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင် အသားငါးအမျိုးစုံအပြင် ရေထွက် ကုန်ပစ္စည်းတစ်မျိုးဖြစ်သော ပုဇွန်ထုပ်နှင့်ပုဇွန်ဆိတ်များကိုလည်း ရောင်းချလျက်ရှိပါသည်။ ယခုအခါ  ပုဇွန်ထုပ်များကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိပြီး၊ ပုဇွန်ဆိတ်များကို ကန့်ဘ လူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်အတွင်း ရောင်းချခဲ့သော ပုဇွန်ထုပ်နှင့် ပုဇွန်ဆိတ်ဈေးနှုန်းများမှာ ပုဇွန်ထုပ်(၁)ပိဿာလျှင် ပုဇွန်ထုပ်(၁)ပိဿာလျှင် (၇၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၅၀၀၀) ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၇၅၀၀)ကျပ်နှင့် ပုဇွန်ဆိတ်(၁)ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၁၂၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်ဖြစ်ပြီး ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း  ပုဇွန်ထုပ်နှင့် ပုဇွန်ဆိတ်ဈေးနှုန်းများမှာ ပုဇွန်ထုပ်(၁)ပိဿာလျှင် (၇၅၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၇၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၈၈၀၀)ကျပ်နှင့် ပုဇွန်ဆိတ်(၁) ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၃၀၀၀)ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်မြင့် တက်လာကြောင်း၊ ငါး၊ ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

မန္တလေးစျေးကွက်ရှိပဲဇီးကွက်စျေးနှုန်း

        မန္တလေးစျေးကွက်သို့ ပဲသီးမျိုးစုံဝင်ရောက်လျက်ရှိပြီး၊ ပဲဇီးကွက်မှာ  ပြည်တွင်းစားသုံးမှု များပြားသည့် ပဲတစ်မျိုးဖြစ်ကြောင်းသိရပါသည်။ပဲဇီးကွက်မှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင်စိုက်ပျိုးမှုများပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း  ၂၀၂၄- ၂၀၂၅ ခုနှစ်တွင် စားတော်ပဲအပါအဝင် ပဲမျိုးစုံ စိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧက ဖြစ်ကြောင်း သိရပါသည်။    မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်  ၂၀၂၅ခုနှစ် အောက်တိုဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်သည့်ပေါက်စျေးမှာ  ပဲဇီးကွက် ၃တင်းဝင်တစ်အိတ်လျှင်  ၃၂၀၀၀၀ ကျပ် နှင့် ၃၃၀၀၀၀ကျပ်၊တစ်ပိဿာလျှင် ၅၄၉၄ ကျပ်နှင့်၅၆၆၅ကျပ်တို့ဖြစ် ကြောင်း သိရှိရပါသည်။ ယခင် နှစကာလတူပေါက်စေျးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၂၉၀၀၀၀ကျပ်နှင့် ၃၀၀၀၀၀ကျပ်၊ တစ်ပိဿာ လျှင် ၄၉၇၉ကျပ်နှင့် ၅၁၅၀ကျပ်ဖြစ်ပြီး၊ ယခုနှစ်နှင့်ယခင်နှစ် ကာလတူ ပေါက်စျေးနှိုင်းယှဉ်ချက် ပဲဇီးကွက်စျေးမှာ ပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)                   

မန္တလေးစျေးကွက်ရှိပန်းဂေါ်ဖီစိမ်း

  မန္တလေးကုန်စိမ်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တောင်ပိုင်းဒေသများမှ  ထွက်ရှိသည့်ပန်းဂေါ်ဖီပွင့်ဖြူနှင့် ပန်းဂေါ်ဖီပွင့်စိမ်းများဝင်ရောက်မှုများ ပြားလှျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း ပန်းဂေါ်ဖီပွင့်ဖြူ နှင့် ပန်းဂေါ်ဖီပွင့်စိမ်းမှာ အရောင်းသွက်သည့်ကုန်စိမ်းအမယ်များဖြစ်ပြီး၊ ပန်းဂေါ်ဖီစိမ်းမှာ နူးညံ့မှုပိုသည့်အတွက် စျေးပိုမို ရရှိကြောင်း သိရှိရပါသည်။ မန္တလေးကုန်စိမ်းစျေးကွက်အတွင်း ၂၀၂၅ ခုနှစ်အောက်တိုဘာလဒုတိယ ပတ်အတွင်း ပန်းဂေါ်ဖီစိမ်းတစ်ခုလျှင် လက္ကားစျေး  ၁၅၀ဝိ/-နှင့် ၁၇၀ဝိ/- စျေး၊လက်လီစျေးမှာ  ၁၈၀ဝိ/- နှင့် ၂၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးကုန်စိမ်းရောင်းချ သည့် သီရိမာလာစျေး(ပိုက်ကျုံးစျေး)တွင် ပန်း‌ဂေါ်ဖီဖြူနှင့်ပန်းဂေါ်ဖီ စိမ်းကားဝင်ရောက်မှုမှာ နေ့စဉ် တစ်ရက်လျှင် Center () ဘီးကား (၈)စီးနှင့် (၁၀)စီး အကြား ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါ သည်။

DOCA(မန္တလေး)

 

အရောင်းသွက်သည့်ရာသီစာတောင်ပို့မှို

    မန္တလေးစျေးကွက်အတွင်းသို့ ၂၀၂၅ ခုနှစ် အောက်တိုဘာလဒုတိယပတ်အတွင်း  ပြင်ဦးလွင် ဒေသထွက်တောင်ပို့မှိုများ ဝင်ရောက်မှုများပြားပြီး၊ရာသီစာတောင်ပို့မှိုများ အရောင်းသွက်လျှက်ရှိ ကြောင်း သိရပါသည်။ မန္တလေးစျေးကွက်အတွင်း မိုးနှောင်းရာသီချိန်တွင် ရရှိသည့် ပြင်ဦးလွင်ဒေသ ထွက်တောင်ပို့မှိုများ၊ငွေနှင်း မှုံမှို၊ကောက်ရိုးမှို၊အပ်မှို၊မှိုကြက်တောင်၊ ရှီတာကီမှို၊ ဝါးမှိုများ  တွေ့ရှိရ ပါသည်။ မန္တလေးစျေးကွက်အတွင်း   သဘာဝအတိုင်းထွက်သည့်မှိုနှင့် စိုက်ပျိုးသည့်မှိုနှစ်မျိုးတို့တွေ့ ရှိရ ပါသည်။ ၂၀၂၅ခုနှစ်အောက်တိုဘာလဒုတိယပတ်အတွင်း  မှိုအမျိုးအစားအလိုက်ဖြစ်ပေါ်ခဲ့သည့် တစ်ပိဿာပေါက်စျေးများမှာတောင်ပို့မှိုလက္ကားစျေး ၃၀၀၀ဝိ/-နှင့်၃၅၀၀ဝိ/-၊ လက်လီစျေး၄၀၀၀ဝိ/- နှင့် ၅၀၀၀ဝိ/-၊  ငွေနှင်း မှုံမှို လက္ကားစျေး ၇၀၀ဝိ/-နှင့် ၈၀၀ဝိ/-၊လက်လီစျေး ၈၀၀ဝိ/-နှင့် ၉၀၀ဝိ/-၊ ကောက်ရိုးမှိုလက္ကားစျေး ၉၅၀ဝိ/-လက်လီစျေး ၁၀၅၀ဝိ/- နှင့် ၁၁၀၀ဝိ/- ၊အပ်မှိုထုတ်(အထုတ်သေး ၁၀ ခုပါ) လက္ကားစျေး ၃၀၀၀ဝိ/- နှင့် လက်လီစျေးအထုတ်(သေး)၃၅၀၀ဝိ/စျေးတို့ဖြင့် ရောင်းချလျှက် ရှိကြောင်း သိရှိရပါသည်။  

DOCA(မန္တလေး)

အရောင်းသွက်သည့်ဇီးဖြူသီး

  မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်အသီးများနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့ မှထွက်သည့်ဇီးဖြူသီး များ   ဝင်ရောက်မှုများပြားလျက်ရှိပြီး၊   အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။    ၂၀၂၅ ခုနှစ် အောက်တိုဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့် စျေးနှုန်းများမှာ  ဇီးဖြူသီး   ၁၀လုံးလျှင် အလုံး (ကြီး) ၁၃၀၀ ကျပ်နှင့် ၁၅၀၀ကျပ်၊အလုံး(လတ်) ၁၀၀၀ ကျပ်နှင့် ၁၂၀၀ကျပ်၊အလုံး(သေး) ၈၀၀ကျပ် နှင့် ၉၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချပြီး၊ အလုံးအရွယ်အစားအပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။ ဇီးဖြူသီးမှာ  အချဉ်သုတ်၍ ရောင်းချသူများမှ သုံးစွဲမှုများပြားသည့်အတွက် အရောင်း သွက်လျက်ရှိကြောင်းသီရိမာလာစျေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

မန္တလေးစျေးကွက်ရှိ ဘိုစားပဲသီးတောင့်စျေး

   ကုန်စိမ်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ဘိုစားပဲသီးကုန်စိမ်းများ ဝင်ရောက်မှုများပြားလျက် ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း  သိရှိရပါသည်။စျေးကွက်အတွင်းဝင်ရောက်လျှက်ရှိသည့်ဘိုစားပဲသီးတောင့်များအား အစိမ်းရောင်နှင့် ခရမ်းရောင်ပဲသီးတောင်များတွေ့ရှိရပါသည်။ မန္တလေးမြို့၊သီရိမာလာစျေးနှင့် ၄၁လမ်းစျေးရှိကုန်စိမ်း စျေးကွက် တွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့် ဘိုစားပဲသီးတောင့် စျေးနှုန်းများမှာ ၁ပိဿာလျှင် လက္ကားစျေး ၅၀၀၀ ကျပ် နှင့် ၆၀၀၀ ကျပ်၊လက်လီစျေး၇၀၀၀ကျပ်နှင့် ၇၅၀၀ကျပ်စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးအတွင်း နေ့စဉ်ကုန်စိမ်း သီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် (Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ် (၄၀) စီးနှင့်(၆၀)စီးအကြားဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

 ပဲစင်းငုံစျေးနှုန်းစျေးကွက်

         မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှထွက်သည့်ပဲစင်းငုံသီးနှံများ ဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။ ပဲစင်းငုံမှာ ပြည်တွင်းစားသုံးမှုနည်းပြီး ပြည်ပသို့တင်ပို့ရောင်းချသည့် ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေး တိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊၃၁.၁.၂၀၂၅ ရက်နေ့အထိ ၂၀၂၄-၂၀၂၅ ခုနှစ် ပဲစင်းငုံ သီးနှံ စိုက်ပျိုးမှု(၃၈၀၀၇၇)ဧက၊ ရိတ်သိမ်း(၃၁၁၀၀၇)ဧက၊ အထွက် နှုန်း (၉.၃၃)တင်း နှင့်အထွက် (၂၉၀၁၃၃၃)တင်းဖြစ်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော် အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင်ပဲစင်းငုံ(နီ) ၂၃၇၀၀၀ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ပဲစင်းငုံ(နီ) ၃၉၅၀ ကျပ် တို့ဖြစ်ကြောင်းသိရပါသည်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲစင်းငုံ (နီ) ၄၆၀၀၀၀ကျပ်၊တစ်ပိဿာစျေးမှာပဲစင်းငုံ(နီ)၇၆၆၇ကျပ်ပြီး၊ ယခင်နှစ်စျေးနှင့် ယခုနှစ်နှိုင်းယှဉ်ပါက ပဲစင်းငုံ (နီ) သီးနှံပေါက်စျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA (မန္တလေး)                                                                                             

 

ငရုတ်သီးစိမ်းစျေးအနည်းငယ်ကျဆင်း

   ကုန်စိမ်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းငရုတ်ပွနှင့်ငရုတ်သီးစိမ်းများ ဝင်ရောက်မှုများလျက်ရှိပြီး၊ စျေးအနည်းငယ်ကျဆင်း လျက်ရှိကြောင်းသိရှိရပါသည်။ စျေးကွက်အတွင်းဝင်ရောက်လျှက်ရှိသည့်ငရုတ်သီး စိမ်းအမျိုး အစား များမှာ ကုလားအော်ငရုတ်၊ လျှာဂျွန်းထိုးငရုတ်၊ ငရုတ်ရှည်နှင့် ငရုတ်ပွသီးများတွေ့ရှိရပြီး၊ အလေး ချိန်ဖြင့် ရောင်းချသကဲ့သို့ ငရုတ်ပွလုံးလေးများအား အလုံးအရွယ် အစားအလိုက်ရောင်းချကြောင်း တွေ့ရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးနှင့်၄၁လမ်းစျေးရှိ ကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့် ငရုတ်သီးပွ (လုံးသေး)စျေးနှုန်းများမှာ ၁ပိဿာ လျှင် လက္ကားစျေး ၆၀၀၀ ကျပ် နှင့် ၇၀၀၀ ကျပ်၊ လက်လီ စျေး၈၀၀၀ကျပ်နှင့် ၉၀၀၀ကျပ်၊ ပန်းငရုတ်ပွ(လုံးသေး) တစ်ခုချင်းစျေးအနေဖြင့် ၃၀၀ ကျပ်နှင့် ၅၀၀ကျပ် ၊ မိုးထောင်ငရုတ်ရှည် ၁ပိဿာလျှင် လက္ကားစျေး ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ လက်လီစျေး ၅၀၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်၊ ကချင်သီးငရုတ်မှာ လက္ကားစျေး ၅၀၀၀ ကျပ်နှင့် ၆၅၀၀ ကျပ်၊လက်လီစျေး ၇၀၀၀ကျပ်နှင့် ၇၅၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း