နိုဝင်ဘာလတတိယပတ်တွင် မန္တလေးပဲတီစိမ်းစျေးပိုမိုရရှိ 

Powered by Drupal

             ပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့ တင်ပို့သည့်ပဲတီစိမ်းမှာအရောင်းသွက်သည့် ပဲအမျိုးအစား ဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ ခုနှစ် ပဲတီစိမ်းစိုက်ပျိုးမှု (၂၇၀၉၅၈)ဧက၊ ရိတ် သိမ်း(၂၅၃၄၄၁)ဧက၊ အထွက်နှုန်း(၁၁.၆၄)တင်းနှင့် အထွက် (၂၉၄၉၀၁၇)တင်းဖြစ်ကြောင်း သိရှိရပါ သည်။မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောစျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲတီစိမ်း (ညာ) ၃၂၀၀၀၀ ကျပ်နှင့် ၃၄၀၀၀၀ကျပ်၊တစ်ပိဿာစျေးမှာ ပဲတီစိမ်း (ညာ)၅၈၈၉ကျပ်နှင့်၆၀၄၄ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ် ကာလတူတစ်ပိဿာစျေးမှာ ပဲတီစိမ်း(အညာ)၄၄၄၄ ကျပ် နှင့် ၄၈၀၀ ကျပ်၊ ပဲတီစိမ်း(ပဲခွဲ) ၃၆၄၄ ကျပ်နှင့် ၃၇၃၃ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ကာလတူ စျေးနှိုင်း ယှဉ်ပါက ပဲတီစိမ်း (ညာ)မှာ တစ်ပိဿာလျှင် ၁၂၄၄ ကျပ်စျေး ပိုမိုရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)