
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့ရှိ မန်ကျီးပင်တန်း၊ အိုင်ကြီးလည်ကျေးရွာတွင် ထန်းပင်မြစ်ပျိုးထောင်စိုက်ပျိုးရောင်းချသူများထံမှ သိရပါသည်။
မန်ကျီးပင်တန်းရှိ ကျေးလက်တောင်သူများသည် ထန်းပင်မြစ်ပျိုးထောင်ခြင်းအားထန်းသီးမှည့် ချိန်ဖြစ်သည့် ဝါဆို၊ ဝါခေါင်လတို့တွင် ထန်းသီးမှည့်များကောက်ဘူစုဆောင်းပြီး မြေကျင်းများတူးဖော်ကာ ရရှိလာသောထန်းသီးမှည့်များကိုထည့်ထားပြီးနောက် တူးဖော်ဖို့လွယ်ကူစေရန်သဲမြေများဖြင့် ဖုံးထားကြကြောင်းသိရသည်။ ပျိုးထောင်ထားသောထန်းပင်မြစ်များကို သုံးလကျော်လေးလတွင် စတင်တူးဖော်ရောင်းချကြပြီး ထန်းပင်မြစ်(၂၅)ချောင်းပါတစ်စည်းကို(၂၅၀၀)ကျပ်မှ(၃၀၀၀)ကျပ်ထိရှိကြောင်း သိရှိရပါသည်။
မိတ္ထီလာ(၈)နာရီဈေးအတွင်းတွင် နိုဝင်ဘာလ၊ဒုတိယပတ်အတွင်း ထန်းပင်မြစ်(၂၅)ချောင်းပါ တစ်စည်းကို (၂၅၀၀-၃၀၀၀)ကျပ်ထိရှိကြောင်းသိရပါသည်။ တစ်ခါဖော်လျှင် (၅၀၀၀)မှ(၈၀၀၀)ပင်ထိရရှိကြောင်း ဖောက်သည်ဈေးနှုန်းမှာ (၂၅)ပင်တစ်စည်းကို (၁၉၀၀)မှ(၂၂၀၀)ထိရှိကြောင်း ဈေးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မန္တလေး)
