ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဧပြီလ ပထမပတ် ကျွန်းလှမြို့တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်း

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် သတ် မှတ်ထုတ်ပြန် ပေးလျက်ရှိပါသည်။

     စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်(၃)ဆိုင် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိကာ စက်သုံးဆီ ပြတ်လတ်မှုမရှဘဲ (PPRD) စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်း အတိုင်း ရောင်းချပြီး အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်စွာရောင်းချလျက်ရှိကြောင်း ၂၀၂၅ ခုနှစ်၊ မတ်လ နောက်ဆုံးအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၃၂၉၅) ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၃၁၃)ကျပ် ၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင်(၂၈၃၄) ကျပ်နှင့် ဒီဇယ်(ပရီမီယမ်)PHSD တစ်လီတာလျှင်(၃၄၆၄)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဧပြီလ ပထမအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင် (၃၂၈၃) ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၂၃၂)ကျပ် ၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင် (၂၇၆၀) ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSD တစ်လီတာလျှင်(၃၃၇၁)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိသော ကြောင့် ယခင် တတိယ အပတ်နှင့်နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၁၂) ကျပ်၊ Octane(95)တစ်လီတာလျှင်(၈၁)ကျပ်၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင်(၇၄)ကျပ်နှင့် ဒီဇယ် (ပရီမီယမ်)PHSD တစ်လီတာလျှင်(၉၃)ကျပ် ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော သပြေပန်းဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်းပြုကြသူများရှိသလို တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်းခြင်း၊ မျှစ်ချိုရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင် ပျားရှာသည့်လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးတွက် အသက်မွေးဝမ်းကြောင်း ပြုသူများရှိသည့်အနက် သပြေပန်းကိုလည်းချိုးပြီး ကျွန်းလှမြို့သစ်ရာမြိုင်ဈေးတွင် လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။

    မြန်မာလူမျိုးတို့သည်စိတ်၏ စွဲလမ်းမှုဖြင့်  သပြေပန်းကို ‌အောင်ပန်းဟု ယူဆကာ အခြား သောပန်းများထက် ပိုမိုကြိုက်နှစ်သက်ကြသည်။ သပြေပန်းကို ဗုဒ္ဓဘာသာဝင်လူမျိုးတို့၏ ထုံးတမ်းအစဉ်အလာအရ မေမြို့ပန်းများကို ဘုရားပန်းအဖြစ်ကပ်လှူပူဇော်ခြင်း၊  ဘာသာရေးပွဲများဖြစ်သည့် တရားပွဲများတွင် အလှပန်းထိုးခြင်း၊ တရားဟောပုလ္လင်များတွင် အလှဆင်ခြင်းနှင့် မင်္ဂလာဆောင်ပွဲများတွင်  အောင်ပန်းအဖြစ်အသုံးပြုခြင်း နှင့်‌ ရှေ့တန်းပြန် တပ်မတော်သားများ ကြိုဆိုရာတွင်လည်း အသုံးပြုကြပါသည်။

     ယခု ၂၀၂၅ ခုနှစ်၊ ဧပြီလ ပထမပတ်အတွင်း သပြေပန်းအခက်တစ်စည်းလျှင်(၁၅၀၀)ကျပ်၊ သပြေပန်းအငုတ်ကြီး(၁)ငုတ်လျှင်(၃၅၀၀)ကျပ်နှင့် သပြေပန်းအငုတ်သေး(၁)ငုတ်လျှင် (၂၅၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိပြီး လူကြိုက်များသော ပန်းဖြစ်သည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ဗမာသခွားသီး ဈေးနှုန်း

 စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ရှိ ပြည်သူတစ်ချို့သည့် စိုက်ပျိုးရေးကိုအခြေခံ၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာမှ စားဖိုဆောင်သီးနှံ ဖြစ်သည့် သခွား သီး၊ ရုံးပတီသီး၊ ခရမ်းသီး၊ ဘူးသီး၊ ချဉ်ပေါင်ရွက်စသည်တို့ကိုလည်း စိုက်ပျိုးထားရှိကြပြီး သခွားသီး မျိုးများဖြစ်သည့် ရိုးရိုးဗမာသခွားသီးနှင့် တိုင်ထောင် သခွားသီးဟူ၍ နှစ်မျိုးစိုက်ပျိုးကြပြီး ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင် ရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

ယခု ၂၀၂၅ ခုနှစ်၊ ဧပြီလ ပထမအပတ်တွင် ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေ‌သော သခွားသီး ဈေးနှုန်းအနေဖြင့် ဒေသထွက် ရိုးရိုးဗမာသခွားသီး အကြီး(၁)လုံးလျှင်(၆၀၀)ကျပ် နှင့် ရိုးရိုးဗမာသခွားသီး အသေး (၁)လုံးလျှင်(၃၀၀/၅၀၀)ကျပ်ဈေးနှုန်းအစားစားဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံမျိုးစုံ အရောင်းအဝယ်လုပ်နေသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော သံပုရာသီး ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ် ရပ်ကွက်များနှင့် ဒေသအသီးသီးမှ လာရောက်ရောင်းချကြသလို မန္တလေးမြို့တို့မှလည်း မှာယူရောင်းချရသည့်အတွက် ဈေးကွက်အတွင်း လှိုင်လှိုင်ပေါများကာ ဈေးနှုန်းချိုသာ၍ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရ သည်။

    သံပုရာသီးသည် လူသားများ၏ နေ့စဉ်အသုံးပြုမှုတွင် မဖြစ်မနေ အရေးပါသော အသီးတစ်မျိုးလည်းဖြစ်သလို အားကစားသမားများအတွက်လည်း မဖြစ်မနေအသုံးပြုရခြင်း ဖြစ်ပါသည်။ သံပုရာသီးကို နေ့စဉ် ချက်ပြုစားသုံးရာတွင် မဖြစ်မနေအသုံးပြုယုံသာမက မုန့်ဟင်းခါးဆိုင်၊ အာပူလျှာပူဆိုင်များ ကြာဆံဟင်းခါးဆိုင်များတွင် မဖြစ်အနေအသုံးပြုသည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ကြောင်း သံပုရာသီးရောင်းချသူထံမှ သိရသည်။

          ယခင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ဖြစ်ပေါ်နေသော သံပုရာသီး အလုံးအကြီး/အသေး ပေါ်မူတည်၍ သံပုရာသီး(၁)လုံးလျှင်(၁၀၀/၂၀၀)ကျပ်ဈေးဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ စတုထ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ဖြစ်ပေါ် နေသော သံပုရာသီး(အကြီး)တစ်လုံးလျှင်(၂၅၀)ကျပ်၊ သံပုရာသီး(အ‌သေး) တစ်လုံးလျှင် (၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်‌ ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက သံပုရာသီး ဈေးနှုန်း အနည်းငယ် မြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် သံပုရာသီး ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့အတွင်း ဖြစ်ပေါ်နေသော ငရုတ်သီးခြောက် ဈေးနှုန်း

    ၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်း ငရုတ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     ကန့်ဘလူမြို့နယ်တွင် ယခု ၂၀၂၅ ခုနှစ်၊ ဧပြီလ ပထမအပတ်တွင် ငရုပ်သီးခြောက်ဈေးနှုန်း အနေဖြင့် ငရုတ်သီးခြောက်(အရှည်) တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀) (၅၀)ကျပ်သားလျှင်(၈၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၄၀၀၀) နှင့် (၁၀)ကျပ်သားလျှင် ကျပ်(၁၈၀၀)ဈေးနှုန်း အသီးသီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ငရုတ်၊ ကြက်သွန်ဖြူ /နီနှင့် အာလူး အရောင်းအဝယ်လုပ်နေသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် မြေမြို့ပန်းများ စိုက်ပျိုးရောင်းချလျက်ရှိသည့် ဈေးနှုန်း

   မေမြို့ပန်းသည် မျိုးစိတ်အများကြီး ရှိသည့်အနက် မိမိတို့ဒေသ၏  ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီသော မျိုးစိတ်များကိုသာ စိုက်ပျိုးကြပြီး  မေမြို့ပန်းသည် အဖြူရောင်၊ ကြက်သွေးရောင် ၊ ခရမ်းရောင် နှင့် ပန်းရောင် စသည့်ဖြင့် အရောင်အသွေးစုံလင်စွာဖြင့် လှပစွာပွင့်သော ပန်းတစ်မျိုး ဖြစ်ပြီး လူကြိုက်အများဆုံးပန်းဖြစ်သည်။ မေမြို့ပန်းကို ဗုဒ္ဓဘာသာဝင်လူမျိုးတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာအရ မေမြို့ပန်းများကို ဘုရားပန်းအဖြစ်ကပ်လှူပူဇော်ခြင်း၊  ဘာသာရေးပွဲများဖြစ်သည့် တရားပွဲများတွင် အလှပန်းထိုးခြင်း၊ တရားဟောပုလ္လင်များတွင် အလှဆင်ခြင်းနှင့် မင်္ဂလာဆောင်ပွဲများတွင်  အောင်ပန်းအဖြစ် အသုံးပြုလေ့ရှိကြပါသည်။

    ယခု ၂၀၂၅ ခုနှစ်၊ ဧပြီလ ပထမပတ်အတွင်း ဈေးနှုန်းအနေဖြင့် မေမြို့ပန်း အက်စတာမျိုး (၃/၅)ပင်ပါ တစ်စည်းလျှင်(၇၀၀)ကျပ်၊ (၁၀)စည်းပါတစ်ထုံးလျှင်(၆၅၀၀)ကျပ်၊ မေမြို့ပန်း ကြက်လည်ဆံမျိုး(၃/၅)ပင်ပါ တစ်စည်းလျှင်(၅၀၀)ကျပ်၊ (၁၀)စည်းပါတစ်ထုံးလျှင်(၄၅၀၀)ကျပ် တို့ဖြင့် ရောင်းချပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော မျှစ်ချို ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ရှားပါးသော ရာသီ၌ ရောင်းချရန်အတွက် ဒေသအတွင်းထွက်ရှိသည့် မျှစ်များ လှိုင်လှိုင်ပေါ၍ဈေးချိုချိန်တွင် မျှစ်ချဉ်/မျှစ်ချိုတို့ကို နှစ်လည်ခါကြူရောင်းချရန်အတွက် စဉ့်အိုးများ အင်တုံများ ပလပ် စတစ်အကြည်အိပ်များနှင့် သိပ်ထားပြီး ယခုလို ရှားပါးသော ရာသီများတွင် ဒေသထွက် မျှစ်ချိုကို ရောင်းချကြပါသည်။

      မျှစ်ချိုကိုတော့ ချည်ပေါင်ရွက်၊ ငရုပ်သီးစိမ်း၊ ပုဇွန်တို့နှင့်ရောကြော်ခြင်း၊ မျှစ်ချိုကို စားတော်ပဲ ပြုတ်နှင့်ကြော်ခြင်း၊ မျှစ်ချိုကို ကြက်ဟင်းခါးသီးနှင့်ကြော်ခြင်း၊ မျှစ်ချိုကို အချိုချက်စားခြင်း၊ မျှစ်ချိုကို ကန်ဇွန်းရွက်နှင့်‌ကြော်ခြင်းစသည့်ပုံစံအမျိုးမျိုးနှင့်ချက်ပြုတ်စားသောက်ကြပါသည်။

     ယခင် ၂၀၂၅ ခုနှစ်၊ ဧပြီလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ဖြစ်ပေါ်နေသော မျှစ်ချိုဈေးနှုန်းမှာ မျှစ်ချို တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်နှင့် (၂၅)ကျပ်သား လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် မျှစ်ချို ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော မျှစ်ချဉ် ဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ် ရပ်ကွက်များတွင် ရှားပါးသော ရာသီ၌ ရောင်းချရန်အတွက် ဒေသအတွင်းထွက်ရှိသည့် မျှစ်များ လှိုင်လှိုင်ပေါချိန်တွင် မျှစ်ချဉ်/မျှစ်ချိုတို့ကို နှစ်လည်ခါကြူရောင်းချရန်အတွက် စဉ့်အိုးများ အင်တုံများ ပလတ်စတစ်အကြည်အိပ်များနှင့် သိပ်ထားပြီး ရှားပါသည့်အချိန်တွင် ဒေသထွက် မျှစ်ချဉ်ကို ရောင်းချကြပါသည်။ မျှစ်ချဉ်ကို ယခုလိုနွေဦးပေါက်ရာသီ အလှူပွဲ၊ မင်္ဂလာပွဲများတွင် အသုံးပြုမှုများပြီး အသုံးပြုကြပုံများမှာ မျှစ်ချဉ်ချဉ်ရည်ကျို၊ မျှစ်ချဉ်နှင့်ဝက်ရိုးချက်ခြင်း၊ မျှစ်ချဉ်နှင့်ငါးခေါင်းချက်ခြင်း၊ မျှစ်ချဉ်ကိုပြုတ်၍သုပ်ခြင်းစသည့် ပုံစံအမျိုးမျိုးနှင့် ချက်ပြုတ်စားသောက်ကြပါသည်။

    ယခင် ၂၀၂၅ ခုနှစ်၊ ဧပြီလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ဖြစ်ပေါ်နေသော မျှစ်ချဉ်ဈေးနှုန်းမှာ မျှစ်ချဉ် တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် (၂၅)ကျပ်သား လျှင်(၂၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် မျှစ်ချဉ်ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ဈေးကောင်းနေသော ‌ဘူးသီး ဈေးနှုန်း

    ၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးသည် ကန့်ဘလူမြို့ပေါ်ရပ်ကွက်များ၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ဒေသအသီးသီးတို့မှ လာရောက်ရောင်းချကြသည့်အတွက် စည်ကားလျက်ရှိပါသည်။ ထိုသို့ရောင်းချကြသည့်အထဲတွင်  ဘူးသီးများ စိုက်ပျိုးကာ လာရောက်ပို့ဆောင်ရောင်းချသော ဒေသထွက်ဘူးသီးများ ဈေးကောင်းရရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။

    ယခု ၂၀၂၅ ခုနှစ်၊ ဧပြီလ ပထမအပတ် ကန့်ဘလူမြို့မဈေးတွင် ဖြစ်ပေါ်နေသော ဘူးသီးဈေးနှုန်းအနေဖြင့် ဘူးသီးအလုံး(အကြီး)တစ်လုံးလျှင်(၃၅၀၀)ကျပ်၊ ဘူးသီး(အလတ်)တစ်လုံးလျှင် (၃၀၀၀) ကျပ်၊ ဘူးသီး(အသေး)တစ်လုံးလျှင်(၁၅၀၀)ကျပ်နှင့် ဘူးသီး တစ်စိတ်လျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံမျိုးစုံ အရောင်းအဝယ်လုပ်နေသူများထံမှ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ မိုးမလင်းဈေးတွင် ရောင်းချနေသော စွန်တာနီပဲ(ခေါ်)ပဲနီရေပွ ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှ မိမိတို့တောင်ယာများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိရာ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ နေကြာ စသည့်တို့အနက်မှ စွန်တာနီပဲ (ခေါ်)ပဲနီကိုလည်း စိုက်ပျိုးလျက်ရှိပြီး ပဲနီကို ကန့်ဘလူမြို့ပွဲရုံများနှင့် မြို့ပေါ်ဈေးကွက်သို့ လာရောက်ရောင်းချကာ ဈေး‌ကောင်ရရှိ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

   ယခု ၂၀၂၅ ခုနှစ်၊ ဧပြီလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ စွန်တာနီပဲ (ခေါ်)ပဲနီရေပွ ဈေးနှုန်းများမှာ စွန်တာနီပဲ(ခေါ်)ပဲနီရေပွ တစ်ပြည်လျှင်(၄၈၀၀)ကျပ်၊ စွန်တာနီပဲ(ခေါ်) ပဲနီရေပွ နို့ဆီဘူး(၄)ဘူးလျှင်(၂၄၀၀)ကျပ်နှင့် နို့ဆီတစ်ဘူးလျှင်(၆၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ ပဲရေပွရောင်းချသူသည် အကျိုးအမြတ်အနေဖြင့် ထက်ဝက်အမြတ်ကျန်ကြောင်း ကန့်ဘလူမြို့မိုးမလင်းဈေးတွင် စွန်တာနီပဲ (ခေါ်)ပဲနီရေပွ ရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း