နိုဝင်ဘာလစတုတ္ထပတ်ရှိ မန္တလေးပဲနီပြားပေါက်စျေး

Powered by Drupal

       ပဲနီပြားမှာ ပြည်တွင်း စားသုံးမှုများပြားပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် တွင်ပဲနီပြားသီးနှံအပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရှိရပါသည်။   မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင်  ၂၀၂၅ ခုနှစ် နိုဝင်ဘာလစတုတ္ထပတ် အတွင်းဖြစ်ပေါ်သည့်ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲနီပြား(ကျွန်း) ၄၈၀၀၀၀ ကျပ်နှင့် ၅၃၀၀၀၀ ကျပ်၊ ပဲနီပြား(တံတားဦး) ၄၂၀၀၀၀ကျပ်၊  တစ်ပိဿာလျှင် ပဲနီပြား (ကျွန်း) ၈၆၈၈ ကျပ် နှင့် ၉၅၉၃ကျပ်၊ပဲနီပြား(တံတားဦး)၇၆၀၂ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ် ကာလတူစျေးမှာ တစ်ပိဿာလျှင် ပဲနီပြား(ကျွန်း) ၉၄၁၂ကျပ်နှင့် ၉၅၉၃ကျပ်၊ပဲနီပြား(တံတားဦး) ၈၃၂၆ ကျပ်နှင့် ၈၅၀၇ ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှင့်ယခုနှစ်စျေးနှိုင်းယှဉ်ပါက ပဲနီပြား(ကျွန်း)မှာ စျေးကွာခြားမှုမရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)