
အာတာလွတ်ဥများသည် မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်း မအူပင်မြို့နယ်၊ မကွေးတိုင်း ဒေသကြီး ငဖဲမြို့နှင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်များတွင် အဓိကစိုက်ပျိုးကြကြောင်း၊ နှစ်ရှည်ပင်သီးနှံ များအဖြစ်စိုက်ပျိုးပြီး တစ်နှစ်၊ နှစ်ကြိမ်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး (၈-၁၂)လ အကြာတွင်တူးဖော်ရကြောင်း၊အာဟာရပြည့်ဝသောအရသာမှာဆိမ့်ဆိမ့်လေးရှိပြီးမုန့်နှင့်အတူစားသုံးလေ့ရှိကြောင်း၊ကျန်းမာရေးအကျိုးကျေးဇူးအနေဖြင့်အစာချေစနစ်ကောင်းမွန်စေပြီးအစာချေစနစ်ကိုကောင်းမွန်စေ၍ သွေးလည်ပတ်မှုနှုန်းမြင့်မားစေသလိုနှလုံးကျန်းမာ ရေးကို ကောင်းမွန်စေခြင်း စသောအကျိုးကျေးဇူးများရှိကြောင်း သိရှိရသည်။ သံဓာတ်နှင့် ပရိုတင်းဓာတ် များကြွယ်ဝစွာ ပါဝင်သောကြောင့် အရိုးများကိုသန်မာစေကြောင်း၊ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်၍ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းကိုကာကွယ် ပြီးသကြားဓာတ်အားထိန်းပေးကြောင်း၊ နှလုံးကျန်း မာရေးအတွက် ကောင်းမွန်စေခြင်းဖြင့် ကယ်လိုရီနည်းပြီး ကိုယ်ခံအားကိုမြှင့်တင် ပေးကြောင်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၌ မြင်းခြံမြို့၊အေးမြသီတာဈေး၌ ရောင်းချနေသော အာတလွတ်ဥ တစ်ပိဿာလျှင် (၄၅၀၀) ကျပ်ပေါက်ဈေးများဖြင့် ရောင်းချကြောင်း ဆီးချိုရောဂါသမားများအတွက် အထောက်အကူသောကြောင့် ဆေးဖက်ဝင်သောရာသီးပေါ် အာတာလွတ်ဥများကိုစားသုံးသင့်ကြောင်းသိရှိရသည်။
DOCA(မန္တလေး)
