ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးနှုန်းအနည်းငယ်မြင့်တက်လာသော ဝက်အူချောင်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ဝက်အူချောင်းများ ရောင်းချလျက်ရှိပါသည်။ ဝက်အူချောင်းများကို ရေဦးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရပါ သည်။

   ဝက်အူချောင်းသည် လျင်မြန်စွာချက်ပြုတ်စားသောက်နိုင်သည့်အတွက်  အချိန်ကုန်သက် သာစေသောအစားအစာတစ်မျိုးဖြစ်ပါသည်။ဝက်အူချောင်းများကို စားသောက်ဆိုင်များနှင့်ထမင်း ဆိုင်များမှလည်းကောင်း၊ အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း အများဆုံးအသုံးပြုကြ ကြောင်း၊၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ရောင်းချခဲ့သော ဝက်အူချောင်းဈေး နှုန်းမှာဝက်အူချောင်း()ပိဿာလျှင်(၄၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၃၀၀၀)ကျပ်၊(၁၀)ကျပ် သားလျှင်(၄၆၀၀)ကျပ်ရှိခဲ့ပြီး ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း ရောင်းချလျက် ရှိသော ဝက်အူချောင်းဈေးနှုန်းမှာ ဝက်အူချောင်း()ပိဿာလျှင်(၄၇၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၂၃၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၄၇၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့် ရောင်းအား ကောင်းကြောင်း ဝက်အူချောင်း ရောင်းချသူထံမှ သတင်းရရှိပါသည်။

မြို့မဈေးတွင် ရောင်းချနေသော နှင်းဆီပန်းနှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းဈေးနှုန်း

    ကန့်ဘလူမြို့၊ မြို့မဈေးအတွင်းတွင် ဘုရားပန်းမျိုးစုံဖြစ်သည့် သပြေပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ ဇွန်ပန်း၊ စံပယ်ပန်း၊ စကားဝါပန်း၊ စကားဖြူပန်း၊ ရွှေပန်း၊ ငွေပန်း၊ ပန်းတိမ်ငိုပန်း၊ နှင်းဆီပန်း၊ ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းများ ရောင်းချလျက်ရှိရာ လူကြိုက်များသော နှင်းဆီပန်းများနှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းများကို ကန့်ဘလူမြို့ပေါ်နှင့် ဒေသအနီးတစ် ဝိုက်ရှိကျေးရွာများမှ တစ်နိုင်တစ်ပိုင်စိုက်ပျိုး ရောင်းချလျက်ရှိသလို နှင်းဆီပန်းများကို ပြင်ဦးလွင်မြို့ မှလည်းမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ လူကြိုက်များသော နှင်းဆီပန်းများမှာ ဘုရားပန်းအတွက် သာမက လက်ဆောင်ပေးရာ၌လည်း အဓိကထားအသုံးပြုကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း နှင်းဆီပန်းအကြီး()ပွင့်လျှင် (၈၀၀)ကျပ်၊()ပွင့်လျှင် (၁၅၀၀)ကျပ်၊  အသေး()ပွင့်လျှင်(၅၀၀)ကျပ်၊ ()ပွင့်လျှင် (၁၃၀၀)ကျပ်နှင့် ဇော်စိမ်းပန်း(ခေါ်) ကျောက်စိမ်းပန်း ()ခက်ပါ()စည်းလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဘုရားပန်း မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ရှိ ငါးဖယ်ဈေးနှုန်းအခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ရာသီပေါ်သီးနှံ များ၊ အသားမျိုးစုံနှင့် ဒေသထွက်ငါးအမျိုးမျိုးကိုလည်းရောင်းချလျက်ရှိရာ ငါးဖယ်မှာလည်း အပါအဝင်ဖြစ်ပါသည်။ ငါးဖယ်များကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ ဝင်ရောက် လျက်ရှိပြီး ငါးဖယ်ကို  အကောင်အတိုင်းရောင်းချမှုအပြင် အသားကိုခြစ်၍လည်း ငါးဖယ်ခြစ်အဖြစ်ရောင်းချလျက်ရှိကြောင်း၊ငါးဖယ်ခြစ်မှာ  အရိုးမပါသဖြင့် ချက်ပြုတ်သူအိမ်ရှင်မများအတွက် လွယ်ကူကောင်းမွန်သော ငါးတစ်မျိုးဖြစ်သည်။

  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလစတုတ္ထပတ် အတွင်းရောင်းချလျက်ရှိသော ငါးဖယ်အကောင်လိုက်ဈေးနှုန်းမှာ ငါးဖယ်အကောင်လိုက်()ပိ ဿာလျှင် (၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၈၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၄၀၀၀)ကျပ် နှင့်ငါးဖယ်ခြစ်()ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၇၅၀၀)ကျပ်၊ (၁၀)ကျပ် သားလျှင်(၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး၊ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်း ရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်ရှိ မိုးမြေပဲလုံးဆံဈေး

           စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ဆီထွက်သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ခုနှစ် ဒေသထွက်မိုးမြေပဲများ ဩဂုတ်လ၊ တတိယအပတ်မှ စတင်၍ ရွှေဘိုမြို့ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်ခဲ့ကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း အောက်တိုဘာလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် မြေပဲလုံးဆံဈေးနှုန်းမှာ()ပြည်လျှင် (၉၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင် (၁၄၄၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း တို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆံ(၁)ပြည်လျှင်(၉၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့်ယခင်အပတ်နှင့်ယခုအပတ်တို့၏အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းကြောင်း၊ ဈေးကွက်အနေဖြင့် မြေပဲဆီကြိတ်ခွဲမည့်သူများ၊ ဆောင်းမြေပဲစိုက်ပျိုးရန်အတွက် မျိုးပြုလုပ်မည့်သူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ လ္ဘက်၊ အကြော်ဆံရောင်းချသည့်ဆိုင်များနှင့် စားသုံးမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)       

အောက်တိုဘာလ စတုတ္ထပတ်အတွင်း ရောင်းချလျက်ရှိသည့် ငါးခြောက်ဈေးနှုန်းများ

   ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ငါးခြောက်များမှာ ရန်ကုန်မြို့မှမှာယူရောင်းချ ကြကြောင်း သိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၏ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ငါးခြောက်ဈေးနှုန်းများမှာ ငါးရံ့ ခြောက်(လုံး)(၁)ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ ငါးကြီးသားခြောက်(၁)ပိဿာလျှင် (၁၀၀၀၀၀)ကျပ်၊ ငါးနီတူခြောက်(၁)ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ လသာခြောက်(အချို)(၁)ပိဿာလျှင် (၂၁၀၀၀)ကျပ်၊ ငါးရောင်ခြောက်(၁)ပိဿာလျှင်(၄၀၀၀၀)ကျပ်၊ အာပြဲခြောက်(၁)ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ အသား မျှင်ခြောက်(၁)ပိဿာလျှင်(၄၅၀၀၀)ကျပ်၊ ငါးတံခွန်ခြောက်(၁)ပိဿာလျှင်(၂၅၀၀၀)ကျပ်ဖြင့်ရောင်း ချလျက်ရှိကြောင်း၊ ယခုအခါ အလှူအတန်းများပြုလုပ်ရာတွင် ငါးခြောက်များကို အသုံးပြုကြသဖြင့် အရောင်းဝယ်သွက်လျက်ရှိကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးအတွင်း ငါးခြောက်ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

         

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် မြေထောက်ပဲ(အညို)ဈေး

           စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ မြေထောက်ပဲစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် မြေထောက်ပဲများ ကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခကုန်ကျစရိတ်များ သက်သာစေရန်  ရွှေဘိုမြို့တွင်းရှိပွဲရုံများမှ ဝယ်ယူရောင်းချကြောင်း၊ မြေထောက်ပဲမှာ အဖြူရောင်နှင့် အညိုရောင်ဟူ၍ နှစ်မျိုးရှိကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း အောက်တိုဘာလ၊ စတုတ္ထအပတ်တွင် မြေထောက်ပဲ(ဖြူ) မှာ လက်ကျန်မရှိတော့ဘဲ မြေထောက်ပဲ(ညို) (၁)ပြည်လျှင်(၇၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၁၂၀၀ဝိ/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေထောက်ပဲ(ညို) (၁)ပြည်လျှင်(၇၀၀ဝိ/-)ကျပ် ပေါက်ဈေး ရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ် နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသူများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံ ရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)       

မြို့မဈေးတွင်ရောင်းချနေသော ငါးချဉ်ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ရာသီပေါ်သီးနှံများ၊ အသားမျိုးစုံနှင့် ဒေသထွက်ငါးမျိုးစုံအပြင် ငါးကိုအချဉ်သိပ်၍ ငါးချဉ်အဖြစ်ရောင်းချလျက်ရှိကြောင်း သိရသည်။ ငါးချဉ်ပြုလုပ်ရာတွင် ငါးကြင်းချဉ်နှင့် ငါးသေးချဉ်စသည်ဖြင့် အမျိုးမျိုးပြုရောင်းချလျက် ရှိရာကုန်ကြမ်းများဖြစ်သော ငါးကြင်းနှင့် ငါးအသေးကောင်လေးများကို ကန့်ဘလူမြို့နှင့် ကျွန်းလှ မြို့နယ်မှ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလစတုတ္ထပတ်အတွင်း ရောင်းချလျက်ရှိသော ငါးကြင်းချဉ်(၁) ပိဿာလျှင်(၃၉၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်၊ ငါးသေးချဉ်(၁)ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးချဉ်များကို ချက်၍လည်းကောင်း၊ အစိမ်းအတိုင်း သုပ်စား၍လည်းကောင်း စားသုံးကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း  ငါးချဉ်ရောင်းဝယ် ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဘိုပဲဈေး

            စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ တရုတ်ပဲကြီးစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် တရုတ်ပဲကြီး များကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခကုန်ကျစရိတ်များ သက်သာစေရန် ဒေသတွင်းရှိပွဲရုံများမှ ဝယ်ယူရောင်းချကြပါသည်။

            ရွှေဘိုမြို့ဈေးကွက်အတွင်း အောက်တိုဘာလ၊ စတုတ္ထအပတ်တွင် ရောင်းချသည့် ဘိုပဲဈေးနှုန်းမှာ ()ပြည်လျှင်(၁၃၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၂၁၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ဘိုပဲ(၁)ပြည် လျှင်(၁၃၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချ သည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)       

ထားဝယ်မြို့ရှိ လူကြိုက်များသောနှင်းဆီဈေးမြင့်တက်လျက်ရှိ

     တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ ထားဝယ်မြို့နှင့်အနီးတစ်ဝိုက်ရှိ ကျေးရွာများ၌ စီးပွားဖြစ်ဘုရားပန်းများ စိုက်ပျိုးရောင်းချလျက်ရှိပြီး လူကြိုက်များသော နှင်းဆီပန်းများကို နေပြည်တော်၊ ရန်ကုန်နှင့် မော်လမြိုင်တို့ဘက်မှ ဝယ်ယူရောင်းချလျက်ရှိပါသည်။ နှင်းဆီပန်းများမှာ ဘုရားပန်းအတွက်သာမက လက်ဆောင်ပေးရာ၌လည်း အဓိကထားအသုံးပြုကြသည့်အတွက် ဈေး‌ကောင်းရကြောင်းလည်း သိရှိရပါသည်။

      ၂၀၂၅ခုနှစ်၊ အောက်တိုဘာ အတွင်း ပန်းရောင်းချသူများ၏ ပြောပြချက်အရ နှင်းဆီပန်း တစ်စည်းလျှင် (  ၁၀၀၀၀ မှ ၁၂၀၀၀ )ကျပ်အထိရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသော ကင်းပုံသီးနှင့် ပဲတောင့်ရှည်သီးဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ မုံလာထုပ်၊ မုံညှင်းရွက်၊ ခရမ်းကဆော့သီး၊ ကြက်ဟင်းခါးသီး၊  ခရမ်းသီးများ ရောင်းချလျက်ရှိရာ ယခုအခါ ကင်းပုံသီးနှင့် ပဲတောင့်ရှည်သီးပင်များကို  နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ ယာကွက်ခြံစည်းရိုးများတွင်လည်းကောင်း စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်းသိရ သည်။

  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်၌ ကန့်ဘလူမြို့မဈေးတွင် ပဲတောင့်ရှည်သီးများ ကိုကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝယ်ယူ၍ရောင်းချလျက်ရှိ ကြောင်း၊ကင်းပုံသီးများကို နို့ဆီဘူး()ဘူးလျှင်(၇၀၀)ကျပ်၊ ()ပြည်လျှင် (၅၅၀၀)ကျပ်နှင့် ပဲတောင့် ရှည်သီးဈေးနှုန်းမှာ ပဲတောင့်ရှည်သီး()တောင့်ပါ ()စည်းလျှင်(၅၀၀)ကျပ်၊ (၁၀)စည်းပါ()ထုံး လျှင်(၄၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း