မန္တလေးစျေးကွက်တွင် လိမ္မော်သီးများအရောင်းသွက်လျက်ရှိ

Powered by Drupal

          မန္တလေးစျေးကွက်အတွင်း ဒီဇင်ဘာလနောက်ဆုံးပတ်တွင် လိမ္မော်သီးများ ဝင်ရောက်မှုများပြားပြီး၊ အရောင်းသွက်လျက်ရှိကြောင်း စျေးချိုတော်ရှိ သစ်သီးပွဲရုံတန်းမှ သိရှိရပါသည်။ ဘုရားပွဲနှင့် အလှူပွဲများကျင်းပသည့် ဆောင်းဦးရာသီအတွင်း လိမ္မော်သီးအပါအဝင် သစ်သီးမျိုးစုံ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်အတွင်း လိမ္မော်သီးများအား ရှမ်းပြည်နယ်မှ ဝင်ရောက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် လိမ္မော်သီးစျေးအနေဖြင့် လိမ္မော်သီးအပွ(အလုံးကြီး)တစ်လုံးလျှင်  ၂၅၀ဝိ/-နှင့် ၃၀၀ဝိ/-စျေး၊ လိမ္မော်သီး(ခေါင်သီး) ၁၃၀ဝိ/-နှင့် ၁၅၀ဝိ/-၊လိမ္မော်သီး(အလတ်) ၁၀၀ဝိ/-နှင့် ၁၁၀ဝိ/-၊ လိမ္မော်သီး (အလုံးသေး)၇၀ဝိ/-နှင့် ၈၀ဝိ/-၊ ပျားလိမ္မော်နှင့် ရွှေလိမ္မော်  တစ်ပိဿာလျှင် ၁၂၀၀ဝိ/-နှင့် ၁၅၀၀ဝိ/- စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး၊ အမျိုးအစားအလိုက် စျေးအနည်းငယ်ကွာခြားမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)