သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကလေးဝမြို့၊ စည်ပင်ဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်

                   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးနယ်မြေအတွင်းရှိ ကလေးဝမြို့တွင် ( ၂.၆.၂၀၂၅ ) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မိတ်ဖက်ဌာနများနှင့်  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

                   စားသုံးသူရေးရာဦးစီးဌာနမှ ကလေးဝမြို့နယ်တာဝန်ခံ ဦးကျော်ကျော်မိုးသည် ဇွန်လအတွင်း ဦးစားပေးဆောင်ရွက်မည့် ကုန်စည်အမျိုးအစားဖြစ်သည့် စည်သွပ်အစားအစာ အမျိုးမျိုးအား မြန်မာစာဖြင့် ဖော်ပြရန်သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ မိတ်ဖက်ဌာနများနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“သီလဝါစက်မှုဇုန်ရှိ Wilmar ဆီကန်သို့ ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ကြည့်ရှုစစ်ဆေးခြင်း”

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သီလဝါစက်မှုဇုန်ရှိ Wilmar ဆီကန်သို့ မေလ ၂၉ ရက်နေ့၊ ညနေ ၁၃:၃၀ အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် စားအုန်းဆီသိုလှောင်ကန်များအား သွား ရောက်ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ တောင်ပိုင်း ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးနှင့် ဝန်ထမ်းများ၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံဆီကိုယ်စားလှယ်များအသင်း (MEBDA)၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ် မှုလုပ်ငန်းလီမိတက် (MITS) တို့ပူးပေါင်း၍ သီလဝါစက်မှုဇုန်အတွင်းရှိ Wilmar ဆီကန်သို့ သွားရောက်၍ စားအုန်းဆီသိုလှောင်ကန်များအား လိုက်လံစစ်ဆေးမှုများ ဆောင်ရွက်ခြင်း၊ ဆီထုတ်ကုမ္ပဏီများစာရင်းများ စစ်ဆေးခြင်း၊ ဆီကိုယ်စားလှယ်များထံသို့ စားအုန်းဆီ နေ့စဉ် ထုတ်ပေးလျက်ရှိသော ဆီပေပါများအား အလေးချိန်ပြည့်မပြည့်တို့အား စစ်ဆေးခြင်း၊ စားအုန်း ဆီ အဝင်အထွက်စာရင်းများ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး  Wilmar ဆီကန်များ တာဝန်ရှိ ဝန်ထမ်းများအား ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့် အခြားတိုင်းဒေသကြီးပြည်နယ် များရှိ ဆီကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ်ရောင်းဝယ်ဖောက်ကားရာတွင် ဆီပေပါများ တွင် ဆီများအလေးချိန်မှန်မှန်ဖြင့် ချိန်တွယ်ပေးရန် မှာကြားခဲ့ပြီး  စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနတွင် ဖွင့်လှစ်သင်ကြားသည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်း ပွဲအခမ်းအနားသို့ သွားရောက်၍ စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

              အဆိုပါအခမ်းအနားတွင် သမဝါယမဦးစီးဌာန၊ ကျေးလက်ဦးစီးဌာန၊ စက်မှုကြီးကြပ် ရေးနှင့် စစ်ရေးဆေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန စသည်ဖြင့် မိတ်ဖက်ဌာနမှားမှ သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး သင်တန်းသား/သူ ( ၂၀ ) ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

              အ‌သေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးထိုက်တန် ( ခရိုင်ဦးစီးမှူး ) မှ သင်တန်းဖွင့်လှစ် ရသည့်အကြောင်းအရင်းနှင့် အကျိုးကျေးဇူးများအား အကျယ်တဝင့် ပြောကြားခဲ့ပြီး သင်တန်းပို့ချရာတွင် အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများနှင့် အမျိုးအမည်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

              စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သိမ့်သိမ့်ထွန်း ( ဒုဦးစီးမှူး ) မှ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် သင်ကြားခဲ့သည့် ဆပ်ပြာရည်အမျိုးမျိုး၊ ဆပ်ပြာခဲ့အမျိုးမျိုး သင်တန်းအား တက်ရောက်ခဲ့သည့် သင်တန်းသားများအတွင်းမှ တစ်ပိုင်တစ်နိုင်လုပ်ငန်းထူထောင်မည့် သင်တန်းသား/သူများ ပါဝင်သည့်အတွက် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချမည်ဆိုပါက မြန်မာစာဖြင့်ဖော်ပြရန် သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ထည့်သွင်းရန်နှင့် နမူနာတံဆိပ်များအား လိုအပ်ချက် ရှိ/မရှိ သိရှိလိုပါက မိမိတို့၏ ရုံးသို့ဆက်သွယ်နိုင်ပါကြောင်းနှင့် ရုံးသို့လာရောက်နိုင်ခြင်းမရှိပါက 1535 ဖြစ်သည့် Consumer Call Center သို့ ဆက်သွယ်မေးမြန်း နိုင်ပါကြောင်း အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

             

ကလေးမြို့ပေါ်ရှိ စားသောက်ဆိုင်များအား မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်

( ၂၃.၅.၂၀၂၅ ) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ပေါ်ရှိ အစားအသောက်ဝန်ဆောင်မှုပေးသည့် စားသောက်ဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်ဟု သိရှိရပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်များ ကိုင်တွင်ချက်ပြုတ်သူများအနေဖြင့် တစ်ကိုယ်ရည်သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှု ရှိ/မရှိ၊ ပြုပြင်ရောင်းချသည့် နေရာများအား သန့်ရှင်း သပ်ရပ်စွာ ထားသိုထားရှိခြင်း ရှိ/မရှိ၊ အစားအသောက် ကိုင်တွယ်ချက်ပြုတ်သူများအနေဖြင့်လည်း ဝတ်စုံပြည့် ဝတ်ဆင်ထားမှု ရှိ/မရှိ၊ ပန်းကန်များ ထားသိုသိမ်းဆည်းသည့် နေရာများ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ မီးဖိုချောင်သုံး အမှိုက်ပုံးများ စနစ်တကျ ထားသိုမှု ရှိ/မရှိ၊ အမှိုက်များစွန့်ပစ်သည့်နေရာနှင့် ရေထွက်မြောင်းများ ရေစီးဆင်းမှု ရှိ/မရှိ များကိုလည်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအားလုံလောက်သည့် သတင်းအချက်အလက် များအား ကြိုတင်၍ အသိပညာပေးရန်နှင့် Menu စာအုပ်တွင် ဖော်ပြထားသည့် စားသောက် ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား၏ ဘေးတွင်ကပ်နှိပ်ထားသည့် ဈေးနှုန်းများအား သိသာမြင်သာစွာ ဖော်ပြရန်နှင့် ပြောင်းလဲမှုရှိပါက စားသုံးသူများအား ကြိုတင်အသိပေး ဖော်ပြထားရန် လိုအပ်ပါကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

Doca(စစ်ကိုင်း)

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၅) ကျင်းပဆောင်ရွက်ခြင်း

    မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅)ကို ၃-၆-၂၀၂၅ ရက် (အင်္ဂါနေ့)၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ ကရင်ပြည်နယ် စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ က ကရင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ တက်ရောက်ခဲ့ပြီး ၊ ကျန်ကော်မတီ အဖွဲ့ဝင်များက စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ တက်ရောက်ခဲ့ကြပါသည်။

    ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ ကရင်ပြည်နယ်စားသုံးသူရေးရာ ကော်မတီ ဥက္ကဋ္ဌမှ Point (၁) ပွိုင့်ဖြင့်တက်ရောက်ပြီး၊ စားသုံးသူရေးရာအဖွဲ့ဝင်များမှ Point (၁) ပွိုင့် စုစုပေါင်း Point (၂) ပွိုင့် ဖြင့်တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ကရင်ပြည်နယ် စားသုံးသူရေးရာကော်မတီဝင် (၉) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

စာရေးကိရိယာအမျိုးမျိုးရောင်းဝယ်ရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်) သည် ၃.၆.၂၀၂၅ ရက်နေ့တွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံး၌ စာရေးကိရိယာအမျိုးမျိုးရောင်းဝယ်ရေး လုပ်ငန်းရှင်နှင့်  တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   ထိုသို့  ဆွေးနွေးရာတွင်  စားသုံးသူကာကွယ်ရေးဥပ‌ဒေတွင်ပါရှိသော  စီးပွားရေးလုပ်ငန်းရှင်၊ ကုန်စည်နှင့်ဝန်ဆောင်မှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများဖြစ်သော စားသုံးသူက လက်ခံသုံးစွဲနိုင်သော အရည်အသွေး ရှိခြင်း၊ ကုန်စည်၏  အရည်အသွေး၊    ပမာဏနှင့်   အလေးချိန်   မှန်ကန်မှုရှိခြင်း၊     ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ သုံးစွဲသူ၏ လိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်း စသည့်အချက်များ၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက် ပေးခြင်းများဖြစ်သော မိမိဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အချက်အလက်များကို စားသုံးသူသိရှိစေရန် ကြိုတင်အသိပေးခြင်း၊ မှန်ကန်သော သတင်းအချက် အလက်နှင့် ပြည့်စုံသော ဝန်ဆောင်မှု အဆင့်အတန်းနှင့်အညီ ပြည့်ဝစွာပေးခြင်း၊ စားသုံးသူ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိခြင်း ၊ စားသုံးသူနှင့် သဘောတူညီထားသည့် ဝန်ဆောင်မှု တန်ဖိုးအတိုင်း ပေးအပ်စေခြင်း စသည့်အချက်များ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိသာထင်ရှားစွာ ဖော်ပြရမည့် အချက်များ အားရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

ဦးတင်မြင့်(ကုန်စုံဆိုင်) သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၃.၆.၂၀၂၅ ရက်နေ့တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက်အတွင်းရှိ ဦးတင်မြင့်(ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက် များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Coca-Cala အမှတ်တံဆိပ်ပါ ကိုလာအရသာအချိုရည်သည် အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို ကုန်အညွှန်း အမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်စည်အမျိုးမျိုး ရောင်းချ ဖြန့်ဖြူးရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချဖြန့်ဖြူးရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါ သည်။

DOCA(ကချင်)

ဟော့ပေါ့ နဲ့ အကင်ဆိုင်တွေမှာ အစားများတဲ့ ကြက်မဲ

  ယနေ့ စားသုံးသူများ အစားအသောက် မီနှူးအသစ်များ မှာယူစားသောက်နေကြပြီး ကြက်မဲအသား လွှာ ကို အမျိုးမျိုး ပြုလုပ်၍ စားသောက်နေကြောင်း တွေ့ရှိလာရသည်။ ကြက်မဲဆိုသည်မှာ ကြက်တစ်ကောင်လုံးမဲနေသော အိမ်မှာ မွေးမြူသောကြက် လို့သာ လူတိုင်းသိကြသည်။ စားသောက်ဆိုင်များတွင် မှာယူစားသောက်သော ကြက်မဲသည် မည်သို့ ပြုလုပ်ထားကြောင်း  ရေရေရာရာ အဖြေ မရှိတာကတော့ ကြက်မဲအသားလွှာတွေဟာ တကယ့် အသားလွှာ ဟုတ်/မဟုတ် ဆိုတာနဲ့ မဟုတ်ခဲ့ရင် ဘာအသားနဲ့ လုပ်ထားတာလဲ ဆိုတာပါပဲ။

   ကြက်မဲဆိုတာဟာ တကယ့် ကြက်မဲ မဟုတ်ပါဘူး။ ကြက်မဲအစစ်က အိမ်ကြက်လိုပဲ သေးတယ်။ ဈေးတအား ကြီးပါသည်။ တကောင်လုံးလည်း မဲနေပါတယ်။ အဖြူနေရာ မပါပါဘူး။ ဟော့ပေါ့နဲ့ အကင်ဆိုင်တွေမှာ အစားများတဲ့ ကြက်မဲဟာ တရုတ်ကနေ သွင်းနေတဲ့ ဟော့ဒေါ့တွေလိုမျိုး အသားတွေကို ကြိတ်ပြီး လုပ်တာမျိုးပါ။ အသားထဲမှာတော့ ကြက်သားလည်း အဓိက ပါဝင်နိုင်တယ်လို့ ယူဆရပါတယ်။ အဲ့အသားတွေကိုမှ ရောစပ်ပြီး ကြိတ်ထားတာ ဖြစ်ပါတယ်။

    ကြက်မဲမှ မဟုတ်ပါဘူး။ လက်ရှိဆိုင်တွေမှာ နာမည်ကြီးပြီး ရောင်းကောင်းနေတဲ့ ယုန်သားပြား၊ ကြက်ဆင်ပြား၊ ကြက်မဲပြား အကုန်လုံးက တခုမှ အစစ်မဟုတ်ပါဘူး။ ကြက်မဲ အပါအဝင် ဒီလိုအသားတွေကို အိမ်နီးနားချင်း ထိုင်းက ဆိုင်ကြီးတွေမှာဆိုရင် မသုံးပါဘူး။ ဒီလောက်ဆိုရင် မြန်မာတွေ ကြိုက်ကြလွန်းလို့ ပစ္စည်းတောင် ပြတ်သွားတဲ့ ကြက်မဲလွှာအကြောင်း ရိပ်ဖမ်းသံဖမ်း သိကြမယ် ထင်ပါတယ်။ မြန်မာလူမျိုးများ ကျ၊န်း၊မာရေးအတွက် ချင့်ချိန်စားကြဖို့ တင်ပြလိုက်ပါသည်။

DOCA(ဧရာဝတီ)

စနစ်သစ်မွေးမြူရေး ဝက်အသားတိုးမွေးမြူရေးလုပ်ငန်းမှ ဈေးကွက်ရရှိနေသည့် ဝက်သားဈေးနှုန်း ဈေးကွက်အခြေ အနေ

   ပန်းတနော်မြို့နယ် ထူးထက် ဟန်ကုမ္ပဏီ၏ ဝက်အသားတိုးမွေးမြူရေးလုပ်ငန်းခွင်သို့ စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်လေ့လာ ခဲ့ပြီး ပြည်တွင်းကုန်သွယ်မှု ဈေးကွက်ရရှိနိုင်မှုနှင့် စားသုံးသူများ၏ လိုအပ် ချက် ဖြည့်ဆည်းနိုင်မှုများကို အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ပြီး ထူးထက် ဟန်ကုမ္ပဏီ၏ အသားတိုးဝက် မွေးမြူရေးလုပ်ငန်းသည် သန့်ရှင်းလတ်ဆတ် မှုရှိပြီး  စားသုံးသူအတွက် ဘေးကင်းစွာ စားသုံးနိုင်မှုနှင့် ဈေးကွက်ရရှိမှု အလားအလာကောင်းများကို တွေ့ရှိရကြောင်း သိရသည်။
      ဧရာဝတီတိုင်း‌ဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စု၊ ဥတိုကျေးရွာတွင် အသားတိုးဝက် မွေးမြူရေးလုပ်ငန်းကို အလုံပိတ်လေအေးပေးစနစ်ဖြင့် မွေးမြူလျက်ရှိကြောင်းသိရသည်။ ၂၀၂၄ခုနှစ် ထုတ်လုပ် မွေးမြူ သော ဝက်အသားတိုးများကို (၁၈.၅.၂၀၂၅) နေ့က တင်ပို့နိုင်မှု (၁၈)ခြံမှ ဝက်အကောင်ရေ ၉၅၀၀  ကောင်ရေမွေးမြူနိုင်ပြီး ပိသာချိန် (၇၂၆၅၀၀) တင်ပို့နိုင်ကြောင်း သိရသည်။

    လက်ရှိတွင် ဝက်တစ်ကောင်ပေါက် (၃၉၀၀)ကောင်မွေးမြူထားရှိကြောင်း သိရသည်။ အကောင်ပေါက် တစ်ကောင်လျှင် ငွေကျပ်  ၂၅၀ဝ၀ဝ ဖြင့် ဝယ်ယူ၍ မွေးမြူရကြောင်း သိရသည်။ အသားတိုးဝက်များကို စတင်မွေးမြူသည်မှ ၁၄၅ ရက်သားတွင် ဝက်အကောင်ရောင်းချသလို ဝက်သား ၈၅ kg အထက် ဈေးနှုန်း ၂၁၆၀၀နှုန်း၊ ၈၅ kg အောက်ဈေးနှုန်း  ၂၀၇၀၀နှုန်းဖြင့် ဈေးကောင်းရရှိသည်ဟု ရန်ကုန်ဈေးကွက်သို့ တင်ပို့ကြောင်းကို စက်ရုံတာဝန်ခံမှ ရှင်းလင်းပြောပြခဲ့သည်။

DOCA(ဧရာဝတီ)

ပန်းတနော် ဖိုးလမင်းရေခဲစက်လုပ်ငန်းအား ကွင်ဆင်းစစ်ဆေး

  ပန်းတနော်မြို့နယ်၊ ဆယ့်နှစ်ရွာကျေးရွာရှိ ဖိုးလမင်းရေခဲစက်အား ဈေးကွက်မရောက်မှီကုန်စည်များ အန္တရာယ်ကင်းစေရေး စားသုံးသူများထိခိုက်မှုမရှိစေရေးအတွက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့်၊ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့တို့မှ (၃၀-၅-၂၀၂၅) ရက်နေ့ နံနက် (၀၉၀၀)နာရီအချိန်က ကွင်းဆင်းစစ်ဆေးမှုကိုဆောင်ရွက်ခဲ့ကြသည်။

  ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်ကျော်သက်က ဖိုးလမင်းရေခဲစက် လည်ပတ်ထုတ်လုပ်မှူကို မေးမြန်း ဆောင်ရွက်ခဲ့ရာ ရေခဲစက်မှ နွေရာသီ ၄လတွင် ပိုမိုထုတ်လုပ်နိုင်ပြီး၊ နွေရာသီတွင် ပေါင် ၃၀၀ ရေခဲတုံး တစ်နေ့ကို ၁၀၀တုံးထုတ်လုပ်နိုင်ကြောင်း၊ မိုးရာသီ ၄လတွင် ထုတ်လုပ်မှုနည်းပါးပြီး တစ်နေ့လျှင် ၆၀-၇၀ တုံးနီးပါးသာ ထုတ်လုပ်နိုင်ကြောင်း၊ ဆောင်းရာသီ ၄လတွင် ရေခဲ့တုံး တစ်နေ့ ၁၀၀ တုံးထုတ်လုပ်ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။ မြို့နယ်အတွင်းဖြန့်ဖြူးရောင်းချလျက်ရှိပြီး အအေးဆိုင်များ ငါးကန်သမားများမှ လာရောက်ဝယ်ဘူလျက်ရှိသည်။ ယနေ့ ရောင်းချမှု ဈေးနှုန်း အနေဖြင့် ရေခဲပေါင် ၃၀၀ တစ်တုံးလျှင် ငွေကျပ် ၁၀၀၀၀-၁၁၀၀၀ နှုန်းဖြင့်ရောင်းချကြောင်း လုပ်ငံရှင်ထံမှ သိရပြီး လုပ်ငန်းရှင်တို့အား ဈေးကွက်မရောက်မှီကုန်စည်များ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စက်လျဉ်း၍ လည်းကောင်း၊ လုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များအကြောင်းတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ