ရေတာရှည်မြို့နယ်အတွင်း ရန်ကုန်-မန္တလေး(၃)မိုင်အကွာကျေးရွာ များဖွံ့ဖြိုးတိုးတက်ရန်အသိပညာပေးမှု

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိရက်(၁၀၀)စီမံချက်ဖြင့်ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍  (၄.၆.၂၀၂၆)ရက်နေ့နံနက်(၉:၀၀)နာရီအချိန်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ရေတာရှည်မြို့နယ်၊ညောင်ပင်သာ၊ထန်းကုန်း၊ ဆွာမင်းလမ်းကျေးရွာအုပ်စုများသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ ပါသည်။

         အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်လက် ထောက်ညွှန်ကြားရေးမှူးမှ ကျေးရွာနေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိရေး ၊ အခြေခံထွက်ကုန်သီးနှံများတန်ဖိုးမြှင့်တင်ထုတ်လုပ်နိုင်ရေး၊ ပြည်တွင်း၊ ပြည်ပသို့တင်ပို့နိုင်ရေးနှင့် မိသားစု စားဝတ်နေရေးကိုတစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ပြီး တစ်ပိုင်တစ်နိုင်လုပ်ကိုင်  စေရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းများထွန်းကားလာခြင်းအပြင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုလည်းများစွာ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ လူသုံးကုန်နှင့် စားသောက်ကုန်လုပ်ငန်းများအတွက် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်၊၊

        ထို့ပြင် ဌာနဆိုင်ရာအသီးသီးမှ မြို့နယ်ဦးစီးမှူးများက မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ အား အသီးသီးရှင်းလင်းပြောကြားခဲ့ကြပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ပပလင်းက စားသုံးသူအခွင့်အရေးနှင့်ထုတ်ကုန်များ၏ ကုန်အညွှန်းအမှတ်အသားများအကြောင်းလည်း ရှင်းလင်း ပြောကြားခဲ့ပါသည်။

         အဆိုပါ ဆွေးနွေးပွဲသို့တက်ရောက်လာသူကျေးရွာနေပြည်သူများသည် စိတ်ပါဝင်စားစွာ နားထောင် ခဲ့သည့်အပြင် အလုပ်အကိုင်အခွင့်လမ်းများနှင့် စားသုံးသူအခွင့်အရေးများအကြောင်း သိရှိခဲ့ပြီး ကျေးရွာ များရှိဒေသခံပြည်သူ(၁၉၈)တက်ရောက်ခဲ့ပါသည်။

DOCA(ပဲခူး)