သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပန်းတနော်မြို့နယ်တွင် သက်သာသော ဈေးနှုန်းဖြင့် ကြက်ဥ၊ ဘဲဥ၊ ဆီနှင့် သား၊ ငါးများကို နေ့စဉ်ရောင်းချပေးလျက်ရှိ

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင် ကြီးကြပ်မှုဖြင့် ပန်းတနော်မြို့နယ်တွင်း  ပြည်သူများ အခြေခံစားသောက်ကုန် ဆီနှင့် ဘဲဥ၊ ကြက်ဥများ သက်သာ သော ဈေးဖြင့် ဝယ်ယူနိုင်ရန် ကြက်ခြံ ၊ ဘဲမွေးမြူရေးခြံ လုပ်ငန်းရှင်နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ သက်သာသောဈေးဖြင့် ရောင်းချပေးနေကြောင်းသိရသည်။

   ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးအရှေ့မှ စတင်၍ လှည့်လည်ရေးကားဖြင့် ပန်းတနော်မြို့နယ်အတွင်း ရောင်းချပေးရာ မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ပါဝင်ပြီး (၂၈.၁၁.၂၀၂၄)ရက်မှ (၃၀.၁၁.၂၀၂၄) ရက်နေ့အထိ ကြက်ဥ ၇၅၀၀လုံး၊ ဈေးနှုန်း ၁လုံးကို ၃၅၀/-၊ ဘဲဥအလုံး ၅၀၀လုံး ဈေးနှုန်း ၁လုံး ၅၀၀/-ကျပ်၊ ဆီပိဿာချိန် ၁၀ ကိုရည်ညွှန်းဈေးဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

    ဆက်လက်၍ (၁.၁၂.၂၀၂၄)ရက်နေ့မှ (၄.၁၂.၂၀၂၄) ရက်နေ့ အထိ ကြက်ဥ တစ်နေ့ကို အလုံး ၃၀၀၀၊ ဈေးနှုန်း တစ်လုံးကို ၃၅၀/-ဖြင့် အလုံးရေ (၁၂၀၀၀)လုံးကိုလည်းကောင်း၊ ကြက်သား တစ်နေ့ကို ပိဿာချိန် ၁၀ဖြင့် ပိသာချိန် ၄၀ကို ကြက်သားဈေးနှုန်း ၁၀ဆယ်သား ၁၄၀၀ကျပ်ဖြင့်လည်းကောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့မှ စတင်၍ ရောင်းချပေးပြီး ဈေးကားဖြင့် မြို့နယ်တွင်း လှည့်လည်ရောင်းချခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ  ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် (၄-၁၂-၂၀၂၂)ရက်နေ့တွင် ညောင်တုန်းမြို့၊ ‌မဲဇလီကျေးရွာ၊ ပဲလေ့သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ကင်းသော ကုန်ပစ္စည်းထုတ်လုပ်ရောင်းချရေးနှင့် သောက်ရေသန့်ဗူးပေါ်တွင်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြစေရန် ရည်ရွယ်၍ သွားရောက်စစ်ဆေးခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က  သောက်ရေသန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်အား  စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်ပစ္စည်းပေါ်တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအားပြည့်စုံစွာဖော်ပြစေရေး၊  စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ‌ဆောင်ရွက် ရမည့်တာဝန်နှင့် တားမြစ်ချက်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်လုပ်ခွင့်ပြုချက်၊ ထောက်ခံချက်လိုင်စင်များကို စစ်ဆေးခြင်း၊ သောက်ရေသန့်ထုတ်လုပ်သည့် စက်ရုံအတွင်း/ပြင် သန့်ရှင်း သတ်ရပ်မှုနှင့် သတ်မှတ်ဝတ်စုံများစနစ်တကျထားရှိရေး၊ အသုံးပြုသောသောက်ရေသန့်ဗူးခွံများ စနစ်တကျ ဆေးကျောသန့်ရှင်းမှု ရှိ/မရှိနှင့်၊ နေရောင်နှင့် တိုက်ရိုက်ထိတွေ့ခြင်း မရှိသောနေရာတွင်ထားရန်ကို ဖြန့်ဖြူးရောင်းချသူ ကိုယ်စားလှယ်များကို သတိပေးပြောကြားပြီးရောင်းချရန်၊ ရေသယ်ကားများ အမိုးတပ်ဆင် ၍ ရေဗူးများကို တင်ပို့ရန်၊ ကောင်းမွန်သောထုတ်လုပ်မှုနည်းစနစ်နှင့်အညီ ထုတ်လုပ်စေရေး၊ စက်ရုံးဝန်ထမ်းများ၏ တကိုယ်ရေကျန်းမာရေးအတွက် အလေးထားဆောင်ရွက်ရန်၊ ကောင်းမွန်သော ရေသန့်ထုတ်ကုန်ကို တန်ဖိုးထား ထုတ်လုပ်နိုင်ရန် တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

သက်သာသော ဈေးနှုန်းဖြင့် ကြက်ဥ၊ ဘဲဥများကို ဓနုဖြူမြို့နယ်တွင် နေ့စဉ်ရောင်းချပေးလျက်ရှိ

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ဓနုဖြူမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင် ကြီးကြပ်မှုဖြင့် ဓနုဖြူမြို့နယ်တွင်း ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြုနိုင်ရန်အတွက် ရည်ရွယ်၍ ကြက်ဥ၊ ဘဲဥနှင့် သားငါးများကို နေ့စဉ် ရောင်းချပေးလျက်ရှိသည်။

    ရောင်းချရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ စည်ပင်သာယာရေးအဖွဲ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊  တို့ ကြီးကြပ်ပါဝင်ကြပြီး (၂၈.၁၁.၂၀၂၄)ရက်နေ့က စတင်ရောင်းချပေးပြီး  ဓနုဖြူမြို့၊ အမှတ် ၈ ရပ်ကွက်၊ မင်းပိုင်းဓမ္မာရုံတွင် ကြက်ဥ အလုံးရေ (၃၀၀၀)နှင့် ကြက်ဥဈေး တစ်လုံးကို ၃၅၀/-ကျပ်၊ ဘဲဥအလုံး (၆၀၀)ကို တစ်လုံးလျှင် ၄၅၀/-ကျပ်ဖြင့်လည်းကောင်း၊ ကြက်သား၊ ငါး များကို ချိုသာသောစျေးနှုန်းများဖြင့် ခြံစျေးအတိုင်း ရောင်းချပေးခြင်း၊ (၂၉.၁၁.၂၀၂၄)ရက်နေ့ (၀၇:၃၀)အချိန်က အမှတ်( ၁၀ )ရပ်ကွက် လူစည်ကားရာနေရာတွင် ကြက်ဥအလုံး (၁၅၀၀)လုံး ဈေး၃၅၀/-ဖြင့်လည်းကောင်း၊  ဘဲဥအလုံး (၁၀၀၀) ဈေးနှုန်း ၁လုံး ၅၀၀/-ကျပ်ဖြင့်၊ ကြက်သား၊ ငါးများကိုလည်း သက်သာသောဈေးဖြင့် ရောင်းချပေးခြင်း၊ (၃၀.၁၁.၂၀၂၄)ရက်နေ့ နံနက် (၀၇၃၀)အချိန်က  အမှတ် ၁၀ ရပ်ကွက် လူစည်ကားရာနေရာတွင် ကြက်ဥအလုံးရေ (၃၀၀၀)လုံး ၁လုံးဈေး ၃၅၀/-ဖြင့်၊  ဘဲဥအလုံး(၁၀၀၀)လုံး ဘဲဥတစ်လုံး ၅၀၀/-ကျပ်ဖြင့်၊ ကြက်သား၊ ငါး များကို ရောင်းချပေးခဲ့ပြီး စုစုပေါင်း ကြက်ဥ (၇၅၀၀) နှင့် ဘဲဥ (၂၆၀၀)ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

     (၁.၁၁.၂၀၂၄)မှ (၄.၁၂.၂၀၂၄) ရက်နေ့ကလည်း အမှတ်-၂ရပ်ကွက်၊ အမှတ် ၁၀ ရပ်ကွက်၊ ၁၀၈ လမ်းဆုံ၊ အမှတ် ၁၄ ရပ်ကွက်၊ အမှတ်-၈ ရပ်ကွက် ဓမ္မာရုံရှေ့၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတို့တွင်  ကြက်ဥ၊ (၆၀၀၀)၊ ဘဲဥ (၃၀၀၀) နှင့် (၃.၁၂.၂၀၂၄)နှင့် (၄.၁၂.၂၀၂၄) ရက်နေ့တွင် ကြက်သားအချိန် ၂၅ပိဿာနှင့် ငါး ပိဿာချိန် ၂၀နှင့် စားအုန်းဆီ ၂၂၀ ပိဿာတို့ကို ကျောင်းဆရာ/ဆရာမများက ကူညီရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်အတွင်း ကြက်ဥ၊ဘဲဥ ကြက်သား၊ ငါးများကို နေ့စဉ်ရောင်းချပေးလျက်ရှိ

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင် ကြီးကြပ်မှုဖြင့် ညောင်တုန်းမြို့နယ်တွင်း ပြည်သူများအား  သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြု နိုင်ရန်အတွက် ကြက်ဥ၊ ဘဲဥများကို နေ့စဉ် ရောင်းချပေးလျက်ရှိပြီး ကြက်ဥ၊ ဘဲဥ များကို တိုင်းဒေသကြီး အခြားသော မြို့နယ်များသို့ ဖြန့်ဖြူးတင်ပို့ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

     ရောင်းချရာတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ကြီးကြပ်ပါဝင်ကြပြီး (၂၈.၁၁. ၂၀၂၄)မှ (၃၀.၁၁.၂၀၂၄) ရက်နေ့ထိ ကြက်ဥ တစ်ရက်ကို အလုံး(၃၀၀၀)ဖြင့် စုစုပေါင်း (၉၀၀၀)လုံးကို၊ (၉)ရပ်ကွက်၊ ပန်းဧရာ အခွန်လွတ်ဈေး၊ (၃)ရပ်ကွက် စားသုံးသူရေးရာဦးစီးဌာနရုံးဘေး၊ ၈ရပ်ကွက်၊ ၉ရပ်ကွက် အခွန်လွတ်ဈေးရှေ့ တို့တွင် ရက်အလိုက် အလှည့်ကျရောင်းချပေးလျက်ရှိကြောင်း နှင့် (၁.၁၂.၂၀၂၄)ရက်မှ (၄.၁၂.၂၀၂၄) ရက်နေ့တို့ တွင် ကြက်ဥ စုစုပေါင်း ၁ရက် အလုံးရေ ၃၀၀၀လုံးဖြင့် စုစုပေါင်း (၁၀၅၀၀)လုံးနှင့် (၄.၁၂.၂၀၂၄)ရက်နေ့က ဆန် ၂၄ပြည် ၁၀အိတ်၊ (၃/၄./၁၂.၂၀၂၄) ရက်နေ့က ဝက်ပိသာချိန် (၃၀)၊ ကြက်သား ၃၀ပိဿာ၊ ငါးပိဿာချိန် ၂၀ ပိဿာ၊ ဆီ ပိဿာချိန် ၆၀ပိဿာနှင့် အမဲသား ၁၀ပိဿာကို သက်သာသောဈေးဖြင့် ညောင်တုန်းမြို့နယ်တွင် ပြည်သူများ ဝယ်ယူနိုင်ရန် ဌာနဆိုင်ရာများ ပူးပေါင်း၍ နေ့စဉ်ရောင်းချပေးနေကြောင်း သတင်းရရှိပါသည်။ 

DOCA(ဧရာဝတီ)

 

အ.ထ.က အိုင်သပြုကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၃.၁၂.၂၀၂၄)နေ့ နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၆၆၀ ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်တွေ ပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

     ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့်အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံ မှုရှိမရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် မုန့်ဈေးတန်းရောင်းချသူများအား မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

                                               

ဟင်္သာတမြို့ အခွန်လွတ်ဈေးရှေ့တွင် ကြက်ဥ၊ အသား၊ငါး နှင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် ၄.၁၂.၂၀၂၄ ရက်နေ့၊ နံနက် (၇:၀၀) နာရီအချိန်မှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဟင်္သာတမြို့နယ်၊ လက်သမားရပ်ကွက်ရှိ အခွန်လွတ်ဈေးရှေ့တွင် ပြည်သူများအား ကြက်ဥ၊ အသား၊ငါးနှင့်စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန် ကြက်ဥတစ်လုံးလျှင် ၃၆၀/- ကျပ်ဖြင့် အလုံး ၃၀၀၀ ကို လည်းကောင်း၊ ငါးတစ်ပိဿာလျှင် ၆၀၀၀/- ကျပ်ဖြင့် ပိဿာ ၂၀ ၊ ဝက်သားတစ်ပိဿာလျှင် ၂၅၀၀၀/- ကျပ်ဖြင့် ၄ ပိဿာ ၂၀ ကျပ်သား၊ အမဲသား တစ်ပိဿာလျှင် ၁၈၀၀၀/- ကျပ်ဖြင့် ၄ ပိဿာ ၂၀ ကျပ်သားနှင့် စားအုန်းဆီ တစ်ပိဿာလျှင် ၈၀၀၀/- ကျပ်ဖြင့် ၂၅ ပိဿာ လည်းကောင်း ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လေးမျက်နှာမြို့နယ်“လင်းလက်”မုန့်ဟင်းခါး/ခေါက်ဆွဲလုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၄.၁၂.၂၀၂၄)ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် ခမောက်စုကျေးရွာ၊ ဈေးဟောင်းပိုင်းရပ်ကွက်ရှိ “လင်းလက်” မုန့်ဟင်းခါး/ခေါက်ဆွဲလုပ်ငန်းသို့   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးသည် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော မုန့်ဟင်းခါး/ခေါက်ဆွဲများ တွင် ကြာရှည်ခံဆေးဝါးများ၊ တားမြစ်ဆေးဝါးများသုံးစွဲခြင်းမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းနှင့် တားမြစ်ချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲပြုလုပ်

   စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၂.၁၂.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌  ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး (၁၀၀) ဦးအား တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာ တားဆီးဆောင်ရွက်ရာတွင် သတင်းရရှိမှုမှာ အရေးကြီးသည့် ကိစ္စရပ်ဖြစ်၍ သတင်းရယူရန်နှင့် သတင်းပေးတိုင်ကြားသူများအား ဆုကြေးချီးမြှင့်ပေးမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုသည် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေတဲ့ အဓိကအချက်ဖြစ်တဲ့အပြင်၊ ဒေသတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း တရားမဝင်ကုန်စည်များနှင့် ယှဉ်ပြိုင်နိုင်မှုနည်း ပါးပြီး ရေရှည်ရပ်တည်ရန် ခက်ခဲစေနိုင်ကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ (အထူး) လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ တရားမဝင်ကုန်စည် များအား လက်လီ/ လက်ကား အရောင်းဆိုင်၊ Shopping Mall များမှတဆင့် ဈေးကွက်အတွင်း ဖြန့်ဖြူးခြင်း၊ လက်လီ ရောင်းချခြင်းများမပြုလုပ်စေရေး ပညာပေးခြင်း၊ သတိပေးခြင်း၊ တားဆီးခြင်း၊ စစ်ဆေးခြင်း၊ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းများကို အချိန်ကာလတစ်ခုသတ်မှတ် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း၊ သတင်းပေးတိုင်ကြားသူများအား ဆုကြေးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဟောပြောအသိပညာပေးခြင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ပို့ကုန်/သွင်းကုန်ဥပဒေဆိုင်ရာ သိကောင်းစရာများ၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ် ကုန်မျိုးစုံဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၄.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၃၀)အချိန်တွင် ဇလွန်မြို့ပေါ်ရပ်ကွက်၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံ ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှု ရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးဆီ ရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့်အကြောင်း စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ ကုန်စုံဆိုင်(၈)ဆိုင်အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့မဈေးအတွင်း ကြက်ဥ၊ ဘဲဥ ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် ၃.၁၂.၂၀၂၄ ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့ဥက္ကဌ၊ အဖွဲ့ဝင်များနှင့်အတူ ကြံခင်း မြို့မဈေးအတွင်းရှိ ကြက်ဥ၊ ဘဲဥအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းရာတွင် ကြံခင်းမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့သည် ဈေးကွက် ပြည်သူများဈေးနှုန်း သက်သာမှန်ကန်စွာ ဝယ်ယူရရှိစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ကြက်ဥ၊ ဘဲဥအရောင်းဆိုင်များတွင် ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းဖြင့် ရောင်းချမှုပြုစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ