
စားသုံးသူရေးရာဦးစီးဌာန၊ ကလေးဝမြို့နယ်တာဝန်ခံရုံးအနေဖြင့် လစဉ် စည်ပင်ဈေးများ၊ ရပ်ကွက်လက်လီဆိုင်များ၊ ဆေးဆိုင်များအပြင် ကျောင်းမုန့်ဈေးတန်းများ အထိပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြပါသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စစ်ဆေးရမည့်ကုန်စည်များကို လအလိုက် သီးခြား သတ်မှတ် စစ်ဆေးခဲ့ရာ ယခုလတွင် အရန်သင့်အစားအစာများ စစ်ဆေးရမည်ဖြစ်သောကြောင့် ကျောင်းမုန့်ဈေးတန်းတွင်ရောင်းချနေသည့် အရန်သင့်အစားအစာများတွင် မြန်မာစာဖြင့်ဖော်ပြရန် သတ်မှတ်ထားသည့် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိနှင့် သက်တမ်းလွန် အရန်သင့်အစားအစာများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
