
(၁၆.၁၀.၂၀၂၅) ရက်နေ့၊နံနက် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့်ဝန်ထမ်းများသည် အမှတ် (5H/27)၊ ပုလဲလမ်း၊ (၂၇)ရပ်ကွက်၊ မြောက်ဒဂုံမြို့သို့သွားရောက်၍“ Amazing Sportswear ”မှ “အဝတ်အထည်၊ အထည်အလိပ်နှင့်ဆက်စပ်ပစ္စည်းများ” အား Online Sale မှတ်ပုံတင်မြေပြင် စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှု ရှိ/မရှိကိုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းက အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့်အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/ မရှိ၊ အခြားလို အပ်သည့်အချက်အလက်များပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
