သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မကွေးမြို့နယ်၊ သိင်္ဂါရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေးဆွေးနွေးပွဲကျင်းပ

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံသည် (၁၂.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့၊ သိင်္ဂါရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေးဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ- ၂၀၁၉ ပါ အခြေခံပညာအလယ်တန်းကျောင်းသား၊ ကျောင်းသူများ သိသင့်သော စားသုံးသူကာကွယ်ရေး အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူများရသင့်သည့် အခွင့်အရေး (၈)ချက်၊ လိုက်နာရမည့် တာဝန် (၄)ချက်၊ ကုန်စည်နှင့်အစားအစာများ ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ၊ စားသုံးသူများနစ်နာဆုံးရှုံး မှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ပုံများ၊ မည်သည့်ဖုန်းဆင်းကဒ်ဖြင့်မဆို အလွယ်တကူခေါ်ယူတိုင်ကြား သော Consumer Call Center  Hot Line No (1535) နှင့် Online မှ ကုန်စည်များဝယ်ယူပါက သတိပြုရမည့်အချက်အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

         

ရွှေဘိုခရိုင် (၁၂/၂၀၂၄)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်မှု အခြေအနေ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက် ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ အပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင် ဦးစီးမှူး ဦးဆောင်၍ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းအား (၄)  ကြိမ် ဆောင်ရွက်ခဲ့ပါသည်။

 ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၄ခုနှစ် ဒီဇင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံခြင်း (၄) ကြိမ် ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၅.၁၂.၂၀၂၄)ရက်နေ့တွင် မုန့်မျိုးစုံလုပ်ငန်းရှင်၊ (၉.၁၂.၂၀၂၄)ရက်နေ့တွင် မုန့်မျိုးစုံလုပ်ငန်းရှင်၊ (၁၁.၁၂.၂၀၂၄)ရက်နေ့တွင် အာလူး ကြော်လုပ်ငန်းရှင်နှင့် ပဲကြော်စုံလုပ်ငန်းရှင်တို့အား တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေး ဥပဒေ၊  အမိန့် ၊  ညွှန်ကြားချက်များကို  ဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင် (၁၂/၂၀၂၄)လအတွင်း စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲလုပ်ငန်း ဆောင်ရွက်ခဲ့မှုများ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ် ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့်အတိုင်း စားသုံးသူပြည်သူများသည် စားသုံးသူအခွင့် အရေးနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ကျောင်း၊ ဈေး၊ ရပ်ကွက်၊ ကျေးရွာ  များ၊ ဌာနဆိုင်ရာရုံးများ၊ တက္ကသိုလ်/ကောလိပ်များ၊ တပ်ရင်းတပ်ဖွဲ့များကို စားသုံးသူ ကာကွယ်ပေးရေး အသိ ပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဈေးကွက်အတွင်း စားသုံးသူများ အနေဖြင့် ကုန်စည် နှင့်ဝန် ဆောင်မှုများကို အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးသော ကုန်စည် များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များ ဆောင်ရွက်လျက်ရှိရာ စားသုံး သူများ၏အခွင့်အရေး (၈)ချက်အနက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင် မှုများနှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာ နိုင်ရန်၊ နစ်နာဆုံးရှုံးမှုများကို ရှင်းလင်းတင်ပြနိုင်ရန်၊ တိုင်ကြားနိုင်ခြင်းကို သိရှိစေရန် ရည်ရွယ်၍ ရွှေဘိုမြို့ နယ်အတွင်းရှိ ပြည်သူ များအား စားသုံးသူကာကွယ်ရေး ဉပဒေ ၂၀၁၉ပါ အကြောင်းများကို သိရှိလေ့လာ နိုင်စေရန် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး  ဦးဆောင်၍ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ (၁) ကြိမ် ဆောင်ရွက်ခဲ့ပါ သည်။

          (၁၁.၁၂.၂၀၂၄)ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ်(၅)၊ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံး သူကာကွယ်ရေးဉပဒေ၊ စားသုံးသူအခွင့်အရေးနှင့်လိုက်နာရမည့်တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအ မှတ်အသားဖော်ပြခြင်းအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစား သုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ အကြောင်းများ၊ စားသုံးသူအခွင့် အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြား နိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာန နှင့်သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်း နိုင်သည့် Concumer Call Center NO 1535 အ ကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်း ပေးသည့် အကြောင်းများကို အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ပြီး ဆရာ/ဆရာမ (၁၀)ဦး နှင့် ကျောင်းသား/ကျောင်းသူ(၁၄၀)ဦးအား လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မကွေးမြို့၊ သိင်္ဂါရပ်ကွက်ရှိ ချင်းပေါက်ထုတ်လုပ်ရောင်းချသည့် ပင်ရင်းနေရာများသို့ ဌာနစုံဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေး

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စျေးကွက်အတွင်းရှိ ကုန်စည်များ၊ စျေးကွက်မ‌ရောက်မီ ကုန်စည်များကို စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မကွေးမြို့နယ်တာဝန်ခံသည် (၁၃.၁၂.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့၊ သိင်္ဂါရပ်ကွက်ရှိ ချင်းပေါက်ထုတ်လုပ်သည့် ပင်ရင်းလုပ်ငန်းရှင်များထံသို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့များနှင့်ပူးပေါင်းပြီး ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ချင်းတက်များအား ရေဆေးသန့်စင်၍ ချင်းပေါက်များအား ရေစိမ်ထားရာ၌ ကျောက်ချဉ်အပြင် အစားအသောက်များတွင် သုံးစွဲရန်မသင့်သော ချွတ်ဆေးများ၊ ဆိုးဆေးများ သုံးစွဲ ထားခြင်းရှိ/မရှိကို Mobile Lab Van ဖြင့် ချက်ချင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့သို့ ဒီဇင်ဘာလ(ဒုတိယပတ်)အတွင်း ဘိလပ်မြေဝင်ရောက်မှုနှင့် ဈေးနှုန်းအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော မြ၊ ပွင့်သာ၊ လမ်းသစ်၊ ပါရမီ၊ ရွှေဂန္ဓာ၊ ရွှေမြန်မာ၊ ဆန်းသစ်၊ စိန်ကျောက်ဆူးနှင့် ဆန်းရှိုင်း အစရှိသည့်ဆိုင်များတွင် သွပ်၊ သံ၊ အခြားပစ္စည်းများနှင့် ဘိလပ်မြေ၊ ထုံးများ ရောင်းချလျက်ရှိပါသည်။ ထိုဆိုင်များတွင် ဘိလပ်မြေများကို ဒီဇင်ဘာလ(ဒုတိယပတ်)အတွင်း မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နှင့် နေပြည်တော်မြို့တို့မှ မကွေးမြို့သို့ ဘိလပ်မြေအိတ်ရေ(၂၉၁၀)အိတ် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

    ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)အတွင်း ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၁၂၇၀၀)၊ အပါချီ တစ်အိတ်လျှင် ကျပ်(၁၂၅၀၀)ဖြင့် ရောင်းချခဲ့ကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များထံမှ သိရှိရပါသည်။ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခုအပတ်တွင် ကြံ့နှစ်ကောင်၊ အပါချီ တစ်အိတ်လျှင် ကျပ်(၁၂၀၀)ဈေးမြင့်တက်လာကြောင်း၊ ပွင့်လင်းရာသီဖြစ်၍ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(မကွေး)

နို့နှင့် နို့ထွက်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍  ရွှေဘိုမြို့နယ်တာဝန်ခံ၊  စားသုံးသူ ရေးရာဌာနခွဲတာဝန်ခံ၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၂၀.၁၂.၂၀၂၄)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၄)ရှိ မမောက်ကြည်ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ ဒု-ခရိုင်ဦးစီးမှူးက ဌာနအနေဖြင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက် မရောက်မီကုန်စည်နှင့် ဈေးကွက်ရောက်ပြီးကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်း အမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ နို့နှင့် နို့ထွက်ပစ္စည်းအမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတ်ပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေဖော်ပြရမည် ဖြစ်ကြောင်း တို့ကို  အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဒုတိယပြည်နယ်ဦးစီးမှူးမှ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

   ၁၃.၁၂.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးသည် Fu Xing Brothers Rubber Industry မှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဒုတိယပြည်နယ်ဦးစီးမှူးက စက်ရုံတာဝန်ရှိသူအား စက်ရုံတည်ထောင်မှုအခြေအနေ၊ ကုန်ကြမ်းဝယ်ယူစုဆောင်းမှု၊ စက်ရုံလည်ပတ်မှု၊ ကုန်ချော ထုတ်လုပ်မှု၊ လုပ်သားအင်အားအခြေအနေများအား ဆွေးနွေးမေးမြန်းရာ တာဝန်ရှိသူက စက်ရုံကို ၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြောင်း၊ စက်ရုံလည်ပတ်မှုမှာ (၂၄) နာရီ လည်ပတ်ကြောင်း၊ စက်ရုံမှာ MSR 20 နှင့် Natural Rubber တို့ကို ထုတ်လုပ်ကြောင်း၊ ကုန်ကြမ်းများကို မော်လမြိုင်၊ မုဒုံမြို့နယ်တို့မှ ဝယ်ယူကြောင်း၊ ကုန်ကြမ်းရော်ဘာ တစ်ပေါင်လျှင် (၂၇၀၀) ကျပ်ဖြင့်ဝယ်ယူရကြောင်း၊ ကုန်ချောထုတ်လုပ်မှုအနေဖြင့် တစ်လလျှင် (၈၀၀၀) တန်မှ (၁၀၀၀၀) တန်ထိ ထုတ်လုပ်နိုင်ကြောင်း၊ ကုန်ချောများကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြောင်း၊ လုပ်သားအင်အား (၂၀၀) ဦးအား အလုပ်အကိုင် ဖန်တီးပေးနိုင်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း၏ သင်တန်းများမှထူးချွန်သူများအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာနမှ သထုံခရိုင်ဦးစီးမှူးတက်ရောက်

    သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သထုံခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ အသေးစားထုတ်ကုန်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုများဝင်ငွေတိုးရေးစီမံကိန်းအရ ယခုဘဏ္ဍာနှစ်၌ သထုံခရိုင်အတွင်းဖွင့်လှစ်ခဲ့သည့် သင်တန်းတို့မှထူးချွန်သင်တန်းများအားလုပ်ငန်းသုံးပစ္စည်းများချီးမြှင့်ပေးအပ်ပွဲကို ၁၃.၁၂.၂၀၂၄ ရက်နေ့ နံနက်က သထုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

    ထိုအခမ်းအနားတွင် သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက တစ်နိုင်တစ်ပိုင် အသေးစား လုပ်ငန်းများမှတစ်ဆင့် အလတ်စား၊ အကြီးစား အောင်မြင်ကျော်ကြားသည့် လုပ်ငန်းရှင်များ ဖြစ်သည်အထိ ကြိုးပမ်းကြစေလိုကြောင်းနှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်များ ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းနှင့်စပ်လျဉ်းသည်တို့ကို ရှင်းလင်းပြောကြားခဲ့ သည်။

    ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့က သင်တန်းအသီးသီးတို့မှ ထူးချွန်သင်တန်းသား/သူ (၂၀) ဦးတို့အား တစ်ဦးလျှင် ငွေကျပ် (၁၀) သိန်းနှင့်ညီမျှသည့်လုပ်ငန်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်ရာ သင်တန်းသား/သူ များကလက်ခံ ရယူပြီး ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

   ဆက်လက်၍ သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း သထုံခရိုင်အတွင်းရှိ ကျေးရွာ (၄) ရွာတို့၌ ကျေးလက်နေမိသားစုများဝင်ငွေတိုးရေး စီမံကိန်းဖြင့် သင်တန်းများဖွင့်လှစ်ခဲ့ပြီး ပေါင်မြို့နယ်၊ဇင်းကျိုက်မြို့နှင့် နတ်ကြီးချောင်ကျေးရွာ တို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် သီးနှံအခြေခံတန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းကိုလည်းကောင်း၊ သထုံမြို့နယ် နောင်ကုလားကျေးရွာနှင့် ဇရစ်ချောင်ကျေးရွာတို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကိုလည်း ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းတို့မှ ထူးချွန်သူ (၂၀) ဦးတို့ကိုရွေးချယ်ကာ လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခဲ့ပါ ပြီး ထိုအခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးမှ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း

    ၁၃.၁၂.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် ချောင်းဆုံမြို့နယ်၊ အ.မ.က(တကူပတီ) ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

   ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော မြန်မာလက်လုပ်မုန့်များ သန့်ရှင်းလတ်ဆတ်မှုရှိစေရေးနှင့် လေဖောင်းမုန့်များ၊ ဖျော်ရည်ဗူးများ စသည့် အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့် ကုန်ပစ္စည်းကိုသာ စားသုံးသူများလက်ဝယ်အရောက် ဘေးကင်းလုံခြုံမှုရှိစေရေး အတွက် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ဥပဒေများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ရွှေဘိုခရိုင်၏ (၁၂/၂၀၂၄)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရမှု ရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

ရွှေဘိုခရိုင်အနေဖြင့် (၁၂/၂၀၂၄)လအတွင်း ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းရှိ မုန့်ဈေးတန်းရှိ မုန့်မျိုးစုံရောင်းချသည့်ဆိုင် (၃)ဆိုင်အားလည်းကောင်း၊ အမှတ်(၄)ရပ်ကွက်ရှိ မမော်ကြည် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား လည်းကောင်း၊ အမှတ်(၅)ရပ်ကွက်ရှိ ဝင်းဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေးဆိုင်နှင့် သော်တာဝင်း ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေးဆိုင်အားလည်းကောင်း  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါအကြောင်းများကို အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ