ညောင်ဦးမြို့နယ်ရှိသူ့စိတ်ကြိုက်ဆန်လက်လီလက်ကားအရောင်းဆိုင်သို့ကွင်းဆင်းခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊‌ညောင်ဦးခရိုင်တာဝန်ခံဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)က ဦးဆောင်၍ ညောင်ဦးမြို့နယ် မဏိစည်သူဈေးအတွင်းရှိ ဆန်လက်လီလက်ကားရောင်းချသော သူစိတ်ကြိုက် ဆန်ဆိုင်သို့ (၁၆-၁၀-၂၀၂၅)ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် မြို့နယ်စည်ပင်သာယာရေး ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။ 

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ သူ့စိတ်ကြိုက်ဆန်လက်လီလက်ကား အရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း (၂၄)ပြည်တစ်အိတ်လျှင် (၁၅၀၀၀၀) ကျပ်၊ ဧရာမင်း(၂၄)ပြည်တစ်အိတ်လျှင် (၁၃၅၀၀၀) ကျပ်၊မနောသုခဆန် (၂၄)ပြည်တစ်အိတ် လျှင်(၈၃၀၀၀)ကျပ်၊ ဧည့်မထဆန်(၂၄)ပြည် တစ်အိတ်လျှင်(၇၅၀၀၀)ကျပ်ဖြင့် သင့်တင့်မျှတ သောဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး၊ ဆန်ဆိုင်ပိုင်ရှင်အား ဈေးကွက် အတွင်းဆန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းများတည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်းခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံမှတ်ပုံတင်သက်တမ်းပြည့်ပါက MyRO တွင်ဆက်လက်မှတ်ပုံတင် သက်တမ်းတိုးသွားရန် စသည်တို့ကိုဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရသည်။

DOCA(မန္တလေး)