သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူကာကွယ်ရေးအကြောင်းအသိပညာပေးဟောပြောပွဲဆောင်ရွက်

        စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း(၂)ဦးသည် လွိုင် ကော်မြို့နယ်၊ ဧက(၅၀၀) မူလတန်းလွန်ကျောင်း၌ ကျောင်းသား / ကျောင်းသူစုစုပေါင်း (၁၀၀) ဦးကို  စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြော ဆွေးနွေး ခဲ့ပါသည်။

        အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးကျော်ဇင်ထွေး(ဒု-ဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကိုရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/ ကျောင်းသူ များ အနေဖြင့်မိမိတို့၏အခွင့်အရေးကို အပြည့်အဝနားလည်ပြီး တောင်းဆိုရယူတက်စေရန် စားသုံး သူအခွင့်အရေးများနှင့်တာဝန်များ၊ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲခြင်းမပြုမီသတိပြုရမည့် အချက် များ၊ နေ့စဉ် ဝယ်ယူ သုံးစွဲသည့် ကုန်ပစ္စည်းများအပေါ်ပေးထားသော ဝန်ဆောင်မှုများ အပြည့်အဝရရှိစေရေးကိုလည်းကောင်း၊ ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုများဝယ် ယူရာတွင်နစ်နာ ဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင် ရွက်ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက သိရှိ လိုသည့် မေးမြန်းမှုများကိုရှင်းလင်းဖြေကြား၍ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။  

DOCA(ကယား)

ကျောက်ပန်းတောင်းမြို့ပေါ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့တွင် (၁၀.၁၂.၂၀၂၄) ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ မြို့ပေါ်ရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ကွင်းဆင်းဆောင်ရွက်ရာ၌ မြို့ပေါ်ရှိ ကုန်ပဒေသာလျှပ်စစ်ပစ္စည်းအမျိုးမျိုး အရောင်းဆိုင်နှင့် Royal လျှပ်စစ်ပစ္စည်းအမျိုးမျိုး အရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏ အမှတ်တံဆိပ်၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်း ကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေး ဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်များ စသည့် ဥပဒေပါပြဌာန်းချက်များနှင့်ကိုက်ညီသော ကုန်စည်များရောင်းချမှုရှိ/မရှိအား စစ်ဆေး ခဲ့ကြပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ  ပြဌာန်းချက်များ ဖြစ်သည့် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်စေရေး၊ မိမိရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ အာမခံချက်၊ သတ်မှတ်ချက်များနှင့်ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်စေရေး၊ သက်ဆိုင်ရာဌာနများမှဖော်ပြရန် သတ်မှတ်ထားသောအချက်များ ဖော်ပြရ မည်ဖြစ်သလို ဖြန့်ဖြူးရောင်းချသူများမှလည်း အဆိုပါအချက်များနှင့်ကိုက်ညီမှုရှိသော ကုန်စည်များသာ ရောင်းချရန်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့် အညီရောင်းဝယ်မှုပြုလုပ်ကြရန် ဆွေးနွေးပြောကြားခဲ့ပြီး နံနက်(၁၀:၃၀)နာရီ အချိန်တွင် ကွင်းဆင်းဆောင်ရွက်မှု ပြီးစီးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

စားသုံးသူကာကွယ်ရေးအကြောင်းအသိပညာပေးဟောပြောပွဲဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၅   ) ရက် နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း(၂)ဦးသည် လွိုင် ကော်မြို့နယ်၊ ဧက(၅၀၀) မူလတန်းလွန်ကျောင်း၌ ကျောင်းသား / ကျောင်းသူစုစုပေါင်း (၁၀၀) ဦးကို  စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးကျော်ဇင်ထွေး(ဒု-ဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကိုရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/ ကျောင်းသူ များ အနေဖြင့်မိမိတို့၏အခွင့်အရေးကို အပြည့်အဝနားလည်ပြီး တောင်းဆိုရယူတက်စေရန် စားသုံး သူအခွင့်အရေးများနှင့်တာဝန်များ၊ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲခြင်းမပြုမီသတိပြုရမည့် အချက် များ၊ နေ့စဉ် ဝယ်ယူ သုံးစွဲသည့် ကုန်ပစ္စည်းများအပေါ်ပေးထားသော ဝန်ဆောင်မှုများ အပြည့်အဝရရှိစေရေးကိုလည်းကောင်း၊ ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုများဝယ် ယူရာတွင်နစ်နာ ဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင် ရွက်ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက သိရှိလိုသည့် မေးမြန်းမှုများကိုရှင်းလင်းဖြေကြား၍ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။  

DOCA(ကယား)

မြင်းခြံမြို့ အ.ထ.က(၃)တွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာနသည် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ အခြားဌာနဆိုင်ရာများမှ ဖိတ်ကြားမှု၊ ပူးပေါင်းဆောင်ရွက်စေလိုမှုများတွင်လည်းကောင်း ကဏ္ဍများအလိုက် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ အများပြည်သူအကျိုးအတွက် ဆောင်ရွက်လျက်ရှိရာ(၁၂.၁၂.၂၀၂၄)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် မြင်းခြံမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း(အ.ထ.က.၃)တွင် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊  ကေျာင်းမုန့်ဈေးတန်းရောင်းချသူများအား အသိပညာပေး ဟောပြောဆွေးနွေးပွဲဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါဟောပြောဆွေးနွေးပွဲတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားနှင့် ကျေးဇူးတင်စကားပြောကြား၍ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)မှ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်း သင်ခန်းစာများ သင်ယူမှုအပြင် အခြားအထွေထွေဗဟုသုတများကိုလည်း လေ့လာဆည်းပူး သိရှိရန်လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍  လူမှုဘဝတွင်သိရှိအပ်သော အသိပညာများ လိုအပ်သည့် အတွက် သက်ဆိုင်ရာဌာနများအလိုက် ယခုလိုလာရောက်ဟောပြောဆွေးနွေးရခြင်းဖြစ်ပါ ကြောင်း၊  စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ဟောပြောရာတွင် စားသုံးသူ၏အဓိပ္ပာယ်၊ စီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပာယ်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူ နစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်သည့်နေရာများ၊ နည်းလမ်းများ၊ ဖုန်းနံပါတ်များနှင့် ကုန်အညွှန်းအမှတ်အသားများကို ကြည့်ရှုဝယ်ယူတတ်စေရန် ကုန်စည်နမူနာများဖြင့်ပြသရှင်းလင်းပြီး ကျောင်းသား/ကျောင်းသူများ မှတ်သားမိစေရေး အမေးအဖြေများပြုလုပ်၍ အပြန်အလှန် ဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့်အတူ ဆရာ/ဆရာမ ပေါင်း(၉)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၉၀)ဦး၊ ကျောင်းမုန့်ဆိုင်ရောင်းချသူ(၇)ဦး၊ စုစုပေါင်း (၂၀၆)ဦး တက်ရောက်ခဲ့ပြီး၊ ဟောပြောဆွေးနွေးမှုအပြီးတွင် ကျောင်းကျန်းမာရေးအဖွဲ့နှင့်အတူ ကျောင်းမုန့်ဈေးတန်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

 

လွိုင်ကော်မြို့နယ်၊နမ့်ဘော်ဝမ်(ခါး)မူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးအကြောင်းအသိပညာပေးဟောပြောပွဲဆောင်ရွက်

        စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း(၂)ဦးသည် လွိုင် ကော်မြို့နယ်၊ နမ့်ဘော်ဝမ်(ခါး) မူလတန်းလွန်ကျောင်း၌ ကျောင်းသား / ကျောင်း သူစုစု ပေါင်း (၁၂၀)ဦးကို  စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

         အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးကျော်ဇင်ထွေး(ဒု-ဦးစီးမှူး)မှ စားသုံး သူကာကွယ်ရေးဥပဒေအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/ ကျောင်းသူများ အနေ ဖြင့် စားသုံးသူအခွင့်အရေးများ၊ စားသုံးသူများလိုက်နာရမည့်အချက်များကိုလည်းကောင်း၊  ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းမပြုမီ ကုန်စည်တွင်ပါရှိမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ချက်များကိုလည်းကောင်း၊ ကုန်ပစ္စည်းများအပေါ်ပေးထားသော ဝန်ဆောင်မှုများကိုလည်းကောင်း၊ ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုများဝယ်ယူရာတွင်နစ်နာ ဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန် ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာန(CICC)သို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊  Website DOCA Myanmar mobile application ၊ Call Center 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ပါကြောင်း  အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများကသိရှိလိုသည့် မေးမြန်းမှုများကို ရှင်းလင်း ဖြေကြား၍ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရှိပါသည်။

DOCA(ကယား)

သီရိမင်္ဂလာဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာ လ(၄) ရက်နေ့ နံနက်( ၀၉ : ၀၀ ) အချိန်တွင်  လွိုင်ကော်မြို့၊သီရိမင်္ဂလာဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်၍ မြန်မာနိုင်ငံစားသုံး ရေးရာကော်မရှင် ညွှန်ကြားချက်အမှတ် ၂/ ၂၀၁၉ ပါ သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိ / မရှိ  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာ ကုန်စုံဆိုင်များ၌ မုန့် များရောင်းချရာတွင် စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစိတ်ချစွာ ဝယ်ယူသုံးစွဲနိုင် ရေးအတွက် စားသောက်ကုန်များ ကုန်အညွှန်းအမှတ်အသားအပြည့်စုံပါရှိသော ကုန် ပစ္စည်းများသာ ဝယ်ယူတင်သွင်းရောင်းချသွားကြရန်နှင့် ကုန်ဆုံးရက်စွဲများကို စနစ်တကျ စစ်ဆေးရောင်းချသွားကြရန်အသိပညာပေးပြောကြားခဲ့ပြီး မီမိုဆာလာ ယိုပေါင်မုန့် ၊ CARTOON ကိတ်ခြောက်၊ Dinywang စနိုးကွတ်ကီး၊ CARTOON MOON Cake ပဲလမုန့်၊ I Cake ကိတ်မုန့်၊ ချိုကိုစတော်၊ BAYIN နို့ပြောင်းကွတ်ကီး ၊ I Like Spicy ကြွပ်ကြွပ်မွှေးကြော် အသား‌ချောင်း၊ CARTOON  လျှာပေါ်ဆိမ့်၊ လပ်ကီး ထောပတ်မရွေး၊ ဆိမ့်ဆိမ့်လေး (အာလူးဘီစကစ်) ၊ CARTOON နာနတ်လျှာပေါ် ဆိမ့် ၊ Chicken muffin ကြက်မျှင်  ကွတ်ကီး၊ Lucky Fruit Flavoured Jelly မုန့်အမျိုးမျိုးနှင့် ဂျယ်လီတို့သည် ညွှန်ကြားချက်  ၂/ ၂၀၁၉ ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိကြောင်း စစ်ဆေး တွေ့ရှိရပါသည်။

DOCA(ကယား)

 

မြင်းခြံမြို့ အ.ထ.က(၄) တွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံ ခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)သည် မြင်းခြံမြို့၊အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က.၄)တွင် (၁၁.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်၌ ကျောင်းရှိဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါဟောပြောဆွေးနွေးပွဲတွင် ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)မှ စားသုံး သူကာကွယ်ရေးဥပဒေပါ စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ ကုန်စည်နှင့်ဝန်ဆောင်မှု၊ နစ်နာဆုံးရှုံးမှု၊ ကုန်အညွှန်းအမှတ်အသားစသည်တို့၏ အဓိပ္ပာယ်များကိုလည်းကောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိလာလျှင် တိုင်ကြားနိုင်သည့်နည်းလမ်းများကိုလည်းကောင်း၊ ကျန်းမာရေးသည် တန်ဖိုးမဖြတ်နိုင်သည့် ဆုလာဘ်တစ်ပါးဖြစ်သည့်အတွက် လူတိုင်းကျန်းမာရေး၏ တန်ဖိုးကိုသိရှိနားလည်ပြီး၊ လူတိုင်းသည်ကျန်းမာရေးကောင်းနေရန် အလွန်အရေးကြီးပါကြောင်း၊ ကျန်းမာရေးကောင်းနေမှ အခြားကိုယ်လုပ်ချင်သည့် လုပ်ငန်း ဆောင်တာများကိုလုပ်ဆောင်နိုင်မည်၊ သင်ယူလိုသည့်ပညာများ သင်ယူနိုင်မည်၊ စားသောက် ချင်သည့်အစားအစာများကို စားသောက်နိုင်မည်ဖြစ်ပါကြောင်း၊ ခေတ်ကိုလိုက်၍ လူနေမှုပုံစံများ၊  စားသောက်မှုပုံစံများ ပြောင်းလဲလာသည့်အတွက် ကျန်းမာရေးချို့ယွင်းမှုများ ဖြစ်ပွားမှုများလာပါကြောင်း၊ ကျောင်းသား/ကျောင်းသူများမှာ ငယ်ရွယ်သူများဖြစ်သည့်အတွက် ယခုအရွယ်များမှစ၍ ကျန်းမာရေးအသိပညာများ လိုက်စားမှု၊ ရရှိမှုများ ရှိရန်လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောင်းများတွင် သက်ဆိုင်ရာဌာနများအလိုက် ကျောင်းသား/ကျောင်းသူကလေးသူငယ်များ သိသင့်သိထိုက်သည့်အကြောင်းအရာများ၊ ဗဟုသုတများအား လိုက်လံဟောပြောမှုများ ဆောင်ရွက်နေတာဖြစ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူများ မုန့်မျိုးစုံနှင့်ကုန်ပစ္စည်းများအား ဝယ်ယူစားသောက်သုံးစွဲသည့်အခါ လုံခြုံစိတ်ချရမှုရှိရန် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ထည့်သွင်းဖော်ပြထားပြီး၊ သက်ဆိုင်ရာဌာနထောက်ခံချက်ပါ သောကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသောက်သုံးစွဲကြရန်လိုအပ်ပါကြောင်းနှင့် ကျောင်း သား/ကျောင်းသူများမှ ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်အလက်များအား ဆွေးနွေးမေးမြန်းရာ ခရိုင်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍  ကျောင်းမုန့်ဈေးဆိုင်များအား ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကျောင်းကျန်းမာရေးအဖွဲ့နှင့်အတူ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါဟောပြောဆွေးနွေးပွဲသို့ ကျောင်းရှိဆရာ/ဆရာမများနှင့်ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၁၄)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။    

DOCA(မန္တလေး)

     

ပိတ်ဆွယ်တွင် အစားအစာများ၌ သုံးစွဲရန်မသင့်သော Sulfiting Agent ချွတ်ဆေးပါဝင်နေသည့်အတွက် ပင်ရင်းဒိုင်များသို့ ကွင်းဆင်းအသိပညာပေး

   စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန် စျေးကွက်အတွင်းရှိ ကုန်စည်များ၊ စျေးကွက်မရောက်မီကုန်စည်များကို စျေးကွက်စောင့်ကြည့်စစ် ဆေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၂၆.၁၁.၂၀၂၄)ရက်နေ့တွင် အဖွဲ့စုံဖြင့် မကွေးမြို့၊ မင်္ဂလာစျေး (အခွန်လွတ်စျေး)၌ ကုန်စည် (၁၈)မျိုးအား နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် စစ်ဆေးခဲ့ရာ ပိတ်ဆွယ်တွင် အစားအစာများ၌ သုံးစွဲရန်မသင့်သော Sulfiting Agent ချွတ်ဆေးပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

   ပိတ်ဆွယ်ထုတ်လုပ်သည့် ပင်ရင်းဒိုင်များသည် မကွေးမြို့နယ်၊ ‌လျောင်းတော်ဦးကျေးရွာမှ ဖြစ်ကြောင်း စုံစမ်းသိရှိရ၍ (၁၃.၁၂.၂၀၂၄)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပိတ်ဆွယ်ပင်ရင်း ထုတ်လုပ်သည့် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်း၊ နောက်နောင်တွင် အစားအစာများ၌ သုံးစွဲရန်မသင့်သော Sulfiting Agent ချွတ်ဆေးများ မသုံးစွဲရန် ပထမဆုံးအကြိမ်သတိပေးခြင်းနှင့် ဆက်လက်သုံးစွဲကြောင်း စစ်ဆေးတွေ့ရှိပါက အမျိုးသားအစား အသောက်ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ဝန်ခံကတိပြုလက်မှတ်ရေးထိုးစေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကလောမြို့နယ်၊အောင်ပန်းမြို့ပေါ်ရှိ ဓာတ်မြေဩဇာဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

 ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ ခရိုင်ဦးစီးမှူး ဦးဆောင်သော မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ကျေး လက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် (၂၄-၁၂-၂၀၂၄)ရက်နေ့ နံနက် (၁ဝး၂၀)နာရီအချိန်တွင် ကလောမြို့နယ်၊အောင်ပန်းမြို့ပေါ်ရှိ ဓာတ်မြေဩဇာနှင့်စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဓာတ်မြေဩဇာများ ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက် သော ဈေးနျုန်းဖြင့် ရောင်းချစေရေး၊ သွင်းအားစုများသိုလှောင်ပြီး ဈေးကစားမှုမရှိစေရေး၊ တရား မဝင်ဓာတ်မြေဩဇာများနှင့် စိုက်ပျိုးရေးသုံးပိုးသတ်ဆေးများအား ရောင်းချမှုမရှိစေရေး ကွင်ဆင်း‌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ဒီလိုလေးတွေစီမံဆောင်ရွက်ပေးတော့ပျော်တာပေါ့

   ယခုလက်ရှိစားသုံးသူများ၏ အဓိကလိုအပ်ချက်သည် အစားအသောက်ကုန်စည်နှင့် ဝန်ဆောင်မှုများကို သင့်တင့်မျှတသောဈေးနှုန်းနှင့်အဆင်ပြေစွာဝယ်ယူရရှိရန်ဖြစ် ပါသည်။ငွေကြေး ဈေးကွက်၏လှုပ်ခတ်မှုဒဏ်ကြောင့် ကုန်စည်နှင့်ဝန်ဆောင်မှု့ဈေးနှုန်းဈေးကွက်မြင့်တက်ခဲ့ရပါသည်။ လက်ရှိဈေးနှုန်းဈေးကွက်၏ ရိုက်ခက်မှုကို စားသုံးသူများအခြေခံစားသုံးသူများကိုတိုက်ရိုက် ခံစားနေ ရပါသည်။

          တောင်ကြီးမြို့တွင် ဝက်သားတစ်ပိဿာ ၃၀၀၀၀ိကျပ် ၊အမဲသား ၂၄၀၀၀ကျပ်၊ကြက်သား(CP) ၂၀၀၀၀ိဈေးရှိသော်လည်း အခြေခံစားသုံးသူများနှင့်တိုက်ရိုက်ပတ်သက်မှု နည်းပါးပါသည်။ ကြက်ဥ တစ်လုံး ၄၀၀ိ-၄၅၀ိကျပ်၊ဆီတစ်ပိဿာ ပဲဆီ ၁၈၀၀၀ိကျပ်၊စားအုန်းဆီ၁၂၀၀၀ိ၊ဆန်တစ်ပြည် ၃၇၀၀ိ ကျပ်တို့ဖြင့် ရောင်းဝယ်နေကြရ ဈေးနှုန်းအသီးသီးတို့သည် စားသုံးသူနှင့်တိုက်ရိုက်ပတ်သက်နေ ပါသည်။ကုန်စိမ်းသီးနှံများတွင်လည်း အာလူးတစ်ပိဿာ ၉၀၀၀ိ၊ ပန်းဂေါ်ဖီ၃၅၀၀ိ ၊ပန်းမုံလာ ၃၂၀၀ိ ကျပ်ဖြင့် ဈေးကွက်ပေါက်နေသဖြင့် စားသုံးသူများ၏ နေ့စဉ်အိမ်စရိတ်အတွက်ခက်ခဲကျပ် တည်း နေရပေသည်။

          စားသုံးသူများ၏ခက်ခဲကျပ်တည်းမှုများကို ခွဲဝေဖြေသောအားဖြင့် ရှမ်းပြည်နယ် ကုန်ဈေးနှုန်း တည်ငြိမ်ရေးအဖွဲ့သည် သက်ဆိုင်ရာအစုအဖွဲ့အသင်းအဖွဲ့များနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက် ရှိပါသည်။ကြက်ဥထုတ်လုပ်ရောင်းချသူများနှင့်ပေါင်းစပ်ညှိနှိုင်း၍ တစ်ပတ်လျှင် (၃)ကြိမ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့်သောကြာရက်များတွင် တောင်ကြီးမြို့၊ မြို့မဈေး၊စပ်စံထွန်းဈေး၊အမှတ်(၅)ဈေး ၊အဝေရာ ကွင်းဈေး၊ရွှေညောင်ဈေး၊အေားသာယာမြို့သစ် အေးသီရိဈေးတို့တွင့် ကြက်ဥအရောင်းဒိုင် ၆ခုမှာ တစ်ခုလျှင် ကြက်ဥ ၉၀၀၀လုံးကို တစ်လုံး၃၈၀ ကျပ်ဖြင့် လိုက်လံရောင်းချ‌ပေးခဲ့ပါသည်။

          ဆီလုပ်ငန်းရှင်များအသင်းနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ကြီးကြပ်၍ ပင်စင်စားဝန်ထမ်းများ အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် တစ်ဦးလျှင် ၁ ပိဿာနှုန်းဖြင့် ပိဿာ၁၅၀၀မှ ၁၇၀၀ခန့် နှင့် ဝန်ထမ်းမိသားစုများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် တလလျှင်ပိဿာ ၂၁၀၀၀ခန့်နှင့်အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းရှင်များကိုလည်းလုပ်ငန်း အလိုက်လျှောက်ထားကို စိစစ်၍‌ ရောင်းချ ပေးလျက်ရှိကြောင်းသိရပါသည်။ထို့အပြင် ရပ်ကွက်အတွင်းရှိ စားသုံးသူမိသားစုများကိုလည်း ဆီလုပ်ငန်းရှင်များနှင့်စားသုံးသူရေးရာဦးစီးဌာနမှ  ကြီးကြပ်၍ အထောက်အထားစာအုပ်များ ပြုလုပ် စေပြီး မိသားစုတစ်စုလျှင် တစ်လ(၂)ကြိမ် ၊တစ်ကြိမ် တစ်ပိဿာနှုန်းဖြင့် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးလျှက်ရှိပါကြောင်းသိရပါသည်။

          ထို့အပြင် ပြည်ပမှတရားမဝင်ကုန်စည်များကြောင့် ပြည်တွင်းထုတ်ကုန်များဈေးကွက်နှင့် အရည်အသွေးများထိခိုက်လျှက်ရှိရာ ထိုးအားနည်းချက်များနှင့်စားသုံးသူတို့၏အကျိုးစီးပွားကို ထိမ်းသိမ်း ကာကွယ်ရန်အတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့များဖွဲ့စည်း၍ ကုန်စည် သိုလှောင်ရုံများတွင် တရားမဝင်ကုန်စည်သိုလှောင်ထားခြင်းရှိမရှိကို တောင်ကြီးမြို့နယ်အတွင်း ရှောင်တခင်စစ်ဆေးရေးစီမံချက်များဖြင့်ကြီးကြပ်ဆောင်ရွက်လျှက်ရှိကြောင်းသိရပါသည်။

          ဝန်ထမ်း/ပင်စင်စားနှင့်စားသုံးသူပြည်သူများ၏ ခက်ခဲကျပ်တည်းမှုကို ခွဲဝေဖြေရှင်းပေးနေ သော ရှမ်းပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့နှင့်သက်ဆိုင်ရာအစုအဖွဲ့များ၏ ကောင်းမွန်သော ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မှုသည် စားသုံးသူများအတွက် ဝမ်းမြောက်အစီအမံများ ဖြစ်ကြောင်း ဂုဏ်ပြုရေးသားတင်ပြရပေမည်။

DOCA(ရှမ်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ