သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မန္တလေးမြို့(က)ရပ်ကွက်သို့ စားအုန်းဆီရောင်းချ

   မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၏ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ၉.၈.၂၀၂၅ ရက်နေ့တွင် စားအုန်းဆီ အိမ်တိုင်ရာ ရောက်ရောင်းချသည့်အစီအစဉ်ဖြင့် လူတစ်ဦးလျှင်တစ်ပိဿာနှုန်း ရည်ညွှန်းစျေးဖြင့် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (က)ရပ်ကွက်သို့ သွားရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။ အဆိုပါစားအုန်းဆီရောင်းချသည့်အစီစဉ်တွင် မန္တလေး တိုင်းဒေသကြီးအတွင်း အောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင်နှင့် အမရပူရခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ တစ်ရက်လျှင်(၈၀၀)ပိဿာအား နေရာ(၃)ခုသို့ သွားရောက်၍ ရည်ညွှန်းစျေးဖြင့် ရောင်းချပေး လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကျန်တန်းရပ်ကွက်သို့ စားအုန်းဆီရောင်းချ

   မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၏ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ၁၃.၈.၂၀၂၅ ရက်နေ့၌ အမရပူရမြို့နယ်၊ ကျန်တန်းရပ်ကွက်တွင် စားအုန်းဆီအိမ်တိုင်ရာ ရောက်ရောင်းချသည့်အစီအစဉ်ဖြင့် လူတစ်ဦး လျှင် တစ်ပိဿာနှုန်း ရည်ညွှန်းစျေးဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။ အဆိုပါ စားအုန်းဆီ ရောင်းချသည့်အစီစဉ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း အောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင်နှင့် အမရပူရခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ တစ်ရက်လျှင်(၈၀၀) ပိဿာအား နေရာ(၃)ခုသို့ သွားရောက်၍ ရည်ညွှန်းစျေးဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ခိုင်ရွှေဝါဆေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး  (ဌာနခွဲစာရေး)သည် ၁၁.၈.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေပြည်စုံဈေး၊ ခိုင်ရွှေဝါဆေးဆိုင်သို့  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခိုင်ရွှေဝါဆေးဆိုင်တွင် ရောင်းချလျက်ရှိသော လူသုံးများသောဆေးဝါးများနှင့် ရောင်းချနေသော ဆေးဝါးများ၏ ဈေးနှုန်းများအတက်အကျရှိ/ မရှိ၊ ယခင်လဈေးနှုန်း၊ ယခုလဈေးနှုန်းများ၏ဈေးနှုန်း ကွာခြားမှုရှိ/ မရှိ၊  ဈေးကွက်များအတွင်း ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုရှိ/ မရှိတို့ကိုကိုစစ်ဆေးခဲ့ပြီး ဆေးဆိုင်ပိုင်ရှင်များအား မိမိတို့ဆိုင်တွင် ဆေးဝါးမှတ်ပုံတင်မရှိဘဲ FDA မှ တားမြစ်ထားသော ဆေးဝါးများအားရောင်းချခြင်းမပြုလုပ်ကြရန်၊ အမြတ်ရာခိုင်နှုန်းများ စွာတင်၍ရောင်းချခြင်းမပြုလုပ်ဘဲ ဈေးနှုန်းမှန်ကန်စွာရောင်းချကြရန် အသိပညာပေးခဲ့ကြောင်း သိရှိရသည်။

DOCA (ရန်ကုန်)

၂၀၂၅-၂၀၂၆ မိုးစပါးပေါင်းရှင်းသမန်နိုးခြင်းနှင့် စုပေါင်းဓါတ်မြေဩဇာကြဲပက်ပွဲ

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၁၁.၈.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ညောင်ကုန်းကျေးရွာ၊ မှော်ဘီမြို့နယ်တွင် ၂၀၂၅-၂၀၂၆ မိုးစပါးပေါင်းရှင်းသမန် နိုးခြင်းနှင့် စုပေါင်းဓါတ်မြေဩဇာကြဲပက်ပွဲကို တက်ရောက်ခဲ့ပါသည်။

       ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးပေါင်းရှင်းသမန်နိုးခြင်း နှင့်စုပေါင်းဓါတ်မြေဩဇာပက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ညောင်ကုန်းကျေးရွာတွင် တောင်သူများ စိုက်ပျိုးထားသော မိုးစပါးစိုက်ပျိုးထားမှုအခြေအနေများ ကွင်းဆင်းစစ်ဆေးကြည့်ရှု၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

စက်သုံးဆီဆိုင်  ကွင်းဆင်းစစ်ဆေး

     ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၁၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌမှ ဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင် မီးသတ် ဦးစီးဌာန၊ခရိုင်ရဲတပ်ဖွဲ့ ပူးပေါင်းပါဝင်သော အဖွဲ့သည် ရွှေဘိုမြို့နယ် တက္ကသိုလ်လမ်းရှိ မြတ်မေတ္တာမွန် စက်သုံးဆီ အရောင်းဆိုင်သို့ သွားရောက်၍ ဆိုင်ဖွင့်လှစ်မှုအခြေအနေများကို ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များ၏ ဆီ (Bowser)ယာဉ်များ ဖြန့်ခွဲ ရောက်ရှိမှု၊ စက်သုံးဆီဖြန့်ခွဲမှု ၊ လက်ကျန်အခြေအနေများနှင့် စက်သုံးဆီဆိုင်များ၏ အချိန်အတွယ်၊ အရည်အသွေး စသည့် အခြေအနေများကို စစ်ဆေးမေးမြန်းဆောင်ရွက်ခဲ့ပြီး၊ ခရိုင်မီးသတ်ဦးစီးဌာနမှ လည်း စက်သုံးဆီဆိုင်များ မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် လိုအပ်သည်များကို အသိ ပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်းနည်းပညာပေး ဟောပြောပွဲ

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၁၀.၈.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနတို့ပူးပေါင်း၍ ဘွတ်ကြီးကျေးရွာ၊ မှော်ဘီမြို့နယ်တွင် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်းနည်းပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။

        ထိုသို့ဟောပြောပွဲတွင် တက်ရောက်လာသော တောင်သူ (၂၂) ဦးအား စိုက်ပျိုးရေးဦးစီး ဌာနမှ တောင်သူများ စိုက်ပျိုးစဉ်ကာလအတွင်း လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်နှင့် အခက်အခဲများအား ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားကြရန်၊ လျာထား (၁၈၃) ဧကတွင် စပါး အထွက်နှုန်းကောင်းစေရန် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးရန် စိုက်ပျိုးရေး ကြီးကြပ်ကော်မတီမှ ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စိုက်ပျိုးခြင်းနည်းပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

မှော်ဘီမြို့နယ်တွင် စားအုန်းဆီရောက်ရှိမှု ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံး ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက် ညနေ (၅:၃၀) အချိန်တွင် အောင်ဦးသာကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ (၄၉) လုံး ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရှိရပါ သည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မှော်ဘီမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/ လက်ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက်ကားဆိုင် များမှ စားသုံး သူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသော လက်လီ/လက်ကားကိုယ်စားလှယ်ထံမှ သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

ကြို့ပင်ကောက်မြို့တွင်Online Shopping မှတ်ပုံတင်မှုရှိစေရေးအသိပညာပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ရှိ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်အတူ ဝန်ထမ်းတစ်ဦးတို့သည် ၁၁.၈.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန် တွင် Online Shopping မှတ်ပုံတင်မှုရှိစေရေးအတွက် ကြို့ပင်ကောက်မြို့ပေါ်ရှိ စတိုးဆိုင်များသို့ ကွင်းဆင်းခဲ့ပါသည်။

          မြို့ပေါ်စတိုးဆိုင်ရှိ ပန်းအိ Royal House မြင့်မိုရ်ဦးဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံရာတွင် Online Shopping မှတ်ပုံတင်ခြင်းအတွက် အမိန်ကြေငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့်  ၂၀၂၃၊ဇူလိုင်လ ၂၁ ရက်နေ့တွင်  အမိန့်ကြေငြာစာထုတ်ပြန်ပြီး (၆) လပြည့်သည့်ရက်မှစ၍ မှတ်ပုံတင်မှုမရှိဘဲ  ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ (၅) အရ အရေးယူခံရနိုင်ကြောင်း  Onlin Sale မှတ်ပုံတင်ခြင်းတွင်  လိုအပ်သည့်အချက်များနှင့် မိမိကိုယ်တိုင်စားသုံးသူရေးရာဦးစီးဌာန  ခရိုင်ရုံး(သို့မဟုတ်)မြို့နယ်ရုံးများသို့ ဆက်သွယ်လျှောက်ထားနိုင်ကြောင်း  မိမိကိုယ်တိုင်ဖြင့် Online မှနေ၍ https://www.ecomreg.gov.mm သို့ဝင်ရောက်ကြည့်ရှု့လျောက်ထားနိုင်ကြောင်း မှတ်ပုံတင်လျှောက်ထားရာတွင်  ကုန်စည်အုပ်စု၊ဝန်ဆောင်မှုအုပ်စု သတ်မှတ်ချက်များရှိပြီး ကုန်စည်အမျိုး အစား (၂၂)မျိုး၊ဝန်ဆောင်မှုအမျိုးအစား (၁၄) မျိုးရှိကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ပဲခူး)

လူသုံးကုန်ထုတ်လုပ်မှု့နည်းပညာသင်တန်းဖွင့်ပွဲတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး

   ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ကြို့ပင်ကောက်မြို့နယ် ဥက္ကံကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် သာယာဝတီခရိုင် အသေးစားစက်မှု့လက်မှု့လုပ်ငန်း ဦးစီးဌာနမှဖွင့်လှစ်သော လူသုံး ကုန်ထုတ်လုပ်မှု့နည်းပညာ (ဝင်ငွေတိုး) သင်တန်းကို (၈.၈.၂၀၂၅) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးအောင်ကျော်ဇေယျနှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

        လူသုံးကုန်ထုတ်လုပ်မှု့နည်းပညာသင်တန်းများအား ကျေးလက်နေပြည်သူများမိသားစုဝင်ငွေ တိုးစီမံကိန်းအဖြစ် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သင်တန်းတွင်သင်တန်းသား ၁၅ဦးအား အိမ်တွင်းမှူ့ဆပ်ပြာပြုလုပ်သည့်လုပ်ငန်း ၁၂ မျိုးအား သင်ကြားပေးသွားမည်ဖြစ်ကြောင်း သင်တန်းမှ သင်တန်းသား(၅)ဦးအား ရွေးချယ်၍ တစ်ဦးလျှင်ငွေကျပ် (၁၄)သိန်းတန်ဖိုးရှိသော လုပ်ငန်းသုံးပစ္စည်း များ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကုန်ကြမ်းဝယ်ယူရန် ငွေကျပ်နှစ်သိန်းပါပံ့ပိုးပေးသွားမည် ဖြစ် ကြောင်းအိမ်တွင်းမှူ့ထုတ်ကုန်များကိုလည်း အသေးစားစက်မှူ့၊လက်မှူ့လုပ်ငန်းဦးစီးဌာနမှလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်ရရှိသည့်အထိ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သာယာဝတီခရိုင် အသေးစားစက်မှူ့၊လက်မှူ့လုပ်ငန်း ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးငြိမ်းမြင့်ဇော်က ပြောပါသည်။

      အဆိုပါသင်တန်းကို (၇)ရက်ဖွင့်လှစ်မှာဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်မှလည်း တက်ရောက်လာသော သင်တန်းသူ၊သင်တန်းသားများ၊သင်တန်းဆရာ၊ဆရာမများ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ ကျေးရွာနေတာဝန်ရှိသူများ စုစုပေါင်း (၆၅)ဦးအား စားသုံးသူကာကွယ်ရေး ဥပဒေပါကုန်စည်ထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာရှိ စေရေးအကြောင်းအား အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(ပဲခူး)

Royal Aung Chan International Co.,Ltd သို့ ပြည်ပသို့ ပို့ကုန်များနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄)ဦးတို့သည် (၁၁.၈.၂၀၂၅) ရက်နေ့ နေ့လည် (၁၂:၂၀) နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်ရှိ စက်မှုဇုန်လုပ်ငန်းရှင်များ၏ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္ထုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနှင့် စက်မှုကုန်ချောပစ္စည်းများ၏ (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် ပြည်ပသို့ ပို့ကုန်တင်ပို့နိုင်မှုအား စာရင်းကောက်ယူကွင်းဆင်းခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့ကွင်းဆင်းစာရင်းကောက်ယူရာတွင် အမှတ်(၇)၊ ကျောင်းကြီး(၈)လမ်း၊ သင်္ဃန်းကျွန်း ကြီးရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်ရှိ Royal Aung Chan International Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာဖြစ်သူနှင့်တွေ့ဆုံ၍ လယ်ယာထွက်ပစ္စည်းများဖြစ်သည့် ထုတ်ကုန်အမယ်ပြောင်း၏ တစ်နှစ်ထုတ် လုပ်နိုင်သည့်ပမာဏ၊ ပြည်ပသို့ တင်ပို့နိုင်သည့်တန်ချိန်၊ တန်ဖိုး၊ တင်ပို့သည့် နိုင်ငံတို့ကို မေးမြန်း၍ တင်ပို့မှုပုံစံသည် ပင်လယ်ရေကြောင်းမှ ကိုယ်တိုင်တင်ပို့ပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

         

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ