သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်အောင်မြို့နယ် မီးသတ်ဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ

          စားသုံးသူရေးရာဦးစီးဌာန ၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၆.၁.၂၀၂၅) ရက်နေ့ နေ့လည် (၁၄:၀၀) အချိန်တွင် မြန်အောင်မြို့၊ အမှတ်(၅)ရပ်ကွက်၊တာကြီးတန်းရပ်၊ ကျောင်းကြီးလမ်းရှိ မြို့နယ်မီးသတ်ဦးစီးဌာန၊အစည်းအဝေးခန်းမတွင် မြို့နယ်မီးသတ်ဦးစီးဌာနရှိ ဝန်ထမ်းများအား  စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူ ရေးရာဦးစီးဌာန၏ သမိုင်းအကျဉ်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ် လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက် နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူ အသုံးပြု ခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြ တိုင်ကြား ခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်ကောင်း၊ Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်းစသည်တို့ကို အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

            ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက် နေလယ် (၁၃:ဝဝ)နာရီအချိန်၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၁၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်တွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဌ ပြည်ထောင်စုဝန်ကြီးဦးဆောင်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အတွင်းရေးမှူး၊ မြန်မာ နိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အဖွဲ့ဝင်များ ညွှန်ကြားရေးမှူးချုပ် ကုန်သွယ်ရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့၊ ဒုတိယအမြဲတမ်းအတွင်းဝန်  ပြည်ထောင်စု ဝန်ကြီးရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် စားသုံးသူရေးရာဦးစီးဌာန၊ ကဏ္ဍအလိုက် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေး အထောက်အကူပြုလုပ်ငန်းကော်မတီအဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့ဝင်များ၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများနှင့်  ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌ များမှ  Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

             အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်အတွင်းရေးမှူးမှ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄)၏ ဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများတင်ပြခြင်း၊  လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် အမှာစာများအားဖတ်ကြားတင်ပြခဲ့ရာ ကော်မရှင်ဥက္ကဌက အမှာစာများအပေါ် အဆုံးအဖြတ်ပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအားအခြေအနေများအား ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဇလွန်မြို့နယ် ပြည်သူဟောပြောပွဲ ဆောင်ရွက်

         စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည် (၆.၁.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် ဇလွန်မြို့၊ လမ်းမတော်(မ)ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ပြည်သူ(၂၅)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း  ကိုဆောင်ရွက်ခဲ့ပါသည်။

ဟောပြောပွဲတွင်စားသုံးသူကာကွယ်ရေးဥပဒေပါစားသုံးသူ၏အဓိပ္ပါယ်၊စားသုံးသူအခွင့်အရေး များအားရှင်းလင်းပြောကြားခဲ့ပြီး၊စားသုံးသူ၏တာဝန်များဖြစ်သည့်ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းရှင် များအပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန်စွပ်စွဲပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်း တို့ကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊  ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများ ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက စားသုံးသူသတင်း ပြန်ကြားရေး နှင့်တိုင်ကြားမှု  လက်ခံဆောင် ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်း ကိုလည်းကောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့ အ.ထ.က နတ်မော်ကျောင်းတွင် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်တာဝန်ခံသည် ဇန်နဝါရီလ(၇)ရက်နေ့ နံနက် (၈:၃၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ နတ်မော်တိုက်နယ်ရှိ အခြေခံပညာအထက် တန်း(နတ်မော်)ကျောင်း၊ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသော မုန့်ဆိုင်များအား ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်း ဆောင် ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် ကျောင်းဈေးတန်းတွင်ရောင်းချသော မုန့်များတွင် ရက်လွန်ခြင်း၊ မှိုတက်ခြင်းများ ရောင်းချမှု ရှိ/မရှိ၊ တားမြစ်ဆိုးဆေးသုံးစွဲထားသော မုန့်များ ရောင်းချမှုမရှိစေရေးနှင့်  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက် အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံ မှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ၊ သတ်တမ်းလွန်ကုန်စည်များရောင်းချခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေး နှင့် သတ်မှတ် အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်စသည် တို့ကိုအသိပညာပေး ဆွေးနွေးခဲ့ပြီး စစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆန်စက်လုပ်ငန်းရှင်အား‌ တွေ့ဆုံဆွေးနွေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဌာနမှဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ ထုတ်ပြန်ထားရှိသည့် အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးခြင်း များဆောင်ရွက်လျက်ရှိရာ (၈.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် ရွှေဘိုမြို၊ အမှတ်(၁၀)ရပ်ကွက်၊ စက်မှုဇုန်ရှိ ကုဋေစံဆန်စက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

         ထိုသိုတွေ့ဆုံရာတွင် ပြည်တွင်းဒေသထွက် စားသုံးဆန်များအားသင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရေး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနက ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလအတွက် ဆန်အမျိုးအစားအလိုက် သင့်တင့်မျှတသော ဈေးကွက်၊ ဈေးနှုန်းထုတ်ပြန်ချက်(ဆန်ရည်ညွှန်းဈေးနှုန်းများ)ကို သိရှိလိုက်နာဆောင်ရွက်ရန်၊ ပြည်တွင်း ဆန်ဈေးကွက်အတွင်း ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်၊ အရောင်းအဝယ်မှန်စွာဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ သတင်းထုတ်ပြန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ myroတွင် မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံနှင့် စက်တွဲသိုလှောင်ရုံ လုပ်ငန်းရှင်များအနေဖြင့် လစဉ် ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်စာရင်းများ Update ပြုလုပ်ရန်၊ သတင်းထုတ်ပြန်ချက် များအတိုင်း လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခဲ့ပြီး ဆန်လက်ကျန်အခြေအနေ၊ ရောင်းချသည့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေများ မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားသောက်ဆိုင်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသား များပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၆.၁.၂၀၂၅)ရက်နေ့၊  နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင် ဦးစီးမှူးနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရွှေပြည့်အိမ် စားသောက်ဆိုင်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

        ထိုသို့တွေ့ဆုံရာတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အာမခံချက်ပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အာမခံချက်ပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊  စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ် မေးမြန်းနိုင်သည့်အကြောင်းများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများ အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကုန်စုံဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည် (၇.၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၄၅)နာရီ အချိန်တွင် ဇလွန်မြို့၊ အဒါးလမ်း၊ လမ်းမတော်(မ)ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရုံးခန်း ၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြော ခြင်း ဆောင်ရွက်ခဲ့ပါသည်။

ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များဖြစ်သည့် စီးပွားရေးကျင့်ဝတ်၊စည်းကမ်းနှင့်အညီ လုပ်ကိုင်ခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များအနဖြင့် မိမိတို့ရောင်းချသည့်ကုန်စည်များနှင့်စပ်လျဉ်း၍ ရှင်းလင်းမှန်ကန်သော သတင်း အချက်အလက်များပေးခြင်း၊ စားသုံးသူများကို ခွဲခြားမှုမရှိဘဲမှန်ကန်စွာ ဆက်ဆံခြင်း၊ သတ်မှတ်ထား သောစံချိန်စံညွှန်း၊အရည်အသွေးများအပေါ် အခြေခံ၍ အာမခံချက်ပေး ရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့် အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း စသည်တို့ကို အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦး စီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၇.၁.၂၀၂၅)ရက်နေ့၊  နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ ဒု-ခရိုင် ဦးစီးမှူးနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၇) ရပ်ကွက်ရှိ ရွှေသမင် အမှတ်တံဆိပ် ကိတ်ခြောက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

            ထိုသို့တွေ့ဆုံရာတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ အသင့်စားမုန့် အမျိုးမျိုးတွင်ပါဝင်ရမည့် ကုန်အညွှန်း အမှတ်အသားအကြောင်း၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်း နိုင်သည့်အကြောင်းများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်း နှင့်ပတ်သက်၍ သိကောင်းစရာများ အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ် ရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အလှကုန်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဦးစားပေးကုန်စည်(၁၀)မျိုးမှ  ဈေးကွက်အတွင်းရောင်းချနေသော အလှကုန်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြီးပြည့်စုံစွာဖော်ပြပါဝင်ခြင်း ရှိ/မရှိ သက်တမ်းလွန်အလှကုန်များ ဈေးကွက်အတွင်းရောင်းချမှု မရှိစေရေးကို (၆.၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၃၀)အချိန်တွင် မအူပင်မြို့၊အမှတ်(၃)ရပ်ကွက်ရှိ အလှကုန်ဆိုင်များ၊ မြို့မဈေးအတွင်း အလှကုန်ဆိုင်(၆)ဆိုင်သို့ ကွင်းဆင်း၍ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီး ဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ကြောင်း သိရသည်။

    အလှကုန်ပစ္စည်း အမျိုးမျိူးရောင်းချသော စတိုးဆိုင်မှ လုပ်ငန်းရှင်များအား မိမိရောင်းချနေသော အလှကုန်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ကုန်စည်များကိုသာရောင်းချရန်၊ သက်တမ်းလွန်ကုန်စည်ဖြစ်ပါက ရောင်းချခြင်းများ မပြုလုပ်ရန်၊ အလှကုန်ပစ္စည်းများတွင် ဖော်ပြရမည့်  ကုန်အညွှန်းအမှတ်အသား အချက်အလက်များ ပါဝင်ခြင်း ရှိ/မရှိကို စစ်ဆေးခြင်း၊ အလှကုန် ပစ္စည်းအမျိုးမျိုး၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ဖော်ထားရှိသော ကုန်စည်များကိုသာရောင်းချရန် လုပ်ငန်းရှင်များ အား ပြောကြာခဲ့ပြီး သက်တမ်းလွန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။

မအူပင်မြို့နယ်အတွင်းရှိ ကုန်ပစ္စည်း သိုလှောင်ရုံ လုပ်ငန်းရှင်များ ကုန်ပစ္စည်းသိုလှောင်ထားရှိမှုကို မြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အဖွဲ့မှ တာဝန်ရှိသူများက ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်းရှိ ကုန်ပစ္စည်းသိုလှောင်ရုံများမှ သိုလှောင်ထားရှိသည့် ကုန်စည်များအား မအူပင်ကုန်လမ်း တစ်လျှောက် ကုန်သိုလှောင်ရုံနှင့် မအူပင် တိုးမြစ်ကမ်း တစ်လျောက်ရှိ မြစ်လမ်းကြောင်း ကုန်စည်သယ်ယူပိ့ဆောင်မှုလုပ်ငန်းများအား မြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အဖွဲ့မှ  တာဝန်ရှိသူများက ရှောင်တခင် ကွင်းဆင်းစစ်ဆေးဆောင်မှု ပြုလုပ်ခဲ့ကြသည်။

၂၀၂၅ခုနှစ် ဇန်နဝါရီလ ဆန်းပိုင်းက ကွင်းဆင်းစစ်ဆေးရာတွင် တရားဝင်တင်သွင်း ရောင်းချ လျက်ရှိ သည့်ဆေးနှင့်ဆေးပစ္စည်းများ သိုလှောင်ထားသည် လုပ်ငန်းများတွင် တရားမဝင်ဆေးဝါးများ မှတ်ပုံ တင်ခွင့်ပြု ချက်အမှတ်မပါရှိဘဲ တရားမဝင် တင်သွင်းဖြန့်ချီ ရောင်းချခြင်း ရှိ/ မရှိကို သိုလှောင်ရုံများအား စစ်ဆေး ခြင်း၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ အိမ်သုံးစက်ပစ္စည်းအမျိုးမျိုး တရားမဝင် တင်သွင်းသိုလှောင်ထားရှိမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့သည် မအူပင်မြို့နယ်အတွင်း ပြည်သူများ  ဘေးအန္တရာယ်ကင်းရှင်းစွာ ကုန်စည်များအသုံးပြုနိုင်ရေး၊ မအူပင်တိုးမြစ်ကမ်းတစ်လျောက် လယ်ယာ ထွက်ကုန်များ တရားမဝင်သယ်ယူမှူ မရှိစေရေး စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ မျှတသည့် စီးပွားရေး ဈေးကွက် ယှဉ်ပြိုင်မှု စနစ်ကောင်းမွန်စေရေး တရားမဝင်ကုန်သွယ်မှုကိစ္စများကြောင့် မြို့နယ်တွင်း ကုန်ထုတ်လုပ် မှုလုပ်ငန်းများ လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များ၏ ထုတ်ကုန်ထုတ်လုပ်နိုင်မှု အားနည်းမှု မရှိစေရန် ရည်ရွယ်၍ ရှောင်တခင်စစ်ဆေးခြင်းဖြစ်ပြီး လုပ်ငန်းအသီးသီးမှ လုပ်ငန်းရှင်များ  တရားမ၀င်တင် သွင်းဖြန့်ချီ နေသည့် ဆေးဝါးများနှင့် ကုန်စည်အမျိုးမျိုး ရောင်းချပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထူးစစ်ဆေးရေးအဖွဲ့မှ အသိပေးပြောကြားခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ