
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅-ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့ နံနက် (10:30)အချိန်တွင် ကျောင်းကုန်းမြို့နယ်တာဝန်ခံရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးမှုတွင် ကျောင်းကုန်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူ ပြည်သူများ သက်သာစေရေးအတွက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးရန်၊ ဆန်စက် လုပ်ငန်းရှင်များအနေဖြင့် ဆန်ဈေးနှုန်းများကို မြှင့်တင်ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် သတ်မှတ် ရည်ညွှန်းဈေးအတိုင်းရောင်းချပေးရန်၊ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန်၊ Myro မှတ်ပုံတင်ရန်ကျန်ရှိသည့် ဆန်စက်များအား မှတ်ပုံတင်ရန်၊ Myro မှတ်ပုံတင်ရန် လိုအပ်ချက်များကို ပြောကြား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
(DOCA) ဧရာဝတီ
