သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဓနုဖြူမြို့နယ်၌ အသင့်စားမုန့်အမျိုးမျိုးနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၌  အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများကို (၆.၂.၂၀၂၅) နံနက်ပိုင်းက ဓနုဖြူမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနနှင့်သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က  မြို့ပေါ်ရပ်ကွက် ( ၄ )ခု၌ အသင့်စားမုန့် အမျိုးမျိုးနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့သည်။

အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဓနုဖြူမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် တာဝန်ရှိသူ အသီးသီးတို့က ဈေးကွက်အတွင်း ရောင်းချနေသော အသင့်စား မုန့်အမျိုးမျိုးတွင် ကုန်အမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာ ဌာနများကကန့်သတ် တားမြစ်ထားသည့် မုန့်များ ရောင်းချခြင်း ရှိ/မရှိ၊စားသုံးသူ ဘေးအန္တရာယ် ဖြစ်စေနိုင်သော မုန့်များရောင်းချနေမှုရှိ/မရှိတို့အား စစ်ဆေးခြင်းနှင့် သတ်မှတ် စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသော အသင့်စားမုန့် များကိုသာ ဈေးကွက်အတွင်း ရောင်းချခြင်းများ ပြုလုပ်ကြရန်နှင့် ဈေးကွက်အတွင်း ရောင်းချခြင်း မပြုသည့် မုန့်များကို ရှောင်ရှားကြရန်နှင့် ကုန်စည်များတွင် သက်ဆိုင်ရာခွင့်ပြုထောက်ခံချက်နှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ သတ်မှတ်ကုန်စည်အုပ်စုအလိုက် ဖော်ပြချက်အတိုင်း ကိုက်ညီမှု မရှိသော ကုန်စည်များကို ရောင်းချခြင်းမျိုးစစ်ဆေးတွေ့ရှိရပါက စားသုံးသူ ကာကွယ်ရေးဥပဒေအရ ပြစ်မှု ၊ပြစ်ဒဏ်များအကြောင်းကို ဆိုင်ရှင်များအား အသိပညာပေး ပြောကြားခဲ့ ကြောင်းသိရသည်။

DOCA (ဧရာဝတီ)

စားသောက်ကုန်လုပ်ငန်းများ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခြင်း

မအူပင်ခရိုင် ခရိုင်၊ ပန်းတနော်မြို့နယ်တွင် စားသောက်ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းအခြေအနေများအား ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်းကာ စားသောက်ကုန် လုပ်ငန်းထုတ်လုပ်သော ကောင်းစစ်မွန် မြေပဲဆီလုပ်ငန်း၊ နောင်ရိုး လက်ဖက်ရည်နှင့် စားသောက်ဆိုင်လုပ်ငန်း၊ ဒေါ်မြရီပေါင်မုန့်လုပ်ငန်းများသို့ (၅-၂-၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန် တွင်သွား ရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ 

           ပန်းတ‌နော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်နှင့် ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးရာ တွင် ပန်းတနော်မြို့နယ်အတွင်းရှိ စားသောက်ကုန် လုပ်ငန်းထုတ် လုပ်သော ကောင်းစစ်မွန် မြေပဲဆီထုတ်လုပ်ငန်း၊ နောင်ရုံးစားသောက်ဆိုင်လုပ်ငန်း၊ ဒေါ်မြရီပေါင်မုန့် လုပ်ငန်းများအား ဌာန၏ GDP ထုန်လုပ်မှုဖြစ်စဉ်နှင့် အညီထုတ်လုပ်နိုင်ရေးကို ပညာပေးခြင်း လုပ်ငန်းနှင့်ဆက်စပ်မှု၊ လုပ်ငန်းတည်နေရာ၊ လုပ်ငန်းစတင်သည့်ခုနှစ်၊ ကုန်ပစ္စည်းအမည်၊ ထုတ်လုပ်သည့်ပမာဏ၊ ကုန်ပစ္စည်းထုတ်လုပ်ရာတွင် အဓိကအသုံးပြုရသည့် ကုန်ကြမ်းများနှင့် ကုန်ကြမ်းရရှိသည့်နေရာ၊ အသုံးပြုလုပ်သား၊ အခြားကုန်ကျစရိတ်၊ ကုန်ချောရောင်းချရသည့်တန်ဖိုး (လက်လီ/လက်ကား)၊ ကုန်စည်ရောင်းချသည့်ဈေးကွက် (ဒေသတွင်း၊ အခြားဒေသ၊ ပြည်ပ၊ အွန်လိုင်း) ထုတ်လုပ်မှုဖြန့်ဖြူးမှု အခြေအနေများအားမေးမြန်းခြင်း၊ ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့် စပ်လျှဉ်း၍ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိစေရေးနှင့်  ကုန်စည်နှင့် ဝန်ဆောင်မှုနှင့် စပ်လျှဉ်း၍ အားမခံချက် ပေးခြင်းဆိုင်ရာ အချက်အလက်များအား လုပ်ငန်းရှင်များ ကိုရှင်းလင်း  ပြောကြားခဲ့ပြီး ကွင်းဆင်းဆောင် ရွက်ခြင်းပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

ဓနုဖြူမြို့နယ် မှ EcomReg Systemတွင် မှတ်ပုံတင်လျှောက်ထား လုပ်ငန်းရှင်များ အား စစ်ဆေးရေးအရာရှိမှ မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှ (၂၃.၁၂.၂၀၂၄)ရက်မှ (၅.၁.၂၀၂၅) ရက်အတွင် EcomReg Systemတွင် မှတ်ပုံတင်ထားသော  လုပ်ငန်းရှင် (၂)ဦးရှိသဖြင့်  ဓနုဖြူမြို့၊ စားသုံးသူရေးရာ ဦးစီဌာန၊ မြို့နယ်တာဝန်ခံ စစ်ဆေးရေးအရာရှိ ဦးဝင်းမင်းစိုး ဦးစီးအရာရှိ က အွန်လိုင်းရောင်းချမှုနှင့်စပ်လျဥ်း၍ မြေပြင်စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။

          မြေမြင်ကွင်းဆင်းစစ်ဆေးရာ ဦးဝင်းမင်းစိုး ဓနုဖြူမြို့နယ် စစ်ဆေးရေားအရာရှိက  Su Hlaing Hine အလှကုန်နှင့် လူသုံးကုန်အမျိုးမျိုးလုပ်ငန်း (၇)ရပ်ကွက်၊ ခိုင်ဇင်မွန် အလှကုန်လုပ်ငန်း၊ ၁၄ရပ်ကွက် စသော လုပ်ငန်းများသို့ ဆက်သွယ်ဆောင်ရွက်ပြီး မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းဆို်ငရာ လုပ်ငန်းစဉ်များအတိုင်း DOCA Appဖြင့် စစ်ဆေးဆောင်ရွက်ခြင်း၊ မှတ်ပုံတင်လျှောက်ထားစဉ်က အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ၊ ရောင်းချသည် ကုန်စည်များ ဥပဒေတစ်ရပ်အရ တားမြစ်ထားသော ကုန်စည်များ ရောင်းချမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ အလှကုန်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်မှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပြီး စစ်ဆေးရေးအရာရှိမှ စစ်ဆေးချက်များကို ဦးစီးဌာနသို့ ပြန်လည်တင်ပြပြီး၊ မှတ်ပုံတင်လှောက် ထားသော လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၁၊၁၃) မှ ကုန်စည်နှင့် ဝန်ဆောင်မှုနှင့် စပ်လျှဉ်း၍ အားမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များကိုရှင်းလင်း၊ ဥပဒေအခန်း(၁၇)အရ ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု နှင့် ပတ်သက်၍ အသိပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA (ဧရာဝတီ)

အခြေခံပညာမူလတန်းကျောင်း ထိပ်ဝကြီး-ရှမ်းစု ကျောင်းသား/ကျောင်းသူ များကို စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

(၆.၂.၂၀၂၅) ရက်နေ့ နံနက် (၁၃:၀၀)နာရီမှ (၁၁:၃၀) နာရီအချိန်ထိ အမှတ်(၂) အခြေခံပညာ မူလတန်း ကျောင်း၊အ.မ.က(တောင်ပိုင်း)၊ ညောင်တုန်းမြို့နယ် ရှမ်းစုကျောင်းတွင် ကျောင်းသား/ကျောင်းသူ-၈၀ ဦးနှင့် ဆရာ/ဆရာမ- (၅)ဦး တို့အား စားသုံးသူကာကွယ်ရေး သိကောင်းစရာများအကြောင်းကို မြို့နယ် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အတူ အသိပညာပေးဟောပြောခဲ့ကြသည်။

အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး က အဖွင့်အမှားစကားပြောကြားခဲ့ပြီး ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနက ဒေါ်ချိုမီဇင် ဒု-ဦးစီးမှူးက ကျောင်းသူကျောင်းသူများကို စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ ကမ္ဘာစားသုံးသူများအခွင့်အရေးနေ့ကို မတ်လ ၁၅ရက်နေ့ နှစ်တိုင်း ပြုလုပ်ကျင်းပ ဆောင်ရွက်လျှက်ရှိကြောင်း၊ စားသုံးသူစကားရပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျှဉ်း၍ ကုန်စည်အုပ်စုအလိုက် သတ်မှတ်ချက်များအကြောင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူတို့အနေဖြင့် အသင့်စားမုန့်များ ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်းကုန်ဆုံးရက်များအဓိက ကြည်ရှုပြီးမှ ရွေးချယ်ဝယ်ယူရန်၊  စားသုံးသူတို့အနေဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်မည်နည်း လမ်း(၇)မျိုးရှိသည့်အနက် အလွယ်ကူဆုံး Consumer Call Centerကို ခေါ်ဆို၍ တိုင်းကြားနိုင်မည် ဖြစ်ကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေး လက်ကမ်းစာစောင် များဖြန့်ဝေခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ညောင်တုန်းမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ချက်နှင့် အညီ စက်သုံးဆီဖြန့်ဖြူးရောင်းချမှု ရှိ/မရှိကို မြို့နယ်ဌာနဆိုင်ရာအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် ရေနံ ထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မှ တာဝန်ရှိသူများပါဝင်သည့် စစ်ဆေးရေး အဖွဲ့များသည် ၇.၂.၂၀၂၅ ရက်နေ့ နံနက် ၁၀:၀၀နာရီအချိန်တွင် ညောင်တုန်းမြို့နယ် အတွင်းရှိ စက်သုံးဆီ အရောင်း ဆိုင်(၁၀)ဆိုင် ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ သည်။

ထိုသို့ ရှောင်တခင်စစ်ဆေးစဉ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် စစ်ဆေး ရေးအဖွဲ့မှ စက်သုံးဆီဆိုင်များတွင် ခွင့်ပြုထုတ်ပေးသည့် စက်သုံးဆီအမျိုးအစားနှင့် ပမာဏ များအတိုင်း အရောင်းဆိုင်သို့အမှန်ရောက်ရှိခြင်း ရှိ/ မရှိ၊ သတ်မှတ်အရည်အသွေးနှင့် အခြင်အတွယ် ကိုက်ညီမှန်ကန်မှု ရှိ/ မရှိ၊ ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိ၊ သတ်မှတ်ညွှန်ကြား ချက်များနှင့်အညီ စနစ်တကျ ရောင်းချခြင်း ရှိ/ မရှိ၊ မီးဘေးအန္တရာယ် ကာကွယ်ရေးကိစ္စရပ်များ ကြိုတင်ဆောင်ရွက်ထားခြင်း ရှိ/ မရှိ၊ ဆီအမျိုးအစားရောနှော ရောင်းချခြင်း ရှိ/မရှိ၊ ဆီအမျိုး အစားအရောင်ကို ကြည်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပြီးအလားတူ ရှောင်တခင်စစ် ဆေးမှုများအား မကြာခဏ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

DOCA(ဧရာဝတီ)

လေးမျက်နှာမြို့ပေါ်ရပ်ကွက်ရှိ ဆေးမျိုးစုံအရောင်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၅.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်ရှိ ဆေးမျိုးစုံအရောင်းဆိုင်များအားဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်း ရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှုခံယူ ထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ် အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် ၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဆေးမျိုးစုံအရောင်းဆိုင်(၄)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးတွင် Online Virtual စနစ်ဖြင့် ဆောင်ရွက်သော Thursday Talk အသိပညာပေးဆွေးနွေးပွဲ

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဒု- ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်သည်  (၇.၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် ဟင်္သာတခရိုင် ဦးစီးမှူးရုံးဝန်ထမ်းများ၊ မြို့နယ်တာ ဝန်ခံများ၊ မြို့နယ်ရုံးဝန်ထမ်းများအား Online စနစ်ဖြင့်ဆောင်ရွက်သော Thursday Talk အသိပညာပေး ဟောပြောခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့အသိပညာပေးရာတွင် ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်မှ သီးနှံများတွင် ကျရောက် တတ်သော အဏုဇီဝမှို(အာဖလာတော့ဆင်မှိုဆိပ်)ခေါင်းစဉ်ဖြင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။ အဏုဇီဝမှို(အာဖလာတော့ဆင်မှိုဆိပ်)အများဆုံးပါဝင်နိုင်သော သီးနှံများ၊ အစိုဓါတ်ပါဝင်မှုများ၊ ထားသိုသိမ်းဆည်းမှု၊ အာဖလာတော့ဆင်မှိုကြောင့် ဖြစ်ပွားနိုင်သော ရောဂါများအကြောင်းကို Power Point ဖြင့် အသိပညာပေးဆွေးနွေးဟောပြောခြင်းဖြင့် ဝန်ထမ်းများဗဟုသုတရစေခြင်း၊ ဝန်ထမ်းစွမ်း ဆောင်ရည်မြှင့်တင်ရေးအထောက်အကူဖြစ်စေခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များတိုးတက်လာစေခြင်း၊ အသိပညာပေးဆွေးနွေးပွဲလုပ်ငန်းစဉ်များကို ချပြရှင်းလင်းဟောပြောနိုင်ရေးကိုရည်ရွယ်၍ ဆောင်ရွက် ခြင်း စသည့် အကျိုးကျေးဇူးများရရှိပြီး နေ့လည်(၁၅:၀၀)အချိန်တွင် အသိပညာပေးဟောပြောခြင်းကို ရုပ်သိမ်းခဲ့ပါသည်။

DOCA(ဧရာဝတီ)

အသင့်စားသောက်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူး ပေါင်း၍ (၅.၂.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊အမှတ်(၁)ရပ်ကွက် အတွင်းရှိ အသင့်စားသောက်ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်စည်များ တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်၊  တားမြစ်ဆေးဝါးများသုံးစွဲခြင်းရှိ/မရှိတို့ကို စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး၊စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ အကြောင်းနှင့် တားမြစ်ချက်များအကြောင်း၊ စီးပွားရေး လုပ်ငန်းရှင် များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက် များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့်သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်စသည် တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ စားသောက် ကုန်စည်အရောင်းဆိုင်(၃)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိ ရပါသည်။

DOCA(ဧရာဝတီ)

 

အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ အားသာချက်/အားနည်းချက်များအကြောင်း အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံသည် (၆.၂.၂၀၂၅)ရက်နေ့ နံနက် (၁၁:၃၀) အချိန် တွင် ဇလွန်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍အားသာချက်/အားနည်းချက်များအကြောင်း အသိပညာပေး Talk Show အစီအစဉ်ကိုဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက  အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့်စပ် လျဉ်း၍သိကောင်းစရာများအကြောင်းမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်းစနစ်မှတစ်ဆင့် ဝန်ဆောင်မှုရောင်းချသည့် လုပ်ငန်း ဖြစ်ကြောင်း၊အွန်လိုင်း မှတစ်ဆင့် ဝယ်ယူခြင်းတွင် အားသာချက်နှင့်အားနည်းချက်ဟူ၍ ယှဉ်တွဲ ဖော်ပြထားပြီး၊ အားသာချက်မှာ အွန်လိုင်းစနစ်ဖြင့်ဈေးဝယ်ရာတွင် ကိုယ်တိုင်သွား ရောက်ဝယ် ယူရန်မလိုဘဲအင်တာနက်ရရှိသည့်မည်သည့် နေရာမှမဆို အချိန်မရွေးဝယ်ယူနိုင်ခြင်း၊ မိမိလိုအပ်ချက်နှင့် ကိုက်ညီသည့် ကုန်စည်ကို အွန်လိုင်းဆိုင်များ မှ ပိုမိုရွေးချယ်နိုင်ခြင်း၊ ဈေးနှုန်းသုံးသပ်နိုင်ခြင်း၊ အခြားဝယ်ယူသူများ၏ သုံးသပ်ချက်များ၊ သတ်မှတ်ချက် များအားဝင်ရောက်ကြည့်ရှု၍ ဝယ်ယူရာတွင် အထောက်အကူဖြစ်စေခြင်း၊ အချိန်ကုန်သက်သာစေခြင်း၊ အိမ်/ ကားဂိတ် အရောက်ပို့ဆောင်သည့် စနစ်ပါရှိခြင်းကြောင့် အချိန်မကုန်စေဘဲ အလွယ်တကူဝယ်ယူရရှိနိုင် ကြောင်းရှင်းလင်း ဆွေးနွေး ခဲ့ပါသည်။ အွန်လိုင်းဈေးဝယ်ယူခြင်း၏အားနည်းချက်အနေဖြင့်ပို့ဆောင် သည့် စနစ်ပါဝင်ခြင်းကြောင့် အပိုကုန်ကျစရိတ်ရှိခြင်း၊ အချိန်လိုအပ်ချက်ရှိခြင်း၊ အစားထိုးလဲလှယ် မှုများ၏ လုပ်ငန်းစဉ် ရှုပ်ထွေးမှုရှိနိုင်ခြင်း၊ ကုန်စည်(သို့) ဝန်ဆောင်မှုဆိုင်ရာ အချက်အလက်များ လိမ်လည် ဖော်ပြခြင်း၊ ငွေပေးချေမှုဆိုင်ရာအချက်များချိုးဖောက်ခံရနိုင်ခြင်း၊ တရားမဝင်သောအွန်လိုင်းများမှ လိမ် လည်မှုခံရနိုင်ကြောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့ပေါ်ရပ်ကွက်ရှိ စတိုးဆိုင်များတွင် ရောင်းချသော ကလေးဖြည့်စွက်စာ အာဟာရမှုန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

 စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍(၆.၂.၂၀၂၅)ရက်နေ့၊ နံနက်(၉:၃၀)အချိန်တွင် ဇလွန်မြို့ပေါ်ရပ်ကွက်ရှိ စတိုးဆိုင်များတွင် ရောင်းချ သော ကလေးဖြည့်စွက်စွာ အာဟာရမှုန့်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ထောက်ခံ ချက် ဖော်ပြထားမှုရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာ ဖော်ပြထား သော ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့် စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခု ထက် ပို၍တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင်စားသုံးသူများစိတ်ကျေ နပ်မှု ရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များ စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ စတိုးဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ