
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ကလေးမြို့ ညောင်ပင်သာရပ်ကွက်သို့ နိုဝင်ဘာလ ( ၂၄ ) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကလေးမြို့ (အမှတ်-၅) ကျောင်းခွဲရှိ ဆရာ/ဆရာမ ( ၂၅ ) ဉီးနှင့် ကျောင်းသား/ ကျောင်းသူ ( ၉၅ ) ဦး၊ စုစုပေါင်း ( ၁၂၀ )ဦးအား ကုန်အညွှန်းအမှတ်အသားများအကြောင်း အသိပညာဟောပြောပွဲကို ကျင်းပပြုလုပ် ခဲ့ပါသည်။
အဆိုပါဟောပြောပွဲ၌ အမှတ်-၅ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ် ဆရာကြီး ဦးဇော်ဝင်းအောင်မှ ဦးစွာပထမ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကလေးမြို့၊ အမှတ်-၁ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(ကလေး)မှ ဒုရဲမှူး ကျော်ဝင်းသန်းနှင့် လူကုန်ကူးမှုဆိုသည်မှာ လူတစ်ဦးသည် အခြားလူတစ်ဦးကို အဓ္ဓမပြည့်တန်ဆာ လုပ်ခိုင်းခြင်း၊ အခြားကာမဆိုင်ရာကိစ္စတစ်မျိုးမျိုးပြုလုပ်ခိုင်းခြင်း၊ အဓ္ဓမအလုပ်ခိုင်းစေခြင်း၊ အဓ္ဓမ လက်ထပ်ထိမ်းမြားခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ခိုင်းစေခြင်း၊ ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေခြင်း၊ အခြားသူတစ်ယောက်၏ ခန္ဓာကိုယ်အစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းစားခြင်းစသည် တို့ကိုပြုရာမှ ငွေကြေးကိုသော်လည်းကောင်း၊ အကျိုးအမြတ်တစ်စုံတစ်ရာကိုသော်လည်းကောင်း လက်ခံခြင်း(သို့မဟုတ်) လက်ခံရယူရန်သဘောတူခြင်းတို့ကို ဆွေးနွေးပြောကြားပြီး၊ အမှတ်(၁၀၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကလေး)မှ ဒုရဲမှူးကျော်ကျော်စိုးမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှှ ဖြန့်ချီခဲ့ သော ကမ္ဘာ့နိုင်ငံအသီးသီးမှ ယာဉ်တိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိမှုစာရင်းနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးအစီအမံများနှင့် ဆိုင်ကယ်စီးလျင်ထီးမဆောင်းရန်နှင့် ဆိုင်ကယ်စီးလျှင် ဆိုင်ကယ် ဦးထုပ်ဆောင်းခြင်းဖြင့် ကာကွယ်ရမည့်အကြောင်းစည်းကမ်းရှိစွာ ဆိုင်ကယ်စီးမယ်ဆိုသည့်ကဗျာ များ၊ ပတ်သက်သည့်အကြောင်းအရာများ၊ ယာဉ်မောင်းလိုင်စင်အမျိုးအစားများ၊ သိကောင်းစရာများ အကြောင်းကိုလည်းကောင်း၊ ကလေးခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းမှ ကလေးငယ်များအား အစားအသောက်များနှင့် မည်သည့်ပစ္စည်းကိုမဆို ဝယ်ယူစားသုံး/ သုံးစွဲမည်ဆိုပါက FDA ၏ ထောက်ခံချက်များ၊ Expiredate နှင့် ကုန်အညွှန်းအမှတ်အသားများကြည့်ရန် အသိပညာပေး ဟောပြောခဲ့ပြီး အခမ်းအနားကို(၁၁:၀၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါကြောင်း သတင်းရရှိရပါ သည်။
DOCA(စစ်ကိုင်း)
